Tuesday 29 December 2020

Thursday, December 3, 2020 - 13:15

 


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မချမ်းဘော့မြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီတော်သို့ သွားရောက် ဖူးမြော်ကြည်ညို၊ ဂူဘားရိပ်သာ ထိန်းသိမ်းထားရှိမှုအခြေအနေနှင့် မချမ်းဘော့တပ်နယ်ရှိ တပ်ရင်းတပ်ဖွဲ့များအား လိုက်လံ ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဒီဇင်ဘာ - ၃


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တေဇကျော် နှင့် အဖွဲ့ဝင်များ


လိုက်ပါ၍ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ကောင်းမှုလုံ ကျေးရွာ၊ နမ့်ကျို(မလိခ)မြစ်ကမ်းနံဘေးတွင် တည်ထားကိုးကွယ်သည့် ရှေးဟောင်း သမိုင်းဝင် ကောင်းမှုလုံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကြသည်။


ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန့်ဇင်၊ စေတီတော်ဂေါပကအဖွဲ့ ဥက္ကဌ ဦးတန်ဆိုင်နှင့် အဖွဲ့ဝင်များက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ကောင်းမှုလုံ စေတီတော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူ ၍ ဖူးမြော်ကြည်ညိုသည်။ ထို့နောက် စေတီတော်ကြီးအားလက်ယာရစ် လှည့်လည် ဖူးမြော်ကြည်ညိုပြီး စေတီတော်ကြီးရေရှည်တည်တံ့ခိုင်မြဲရေး၊ ဘုရားဖူးလာမိဘပြည်သူ များ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရေး၊ သန့်ရှင်းသပ်ရပ်ပြီး ကြည်ညိုဖွယ်ဖြစ်နေစေ ရေးတို့အတွက် လိုအပ်သည်များ ပြုပြင်ထိန်းသိမ်းနိုင်ရန် ဆွေးနွေးအကြံပြုပြောကြား ရာ ဂေါပကအဖွဲ့ဥက္ကဌက အာရုံခံတန်ဆောင်းဆောက်လုပ်နိုင်ရေးစီစဉ်ဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် စေတီတော် ဝတ္တကမြေအဖြစ်အသုံးပြုရန် တင်ပြလျှောက် ထားလျက်ရှိသည့် အခြေအနေများကို တင်ပြသည်။


တင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာရုံခံတန်ဆောင်း ဆောက်လုပ်ရာတွင် မြန်မာမှုလက်ရာများပါဝင်ရန်၊ ခိုင်ခံ့အောင်ဆောက်လုပ်ရန်နှင့် အခြားလိုအပ်သည်များ ပြန်လည်အကြံပြုဆွေးနွေးခဲ့ပြီး ပူတာအိုမြို့နယ်၊ ဖတ်မာ ကျေးရွာအုပ်စု ရှေးဟောင်းစေတီတော်အတွင်းမှ တူးဖော်ရရှိသည့် ဗုဒ္ဓရုပ်ပွားတော်များနှင့် ဌာပနာတော်များကို ကြည့်ရှုလေ့လာရာ ခရိုင်အုပ်ချုပ်ရေးမှူးက တူးဖော်ရရှိခဲ့သည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။


ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စေတီတော်ကြီး ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး စေတီတော်ကြီးပြုပြင်ထိန်းသိမ်းရန် ဘက်စုံ အလှူငွေများနှင့် အာရုံခံတန်ဆောင်း ဆောက်လုပ်ရာတွင် အသုံးပြုနိုင်ရန် အလှူငွေ ကျပ်သိန်း ၅၄၀ ကိုပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်ခံ ရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။


အဆိုပါ သမိုင်းဝင်ကောင်းမှုလုံစေတီတော်မြတ်ကြီးကို သာသနာသက္ကရာဇ် ၂၄၄ ခုနှစ်၊ သီရိဓမ္မာသောကမင်းကြီးလက်ထက်တွင် မြတ်စွာဘုရား၏ဓာတ်တော်သုံးဆူကို ဌာပနာသွင်း၍ တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်၊ မင်းအဆက် ဆက်တို့က စေတီတော်ကြီးကို ပြုပြင်မွမ်းမံတည်ဆောက် ထိန်းသိမ်းခဲ့ကြပြီး မြန်မာနိုင်ငံ ရှိ ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏ နှုတ်ဖျားတွင်လည်း “အထက်တွင် ကောင်းမှုလုံ၊ အောက်တွင် ရွှေတိဂုံ၊ အလယ်တွင် ရွှေစည်းခုံ” ဟူ၍ ကျော်ဇောထင်ရှားသပ္ပာယ်စွာ ဖြင့် တည်ရှိလျက်ရှိကြောင်း၊ ကောင်းမှုလုံစေတီတော်ကြီးသည် အလွန်ရှေးကျသော စေတီတော်ကြီးဖြစ်ပြီး တိုင်းခမ်းတီးရှမ်းတိုင်းရင်းသားဘာသာစကားဖြင့် (ကောင်မူးစဝ် ကန်ခမ်း) ရွှေဆတ်မင်းစေတီတော်ဟူ၍ လည်းကောင်း၊ ခမ်းတီးလုံဒေသရှိစေတီအားလုံး ထက် ပုံတော်၏ အရွယ်အစားကြီးခြင်း၊ ဉာဏ်တော်မြင့်မားခြင်း၊ တန်ခိုးအာနုဘော်ပိုမို ကြီးမားမြင့်မြတ်ခြင်းတို့ကြောင့် (စဝ်ကောင်းမှုလုံ)ကြီးမြတ်သောစေတီတော်ဟူ၍ လည်းကောင်း ရည်စူးပူဇော်ခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်ကြောင်း စေတီတော်ဘက်စုံပြုပြင်ရေး မှတ်တမ်းများအရ သိရှိရသည်။


ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မချမ်းဘော့ မြို့ရှိ ရှေးဟောင်းလက်ရာအဆောက်အဦ ယခင်အခေါ် ဇန်ယော့ရိပ်သာ၊ ယခုအခေါ် ဂူဘားရိပ်သာသို့ သွားရောက်၍ ထိန်းသိမ်းထားရှိမှုအခြေအနေများအား ကြည့်ရှုရာ ပူတာအိုခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က လိုက်လံရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သမိုင်းဝင်အဆောက်အဦ ဖြစ်သဖြင့် စနစ်တကျထိန်းသိမ်းကြရမည်ဖြစ်ပြီး သဘာ၀ဘေးအန္တရာယ်နှင့် မီးဘေး အန္တရာယ် မဖြစ်စေရေးကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် မှာကြားခဲ့ပြီး ရိပ်သာအမိုးနှင့် အခြားလိုအပ်သည့်ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်နိုင် ရန်အတွက် ငွေကျပ်သိန်း ၅၀ ကိုပေးအပ်လှူဒါန်းရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးက လက်ခံရယူသည်။ ယင်းနောက် ရိပ်သာဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ် ရေးထိုးခဲ့ပြီး ရိပ်သာပတ်ဝန်းကျင်အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။


ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မချမ်းဘော့မြို့ရှိ တပ်ရင်းတပ်ဖွဲ့များသို့ မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြပြီး ရဲမေမိသားစု များအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားကာ တပ်ရင်းတပ်ဖွဲ့များအတွင်း လိုအပ်သည်များဆောင်ရွက်ပေးနိုင်ရေးအတွက် တိုင်းမှူးနှင့် တာဝန်ရှိသူများကို မှာကြား ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ယင်းနောက် ပူတာအိုတပ်နယ်၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံသို့ သွားရောက် ကြည့်ရှု စစ်ဆေးရာ ရှင်းလင်းဆောင်တွင် တိုင်းမှူးက စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြ သည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အောင်မြင်ပြီး အကျိုးရှိသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဥစားကြက်မွေးမြူရေးလုပ်ငန်းတွင် စဉ်ဆက်မပြတ်ဖြစ်စေရေး နည်းစနစ်တကျဖြင့် တွက်ချက်လုပ်ဆောင်ကြရန်လိုကြောင်း၊ လက်ရှိလုပ်ငန်းများကို အောင်မြင်ကောင်းမွန် အောင် ဦးစွာဆောင်ရွက်ကြရန်လိုပြီး ဈေးကွက်လိုအပ်ချက်ကို သိရှိရန်နှင့် ပြည့်မီအောင် ရောင်းချပေးနိုင်ရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်းဖြင့်မှာကြားပြီး မွေးမြူရေး စခန်းအတွင်း ရေ၊ မီးရရှိရေးအတွက် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘက်စုံစိုက်ပျိုးမွေးမြူ ရေးခြံအတွင်း DYL ဝက်များမွေးမြူထားရှိမှုနှင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


           


Share it now!
 


