Friday 6 August 2021

 #သုဘာသိတာစယာဝါစာ

ကောင်းသောစကားကိုပြောခြင်း။


🙏🏻 လိမ်ညာမပြော။ ဂုံးတိုက်သွေးခွဲစကားမပြော။ မရှိတာကို အရှိလုပ်ရှိတာကို မရှိလုပ်မပြောဆို။ 


🙏🏻ဖရုသဝါစာ ရိုင်းစိုင်းကြမ်းတမ်း အတင်းမပြောသိမ်ဖျင်းသောစကားမပြော။တပါးအကျိုးမဲ့သောစကားကို မပြော ။


🙏🏻အကျိုးရှိသော ကောင်းသောစကားကိုသာပြောဆိုခြင်း တည်ကြည်ဖြောင့်မတ် မှန်ကန်စွာ


ကောင်းသောစကားကို ပြောဆိုခြင်းသည် ကြီးပွားတိုးတက်ရာမင်္ဂလာဖြစ်ပါပေသည်။

အောင်တင်

 မြန်မာပြည်အနောက်ပိုင်း ရခိုင်ကို စသိမ်းတဲ့ ၁၈၂၄မှာ အဂ်လိပ်တွေက မောက်လူမျိုး (ရခိုင်လို့ မခေါ်ဘူး။)နဲ့ မွတ်စလင်လူမျိုး (ဘဂ်ါလီလို့ မခေါ်ဘူး။)လို့ မှတ်တမ်းတင်ခဲ့တယ်။ ရခိုင်ပြည်နယ်ရဲ့ သုံးချိုးနှစ်ချိိုး ခြောက်သောင်းက မောက်တွေ၊ သုံးချိုးတစ်ချိုး သုံးသောင်းက မွတ်စလင်တွေဖြစ်ပြီး ကျန်တဲ့တစ်သောင်းက ဗမာ၊ ဟိန္ဒူ၊ ချင်း၊ မရမာကြီး၊ မြို၊ သက်တို့ဖြစ်ကြတယ်။

၁၈၂၄မှာ မြန်မာပြည်ကို စသိမ်းတဲ့အခါတုန်းက အဂ်လိပ်ဘက်က ဝင်တိုက်ပေးတဲ့ မောက်တွေအတွက် မောက်အာမီ(မောက်စစ်တပ်)ဆိုပြီး အဂ်လိပ်က ဖွဲ့ပေးခဲ့တာပါ။ ရခိုင်အာမီလို့ မခေါ်ဘူး။

သူတို့ကျတော့ မောက်က ရခိုင်လို့ပြောင်းလို့ရတယ်။

ရိုဟင်ဂျာတွေကျတော့ မွတ်စလင်ကနေပြီး ရိုဟင်ဂျာပြောင်းလို့ မရဘူးတဲ့။

သူတို့ခွင့်မပြုနိုင်ဘူးတဲ့။

ကုလားလို့ဘဲ ခေါ်ရမယ်တဲ့။

ဘဂ်ါလီလို့ဘဲ ခေါ်ရမယ်တဲ့။

၁၉၈၂နိုင်ငံသားဥပဒေအရ ၁၈၂၄မတိုင်ခင်ကတည်းက အခြေစိုက်နေထိုင်တဲ့ လူမျိုးတိုင်းကို တိုင်းရင်းသား သတ်မှတ်တယ်။ ရိုဟင်ဂျာကျတော့ ၁၈၂၄မတိုင်ခင်ကတည်းက ရှိနေတဲ့ အထောက်အထားတွေ တစ်ပုံကြီးရှိလျှက်နဲ့ မွတ်စလင်ဖြစ်လို့ လက်မခံဘူးတဲ့။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ရိုဟင်ဂျာတွေဟာ သက္ကရာဇ် ၁၇၀၀နှစ်တွေကလည်းက ရှိနေခဲ့ပြီးဖြစ်တာကို ဘရပ်ဆဲလ်သတင်းစာရှင်းလင်းပွဲမှာ ဝန်ခံခဲ့ပြီးပြီ။ 

