Tuesday 11 October 2022

 - Stalker (1979)

- Andrei Tarkovsky


"ဘဝမှာ ပျော်နေတဲ့ လူတွေကို တစ်ခါမှ မတွေ့ခဲ့ဖူးဘူး" တဲ့။ အားလုံးဟာ အချိန်တန်ရင် အငွေ့ပျယ်ရတာပဲကိုး။ အစဉ်သာ ‌ပျော်နေပါတယ် ဆိုတာ ဘယ်မှာ ရှိမလဲ။


လူတစ်ယောက် ရှိတယ်။ သူက နောက်ကနေ လမ်းပြတဲ့သူ။ ရှေ့က မဟုတ်ဘူး။ သူတို့ သွားလိုတဲ့ နေရာကို နောက်ကနေ လမ်းပြပေးတယ်။


မပျော်တဲ့လူတွေက သူ့ဆီလာကြတယ်။ သူတို့ သွားလိုတဲ့ နေရာက ဆန္ဒတွေ အားလုံး ပြည့်ဝစေတဲ့ လျှို့ဝှက်ဆန်းကြယ် နေရာလေးတစ်ခု။


တကယ်တော့ ‌နေရာက ဘာမှ မဆန်းကြယ်ပါဘူး။ လူတွေရဲ့ စိတ်ကသာ ဆန်းကြယ်နေတာပါ။


ဘဝမှာ မပျော်တဲ့ လူတွေက ဒီနေရာကို လာကြတယ်။ လာပြီးတော့ သူတို့ မျှော်လင့်ချက်ကို ပြန်ရယူကြတယ်။


ဒီအယူမှားကို တချို့က ဖျက်စီးပစ်လိုက်ချင်တယ်။ ဒီနေရာက တကယ်တော့ သူတို့ ပြောသလို ဆန်းကျယ်တာလည်း မဟုတ်ပါဘူး။


ဘာလို့ ဖျက်စီးချင်တာလဲ?


ဒီနေရာကို ဘဝမှာ မပျော်တဲ့ လူတွေ လာကြတယ်။ မျှော်လင့်ချက်တွေနဲ့ ပြန်သွားကြတယ်။


ဝီရအောင်ရဲ့ အာဘော်နဲ့ ပြောရရင်


ကျွန်တော်တို့ အားလုံး ဘဝမှာ တစ်ခုခုနောက်ကို လိုက်ဖို့ လိုတယ်မဟုတ်လား။ လိုက်လည်း လိုက်နေကြတာပဲ။


ဉာဏလင်း ( 11, October, 2022 )

 #HappyType ပျော်ပျော်နေတတ်တဲ့ လူတစ်ယောက်ရင်မှာ စုတ်ပြတ်သတ်နေတဲ့ ဒဏ်ရာတွေ အချက်ပေါင်းများစွာ ရှိတယ်ဆိုတာ ကိုယ်ကလွဲပြီး ဘယ်သူက သိနိုင်ပါ့မလဲ ...