Sunday 20 December 2020

Military Myanmar

  2020ထက်နိုင်ဇော်


ဒုတိယ ဗိုလ်ချုပ်ကြီး ၆ ဦး တပ်မတော် အရန်အင်အားသို့ ပြောင်းရွှေ့ ခံရ 


ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်ရှိသူ ၆ ဦးကို တပ်မတော် အရန်အင်အားသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ခွင့် ပြုလိုက် ကြောင်း သတင်း ရရှိသည်။


ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ဒုတိယ ဗိုလ် ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး လူအေးတို့ ဖြစ်သည်။


“သူတို့အားလုံးကို တပ်မတော် အရန်အင်အားကို လွှဲပြောင်းတာဝန်ပေးလိုက်တာ ဟုတ်ပါတယ်။ တချို့ဆို နည်းနည်းတောင် ကြာနေပါပြီ။ ဒါပေမယ့် လက်ရှိ တာဝန်တွေမှာလည်း တာဝန်ထမ်းဆောင်နေဆဲပဲ ဖြစ်ပါတယ်။ ပူးတွဲ တာဝန်ယူနေဆဲပါ”ဟု တပ်မတော်နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။


တပ်မတော် အရန်အင်အား ဆိုသည်မှာ စစ်ဖက်ဆိုင်ရာ အရာရှိကြီးများသည် ၎င်းတို့၏ သတ်မှတ်ကာလအတွင်း ရာထူး တဆင့် မတိုးပါက အရန်အင်အားသို့ ကူးပြောင်းရမည် ဖြစ်ပြီး ဥပမာ ဒုတိယ ဗိုလ်ချုပ်ကြီးများသည် ယင်းရာထူးဖြင့် ၅ နှစ် တာဝန်ထမ်းဆောင်ပြီး ရာထူး မတိုးသည့်အခါ အရန်အင်အားအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ရသည်။


တနိုင်ငံလုံးရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ များနှင့် ငြိမ်းချမ်းရေး ရရှိသည်အထိ ဆွေးနွေးရန် ဗိုလ်ချုပ်ကြီးများ ဦး ဆောင်သည့် ကော်မတီ ၁ ခုကို တပ်မတော်က ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်နေ့က ဖွဲ့စည်းခဲ့ရာတွင် ယခု အရန်အင်အား သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်တို့ ပါဝင်သည်။


ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့ မှူး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်သည် အမှတ် (၅) စစ်ဆင်ရေး အထူးအဖွဲ့ မှူး၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်းသည် လေကြောင်းရန် ကာကွယ်ရေး အရာ ရှိချုပ် တာဝန်ထမ်းဆောင်ခဲ့သည်။


အသက် ၅၈ နှစ်အရွယ် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် စစ်တက္ကသိုလ် အပတ်စဉ် ၂၅ မှ ဖြစ်ပြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးတို့နှင့် တပတ်စဉ်တည်း ဖြစ် သည်။


ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ၂၀၁၀ ပြည့်နှစ် ဩဂုတ်လတွင် ဗိုလ်မှူးကြီးအဆင့်နှင့် တပ်မ (၈၈) တပ်မမှူး ဖြစ်ခဲ့ပြီး ထိုအချိန်တွင် ဗိုလ်မှူးကြီး မြထွန်းဦးသည် မေမြို့ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဖြစ်သည်။


၎င်းတပ်မမှူးမှ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူး ဖြစ်လာခဲ့ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ဗိုလ်မှူးချုပ် ရာ ထူးဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဖြစ်လာခဲ့သည်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ဗိုလ်ချုပ် ရာထူးဖြင့် ရန် ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်လာသည်။


၂၀၁၅ ခုနှစ်၊ ဩဂုတ်လမှာ ဗိုလ်ချုပ်ထွန်းထွန်းနောင်သည် အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့ မှူး တာဝန်ကို စတင် ထမ်း ဆောင်ခဲ့သည်။


ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်းသည် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (OTS) အပတ်စဉ် – ၆၄ ဆင်း ဖြစ်ပြီး ယခု ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပတ်စဉ်တည်း ဖြစ်သည်။


OTS အပတ်စဉ် – 64 သည် စစ်တက္ကသိုလ်အပတ်စဉ် – ၂၄ နှင့် တန်းတူခန့် ရှိသည်။


ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်းသည် ၂၀၀၈ ခုနှစ်၊ ဇူလိုင်လတွင် ဗိုလ်မှူးကြီး တင်မောင်ဝင်း ဖြစ်လာပြီး ကရင် ပြည် နယ်၊ ဘားအံမြို့အခြေစိုက် တပ်မ (၂၂)တပ်မမှူး ဖြစ်လာခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ဗိုလ်မှူးချုပ် တင်မောင်ဝင်း အဖြစ် တပ်မ(၂၂)၏ တပ်မမှူး၊ ၂၀၁၀ ပြည့်နှစ် ဩဂုတ်လတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဖြစ်လာခဲ့သည်။


၂၀၁၁ ခုနှစ်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးမှ အရှေ့တောင်တိုင်း၊ စစ်ဌာနချုပ်တိုင်းမှူး ဖြစ်လာခဲ့သည်။

ထို့နောက် ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးဖြင့် လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ် ဖြစ်လာသည်။


ဒုတိယ ဗိုလ်ချုပ်ကြီးမင်းနောင်သည်လည်း တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း၊ အပတ်စဉ်(၆၆)ဆင်း ဖြစ်သည်။


ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်သည် ဗိုလ်မှူးကြီး ရာထူးဖြင့် တပ်မ ၅၅ တွင် နည်းဗျူဟာမှူး လုပ်ခဲ့သည်။ ၂၀၁၀ သြဂုတ် လတွင် အမှတ် ၁၀၁ တပ်မမှူးနှင့် ၂၀၁၁ ခုနှစ်တွင် ဗိုလ်မှူးချုပ် ဖြစ်လာခဲ့သည်။


အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးတာဝန်လည်း ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၁၅ ခုနှစ် ဩဂုတ်လတွင် အနောက် မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ အမှတ်-၄ စစ်ဆင်ရေး အထူးအဖွဲ့ မှူး၊ ၂၀၁၈ ခုနှစ်တွင် တပ်မတော် စစ်ဆေးရေး အရာရှိချုပ်နှင့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် အမှတ် – ၅ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဖြစ်လာခဲ့သည်။


ယခုအခါ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်းနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်တို့ ၃ ဦးစလုံးသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ငြိမ်းချမ်းရေးဆိုင်ရာ အထူးအရာရှိများအဖြစ် တပ်မတော် အရန် အင် အားတွင် တာဝန်ထမ်းဆောင်နေပြီ ဖြစ်သည်။


ထို့ပြင် ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး လူအေးတို့သည် လည်း တပ်မတော် အရန်အင်အားတွင် တာဝန်ထမ်းဆောင်နေပြီ ဖြစ်သည်။


ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ဆင်း ဖြစ်ပြီး ၂၀၁၀ ခုနှစ် သြဂုတ်လတွင် ဗိုလ် မှူးချုပ် ရာထူးဖြင့် နေပြည်တော် စစ်ဌာနချုပ် တိုင်းမှူး တာဝန်ကို စတင် ထမ်းဆောင်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဩဂုတ်လတွင် တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဖြစ်လာခဲ့သည်။


ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ဗိုလ်မှူးကြီးတာဝန်ယူစဉ်က စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(၆) စကခ – ၆၊ နေ ပြည်တော်၊ ပျဉ်းမနား၏ ဌာနချုပ်မှူး ဖြစ်ခဲ့သည်။


ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦး နေပြည်တော် အခြေပြု အမှတ် – ၆ စစ်ဆင်ရေး အထူးအဖွဲ့ မှူး ဖြစ်သည်။ ဗိုလ်မှူးချုပ် ရာထူးဖြင့် တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ဗိုလ်ချုပ် ဖြစ်လာခဲ့သည်။ ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးဖြင့် တပ်မတော် စစ်ဆေးရေး အရာရှိချုပ် ဖြစ်ခဲ့သည်။ ဗိုလ်မှူးကြီးရာထူးဖြင့် မိုင်းဆတ်မြို့ အခြေစိုက် စကခ (၁၄)မှူး ဖြစ်ခဲ့သည်။


ဒုတိယ ဗိုလ်ချုပ်ကြီး လူအေးသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၆ မှ ဖြစ်ပြီး စစ်ရာထူးခန့်ချုပ် ဖြစ်သည်။ သူသည် ၂၀၁၅ ခုနှစ် ဩဂုတ်လတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ စစ်ရာထူး ခန့်ချုပ် ဖြစ်လာခဲ့သူ ဖြစ်သည်။


ဗိုလ်မှူးကြီးလူအေးအဖြစ် ၂၀၁၀ ပြည့်နှစ် ဩဂုတ်လမှာ ပျဉ်းမနား၊ နေပြည်တော် အခြေပြု စကခ(၆)တွင် စကခမှူး ဖြစ် လာခဲ့ပြီး ယင်းမတိုင်မီတွင် တပ်မ(၇၇)တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ဒုတိယဗိုလ်မှူးကြီးနှင့် တပ်မ (၇၇)၏ ယာယီ နည်းဗျူဟာမှူးဖြစ်ခဲ့သည်။


၂၀၁၂ ခုနှစ်တွင် နေပြည်တော်၊ စစ်ရုံးချုပ်၌ စစ်ဦးစီး ဗိုလ်မှူးချုပ်(စစ်ဆင်ရေး)တာဝန်ကိုလည်း ထမ်းဆောင်ခဲ့ဖူးသည်။


တပ်မတော်အနေဖြင့် ဒုတိယ ဗိုလ်ချုပ်ကြီးများကို အရန်အင်အားသို့ ပြောင်းရွှေ့ ပေးလိုက်ခြင်းသည် မျိုးဆက်သစ် အရာရှိ များနှင့် သွေးသစ်လောင်းရန် ဖြစ်နိုင်ဖြင့် အရန်အင်အားကို တိုးချဲ့ခြင်းသည် ငြိမ်းချမ်းရေးကိစ္စ၊ လွှတ်တော်ရေးရာ ကိစ္စများ နှင့် ဆက်စပ်ပြီး လာမည့် သက်တမ်းတွင် ပို၍ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ပြင်ဆင်ခြင်းလည်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။


“တပ်မတော်ကို Standard Army အဖြစ် ပြုပြင်ပြောင်းလဲတည်ဆောက်နိုင်ရေး ဦးတည်တဲ့ ခြေလှမ်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ တပ်မတော်အနေနဲ့ အရပ်ဖက်-စစ်ဖက်ဆက်ဆံရေး ပိုမိုကောင်းမွန်ဖို့နဲ့ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေး ကဏ္ဍ တွေမှာ ပါဝင်နေမှုကနေ ညှိနှိုင်းဆွေးနွေး ဆုတ်ခွာနိုင်ဖို့ကတော့ လတ်တလော လိုအပ်ချက်ကြီး တရပ်ဖြစ်နေပါတယ်”ဟု ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။


Did you find apk for android? You can find new Free Android Games and apps.