မူလတိုင်းရင်းသား ၁၄၄မျိုးထဲမှာ ကိုးကန့်က တရုတ်လူမျိုးဖြစ်လို့ မပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဗိုလ်ချုပ်နေဝင်းလက်ထက်အထိ ကိုးကန့်လူမျိုးက တိုင်းရင်းသား မဟုတ်ဘူး။

၁၉၈၉ကျမှ ဗိုလ်စောမောင်က တိုင်းရင်းသား ၁၄၄မျိုးကိုဖျက်၊ တိုင်းရင်းသား ၁၃၅မျိုးလုပ်ပြီး တိုင်းရင်းသား ၁၄၄မျိုးဝင် ရိုဟင်ဂျာ(ရခိုင်စစ်တကောင်းနဲ့ မြန်မာမွတ်စလင်(ပသီ)တို့ကို တိုင်းရင်းသားသားစာရင်းက ပယ်ဖျက်ခဲ့တယ်။ ကိုးကန့်ကို တိုင်းရင်းသားအဖြစ် သတ်မှတ်ခဲ့တယ်။

သမိုင်းကို လိမ်လို့ ဖုံးကွယ်လို့ ဖျောက်ဖျက်လို့ မရ။

စာနာတတ်မှ လူ။

ဒီသောက်ကျင့်ယုတ်တွေ မပြင်သရွေ့ နင်တို့ လူရာမဝင်၊ လူတောမတိုး၊ လူ့အဆင့်အတန်း မရောက်ဘူးမှတ်။

=============

မြန်မာပြည်အနောက်ပိုင်း ရခိုင်ကို စသိမ်းတဲ့ ၁၈၂၄မှာ အဂ်လိပ်တွေက မောက်လူမျိုး (ရခိုင်လို့ မခေါ်ဘူး။)နဲ့ မွတ်စလင်လူမျိုး (ဘဂ်ါလီလို့ မခေါ်ဘူး။)လို့ မှတ်တမ်းတင်ခဲ့တယ်။ ရခိုင်ပြည်နယ်ရဲ့ သုံးချိုးနှစ်ချိုး ခြောက်သောင်းက မောက်တွေ၊ သုံးချိုးတစ်ချိုး သုံးသောင်းက မွတ်စလင်တွေဖြစ်ပြီး ကျန်တဲ့တစ်သောင်းက ဗမာ၊ ဟိန္ဒူ၊ ချင်း၊ မရမာကြီး၊ မြို၊ သက်တို့ဖြစ်ကြတယ်။

၁၈၂၄မှာ မြန်မာပြည်ကို စသိမ်းတဲ့အခါတုန်းက အဂ်လိပ်ဘက်က ဝင်တိုက်ပေးတဲ့ မောက်တွေအတွက် မောက်အာမီ(မောက်စစ်တပ်)ဆိုပြီး အဂ်လိပ်က ဖွဲ့ပေးခဲ့တာပါ။ ရခိုင်အာမီလို့ မခေါ်ဘူး။

သူတို့ကျတော့ မောက်က ရခိုင်လို့ပြောင်းလို့ရတယ်။

ရိုဟင်ဂျာတွေကျတော့ မွတ်စလင်ကနေပြီး ရိုဟင်ဂျာပြောင်းလို့ မရဘူးတဲ့။

သူတို့ခွင့်မပြုနိုင်ဘူးတဲ့။

ကုလားလို့ဘဲ ခေါ်ရမယ်တဲ့။

ဘဂ်ါလီလို့ဘဲ ခေါ်ရမယ်တဲ့။

၁၉၈၂နိုင်ငံသားဥပဒေအရ ၁၈၂၄မတိုင်ခင်ကတည်းက အခြေစိုက်နေထိုင်တဲ့ လူမျိုးတိုင်းကို တိုင်းရင်းသား သတ်မှတ်တယ်။ ရိုဟင်ဂျာကျတော့ ၁၈၂၄မတိုင်ခင်ကတည်းက ရှိနေတဲ့ အထောက်အထားတွေ တစ်ပုံကြီးရှိလျှက်နဲ့ မွတ်စလင်ဖြစ်လို့ လက်မခံဘူးတဲ့။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ရိုဟင်ဂျာတွေဟာ သက္ကရာဇ် ၁၇၀၀နှစ်တွေကလည်းက ရှိနေခဲ့ပြီးဖြစ်တာကို ဘရပ်ဆဲလ်သတင်းစာရှင်းလင်းပွဲမှာ ဝန်ခံခဲ့ပြီးပြီ။ 

