Wednesday 26 August 2020

ကမ္မမြို့ ပခုက္ကူခရိုင် ကိုဗစ် ၁၉


Road of Kamma township


 ကမ္မမြို့ ပခုက္ကူခရိုင် ကိုဗစ် ၁၉

ပရဟိတအလုပ်သည် အဓမ္မလုပ်ဆောင်ရသော
အလုပ်မဟုတ် ပေမယ့် အတင်းအဓမ္မ လုပ်ဆောင်နေကြတယ် ။

ပရဟိတဆိုသူတွေက ဓမ္မနဲ့ ယှဉ်တွဲမလုပ်ဆောင်မှုတွေကို ဘယ်လိုမေးခွန်းထုတ်ကြမလဲ ။


အတင်းအဓမ္မလုပ်ဆောင်ခြင်းသည်လည်း ပရဟိတ မဖြစ်ဘူး ဆိုတာကို volunteers
သိစေချင်တယ် ။

စေတနာကို အရင်းတည်ပြီး လုပ်ဆောင်နေကြတာကို နားလည်အသိအမှတ်ပြု ပေးပါတယ် ။
မိမိအလုပ်အကိုင်တွေ စွံပြီး လုပ်ဆောင်ပေးနတာကိုလည်း သိပါတယ် ။

ဒါပေမယ့် လူရာဝင်လိုစိတ် သက်သက်နဲ့ ဘယ်အရာမှ မလုပ်တာ ကောင်းပါတယ် ။

အများအတွက်လုပ်‌ေဆာင်တာ ဆိုရင်လည်း လူအများ အတွက် အကြပ်အတေး ဖြစ်စေမယ့် လူအများက လက်မခံနိူင်တဲ့ အပြုအမူ‌ တွေကို ရှောင်ကျင်သင့်ပါတယ်လို့ အကြံပြုရင်း တော်သေးပြီ ။

ဒီလောက်ပဲ ပြောချင်ပါသေးတယ် ။

အဓိပတိကမ္မ








Friday 14 August 2020

Sumgmg

ပါတီတစ်ခုရဲ့ဝန်းရံသူတွေ လှည့်လာတဲ့အခါ

အခြားပါတီက ပိတ်ရပ်တာတွေ

မထော်မနန်းအမူအရာတွေ

ရန်စတာတွေ တွေ့နေရတယ်

ဘယ်ပါတီမဆိုပါ
ပြဿနာဖြစ်ပြီးမှ ရဲကရောက်လာတာပါ။

မယုံရင်စောင့်ကြည့်ပါ

ရွေးကောက်ပွဲပြီးရင်
ဘယ်အမတ်မှ ပေါ်မလာတော့ဘူး

ကိုယ့်နယ်သားအချင်းချင်းသာ
အမုန်းတရားတွေနဲ့ ကျန်ရစ်ခဲ့မှာ။

သိဖို့က...
ငါတို့သည် 

အိုးမည်းသုတ်ပြီး ခွပ်ခိုင်းခံနေရတဲ့
အိမ်ကြက်များဆိုတာ...။

Wednesday 5 August 2020

politics

မင်းတို့အားလုံး ဒီမိုကရေစီ နှင့် ထိုက်တန်ကြသလား......

ထိုက်တန်တာ မတန်တာခဏထားပါ ။ ကဲ ဒီမိုကရေစီ ရပါပြီပေါ့ကွာ မင်းတို့ရရှိထားသော ဒီမိုကရေစီ ဆိုတာကြီးကို ထိန်းသိမ်းစောင့်ရှောက်နိူင်မှာလား ငါမေးချင်မိတယ် ။

"ဒီမိုကရေစီ ကို လိုချင်ရင် ဒီမိုကရေစီ ကို ထိန်းသိမ်းတတ်ရတယ် ၊ ဒီမိုကရေစီ ရဲ့ အနှစ်သာရ ပျော့ကွက် ဟာကွက် အားသာချက် အားနည်းချက်တွေကို အခြေခံ သဘောတရားလောက်တော့ နားလည်ထားရမယ် ရှင်းတယ်မလား ”

လူများ ဒီမိုကရေစီ ဆိုတိုင်း ဒီမိုကရေစီ အော်နေရုံနဲ့ ဒီမိုကရေစီ ဘက်တော်သား ဖြစ်မလာဘူး ၊ ဒီမိုကရေစီ ကို ချစ်တယ်ဆိုရင်  ဒီမိုကရေစီ အနှစ်သာရ သဘောတရား က ိုနားလည်သဘောပေါက်ထားရမယ် ။

နိူင်ငံရေးသမားတွေ အားလုံးက နိူင်ငံရေး အခြေခံ သဘောတရားလောက်ကိုတော့ ဘယ်လိုခေတ် ဘယ်လိုကာလကိုပဲ ရောက်ရောက် နိူင်ငံရေး၏ အခြေခံ တစ်ခုခုကိုတော့ နက်နက်နဲနဲ လေ့လာထားမှ နိူင်ငံကို ချစ်တဲ့ နိူင်ငံရေးသမား ပီသမှာ ဖြစ်ပါတယ် ။

ဒီမိုကရေစီ ၏ အခြေခံသဘောတရားကို လက်ကိုင်ထားပြီး ပြောမည်ကြံလျင် ထိုသို့ပြောမည့်သူကို ဝိုင်းပယ်ခံရမည်က သေချာသလောက်ဖြစ်ပါသည် ။
ဒါဟာ ပြည်သူတွေက ဒီမိုကရေစီ သဘောတရားကို ကောင်းစွာ မသိခြင်း၏ အခြေခံပဲ ဖြစ်ပါသည် ။