Topics: တပ်မတော်, တပ်မတော် အရာရှိ အပြောင်းအလဲ, ဒုတိယ ဗိုလ်ချုပ်ကြီး


YOUR THOUGHTS …


ထက်နိုင်ဇော်

ဧရာဝတီ

20 December 2020Aurora

Coronavirus Update

ထိုင်းရှိ ရွှေ့ပြောင်းလုပ်သားများ နေထိုင်ရာမှာ COVID-19 အစုလိုက် ကူးစက်မှု တွေ့ရှိ

ကူးစက်မှု အစုလိုက် စတင်ခဲ့ရာ နေရာဟာ ရွှေ့ပြောင်းလုပ်သား အများစု နေထိုင်ရာ နေရာမှာ ဖြစ်ပွားခဲ့တာပါ။

21.7k

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်း ကူးစက်မှု အနည်းငယ်သာ ရှိလာရာကနေ ဒီဇင်ဘာ ၁၉ ရက်မှာ ကူးစက်မှုအသစ် ၅၄၈ ဦးနဲ့ ၂၄ နာရီ မပြည့်ခင် ဒီဇင်ဘာ ၂၀ ရက်မနက်ပိုင်းမှာ တိုးလာပြီး စုစုပေါင်း ၅၇၆ ဦး ရှိနေပြီလို့ ထိုင်းအစိုးရက ထုတ်ပြန် ကြေညာလိုက်ပါတယ်။




ကူးစက်မှု အစုလိုက် စတင်ခဲ့ရာ နေရာကတော့ ငါးဖမ်းလုပ်ငန်း လုပ်ကြတဲ့ Samut Sakhon ခရိုင်က ရွှေ့ပြောင်းလုပ်သား အများစု နေထိုင်ရာ နေရာမှာ ဖြစ်ပွားခဲ့တာပါ။ အစိုးရပိုင်းရဲ့ ထုတ်ပြန်ချက်အရ ကူးစက်သူ အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းဟာ ရောဂါလက္ခဏာ မပြဘူးလို့ ဆိုပါတယ်။




နောက်ထပ်လည်း ဗိုင်းရပ်စ် စစ်ဆေး စမ်းသပ်မှုတွေ တိုးမြင့်လုပ်ဆောင်သွားဖို့ ရှိပြီး အဆိုပါနေရာကို ဒီဇင်ဘာ ၁၉ ရက်ညက စတင်ပြီး ဇန်နဝါရီလ ၃ ရက်ထိ တစိတ်တဒေသ Lockdown ချ ကန့်သတ်လိုက်ပါပြီ။


တာဝန်ရှိသူတွေကတော့ ရွှေ့ပြောင်းလုပ်သားများ နေထိုင်ရာ အဆောင်တွေကို စစ်ဆေး စမ်းသပ်မှုတွေ လုပ်ဆောင်နေပါတယ်။ ဒီဇင်ဘာ ၁၇ ရက်ကလည်း အဆိုပါ ဒေသခံ ငါးဈေးမှာ အလုပ်လုပ်တဲ့ ထိုင်းအမျိုးသမီးတဦး COVID-19 ကူးစက်ခံထားရပါသေးတယ်။ အမျိုးသမီးဟာ ခရီးသွားရာဇဝင် မရှိသလို၊ ရောဂါကူးစက်သူတွေနဲ့ ထိတွေ့ခဲ့တာမျိုး မရှိပါဘူး။




Samut Sakhon ဟာ ဘန်ကောက်မြို့တော်နဲ့ ကား ၁ နာရီလောက်သာ မောင်းရပြီး ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ကြတဲ့ အဓိကနေရာလည်း ဖြစ်ပါတယ်။ ရောဂါကူးစက်မှု အသစ်တွေ ရှိနေပေမယ့် အဆိုပါ ခရိုင်မှာ တခြားဒေသတွေ နည်းတူ ၂၀၁၄ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည် ကျင်းပမယ့် ပြည်တွင်း ရွေးကောက်ပွဲကို အစီအစဉ်အတိုင်း ကျင်းပသွားမှာဖြစ်တယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။


မဲဆန္ဒပြုမယ့်သူတွေဟာ ကျန်းမာရေးဌာနက သတ်မှတ်ပေးထားတဲ့အတိုင်း Social distancing အကွာအဝေးနဲ့ နှာခေါင်းစည်း Mask မဖြစ်မနေ တပ်လာရမယ်လို့ ထုတ်ပြန်ထားပါတယ်။


ပြည်သူ့ကျန်းမာရေးဝန်ကြီး Anutin Charnvirakul ကတော့ Samut Sakhon ခရိုင် ကူးစက်မှုမှာ ငါးဖမ်းလုပ်ငန်း လာရောက် လုပ်ကိုင်ဖို့အတွက် မြန်မာနိုင်ငံကနေ တရားမဝင် ခိုးဝင်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေကြောင့် ဖြစ်နိုင်တယ်လို့ မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။




လက်ရှိမှာ အစိုးရက ကူးစက်မှု ၅၀၀ ကျော်ရှိခဲ့တဲ့ Samut Sakhon ခရိုင်က ရွှေ့ပြောင်းလုပ်သားတွေကို သီးခြား ခွဲထားပြီး Quarantine ထားရှိကာ ဗိုင်းရပ်စ် ဆေးစစ်မှုတွေ လုပ်ဆောင်ပေးနေသလို၊ ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးထားတယ်လို့ ဆိုပါတယ်။


“ရွှေ့ပြောင်းလုပ်သားတွေဆိုတာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို တဖက်တလမ်းက အထောက်အကူပြုနေတာပါ။ ဒါကြောင့် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးထားပါတယ်။ ပြစ်တင်ဝေဖန်နေဖို့မဟုတ်ဘဲ သီခြားခွဲထွက် ဆောင်ရွက်ပေးရမှာမျိုးပါ။ လူအခွင့်အရေး သတ်မှတ်ချက်တွေအရ ထိုင်းနိုင်ငံဟာ အရင်ကလည်း ဒီလို အတွေ့အကြုံတွေ ရှိခဲ့ပါတယ်” လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ Taweesin Visanuyothin က ပြောပါ တယ်။


ထိုင်းနိုင်ငံမှာ လက်ရှိအချိန်ထိ COVID-19 ကူးစက်ခံထားရသူ ၅,၀၀၀ နီးပါးရှိလာပြီး၊ သေဆုံးသူ ၆၀ ဦး ရှိပါတယ်။


Ref: Thai Enquirer


Topics: ငါးဖမ်းလုပ်ငန်း, ထိုညင်းနိုင်ငံ, ရွှေ့ပြောင်းလုပ်သား


YOUR THOUGHTS …


Aurora

Contributor


LOADING

close 

Loading

6.3M+ FANS

128K FOLLOW

11.5K SUBS

FEED





Saturday 19 December 2020

 

Sunday, 20 December 2020

နိူင်ငံရေးအနှစ်ချုပ်

 ဦးသန့် ၏ ဒီမိုကရေစီအမှာစကား




“တိုင်းပြည်အုပ်ချုပ်ရေးစနစ်များအနက် ဒီမိုကရေစီစနစ်သည် အခက်ခဲဆုံး ဖြစ်ပေသည် ။ ဒီမိုကရေစီစနစ် အောင်မြင်စေရန် …. ပြည်သူပြည်သားတို့သည် အသိ ဉာဏ်ပညာနှင့် ဆင်ခြင်တုံတရား လုံလောက်အောင် ရှိထားကြရမည်၊ 


အသိဉာဏ် ကင်းမဲ့သော နိုင်ငံတွင် ... ဒီမိုကရေစီ စနစ်သည် ဗရုတ်သုတ်ခကိုသာ ဖြစ်စေလိမ့်မည် ။







အစိုးရတစ်ရပ်ဖြစ်လာသောအခါ တွေ့ကြုံရသောအခက်အခဲများကို နားလည် မှု ပေးပါသည်။ နေရာတကာတိုင်း ပွင့်လင်းမြင်သာမှု မပေးနိုင်သော အကြောင်းအရာ များ များစွာရှိပါသည် ။ သို့သော်လည်း “ပြည်သူ့အခြေပြ ု' “ဒီမိုကရေစီ ဟု နှုတ်မှ တဖွဖွ ဆိုခဲ့သူ၏ အစိုးရလက်ထက်တွင် ပြည်သူတို့ကို အလေးမထားတော့သည်မှာ များစွာ အံ့သြဖွယ်ရာကောင်းလှသည်ဟု ဆိုချင်ပါ၏ ။

 နိူင်ငံရေးအနှစ်ချုပ်

 နိူင်ငံ‌ေရးအနှစ်ချုပ်




(၁) လူတိုင်းနိုင်ငံရေးနှင့် သက်ဆိုင်ပတ်သက်


 (၂) နိုင်ငံရေးကျမ်းများကို အာဂုံဆောင်ခေတ်မဟုတ်တော့ ၊ နိုင်ငံ့စီးပွားရေး ကို နိုင်ငံရေးလမ်းစဉ်ဖြင့် မည်မျှပံ့ပိုး အကျိုးဖြစ်ထွန်းစေမည်လဲဟူသော ခေတ်ဖြစ်သည် 


(၃) Nation Building. State Building ကို ကောင်းစွာ ဆောင်ရွက်နိူင်ရမည် ။


(၄) နိုင်ငံရေးတွင် တိုက်ဆိုင်မှုမရှိပါ။ တိုက်ဆိုင်မှုရှိခဲ့လျှင် ထိုသို့တိုက်ဆိုင်ရန် ကြိုတင်ကြံစည်မှုသာ ဖြစ်သည် ) 


(၅)နိုင်ငံရေးတွင် ရန်သူ မိတ်ဆွေ အမြဲတမ်းမရှိ၊ အကျိုးစီးပွားသာ အမြဲတမ်းရှိသည် ။




အဓိပတိကမ္မ




PyaePhyoAungKM: နိူင်ငံရေးအနှစ်ချုပ်

PyaePhyoAungKM: နိူင်ငံရေးအနှစ်ချုပ်:  ဦးသန့် ၏ ဒီမိုကရေစီအမှာစကား “တိုင်းပြည်အုပ်ချုပ်ရေးစနစ်များအနက် ဒီမိုကရေစီစနစ်သည် အခက်ခဲဆုံး ဖြစ်ပေသည် ။ ဒီမိုကရေစီစနစ် အောင်မြင်စေရန် …. ပ...