မူလတိုင်းရင်းသား ၁၄၄မျိုးထဲမှာ ကိုးကန့်က တရုတ်လူမျိုးဖြစ်လို့ မပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဗိုလ်ချုပ်နေဝင်းလက်ထက်အထိ ကိုးကန့်လူမျိုးက တိုင်းရင်းသား မဟုတ်ဘူး။

၁၉၈၉ကျမှ ဗိုလ်စောမောင်က တိုင်းရင်းသား ၁၄၄မျိုးကိုဖျက်၊ တိုင်းရင်းသား ၁၃၅မျိုးလုပ်ပြီး တိုင်းရင်းသား ၁၄၄မျိုးဝင် ရိုဟင်ဂျာ(ရခိုင်စစ်တကောင်းနဲ့ မြန်မာမွတ်စလင်(ပသီ)တို့ကို တိုင်းရင်းသားသားစာရင်းက ပယ်ဖျက်ခဲ့တယ်။ ကိုးကန့်ကို တိုင်းရင်းသားအဖြစ် သတ်မှတ်ခဲ့တယ်။

သမိုင်းကို လိမ်လို့ ဖုံးကွယ်လို့ ဖျောက်ဖျက်လို့ မရ။

စာနာတတ်မှ လူ။

ဒီသောက်ကျင့်ယုတ်တွေ မပြင်သရွေ့ နင်တို့ လူရာမဝင်၊ လူတောမတိုး၊ လူ့အဆင့်အတန်း မရောက်ဘူးမှတ်။

Mass Hysteria အစုလိုက်အပြုံလိုက် အရူးထခြင်း***


 ဒါကတော့ စနစ်တကျ သုတေသနအဆင့်ဆင့်ကိုရင်ဆိုင်ပြီးမှ ပေါ်ထွက်လာတဲ့ ပညာတတ်တွေရဲ့ သုံးသပ်ချက်နဲ့ အမြင်တွေပေါ့..။


(ဘာဂိုဏ်းညာဂိုဏ်းက လေးတန်းမအောင်တွေရဲ့ဖိန့်လုံးမျိုးနဲ့တော့ သိသိသာသာကွဲပါမယ်...။)


Mass Hysteria အစုလိုက်အပြုံလိုက် အရူးထခြင်း***


ပဲခူးကစက်ရုံမှာ အမျိုးသမီးတွေ အစုလိုက်အပြုံလိုက် သရဲဘာကြောင့်ပူးရတယ် (ကိုယ်တွေ့) ဆိုတာ တွေ့လိုက်တယ်။


မနှစ်က တယောက်ကမေးလို့ ရေးထားတာရှိတယ်။ ဆရာရှင့် Mass Hysteria ရောဂါအကြောင်းလေး ရေးတင်စေချင်ပါတယ်။ မြန်အောင်မြို့နယ် ကျောင်းတကျောင်းမှာ ကျောင်းသူလေးငါးယောက် နှစ်ရက်ဆက်တိုက် မူးဝေအော့အန်ရယ်မောနေတဲ့အဖြစ်ပျက်ကြောင့် တိုက်နယ်ဆေးရုံကို တင်ရတဲ့အခါ ဆရာဝန်က Mass Hysteria ဖြစ်နိုင်ကြောင်း ဖြေရှင်းချက်ပေးပေမယ့် မိဘအပါအဝင် နယ်ခံအချို့နှင့် ဘုန်တော်ကြီးအချို့မှအပ ပယောဂကြောင့် ဖြစ်ရခြင်းဆိုပြီး FB ပေါ်တွင် အငြင်းပွါးဖွယ်ဖြစ်နေရပါသဖြင့် မြန်မာပြည်သူများ ဗဟုသုတအဖြစ် နားလည် သဘောပေါက်စေရန် ဆရာအနေဖြင့် post တင်ရှင်းပြပေးပါရန် မေတ္တာရပ်ခံပါသည်။


