Friday 27 October 2023

 ဒီခေတ် ဒီကာလမှာ

ဘုရား တရား သံဃာ မိဘ ဆရာ ဆိုတဲ့ အနန္တောအနန္တငါးပါး ကို အလွယ်တကူ စော်ကားနေကြတာ တွေ့ကြရမှာပါ


ဒါ ဘာကြောင့်လဲဆိုတော့ 

အသိပညာမရှိ ဉာဏ်နုံ့ပြီး

ဘာသာရေးကိုယ်ခံအားနည်းတာတွေကြောင့်ပါ

အဓိကအချက်ကတော့ သူတို့ရဲ့မိဘတွေကိုယ်တိုင်ကိုက ပညာမဲ့တွေကြောင့်ဖြစ်ရတာပါ

ဒီနေရာမှာ ပညာဆိုတာ 

အတန်းပညာကို မဆိုလိုပါဘူး

ဘာသာရေးအပါအဝင် အထွေထွေဗဟုသုတနဲ့ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိပညာကို ဆိုလိုပါတယ်


မိဘတွေကိုယ်တိုင်က ပညာမဲ့တွေဖြစ်နေတော့ မွေးလာတဲ့ သားသမီးကိုလည်း အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ဖို့အတွက် ဘယ်လိုမှ သွန်သင်ဆုံးမနိုင်စွမ်း မရှိတော့ဘဲ သားသမီးတွေမှာ ဖြစ်ချင်တိုင်းဖြစ်ကုန်ကြတော့တာပါ

ခြွင်းချက်အနေနဲ့ တချို့လည်း မိဘက ပညာနဲ့အညီ သွန်သင်ခဲ့ပေမဲ့ သူတို့ကိုယ်တိုင်ရဲ့ သန္ဓေစိတ်အခံကြောင့် ဖြစ်တာတွေလည်း အနည်းအကျဉ်းရှိတတ်ပါတယ် 


ဒီနေရာမှာ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်ဖို့ ဗုဒ္ဓဘာသာ(၅) မျိုးကို ပြန်လည်ဝေမျှ ပါရစေ


ဗုဒ္ဓဘာသာ(၅မျိုး)


၁-ကုလဗုဒ်ဓဘာသာ(မိရိုးဖလာဗုဒ်ဓဘာသာ)

၂-လာဘဗုဒ်ဓဘာသာ

၃-ဘယဗုဒ္ဓဘာသာ


၄-သဒ်ဓါဓိကဗုဒ်ဓဘာသာ

၅-ပညာဓိကဗုဒ္ဓဘာသာ ဆိုပြီး(၅မျိုး)ရှိပါတယ် 


အပေါ်က ၃ မျိုးကတော့ အဆင့်နိမ့်တဲ့ ဘာသာဝင် အမျိုးအစားတွေဖြစ်ပါတယ်

မိဘက ဗုဒ္ဓဘာသာမို့ သားသမီးလည်း ဗုဒ္ဓဘာသာဖြစ်တာမျိုး

စီးပွားလဘ်လာဘကြောင့် ဗုဒ္ဓကိုကိုးကွယ်တာမျိုး

ဘာဘေး ညာဘေးတွေကြောက်လို့ ကယ်တင်ရှင် ဖန်ဆင်းရှင် တန်ခိုးရှင်ကို ကိုးကွယ်သလို ကိုးကွယ်တာမျိုးတွေပါ 


ဒီနေ့ခေတ် အနန္တောအနန္တငါးပါးကို အလွယ်တကူ စော်ကားနေကြတာ အဲ့ဒီ ၃ မျိုးထဲကပါ

ပညာနဲ့ယှဉ်တဲ့ ကိုးကွယ်ခြင်းမဟုတ်တော့ ပညာမဲ့စရိုက်တွေ အပြုအမူ အပြောအဆိုတွေ ဖြစ်လာတဲ့အကြောင်းအရင်းပါ


သဒ္ဓါဓိကက ရတနာသုံးပါးနဲ့ ကံကံ၏အကျိုးကိုသက်ဝင်ယုံကြည်ပြီး သီလကို အတက်နိုင်ဆုံးဆောက်တည်ဖို့ ကျိုးစားနေကြသူတွေဖြစ်ပါတယ်


ပညာဓိကက ရတနာသုံးပါးကိုသက်ဝင်ယုံကြည်ပြီး သီလလုံခြုံရုံမက သံသရာကလွတ်ကြောင်းကို ကြိုးပန်းအားထုတ်ပြီး ဘာဝနာအဆင့်ကျင့်ကြံနေတဲ့ အဆင့်မြင့် ဗုဒ္ဓဘာသာဝင်ဖြစ်ပါတယ် 


သဒ္ဓါဓိက နဲ့ ပညာဓိကကတော့

အထက်တန်းစား ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး သူတို့ကနေဆင်းသက်လာတဲ့ မျိုးဆက်တွေဟာလည်း သူတို့ရဲ့သွန်သင်ဆုံးမ လမ်းညွှန်မှုကြောင့် အထက်တန်းစားဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေတတ်ပါတယ်

( သန္ဓေယုတ်တဲ့ ခြွင်းချက်တချို့တော့ ရှိနိုင်ပါတယ် )


ဘယ်လို ဗုဒ္ဓဘာသာဝင်မျိုး ဖြစ်ချင်လဲဆိုတာကတော့ ကိုယ်တိုင်ရွေးချယ်မှုနဲ့ပဲ ဆိုင်ပါလိမ့်မယ်

ရွေးချယ်မှု မှန်ကန်ကြပါစေ 🙏🙏🙏


လင်းညီညာ

No comments:

Post a Comment

 #HappyType ပျော်ပျော်နေတတ်တဲ့ လူတစ်ယောက်ရင်မှာ စုတ်ပြတ်သတ်နေတဲ့ ဒဏ်ရာတွေ အချက်ပေါင်းများစွာ ရှိတယ်ဆိုတာ ကိုယ်ကလွဲပြီး ဘယ်သူက သိနိုင်ပါ့မလဲ ...