Saturday 12 December 2020

သောတပန်အင်္ဂါ ၇ပါး

 ၁။ အရိယာအဆင့်သို့ ရောက်သော်လည်း မပယ် ရသေးသော ကိလေသာများကြောင့် လွန်ကျ မိတတ်၏ ၊ လွန်ကျူးမိလျှင် ဉာဏ်ဖြင့် ချက်ချင်း ရပ်နိုင်သဖြင့် -


(က)သောတာပန်က ဖြစ်ကြောတို၏ (ခ) ပုထုဇဉ်က ဖြစ်ကြောရှည်သည်။


၂။ မပယ်ရသေးသောကိလေသာများကို ငြိမ်းအေး အောင် လုပ်မယ်လို့ 

(က)သောတာပန်က အမြဲတမ်း စိတ်ထားရှိ (ခ)ပုထုဇဉ်က ထိုစိတ်မထား။ ၊


၃။ ဤဘုရားသားနာမှာသာလျှင် သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာများအဖြစ်ဖြင့် ထွက်ရပ်လမ်း ရှိသည်။ အခြား ကိတ္တိတွေရဲ့ သာသနာမှ မရှိဟူ၍ -

က)သောကန်က ယုံကြည်သည် ။

ခ)ပုထုဇဉ်က အခြားသာသနာမှာလည်း ရှိလိမ့် ဦးမည်ဟု ယူဆ။


4 ။ အပြစ်သင့်သွားလျှင် အချိန်ဆွဲ ၍မထား၊ နံနက် သင့်လျှင် နံနက်၊ ညနေ သင့်လျှင် ညနေ ချက်ချင်း


(က)သောတာပန်က ကုသ၊

(ခ)ပုထုဇဉ်က ထိုသို့ မကုသ


၅။ (က)သောတာပန်က အပြစ်သင့်မှာ စိုးရွံ့၊ သီလပျက်မှာ ကြောက်သည်။ ) ပုထုဇဉ်က ထိုသို့ မစိုး၊ သီလက်မှာ လည်း အမှုမထား။


သစ္စာတရားတွေ ဆိုလျှင် ၊ အမှန်တရားတွေကို ဟောပြီ


က)သောတာပန်က စိတ်စိုက်၍ နာနေနိုင်၏။  (ခ)ပုထုဇဉ်က ထိုတရားတွေ နားထဲ မရောက် ။


၇။ သစ္စာတရားတွေကို နားယူပြီးပြီဆိုလျှင်လည်း ပြော၍မပြီး၊ ချီးကျူး၍မဆုံး၊ ကြည်နူးမှုတွေ ဖုံးပြီးလျှင်


က)သောတာပန်က တပြုံးပြုံးနှင့် ကျေနပ်  နေ၏။


(ခ)ပုထုဇဉ်က ထိုသို့ ခံစားမှု မရနိုင်။


ဤသို့လျှင် မတူကြကြောင်းကို ဟောထားသော တရား တော်ဖြစ်သည် ။ အမှန်မှာ လက်တွေ့ အားထုတ်နေကြ သာ ဒကာ ဒကာမများ ကိုယ့်ကိုယ်ကို ချိန် တိုင်းတာနိုင်ရန် ဟောတော်မူခြင်း ဖြစ်၏။


“ဣမေဟိ မေ ဘိက္ခဝေ သတ္တေဟိ သမ


ဤအင်္ဂါရပ် (၇ )ပါးနှင့် ညီညွတ်လျှင် ကိုယ့်ကိုယ်ကို ဆုံးဖြတ်ချက် ချနိုင်ပြီ “သောတာပန်"လို့၊ အင်္ဂါရပ် (၇ )ပါး မပြည့်သေးလျှင်လည်း ပြည့်စုံအောင် ကြိုးစားဖို့ သတိပေးတရားလည်း ဖြစ်သည် ။

Human politics

  လူ့အခွင့်အရေးဆိုတာ လူအများစုအတွက် ဆုတ်ယုတ်စေရင် အလူ့အခွင့်အရေးကို ပြန်လည်မေးခွန်းထုတ်ဖို့လိုပါတယ် ။




မြန်မာပြည်မှာလူ့အခွင့်အရးမပြာပါလာက်ပါဘူး ။


Digitalလွတ်လပ်ခွင့် လုံးဝမရှိသလို လွတ်လပ်စွာပြာဆိုခွင့် ဆိုတာကလည်း အစိုးရဲ့အရေးယူ ထောင်ချမှုတွေ တိုးသထက်တိုးလာတာကလည်း ဝမ်းနည်းစရာပါပဲ ။




ဆက်သွယ်ရေး ဥပေဒတွေ ရေးစွဲပြီး ဒီဥပဒကို လက်နက်သဖွယ် အသုံးပြုပြီး ပြည်သူကို မှိပ်ကွပ်နပါတယ်လို့ လက်ရှိအစိူးရကို သုံးသပ်ချင်ပါတယ်။




ဥပေဒပြင်ဆင်ရးနှင့် လွှတ်တာ်အခန်းကဏ္ဌကို ကြည့်ပြန်တော့လည်း ပြည်သူအတွက် ဥပေဒပြင်ဆင်တာထက် အစိုးရရဲ့အခန်းကဏ္ဌကိုသာ ပြင်ဆင်တာမျိုးတွ့ရပြီး ဖက်ဒရယ်အရေး ဒီမိုကရစီအရး တိုင်းရင်းသား လူနည်းစာအခွင့်အရး နှင့် သတင်းအချက်အလက် ရပိုင်ခွင့် အခွင့်အရေးတွေအတွက် တိကျသော ဥပေဒတွေ ပြဌာဉ်းတာမျိုးတွကလည်း အစုိးရသည် ပြည်သူအတွက် မဟုတ်ပဲ ပါတီအာဏာမြဲရးကိုသာ လက်ရှိသက်တမ်းမှာ ဆောင်ရွက်ခဲ့ခြင်းသာ ြဖစ်ပါတယ်။


ပြုပြင်ပြာင်းလဲရး က လက်ညိုးထိုးပြစရာ ဘာမှမရှိတာကလည်း တိုင်းပြည်ရဲ့လိုအပ်ချက်တွပဲလား အစိုးရရဲ့လိုအပ်ချက်တွေလား ဆိုတာကတော့ မေးခွန်းထုတ်စရာပါပဲ ။





အဓိပတိကမ္မ



Wednesday 9 December 2020

အနာဂတ် သာသနာ

ယနေ့‌ေခေတ်သည်ကားပြောတိုင်း ယုံမည့် ခေတ် မဟုတ်ပေ၊မှားသည် ဖြစ်စေ မှန်သည် ဖြစ်စေ စဉ်းစား စိစစ်လို သော ပညာခေတ် ဖြစ်သည်။


ယခုခေတ် ရှေးလူကြီးသူမတို့ကဲ့သို့ မကောင်းလျှင် သူ့ထိုက်နှင့် သူ့ကံ” ဟုလည်း စိတ်သဘေ၁ကြီးကြီး ထားကြ မည် မဟုတ်၊ သူကို သင်ယူအပ်သော ဆင်ခြင်စဉ်းစား ဉာဏ်ကို အရင်းခံ၍ အရာရာ၌ ဝေဖန်ကြ မည် ၊ ထိုအခါကျမှ ရဟန်းတော်များသည် သတိရ၍ ပြုပြင်ကြလျှင် အပြုပြင်နောက်ကျ၍ အကျိုးရ နည်းပါးမည့်ပြင်


 “ အာဏာပိုင် အစိုးရအရာရှိကြီး  (သို့မဟုတ် လူ ဝတ်ကြောင်များက ) ပြုပြင်ပေးမှ သာသနာရေး အကျိုးကျလာ သည်” ဟူသော အကြောင်းအရာသည် ရာဇဝင်မှာ စာတင်စရာ ဖြစ်ရစ်တော့မည် ။ 

ထို့ ကြောင့် မိမိတို့၏ အနာဂတ်သာသနာရေးကို မိမိတို့သာလျင် စ၍ ပြုပြင်သင့်ကြပါသည် ။


အဓိပတိကမ္မ 

Monday 7 December 2020

တပ်မတော်နည်းပညာတက္ကသိုလ် အမှတ်စဉ် ၂၂ သင်တန်းဆင်းပွဲ တပ်ချုပ်မိန့်ခွန်း


 