လူမှုရေးသိပ္ပံနဲ့ စိတ်ပညာမှာ Mass hysteria အစုလိုက်အရူးထခြင်းဆိုတာရှိပါတယ်။ ဆေးပညာအရ Collective hysteria စုပေါင်းဖြစ်ခြင်း၊ Group hysteria အုပ်စုလိုက်ဖြစ်ခြင်းနဲ့ Collective obsessional behavior အစုလိုက်အဆွဲကြီးခြင်းလို့ ခေါ်တယ်။ ဖြစ်တဲ့သူတွေ အားလုံးက တပြိုင်တည်းမှာ Delusions of threats အန္တရာယ်ကျရောက်တော့မယ်လို့ ထင်မြင်ကြတယ်။ တကယ့်အန္တရာယ်လည်း ဖြစ်နိုင်တယ်၊ မရှိတာကိုကြံဆတဲ့အန္တရာယ်လည်းဖြစ်နိုင်တယ်။ အဲလိုဖြစ်တဲ့ အနီးအနားနဲ့ ကြားရသူတွေမှာ ကောလဟလနဲ့ ထိတ်လန့်မှုတွေဆက်ဖြစ်စေတယ်။ကူးစက်တယ်။


Hysteria (ဟစ်စတီးရီးယား) ဆိုတာဘာလဲ

စိတ်ဝေဒနာတခုဖြစ်တယ်။ ပြင်းပြတဲ့စိုးရိမ်သောကကနေဆက်ဖြစ်တယ်။ လူနာဟာ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘူး။ အမူအယာနဲ့ စိတ်လှုပ်ရှားမှု (၂) မျိုးကို မထိန်းနိုင်တာပါ။ ရုတ်တရက် တက်သလိုပါတွဲဖြစ်တယ်။ အဲတာမှာ သတိလစ်ပြီး စိတ်ခံစားမှုအရ ငိုတာ ရီတာတွေပါတွဲနေတတ်တယ်။ တခါတလေမှာ ဖိနှိမ်ထားတဲ့လိုအင်နဲ့ ဝိရောဓိဖြစ်ရာကနေ ပေါက်ထွက်လာတယ်။


(ဟစ်စတီးရီးယား) ကိုယ်အမူအယာဆိုတာ ဆွဲဆောင်မှုအမူအယာ (မာယာ) လို့လည်းပြောနိုင်တယ်။ စိတ်လှုပ်ရှားမှုအပေါ် မှီတည်မယ်၊ ဝိဥာဉ်လိုရင်းနှီးမှုရှိမယ်၊ သည်းခံနိုင်စွမ်းကင်းမယ်၊ အလိုမကျမှုရှိမယ်၊ လက်တွေ့ မကျတာနဲ့ ဒေါသ၊ စိတ်တိုတာပါမယ်။ လူနာဟာ စိတ်လှုပ်ရှားမှုလွန်ကဲရာကနေ တက်သလိုဖြစ်လာမယ်။ အကြောင်းမဲ့ အော်မယ်။ ငိုယိုမယ်။ ရီမယ်။ ဗိုက်ကြောတွေတင်းနေမယ်။ ရင်ခုန်နေမယ်။ ခေါင်းကိုက်ပြီး ဆို့နေသလိုခံစားရမယ်။ သွားကြိတ်ထားမယ်။ လည်ပင်းကြောတွေထောင်နေမယ်။ ဆိုးတဲ့အခြေအနေမှာ သတိလစ်သလောက်ဖြစ်မယ်။ လှုပ်ရှားမှုတွေပြင်းထန်မယ်။ ကြမ်းတမ်းမယ်။ တကယ်တက်သွားမယ်။


ဘာလို့ဖြစ်သလဲ

တကိုယ်တည်းဆန်မှု၊ လိင်ပိုင်းဖိနှိပ်ထားမှု၊ တွေးတောတာထူးခြားမှု၊ မျိုးဗီဇတွေကနေဖြစ်စေနိုင်တယ်။ ငယ်စဉ်က ထိန့်လန့်မှု၊ စိတ်ဓါတ်ကျမှု၊ စိတ်ဖိအားများမှု၊ နာတာရှည်ရောဂါသည်ဖြစ်မှုတွေကနေလည်း ဖြစ်တယ်။ ချစ်ခင်သူ သေဆုံးတာနဲ့ ကွဲကွာလမ်းခွဲရတာကနေလည်းဖြစ်မယ်။