ဟိုလူကို ဝေဖန်ရင် မကြိက်ဘူး 
ဒီပုဂ္ဂိုလ်ကို ဝေဖန်ရင် မကြိုက်ဘူး 

ဟိုလိုပြောလို့ ဖမ်းမယ် ဒီလိုဟောလို့ ထားဆီးဖမ်းစီးမယ် ဆိုတာ ဒီမိုကရေစီ ရဲ့ အနှစ်သာရပျောက်ဆုံးခြင်း၏ အစပဲ ဖြစ်ပါတယ် ။
လွတ်လပ်စွာပြောဆိုခွင့် လွတ်လပ်စွာ ရှင်သန်ခွင့်မှ အပြည့်အဝမရှိရင် ဒီမိုကရေစီ လို့ ခေါ်နိူင်ပါ့မလား ။
အဖြေက ရှင်းရှင်းလေးပါ ။

မြန်မာနိူင်ငံ၌ အနာခံပြောသော ပြည်သူမရှိခြင်း ၊ စုန်းကြိုက်လျင် စုန်းကိုပေးမည် ။ နတ်ကြိုက်လျင်လည်း နတ်ပေးမည်ဟူသော အယူအဆတွေကြောင့် သမိုင်းလိမ်တွေ များစွာရှိနေတာ သိစေချင်တယ် ။

သမိုင်းမှန်ကိုတောင် မသိနိူင်လောက် သမိုင်းမှန်တွေ မြန်မာပြည်မှာ လွန်စွာရှားပါနေပါပြီ ။

ဒီလိုအမုန်းခံ အပစ်ပယ်ခံပြီး တိုင်းပြည် နှင့် လူမျိုးအတွက် အနစ်နာခံ မည့် နိူင်ငံရေးသမား မြန်မာပြည်မှာ လက်ချိုးရေလို့ ရပါတယ် ။

မြန်မာ့ဒီမိုကရေစီသည် တရားမျှတခြင်း ၊ လွတ်လပ်ခြင်း ၊ ညီတူညီမျှ ရှိခြင်း တည်းဟူသော လောကပါလ တရားများကို အခြေတည်သည် ဆိုထားသော်လည်း ထိုသို့သော အခြေခံ သဘောထားမျိုးသာ မရှိခဲ့ရင် ပြည်သူဒီမိုကရေစီစနစ်ကြီးလည်း တဖြေးဖြေး ကျဆုံးလာမည် ဖြစ်ပါသည် ။ 

အခြေခံဥပဒေ၏ ဝိဉာဉ်ကျဆင်းလာသည်မှာ ကျွန်ုပ်တို့၏ မျက်စိအောက်တွင်သာ ဖြစ်ပါတယ် ၊ မိမိတိုင်းပြည်မှာ မိမိတို့၏ အခြေခံဥပဒေများကို သေတွင်းတူးပြီး သင်္ချိူင်း မှာ မြုပ်ဖို့ ကြံစည်နေသူတွေ ရှိနေပါတယ် ၊ 

မြန်မာပြည်သူပြည်သားတွေ သတိရှိကြပါ ။

အုပ်ချုပ်သူတွေကို ပြောချင်တာတစ်ခုက "အာဏာမြဲဖို့ထက် သစ္စာရှိခြင်း မြဲဖို့ လိုအပ်ပါတယ် ၊ သစ္စာရှိခြင်း ထမင်းကို အရသာရှိရှိ ဝဝလင်လင် စားသုံးရင်း ုပြည်သူ့အကျိုး တိုင်းပြည်အကျိုးကို ဆောင်ရွက်စေချင်ပါတယ် ” 

ပြည်သူကို သစ္စာဖောက်သော လုပ်ရပ်တွေ မလုပ်မိဖို့ အထူးသတိရှိကြပါ ၊ တိုင်းပြည်အတွက် သစ္စာစောင့်သိကြပါ ။

ပြည်သူကို သစ္စာမဲ့ရင် ပြည်သူက ပစ်ချခဲ့မှာ အမှန်ပင်ဖြစ်သည် ။
တိုင်းပြည်အပေါ်သစ္စာဖောက်ရင် တိုင်းပြည်က ဒဏ်ခတ်လိမ့်မယ်ဆိုတာ မြဲမြဲမှတ်ထားကြပါ နိူင်ငံခေါင်းဆောင်လူကြီးမင်းများ.......

ဒီမိုကရေစီကို ချစ်ရင် မြတ်နိူးတတ်ရပါမယ် .....
ဒီမိုကရေစီကို မြတ်နိူးရင် တန်ဖိုးထားတတ်ရပါမယ်......

( အာဏာရှင်ဆန်နေသော ဒီမိုကရေစီ ရုပ်ပုံကချေသည်ဆိုရင်တော့ ပြည်သူတွေအားလုံးက ဝိုင်းဝန်းတော်လှန်ကြမှာပဲ ဖြစ်တယ်) 

         ကျေးဇူးတင်ပါတယ် ။
PLEASE SHARE NOW©®©®
                           #အဓိပတိကမ္မ
                           08AUG2018


 #HappyType ပျော်ပျော်နေတတ်တဲ့ လူတစ်ယောက်ရင်မှာ စုတ်ပြတ်သတ်နေတဲ့ ဒဏ်ရာတွေ အချက်ပေါင်းများစွာ ရှိတယ်ဆိုတာ ကိုယ်ကလွဲပြီး ဘယ်သူက သိနိုင်ပါ့မလဲ ...