Monday, December 7, 2020 - 12:15

 


နေပြည်တော် ၊ ဒီဇင်ဘာ- ၇


ယနေ့မျက်မှောက်ခေတ်ကာလ နယ်ပယ်အသီးသီးတွင် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု နှင့်အတူ စိန်ခေါ်မှုများစွာကိုလည်း ကမ္ဘာ့နိုင်ငံအသီးသီးအနေနှင့် ရင်ဆိုင်နေကြရကြောင်း၊ နည်းပညာဆိုသည်မှာ စိတ်ကူးများကို လက်တွေ့ အကောင် အထည်ဖော် အသုံးချနိုင်အောင် ဆောင်ရွက်သည့် ပညာရပ်ဆိုင်ရာနည်းနာဖြစ်ပြီး ဘောင်ကန့်သတ်ချက်မရှိခြင်းကြောင့် ပြိုင်ဆိုင်မှုနှင့် စိန်ခေါ်မှုများ စဉ်ဆက်မပြတ် ဖြစ်ပေါ်လျက်ရှိကြောင်း


 


၊ မျက်မှောက်ခေတ်ကာလတွင် သတင်းအချက်အလက် စီးဆင်းမှု လွယ်ကူမြန်ဆန်မှုနှင့်အတူ နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အရှိန် အဟုန်နှင့်ပြောင်းလဲတိုးတက်နေသည့်အတွက် နည်းပညာဖွံ့ဖြိုးသည့်နိုင်ငံနှင့် နည်းပညာမဖွံ့ဖြိုးသည့် နိုင်ငံများအကြားကွာဟမှုသည် နိုင်ငံ၏အချုပ်အခြာအာဏာ ထိပါးခံရမှု၊ ဆုံးရှုံးနိုင်မှုတို့ကို ဖြစ်ပေါ်စေနိုင်သောကြောင့် ယနေ့ကမ္ဘာ့နိုင်ငံ အသီးသီးသည် နည်းပညာအခြေပြု ခေတ်မီတပ်မတော်တည်ဆောက်ရေးကို အပြိုင်အဆိုင် လုပ်ဆောင်နေကြသည်ကို လေ့လာတွေ့ရှိရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ယနေ့နံနက် ပိုင်းတွင် ပြင်ဦးလွင်မြို့၊ တပ်မတော်နည်းပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ် သည့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၂) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။


အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်း၊ ကာကွယ် ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ပြင်ဦးလွင်တပ်နယ်မှ အရာရှိကြီးများတက်ရောက်ကြသည်။


ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ကျောင်းဆင်းဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကိုခံယူပြီး တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၂)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၇၇၀၄ ဗိုလ်လောင်း ထွန်းလှိုင်ဝင်း၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၇၇၁၂ ဗိုလ်လောင်း နိုင်လင်းဦးနှင့် စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၇၈၁၀ ဗိုလ်လောင်း အံ့မော်ဟိန်း တို့အား ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။


ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က သင်တန်းဆင်းဗိုလ်လောင်းများအား မိန့်ခွန်းပြောကြားရာတွင် ကမ္ဘာပေါ်တွင်ရှိသည့် သက်ရှိသက်မဲ့ရုပ်ဝတ္ထုတိုင်းတွင် ဆင့်ကဲပြောင်းလဲလာခဲ့သည့် အတိတ်ဖြစ်စဉ်သမိုင်းကြောင်းဆိုသည်ရှိသကဲ့သို့ မိမိတို့တပ်မတော်တွင်လည်း ထူးခြားလေးနက်သည့် သမိုင်းအစဉ်အလာရှိခဲ့ကြောင်း၊ မိမိတို့တပ်မတော်သည် စတင် တည်ထောင်ဖွဲ့စည်းစဉ်ကတည်းက မိမိတို့နိုင်ငံဆုံးရှုံးခဲ့သည့် လွတ်လပ်ရေးကို တိုင်းရင်းသားပြည်သူများနှင့် လက်တွဲပြီးရယူပေးရန်အတွက် လေးနက်မွန်မြတ်သည့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် သန္ဓေတည်ဖွဲ့စည်းခဲ့ကြောင်း၊ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများ၏ သားသမီးရတနာများနှင့်ဖွဲ့စည်းထားသည့် ပြည်သူ့ တပ်မတော်ဖြစ်သကဲ့သို့ နိုင်ငံ၏သမိုင်းပေးတာဝန်အရပ်ရပ်ကိုလည်း ခေတ်အဆက် ဆက် မိမိ၏ကိုယ်ကျိုး၊ အသက်နှင့်ခန္ဓာကိုယ်ပါစွန့်လွှတ်ပြီး ကျေပွန်အောင် တာဝန် ထမ်းဆောင်လာသည့် အခိုင်အမာဆုံးအဖွဲ့အစည်းဖြစ်ကြောင်း။


မြန်မာ့တပ်မတော် သမိုင်းကြောင်းနှင့်အတူ စစ်အင်ဂျင်နီယာတပ်ဖွဲ့ကလည်း နိုင်ငံတော်ကာကွယ်ရေးအတွက် လွတ်လပ်ရေးရပြီး ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေးတွင် စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့သည့် သမိုင်းအစဉ်အလာကောင်းများရှိကြောင်း၊ ၁၉၄၉ ခုနှစ်တွင် ကေအန်ဒီအိုသောင်းကျန်းသူများ သိမ်းပိုက်ထားသည့် ပြင်ဦးလွင်မြို့ကို ပြန်လည်သိမ်းပိုက်တိုက်ခိုက်ရာတွင် စစ်အင်ဂျင်နီယာတပ်ဖွဲ့များက ရနိုင်သမျှသောအင်အား၊ လက်နက်၊ ခဲယမ်းမီးကျောက်များစုစည်းပြီး ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်ခဲ့ကြောင်း၊ ၎င်းတိုက်ပွဲတွင် လေ့ကျင့်ရေးအင်ဂျင်နီယာတပ်မှ တပ်ကြပ် လှမောင်၏ ဇနီး မချစ်ပို၏ ရဲစွမ်းသတ္တိသည် သမိုင်းဝင်ထင်ရှားခဲ့ကြောင်း၊ မချစ်ပို သည် စစ်သားဇနီးပီသစွာဖြင့် အရေးကြုံလာချိန်တွင် အာဇာနည်သူရဲကောင်း စိတ်ဓာတ်မွေးပြီး မိမိအသက်ကို မငဲ့ကွက်ဘဲတိုင်းပြည်အတွက် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ခဲ့သူတစ်ဦးဖြစ်ကြောင်း။


ယင်းသို့တိုက်ခိုက်ခဲ့ရာမှ ၁၉၄၉ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် သူရဲကောင်း ပီသစွာ တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့ကြောင်း၊ မချစ်ပို၏ သူရဲကောင်း ပီသမှုနှင့် ရဲစွမ်းသတ္တိတို့ကြောင့် ၁၉၅၀ ပြည့်နှစ်တွင် နိုင်ငံတော်မှ သူရဘွဲ့အပ်နှင်း ခံရပြီး အင်ဂျင်နီယာတပ်ဖွဲ့၏ ဂုဏ်ကိုဆောင်နိုင်ခဲ့ကြောင်း၊ သူရမချစ်ပိုသည် မြန်မာနိုင်ငံတွင် တစ်ဦးတည်းသော သူရဘွဲ့ရအမျိုးသမီးတစ်ဦးဖြစ်ပြီး တပ်မတော် သားများ၏ ရဲစွမ်းသတ္တိနှင့် အင်ဂျင်နီယာတပ်ဖွဲ့၏ ရဲစွမ်းသတ္တိကို မော်ကွန်းတင် နိုင်ခဲ့ကြောင်း။


ထိုကဲ့သို့ ထူးချွန်ပြောင်မြောက်ပြီး ရဲစွမ်းသတ္တိရှိသည့် အင်ဂျင်နီယာတပ်ဖွဲ့ကို ဂုဏ်ပြုသည့်အနေနှင့် ပြင်ဦးလွင်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့် ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကို “အင်ဂျင်နီယာတပ်ဖွဲ့နေ့” အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အင်ဂျင်နီယာတပ်ဖွဲ့သမိုင်းကြောင်းတွင် ပြင်ဦးလွင်မြို့သည် ဂုဏ်ပြုမှတ်တမ်းတင်ခံရသည့်မြို့ဖြစ်သကဲ့သို့ ရဲစွမ်းသတ္တိရှိသည့် အင်ဂျင်နီယာများ မွေးထုတ်ပေးသည့် ထူးခြားလေးနက်သည့် ဒေသဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်က အင်ဂျင်နီယာ စစ်သည်များသည် နည်းပညာကျွမ်းကျင်ရုံမျှမကဘဲ သူရသတ္တိနှင့်လည်း ပြည့်စုံသကဲ့သို့ သမိုင်းမှတ်တမ်းအထင်အရှားရှိခဲ့ကြောင်း။


မျက်မှောက်ခေတ်တွင်လည်း စစ်အင်ဂျင်နီယာတပ်ဖွဲ့များသည် ခြေလျင် စစ်သည်များကဲ့သို့ တိုက်ပွဲဝင်နိုင်ရန်နှင့် မိမိတို့၏ တပ်ဖွဲ့ဆိုင်ရာပညာရပ်ဖြစ်သည့် စစ်အင်ဂျင်နီယာပညာရပ်သာမက မဖြစ်မနေတတ်ကျွမ်းရမည့် စစ်နည်းဗျူဟာပညာ ရပ်များကိုပါ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ပြီး ရဲစွမ်းသတ္တိနှင့် ပြည့်စုံရန်လိုအပ် ကြောင်း။