• ၁၉၆၂ မှာ တန်ဇန်နီးယားနိုင်ငံမှာ Tanganyika laughter epidemic အုပ်စုလိုက်ရီမောခြင်း ဟစ်တီးရီယား ဖြစ်ခဲ့တယ်။

• ၁၉၆၂ အမေရိကားမှာ June Bug Epidemic ဖြစ်ခဲ့တယ်။ အဝတ်ချုပ်စက်ရုံမှာ ဖြစ်ခဲ့တယ်။

• ၁၉၇ဝ ကျော်က လန်ဒန်မှာ ကျောင်းသူ (၈) ယောက်နဲ့ ဆရာမတယောက် အုပ်စုလိုက်ဟစ်တီးရီယားဖြစ်ခဲ့တယ်။

• ၁၉၇ဝ နဲ့ ၁၉၈ဝ အတွင်း မလေးရှားမှာ ကလေးမတွေနဲ့ အရွယ်ငယ်အမျိုးသမီးတွေ ဝိဥာဉ်ဆိုပြီး ဖြစ်ခဲ့တယ်။

• ၁၉၈၃ မတ်လမှာ ဂျော်ဒန်မြစ်အနောက်ဖက်ကမ်းခြေမှာ အစုလိုက် (ဖိန့်) ရကြတယ်။

• ၁၉၈၈ အမေရိန်ကန်မြို့ ဆန်ဒီယာဂိုမြို့ ရေတပ်စခန်းမှာ စစ်တန်းလျားမှာဖြစ်တယ်။

• ၂၁-၉-၁၉၉၅ တုံးက ဒေလီမြို့တောင်ပိုင်းမှာ Hindu Milk Miracle ဟိန္ဒူနွားနို့ အုပ်စုလိုက်ဟစ်တီးရီယား ဖြစ်ခဲ့တယ်။

• ၂ဝဝ၁ မေလထဲ ဒေလီမှာ The Monkey Man of Delhi မျောက်လူရှိတယ်ဆိုပြီး အုပ်စုလိုက်ဟစ်တီးရီယား ဖြစ်ခဲ့တယ်။

• ၂ဝဝ၆ မေလထဲ ပေါ်တူကီမှာ Soap Opera Hysteria ဆုပ်အော်ပရာ အုပ်စုလိုက်ဟစ်တီးရီယားဖြစ်ခဲ့တယ်။

• ၂ဝဝ၆ မှာ မွန်ဘိုင်းခေါ် ဘုံဘေမှာ Sweet Water ရေချို အုပ်စုလိုက်ဟစ်တီးရီယားလို့ခေါ်တယ်။

• ၂ဝဝ၇ မက်ဆီကိုမြို့တော်မှာ အုပ်စုလိုက်ဟစ်တီးရီယားဖြစ်ခဲ့တယ်။

• ၂ဝ၁ဝ ဧပြီလနဲ့ မေလထဲ ဘရူနိုင်းလ်မှာ အုပ်စုလိုက်ဟစ်တီးရီယားဖြစ်ခဲ့တယ်။

• ၂ဝ၁၂ နိုဝင်္ဘာ ၁၅-၂ဝ သီရိလင်္ကာမှာ အုပ်စုလိုက်ဟစ်တီးရီယားဖြစ်ခဲ့တယ်။

• ၂ဝ၁၂ နယူးယောက်က အထက်တန်းကျောင်းမှာ အုပ်စုလိုက်ဟစ်တီးရီယားဖြစ်ခဲ့တယ်။

• ၁၉-၄-၂ဝ၁၆ နေ့က မလေးရှားမြောက်ပိုင်းမှာဖြစ်ခဲ့တယ်။ Kota Bharu (ကိုတာ ဘာရူး) မြို့မှာ သဘာဝမဟုတ်တဲ့ ဝိဥာဉ်တွေမြင်တယ်ဆိုပြီး သတင်းထွက်လို့ ကျောင်းခဏပိတ်လိုက်ရတယ်။


ဆေးပညာအရ လူတယောက်ထက်မကမှာ ရုတ်တရက် အတူတူ ဒါမှမဟုတ် ဆင်ဆင်တူတဲ့ (ဟစ်စတီးရီးယား) ပုံစံနဲ့ ရုပ်ပိုင်းလက္ခဏာတွေပြုမူကြတာကိုခေါ်တယ်။ ဖြစ်လေ့ရှိတဲ့ လက္ခဏာတခုကတော့ သူတို့မှာ ရောဂါတခုကို အတူခံစားနေကြရတာဖြစ်ပါတယ်။ Mass psychogenic illness အစုလိုက် စိတ်ဝေဒနာ (သို့) Epidemic hysteria (ဟစ်စတီးရီးယား) ကပ်ရောဂါလို့လည်း သတ်မှတ်ပါသေးတယ်။


အုပ်စုလိုက်ဟစ်တီးရီယားဟာ ယောက်ျား၊ မိန်းမ နှစ်မျိုးလုံးမှာဖြစ်တယ်။ အရွယ်မကြီးသေးတဲ့ မိန်းကလေးတွေမှာ ပိုဖြစ်တယ်။ ၁၄ နှစ်ကနေ ၂၅ နှစ်ကြား အဖြစ်များတယ်။ ၄၅ နှစ်ကျော်တွေမှာ ဖြစ်တာရှားတယ်။ (ဟစ်စတီးရီးယား) က ရှေးကတည်းကရောဂါဖြစ်တယ်။ Hystron ဂရိစကားလုံးကနေလာတယ်။ အဓိပ္ပါယ်က သားအိမ်။


၁။ Hysteria ဖြစ်ရတဲ့အကြောင်းကို ဗဟုသုတအနေနဲ့ သိချင်ပါတယ်ဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။


၂။ Hysteria အကြောင်းလေးကို သိချင်လို့ မှတ်စုလေးရေးပေးပါ။ တချို့က ဆေးပညာရောဂါနာမည် မဟုတ်ကြပါဘူးတဲ့။ အရပ်ခေါ်ပေါ့နော်။ ပိုပြီး နားလည်သိချင်တာက အိမ်ထောင်ပျက်ထားတာမျိုး၊ ရည်းစားနဲ့ကွဲထားတာမျိုး ဖြစ်ခဲ့ဘူးသော အိမ်ထောင်မကျသေးသော အပျိုကြီးတွေမှာ ပိုပြီးတော့ အဲ့လို စရိုက်လက္ခဏာ ခပ်ကြောင်ကြောင်၊ ခပ်ဂေါက်ဂေါက်မျိုးတွေ ပိုဖြစ်တတ်ပါသလား။


၃။ Hysteria ကုထုံးအနေနဲ့ရော ဘယ်လိုမျိုးတွေရှိတတ်လဲ ဆရာ။ ကျွန်တော်တို့မှာ ဆေးပညာဆိုင်ရာ ဝေါဟာရပဲဖြစ်ဖြစ်၊ ရောဂါဗေဒနဲ့ပဲဖြစ်ဖြစ် လက်လှမ်းဝေးရပါတယ်။ သာမန်အဘိဓါန်ဆိုတာကလည်း လုံလောက်တဲ့ ရှင်းလင်းချက် အပြည့်အစုံ မပါပါဘူး။ ကျွမ်းကျင်ဆရာဝန်နဲ့ ဆွေးနွေးဖို့ဆိုတာကလည်း ကိုယ့်မိတ်ဆွေအသိုင်းအဝိုင်းထဲမှာ ဆရာဝန်ရှိအုံးမှပါ။ ရှိပြန်လို့ ဆွေးနွေးပြန်ရင်လည်း တော်တော်များများက သူတို့ ပြောပြတာကိုသာ နားထောင်စေချင်တာ။ သာမန်လူတွေနဲ့ ဆွေးနွေးခြင်းကို မလိုလားသလို ခံစားရပါတယ်။