ယနေ့ခေတ်တွင် ကမ္ဘာ့နိုင်ငံအများစုသည် နိုင်ငံ၊ လူမျိုး၊ အမျိုးသား အကျိုး စီးပွားနှင့် အချုပ်အခြာအာဏာကာကွယ်စောင့်ရှောက်ရေးအတွက် ကာကွယ်ရေး စွမ်းအား (Defence Capability ) တည်ဆောက်ခြင်း၊ ကာကွယ်ရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ခြင်း (Defence Modernization ) တို့ကိုဖော်ဆောင်ကာ မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအပေါ်မူတည်ပြီး တပ်မတော်အင်အားရှိအောင် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်နေကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီ တပ်မတော်တစ်ရပ်ပိုင်ဆိုင်ရေးသည် ကမ္ဘာ့နိုင်ငံများအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ် ကြောင်း။


ခေတ်သစ်စစ်ပွဲများတွင် လေကြောင်းအရေးသာမှုနှင့် အီလက်ထရောနစ် နည်းပညာ ကောင်းမွန်သာလွန်မှု၊ ခေတ်မီစစ်လက်နက်ပစ္စည်း အသုံးချနိုင်မှုများသည် တိုက်ပွဲအဆုံးအဖြတ်ကို များစွာအထောက်အကူဖြစ်စေကြောင်း၊ မိမိတို့တပ်မတော်ကို စွမ်းရည်ထက်မြက်သည့် ခေတ်မီတပ်မတော် Standard Army အဖြစ် ရည်မှန်းချက် ထား ဖွဲ့စည်းတည်ဆောက်ရာတွင် စစ်မှုသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်ကြရမည့်လုပ်ငန်းစဉ်ဖြစ်ကြောင်း။


ထို့ကြောင့် ခေတ်မီတပ်မတော်တည်ဆောက်နေသည့် မိမိတို့တပ်မတော်တွင် စစ်မှုသိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် လေ့လာဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း။


စစ်မှုသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် နယ်ပယ် အလိုက် သုတေသနလုပ်ငန်းများပြုလုပ်ရန် လိုအပ်သကဲ့သို့ ယင်းသို့ဆောင်ရွက် နိုင်အောင် အရည်အသွေးပြည့်၀သည့် တပ်မတော်သားစွမ်းအားအရင်းအမြစ်များ ကိုလည်း လေ့ကျင့်ပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း၊ နည်းပညာဆိုသည်မှာ တစ်ဦးချင်းစွမ်းစွမ်းတမံ အားထုတ်ကြိုးပမ်းရသကဲ့သို့ အဖွဲ့လိုက်စုပေါင်းကြိုးပမ်းတီထွင် ကြရန်လည်း လိုအပ်ကြောင်း။


နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးမှုကို လူ့စွမ်းအားအရင်းအမြစ်များဖြင့်သာ တည်ဆောက် နိုင်သည့်နည်းတူ စွမ်းရည်ရှိသော စံပြုတပ်မတော်ကိုလည်း စစ်သည်စွမ်းအားအရင်း အမြစ်များဖြင့်သာ တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ယင်းဆောင်ရွက်ရာတွင် မိမိတို့ တပ်မတော်အနေနှင့် နိုင်ငံတကာစံနှုန်းများနှင့်အညီ တပ်မတော်သားစွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးမူဝါဒ (HR Policy ) ချမှတ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ (HRD Programme ) အကောင်အထည်ဖော်ခြင်း၊ လေ့ကျင့်ပျိုးထောင်ထား သည့် တပ်မတော်သား စွမ်းအားအရင်းအမြစ်များကို သက်ဆိုင်ရာ ပညာရပ်နယ်ပယ် အသီးသီးတွင် မှန်ကန်စွာ ခန့်ခွဲတာဝန်ပေးအပ်ခြင်း (HR Management) တို့ကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့တပ်မတော်အနေနှင့် သုတေသနနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် လက်တွေ့ နယ်ပယ်အတွက် အကျိုးပြုနိုင်မည့် အရည်အသွေးပြည့်၀သည့် အင်ဂျင်နီယာပညာ ရေးစနစ်ကို ဖော်ဆောင် လေ့ကျင့်သွားရန်လိုကြောင်း။


အရည်အသွေးပြည့်၀သည့် အင်ဂျင်နီယာပညာရေးစနစ်ကသာလျှင် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ပေးနိုင်သည့် အင်ဂျင်နီယာများ မွေးထုတ် ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတကာအဆင့်မီအင်ဂျင်နီယာပညာရှင် များအဖြစ် မွေးထုတ်နိုင်ရန် တပ်မတော်နည်းပညာတက္ကသိုလ်အနေနှင့် အခြေခံအကျ ဆုံးနှင့် အရေးပါဆုံးလုပ်ငန်းစဉ်ဖြစ်သည့် အရည်အသွေး စိစစ်အသိအမှတ်ပြုခြင်း (Accreditation) အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို ဖြတ်သန်းကြုံတွေ့ခဲ့ ရပြီးဖြစ်ကြောင်း။


မျက်မှောက်ခေတ်အင်ဂျင်နီယာပညာရေး၏ သဘောသဘာ၀သည် သီအိုရီ အခြေခံပြီး လက်တွေ့အခြေအနေနှင့်ဆက်စပ်စဉ်းစားတွေးခေါ်ကာ လူမှုဘ၀အတွက် အသုံးဝင်မည့်တီထွင်မှုများ ဆောင်ရွက်နိုင်ရန်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် သဘာ၀ တရားထဲတွင် ငုပ်နေသည့်စွမ်းအားသစ်များကို စူးစမ်းရှာဖွေဖော်ထုတ်သည့် နည်းပညာ ရရှိအောင် ကြိုးစားကြရန်လိုအပ်ကြောင်း၊ အင်ဂျင်နီယာပညာဒဿန (Engineering Philosophy) အရ မိမိတို့တတ်မြောက်ထားသည့် ပညာရပ်များကို မိမိတို့နိုင်ငံနှင့် တပ်မတော်အတွက် ဘယ်လိုအကျိုးရှိရှိအသုံးပြုမလဲဆိုသည်ကို အမြဲကြံဆ လုပ်ဆောင်နေရမည်ပင်ဖြစ်ကြောင်း၊ ထိုသို့လေ့လာစူးစမ်းမှုများကို ဇွဲကြီးကြီးဖြင့် ထပ်ခါတလဲလဲ ပြုလုပ်သူသည် တီထွင်မှုလမ်းကြောင်းပေါ်ကို ရောက်ရှိသွားမည်ဖြစ်ပြီး တပ်မတော်နှင့်နိုင်ငံတော်က အားထားရသည့် အတတ်ပညာရှင်၊ အသိပညာရှင် များအဖြစ် ရပ်တည်လာနိုင်မည်ဖြစ်ကြောင်း။


အင်ဂျင်နီယာအရာရှိလောင်းများအား အင်ဂျင်နီယာဘာသာရပ်များကို နိုင်ငံတကာ စံချိန်စံညွှန်းမီ သင်ကြားလေ့ကျင့်ပေးလိုက်ပြီး စစ်ဘက်ခေါင်းဆောင်ငယ်များ အဖြစ် တာဝန်ထမ်းဆောင်ရန်အတွက်လည်း စစ်နည်းဗျူဟာနှင့်စစ်အတတ် ပညာများကို တတ်ကျွမ်းအောင် သင်ကြားပေးလိုက်ပြီးဖြစ်ကြောင်း၊ မိမိတို့တပ်မတော်တွင် မည်သည့်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်သည်ဖြစ်စေ ခြေလျင်တပ်ဖွဲ့ဝင်များကဲ့သို့ စစ်ရေး အသိ၊ စစ်ရေးသတိရှိစွာဖြင့် တိုက်ပွဲဝင်နိုင်စွမ်းရှိရန်လိုအပ်ကြောင်း။


အင်ဂျင်နီယာအရာရှိများအနေဖြင့် စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ရချိန်တွင် ပေးအပ်သည့်တာဝန်များကို ကျေပွန်စေရန်သင်ကြားပေးလိုက်သည့် စစ်နည်းဗျူဟာများကို ပိုင်နိုင်စွာကျင့်သုံးပြီး တိုက်ပွဲများကို ခေါင်းဆောင်နိုင်သည့် အတတ်ပညာရှင် စစ်ဘက်ခေါင်းဆောင်များဖြစ်အောင် ကြိုးစားကြရန်လိုကြောင်း၊ အထူးသဖြင့် စစ်အခြေခံသဘောတရားဖြစ်သည့် ချီစစ်၊ တိုက်စစ်၊ ခံစစ်၊ ခွာစစ်ကဏ္ဍများတွင် စစ်အင်ဂျင်နီယာလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန် အင်ဂျင်နီယာ အတတ်ပညာနှင့် စစ်မှုအတတ်ပညာများကို ပေါင်းစပ်ကျင့်သုံးကြရမည်ဖြစ်ကြောင်း။