ဟစ်တီးရီယားဟာ စိတ်ပညာသုံးဝေါဟာရအစစ်တော့ မဟုတ်ပါ။ ထိန်းမနိုင်တဲ့ စိတ်လှုပ်ရှားမှု ပြင်းထန်လွန်းတဲ့ အခြအနေကို ခေါ်တယ်။ ကိုယ့်ကိုယ်ကို မထိန်းနိုင်တာမျိုးလို အဖြစ်အပျက်တွေမှာလဲ သုံးပါတယ်။ တကယ်ရှိတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းမှာဖြစ်ဖြစ် စိတ်ကူးထဲက အစိတ်အပိုင်းမှာဖြစ်ဖြစ်ကို ဗဟိုပြုပြီး ကြောက်လွန်းတာမျိုးကို ခေါ်တယ်။


Female hysteria မိန်းမ ဟစ်စတီးရီယား

ဆေးပညာဖခင်ကြီး ဟစ်ပိုကရေးတီးစ်ကနေပေးခဲ့တဲ့နာမည်ဖြစ်တယ်။ အဲဒီကာလမှာ အမျိုးသမီးတွေမှာသာ ဖြစ်တယ်လို့ယူဆပြီး ဂရိဘာသာနဲ့ သားအိမ်ကို အထူးပြုပြီး ဒီနာမည်ပေးခဲ့တာဖြစ်ပါတယ်။ သမိုင်းကြောင်းမှာလည်း အမျိုးသမီးတွေက ဇာတ်လိုက်မင်းသမီးဖြစ်တယ်။ နောက်ပိုင်းမှာ လိင်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ရှိတာနဲ့ တွဲခေါ်လာတယ်။ လိင်ဆန္ဒမပြည့်ဝသူမျိုးကို ဒီနာမည်တပ်ပြီး ကုသမှုပေးရတာရှိတယ်။


အရင်ကတော့ အများကလက်ခံခဲ့တဲ့ အသုံးအနှုန်းဖြစ်တယ်။ လူကြားထဲ သတိလစ်မေ့မြောသွားတဲ့အခါ ရုပ်ရှင် ပြဇာတ်တွေထဲမှာ သရုပ်ဆောင်မင်းသမီးတွေလို လှလှလေး လဲကျသွားတာမျိုး။ ဒါ့ပြင် ဂနာမငြိမ်ဖြစ်တာ၊ လိင်စိတ် ဖြစ်ပေါ်တာ၊ စားချင်စိတ်နဲ့ လိင်စိတ်နည်းတာ၊ အိပ်မပျော်တာ၊ အသက်ရှူမဝတာ၊ စိတ်တိုတာတွေပါတယ်။


ရောဂါတခုခု သတင်းထွက်ပေါ်လာတဲ့အခါ လူတွေအားလုံးကနေ ကြောက်စိတ်၊ စိုးရိမ်စိတ်တွေ အကြီးအကျယ်ဖြစ်တာကို Mass hysteria လို့ ခေါ်ကြတယ်။ Salem witch trials လို့နာမည်ကြီးတဲ့ စုန်းမလို့စွပ်စွဲခံရသူကို တရားစီရင်တဲ့အခါ လူတွေ အထိန့်တလန့် ဖြစ်ကြတာမျိုး။


အခုနောက်ပိုင်းမှာ Somatoform နဲ့ Dissociative ဆိုပြီး ၂ မျိုးခွဲခြားလိုက်ပါတယ်။ Hysterical neurosis ကိုလဲ Conversion disorder လို့ခေါ်ပါတော့တယ်။ Schizophrenia စကီဇိုဖရီးနီးယား၊ Conversion disorder, Anxiety attacks စတဲ့ စိတ်ရောဂါတွေမှာ အဲလို လက္ခဏာမျိုးတွေ တွေ့နိုင်ပါတယ်။


ဟစ်တီးရီးယားကို သာမန်စိတ်ရောဂါအတန်းအစားလို့ သတ်မှတ်တယ်။ Psychoneurosis ဆိုက်ကိုနူရိုးဆစ်တခု ဖြစ်တယ်။ ပြင်းထန်တဲ့စိတ်လှုပ်ရှားမှု၊ ကြောက်စိတ်နဲ့ ဆောက်တည်ရာမရဖြစ်မှု၊ အာရုံခံရော လှုပ်ရှားနိုင်စွမ်းရှိတဲ့ အာရုံကြောစနစ်တွေကိုပါ သက်ရောက်မှုတွေကို ခံစားနေရနိုင်တယ်။ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာ ပြစ်ချက်ရှာမရဘဲ မထိန်းနိုင်မသိမ်းနိုင် အမူအယာပျက်ယွင်းမှုဖြစ်တယ်။


ဖြစ်စေနိုင်တဲ့အကြောင်းခံတွေကတော့ -

• Past trauma အတိတ်ကာလ စိတ်ဒဏ်ရာ၊

• Conflict ပဋ္ဋိပက္ခဖြစ်တာ၊

• Undue stress လိုတာထက်ပိုတဲ့ စိတ်ဖိစီးမှု၊

• History of abuse မတော်မတရားအပြုခံခဲ့ရမှုတွေ ဖြစ်နိုင်တယ်။


နောက်သီအိုရီတခုအရ Repression of sexual လိင်ပိုင်းဆိုင်ရာ ဖိနှိပ်မှု (လွှမ်းမိုးမှု) နဲ့ Aggressive behavior ကြမ်းတမ်းတဲ့အမူအယာတွေကနေ စေ့ဆော်တယ်လို့ ဆိုပါတယ်။


အမှန်မှာ Personality disorders လူ့ပုဂ္ဂိုလ်ရေးမူ မမှန်ခြင်းတွေထဲက တခုသာဖြစ်တယ်။ လူတယောက်ဟာ လူမှုအသိုင်းအဝိုင်းထဲမှာတော့ အောင်မြင်သူဖြစ်နေပေမဲ့ သူ့တကိုယ်ရေဆက်ဆံရေး (အချစ်ရေး၊ အိမ်ထောင်ရေး) မှာ ပြဿနာ ရှိနေသူမျိုးမှာ ဖြစ်တတ်တယ်။ သူ့ခံစားချက်တွေကို လိုတာထက်ပိုပြီး ထုတ်ပြောမယ်။ သူများနဲ့မတူ ထူးခြားနေမယ်။ ခပ်ထိမ်ထိမ်သာဖြစ်ပေမဲ့ သူ့ကိုယ်သူ ဗဟိုပြု ထင်နေ၊ ပြောနေမယ်။ ဝမ်းနည်းစရာ၊ အနုတ်သဘော ဆောင်တာတွေ ဖြစ်မယ်။ သူများကဂရုစိုက်လာစေချင်နေမယ်။ နာနေကိုက်နေတာ၊ ပျို့-အန်နေတာ၊ ဗိုက်နာနေတာ၊ လိင်အကြောင်းပြောပြတာ၊ လေဖြတ်သလိုဖြစ်နေတာ၊ မျက်စိကောင်းကောင်းမမြင်နိုင်တာ၊ အနံ့-အရသာ-အထိအတွေ့ အားနည်းတာ၊ စိတ်ကနေမခိုင်းဘဲ မျက်လုံး၊ မျက်ခုံး၊ ကြွက်သားတွေလှုပ်နေတာ၊ ဒူးဆစ်ကွေးနေတာမျိုးတွေ ဖြစ်လေ့ရှိတယ်။


ဆေးကုသခြင်း

• Antidepressants နဲ့ Anxiolytics စိတ်မကျဆေး၊ စိုးရိမ်စိတ်နည်းဆေးတွေ ပေးနိုင်တယ်။

• နာတာကိုက်တာအတွက် Painkillers ဆေးတွေပေးနိုင်တယ်။

• Psychotherapy စိတ်ပိုင်းကုသမှု လိုမယ်။


ဒေါက်တာတင့်ဆွေ

 #HappyType ပျော်ပျော်နေတတ်တဲ့ လူတစ်ယောက်ရင်မှာ စုတ်ပြတ်သတ်နေတဲ့ ဒဏ်ရာတွေ အချက်ပေါင်းများစွာ ရှိတယ်ဆိုတာ ကိုယ်ကလွဲပြီး ဘယ်သူက သိနိုင်ပါ့မလဲ ...