စစ်သိပ္ပံနှင့် နည်းပညာရပ်ပိုင်းဆိုင်ရာ တစ်ဟုန်ထိုးတိုးတက်နေသည့်ခေတ်တွင် မိမိဝါသနာပါရာ မိမိတတ်ကျွမ်းထားသည့် ပညာရပ်များကို လက်ရှိအဆင့်တွင် ကျေနပ်နှစ်သိမ့်မှုရှိမနေဘဲ ဆက်လက်လေ့လာကြရန်လိုကြောင်း၊ လေ့လာမှုဆိုသည် အသိပညာ တိုးပွားလာရုံမျှသာရှိပြီး လက်တွေ့လုပ်ဆောင်မှသာ အတတ်ပညာရရှိ မည်ဖြစ်ကြောင်း၊ လက်တွေ့လုပ်ဆောင်မှုများ များလာသည်နှင့်အမျှ အသိပညာများလည်း ဆင့်ကဲတိုးပွားလာမည်ဖြစ်ကြောင်း၊ တစ်ဖန်ဆင့်ကဲတိုးပွားလာသည့် အသိပညာကို လက်တွေ့စူးစမ်းပြီး ဆန်းသစ်မှုများမှတစ်ဆင့်ရလာသည့် ခေတ်မီလက်နက်များကို စစ်မြေပြင်တွင် ကျွမ်းကျင်စွာကိုင်ဆောင်ပြီး တိုက်ပွဲဝင်နိုင်ရန်အတွက် ကြိမ်ဖန်များစွာလေ့ကျင့်ကြရန်လည်းလိုကြောင်း၊ ထို့အပြင် လေ့ကျင့် သင်ကြားပေးလိုက်သည့် စစ်အတတ်ပညာများ၊ အခြေခံသဘောတရားများ၊ စစ်မြေပြင်ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (ROE)များ၊ စစ်သည်တော်ကျင့်ဝတ်များ၊ အင်ဂျင်နီယာကျင့်ဝတ်များကိုလည်း လိုက်နာဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့ကြောင့် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် လေ့ကျင့်ရေးဆောင်ပုဒ်အတိုင်း တိကျစွာပြုမူဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။


တပ်မတော်၏ တိုက်စွမ်းရည်မြင့်မားရေးအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်း ကောင်းမွန် နေရန်လည်းလိုအပ်ကြောင်း၊ ရုပ်ပိုင်းကဏ္ဍကို အမြင်အားဖြင့် ဖော်ဆောင်ရာတွင် အင်ဂျင်နီယာတပ်ဖွဲ့၏ တည်ဆောက်ရေးလုပ်ငန်းများလည်း ပါဝင်ကြောင်း၊ ယင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သည့်နေရာတွင် နည်းပညာ၊ စက်မှုပညာ၊ စစ်ဘက်စက်မှုပညာ၊ အဆောက်အဦပညာ စသည့်နယ်ပယ်အသီးသီး၏ သုတေသနပြုလုပ်ရမည့်အဆင့်မှ လုပ်ငန်းပြီးစီးအောင် တည်ဆောက်ရသည့်အဆင့်အထိ ကဏ္ဍများတွင် ကျရာအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ရန်အတွက်လည်း ယုံကြည်ချက်၊ ခံယူချက်ပြည့်၀စွာနှင့် ကျင့်ကြံနေထိုင်သွားရန်လိုအပ်ကြောင်း၊ စစ်စည်းကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံတတ်မှုများသည် စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအတွက် အရေးကြီးသည့်လိုအပ် ချက်များပင် ဖြစ်ကြောင်း။


တပ်မတော်၏ စစ်အင်ဂျင်နီယာခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်ရာတွင် မိမိတို့ကွပ်ကဲရမည့်လက်အောက်တပ်ဖွဲ့ဝင်များကို မှန်ကန်သည့် ခေါင်းဆောင်မှုပေးနိုင်ရန် လိုကြောင်း၊ ခေါင်းဆောင်မှုအတတ်ပညာသည် နိုင်ငံတိုင်း၊ လူမျိုးတိုင်းအတွက် အသက်တမျှအရေးကြီးသည့် လိုအပ်ချက်ဖြစ်ကြောင်း၊ မိမိတပ်ဖွဲ့ကို မှန်ကန်သည့်ဦးဆောင်မှုပေးနိုင်ရန် မိဘသဖွယ်စိတ်ဓာတ်သည် အဓိက ကျင့်သုံးရမည့်စိတ်ဓာတ်ပင်ဖြစ်ပြီး လက်အောက်ငယ်သားများအပေါ်တွင် ကျောသား ရင်သားမခွဲခြားဘဲ မှန်ကန်စွာခေါင်းဆောင်မှုပေးခြင်းဖြင့် လက်အောက်ငယ်သားများ၏ ချစ်ကြောက်ရိုသေအားကိုးမှုကို ရယူကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ခေါင်းဆောင်ကောင်းပီသစွာနှင့် လက်အောက်ကို မှန်ကန်စွာကွပ်ကဲအုပ်ချုပ်သကဲ့သို့ အထက်ကပေးအပ်သည့် အမိန့်နှင့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့သည့် နောက်လိုက်ကောင်းတစ်ယောက်အဖြစ် ကျင့်ကြံဆောင်ရွက်၍ တပ်မတော်က အားထားရသည့် အင်ဂျင်နီယာအရာရှိကောင်းများဖြစ်လာအောင် ကြိုးပမ်း ဆောင်ရွက်သွားကြရန် အလေးထားမှာကြားလိုကြောင်း။


အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အင်ဂျင်နီယာခေါင်းဆောင်များ အဖြစ်ပါဝင်ထမ်းဆောင်ကြမည့်သူများသည် ရုပ်ပိုင်း၊ စိတ်ပိုင်းကြံ့ခိုင်နေရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ သို့မှသာလျင် တပ်မတော်၏ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် ထမ်းဆောင်နိုင်ကြမည်ဖြစ်ကြောင်း၊ ကျန်းမာအောင်နေထိုင် စားသောက်ပြီး ကြံ့ခိုင်အောင် လေ့ကျင့်ကြရမည်ဖြစ်ကြောင်း၊ “လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှယုံကြည်၊ ယုံကြည်မှ ရဲရင့်၊ ရဲရင့်မှ အောင်ပွဲဆင်” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ တာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့များရှိ စစ်သည်၊ မိသားစုဝင်များအားလုံးကို ကျွမ်းကျင်မှုရှိအောင်၊ ရဲစွမ်းသတ္တိရှိအောင်လည်း ဦးဆောင်လေ့ကျင့်ပြီး ရည်မှန်း ချက်တာဝန်များကို အောင်မြင်အောင် ထမ်းဆောင်သွားကြရန်လိုကြောင်း။


မိမိတို့တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန် ဖြစ်သည့်အတွက် တပ်မတော်သားများအနေဖြင့် “စစ်ရေးစွမ်းရည်၊ စည်းရုံးရေး စွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်” ဆိုသည့် စွမ်းရည်သုံးရပ်အထူးပြည့်၀နေရန်လိုအပ်ကြောင်း၊ စစ်ရေးစွမ်းရည် တိုးတက်စေရန်၊ ကောင်းမွန်ထက်မြက်သည့် တိုက်ခိုက်ရေးစွမ်းအား (Fighting Power) ရရှိစေရန် စစ်ရေးအယူအဆနှင့် စစ်နည်းဗျူဟာဆိုင်ရာ အစိတ်အပိုင်းများ(Conceptual Component )၊ ရုပ်ပိုင်းဆိုင်ရာအစိတ်အပိုင်းများ (Physical Component )၊ စိတ်ပိုင်းဆိုင်ရာအစိတ်အပိုင်းများ(Moral Component ) စသည်များ ပြည့်စုံထက်မြက်နေရန် လေ့ကျင့်ရေးကိုအခြေခံပြီး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်၏ လေ့ကျင့်ရေးဆိုင်ရာမူဝါဒများ ဖြစ်သည့် “ကျန်းမာကြံ့ခိုင်ရမည်၊ ကျွမ်းကျင်ရမည်၊ ရဲစွမ်းသတ္တိရှိရမည်” ဆိုသည့် ရည်မှန်းချက်များကို တိတိကျကျကြိုးစားလေ့ကျင့်ပြီး စစ်ရေးစွမ်းရည်တိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။


အုပ်ချုပ်ရေးစွမ်းရည် ကောင်းမွန်စေရန်အတွက်လည်း စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင်နှံ့စပ်ပိုင်နိုင်အောင် လေ့လာသွားရန် လိုအပ်ကြောင်း၊ မိမိတာဝန်ယူထားသည့်တပ်ဖွဲ့များကို အုပ်ချုပ်မှုညီညွတ် မျှတစေရန် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပြီး တပ်တွင်းစည်းလုံးညီညွတ်ရေး ထိခိုက်ပျက်စီးစေသည့်အပြုအမူများကိုလည်း ရှောင်ရှားသွားကြရန်လိုကြောင်း၊ မိမိကွပ်ကဲရသည့် တပ်ဖွဲ့များ၏ သက်သာချောင်ချိရေးကို အလေးထားဆောင်ရွက် ပေးရန်လိုအပ်ပြီး သက်သာချောင်ချိရေးကောင်းသည်နှင့်အမျှ စိတ်ဓာတ်စည်းကမ်း သည်လည်း ကောင်းလာမည်ဖြစ်ကြောင်း၊ စိတ်ဓာတ်စည်းကမ်းကောင်းမွန်သည့်တပ်သည် အရာရာတွင် စည်းလုံးညီညွတ်စွာ ဆောင်ရွက်နိုင်ပြီး အောင်မြင်မှုများ ရရှိနိုင်ခဲ့သည်ကို ကမ္ဘာ့စစ်သမိုင်းများလေ့လာကြည့်လျှင် အထင်အရှားတွေ့မြင်ရမည်ပင်ဖြစ် ကြောင်း။


စည်းရုံးရေးစွမ်းရည်ပြည့်၀စေရန် ကြိုးစားတည်ဆောက်ရာတွင် တပ်တွင်း၊ တပ်ပြင် စည်းရုံးရေးကို ဟန်ချက်ညီဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ စည်းရုံးရေး လုပ်ခြင်းသည် အင်အားတည်ဆောက်ခြင်းဖြစ်၍ တပ်တွင်းစည်းလုံးညီညွတ်မှုရှိအောင် မိမိတာဝန်ကျရာ တပ်ရင်း၊တပ်ဖွဲ့ရှိ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်၊ မိသားစုဝင်များကို တစည်းတလုံးတည်းဖြစ်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ စည်းရုံးရေးစွမ်းရည်ကျဆင်းပါက အုပ်ချုပ်ရေးစွမ်းရည်နှင့် စစ်ရေးစွမ်းရည်ပါ ကျဆင်းလာမည်ဖြစ်သည့်အတွက် တပ်တွင်း စည်းလုံးညီညွတ်မှုပိုမိုကျစ်လျစ်ခိုင်မာ အောင် အလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း။


ထို့ပြင် တပ်ပြင်စည်းရုံးရေးအတွက် စစ်သည်တော်ကျင့်ဝတ်နှင့်အညီ နေထိုင် ကျင့်ကြံပြီး မိမိနယ်မြေအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ သဘာ၀ဘေးအန္တရာယ်များနှင့်ရင်ဆိုင်ရပါက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက် ပေးခြင်း၊ ပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာကူညီစောင့်ရှောက် ရေးလုပ်ငန်းများတွင် အားတက်သရောကူညီလုပ်ကိုင်ခြင်း စသည့်စည်းရုံးရေးလုပ်ငန်း များကို ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း။


မိမိတို့တပ်မတော်ကို Standard Army အဖြစ်ရည်မှန်းချက်ထား တည်ဆောက်ရာတွင် အင်ဂျင်နီယာတပ်ဖွဲ့၏ အခန်းကဏ္ဍသည်အရေးကြီးသောကြောင့် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့် နည်းပညာရပ်များကို နိုင်ငံတကာအမြင် နှင့်ပေါင်းစပ်ပြီး မျက်ခြည်မပြတ် ကြိုးစားလေ့လာသင်ယူကြရန်လိုကြောင်း၊ အရည်အသွေးပြည့်၀သည့် အင်ဂျင်နီယာပညာရေးစနစ်ကသာ အရည်အချင်းရှိသည့် အင်ဂျင်နီယာများကို မွေးထုတ်ပေးနိုင်မည်ဖြစ်သည့်အတွက် မိမိတို့တပ်မတော်၏ အင်ဂျင်နီယာပညာရေးစနစ်နှင့် အရည်အသွေးအာမခံမှုကို နိုင်ငံတကာအဆင့်အသိအမှတ်ပြုနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြ ရန်လိုကြောင်း၊ တပ်မတော်၏ လေ့ကျင့်ရေးဆိုင်ရာရည်မှန်းချက်များဖြစ်သည့် “ကျန်းမာ ကြံ့ခိုင်ရမည်၊ ကျွမ်းကျင်ရမည်၊ ရဲစွမ်းသတ္တိရှိရမည်” ဆိုသည့် ရည်မှန်းချက်များကို အောင်မြင်စေရန် မိမိတို့၏ဆောင်ရွက်ရမည့် ပုံမှန်လေ့ကျင့်ရေး ဆောင်ရွက်မှုများကို မှန်မှန်ကန်ကန်လုပ်ဆောင်ပြီး တပ်မတော်၏ တိုက်စွမ်းရည်၊ တိုက်စွမ်းအားကို မြှင့်တင်နိုင်ရေးကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ စည်းကမ်း လိုက်နာမှု အရာတွင် စံနမူနာပြဖြစ်ပြီး “ကျင့်ဝတ်၊ တီထွင် ၊ စွမ်းအားရှင်”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်နှင့်တပ်မတော်က အားကိုးအားထားရသည့် အင်ဂျင်နီယာအရာရှိကောင်း များဖြစ်အောင် ကြိုးစားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။


ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်း ကိုခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှပြန်လည်ထွက်ခွာသည်။


စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော်နည်းပညာ တက္ကသိုလ်ကျောင်းဌာနချုပ်ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း(၃) ဦးကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။


ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်စွာ အောင် မြင်ခဲ့ကြသည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ဝမ်းသာဂုဏ်ယူ ကြောင်းနှင့် ဘ၀တစ်လျှောက်လုံးဆက်လက်ကြိုးစားသွားကြစေလိုကြောင်း၊ ပထမနှစ် မှ နောက်ဆုံးနှစ်အထိ ၆ နှစ်တာကာလအတွင်း ကြိုးစားအားထုတ်မှု၊ မိမိကိုယ်ကိုယ် စောင့်ထိန်းနိုင်မှု၊ မဆုတ်မနစ်သော ဇွဲ၊ လုံ့လတို့ဖြင့် ထူးချွန်စွာကျောင်းဆင်းနိုင် ရေး နှစ်ရှည်လများထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းသည် တန်ဖိုးရှိသည့် လုပ်ဆောင်မှု တစ်ခုဖြစ်သည့်အတွက် ဆက်လက်ထိန်းသိမ်းသွားကြစေလိုကြောင်း၊ ရည်မှန်းချက် ရှိရှိဖြင့် ကြိုးစားအားထုတ်ခဲ့ခြင်းကြောင့်ဖြစ်ပြီး ရရှိပြီးသည့် ကောင်းမွန်သည့် အခြေခံ ကောင်းများ၊ အလေ့အကျင့်ကောင်းများကို ဆက်လက်မွေးမြူသွားရန်လိုကြောင်း၊ ပတ်ဝန်းကျင်၏ စေ့ဆော်မှုများသည် ဘ၀၏ အကောင်း၊ အဆိုးကို ဖန်တီးနိုင်သည် ဖြစ်သောကြောင့် အသိတရား၊ သတိတရားဖြင့် မိမိကိုယ်ကိုယ် ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နောက်ဆုံးနှစ်ကာလအတွင်း COVID-19 ရောဂါ ဖြစ်ပွားခဲ့သဖြင့် တပ်ပြင်ထွက်ခွင့်မရရှိခဲ့ကြကြောင်းနှင့် တစ်နှစ်တာကာလလုံး သည်းခံနိုင်မှု အပြည့်ဖြင့် တပ်တွင်း၌ပင်နေထိုင်၍ စာပေပညာ၊ စစ်ပညာများ လေ့လာခဲ့ခြင်း သည် စိတ်ဓါတ်ကြံ့ခိုင်မှုနှင့် မိမိကိုယ်ကိုယ် စောင့်ထိန်းနိုင်မှုများကို ပြသခဲ့ခြင်းပင် ဖြစ်ကြောင်း၊ ယခုထူးချွန်ဆု ရရှိသူများ၏ မိဘများအနေဖြင့် သာမာန်မိသားစုများနှင့် နိုင်ငံ့ဝန်ထမ်းများဖြစ်ပြီး ယခုအခြေအနေရောက်သည်အထိ ပြုစုပျိုးထောင်ပေးခဲ့ သည့် မိဘများ၏ကျေးဇူးကို မမေ့ရန်နှင့် ကျေးဇူးဆပ်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ မိမိကိုယ်ကိုယ် လူကောင်းသူကောင်း ဖြစ်စေရန်နှင့် ရည်မှန်းချက်များကို အကောင် အထည်ဖော်ဆောင်ရွက်နေခြင်းသည် ကျေးဇူးဆပ်ခြင်းပင်ဖြစ်ပြီး နှုတ်အားစိတ်အားဖြင့် လည်းကောင်း၊ လစာငွေမှတတ်နိုင်သရွေ့ ထောက်ပံ့ခြင်းဖြင့်လည်းကောင်း မိဘ ကျေးဇူးကို ဆပ်ကြရမည်ဖြစ်ကြောင်း၊ အလားတူ တပ်မတော်အပေါ် သစ္စာစောင့်သိ ကြရမည်ဖြစ်ကြောင်း၊ တာဝန်ကျရာ တပ်အသီးသီးသို့ ရောက်ရှိတာဝန်ထမ်းဆောင် ရာတွင်လည်း ကြိုးစားအားထုတ်မှုနှင့် အမိန့်နာခံမှုရှိကာ အထက်ကပေးအပ်လာသည့် တာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြရန်လိုကြောင်း၊ စစ်ဆင်ရေးသာမက အခြားမည်သည့်ကိစ္စကို ဆောင်ရွက်သည်ဖြစ်စေ မဖြစ်ဖြစ်အောင်ကြိုးစား ဆောင် ရွက်မည်ဆိုသည့် စိတ်ဓာတ်ကိုမွေးမြူကြရန်လိုကြောင်း၊ တပ်မတော်နှင့် တိုင်းပြည်အပေါ်သစ္စာရှိစွာဖြင့် မိမိအလုပ်ကို မှန်မှန်ကန်ကန်တာဝန်ကျေပွန်အောင် လုပ်ဆောင်၍ မိမိတို့၏ရည်မှန်းချက်ကို အောင်မြင်အောင် မိမိကိုယ်ကိုစောင့်ထိန်းပြီး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ဂုဏ်ပြုအမှာစကားပြောကြားခဲ့ ကြောင်းသတင်း ရရှိသည်။


Share it now

 #HappyType ပျော်ပျော်နေတတ်တဲ့ လူတစ်ယောက်ရင်မှာ စုတ်ပြတ်သတ်နေတဲ့ ဒဏ်ရာတွေ အချက်ပေါင်းများစွာ ရှိတယ်ဆိုတာ ကိုယ်ကလွဲပြီး ဘယ်သူက သိနိုင်ပါ့မလဲ ...