Friday 29 January 2021

Linnhtikeswe

 https://www.facebook.com/744769315/posts/10159885149974316/

ဘာတွေ ဖြစ်လာနိုင်လည်း ဆိုတော့ကာ ဘာမဆို ဖြစ်နိုင်တာ ပါပဲ။


စစ်တပ်ဘက်ကလည်း စကားတွေ အလွန်အကျွံ ဆိုခဲ့ပြီ။ စကားကျွံသော် နှုတ်မရ။


ပါတီ ဘက်ကလည်း ငါတို့နောက်မှာ ပြည်သူတွေရှိတယ် ကမ္ဘာရှိတယ် ဒီမိုကရေစီရှိတယ် ဘယ်သူကိုမှ ဂရုစိုက်စရာမလို ငါတို့ လုပ်စရာရှိတာ ဆက်လုပ်မယ် ညှိစရာ ဆွေးနွေးစရာ မရှိ ဆိုတာမျိုး လုပ်နေတယ်။


ရွေးကော်ကလည်း မိမိ အပြစ်လွတ်ရင် ပြီးပြီ။ မဲစာရင်းမှားတာကတော့ မှားလေ့မှားထရှိတာပဲ။ ၂၀၀၈ ၂၀၁၀ ၂၀၁၅ တွေ တုန်းကလည်း မှန်လို့လား.. တပ် မဲစာရင်းတွေကိုတောင် မစစ်ပဲ လက်ခံခဲ့တာပဲ ဆိုတာမျိုး နဲ့ အလွတ်ရုန်းလိုက်တယ်။ ငါတို့ဆုံးဖြတ်တာသာ အတည် ဖြစ်တယ်ပေါ့။


ဒီတော့ အခြေအနေတွေက တင်းတင်းမာမာ နဲ့ နိုင်ငံရေး အကျပ်အတည်းတစ်ခုဆီကို တွန်းပို့နေတယ်။ ဖြေရှင်းနိုင်စွမ်းရှိသူတွေ ကလည်း စကားမပြောကြဘူး ဆိုတော့ သံသယတွေ ပိုပိုတိုးလာဖို့သာရှိပေလိမ့်မယ်။ 


စကားလွန်မိတဲ့ စစ်တပ်အတွက်ကတော့ အခက်ကြီးဖြစ်ရပြီ။ မောင်းတင်ပြီးမှ မပစ်ပဲ ပြန်ချရင် တစ်ဘက်ကလည်း ဂရုမစိုက်ဟန်ပြနေရင် ထာဝရ ဦးကျိုးရတော့မှာ။ မော်ကြွားခဲ့ရဘူးတဲ့ အစဉ်အလာတစ်ခုလုံး ရိုက်ချိုးခံရမလား လို့ တွေးမိမှာပဲ။ အာဏာထိန်းရမယ်ဆိုတာကလည်း ဗြဟ္မာကြီး ဦးခေါင်းပါပဲ။ ဆုပ်လည်းဆူးစားလည်းရူး အခြေအနေပေါ့။


ဒီကြားထဲ အခြေခံဥပဒေ အကျပ်အတည်းကလည်းရှိတယ်။ ကာချုပ် အပြောင်းအလဲလုပ်ဖို့က ကာလုံခေါ်မှရမယ်။ ကာလုံ ကို သမ္မတကပဲ ခေါ်နိုင်မယ်။ ဟိုကလည်း မခေါ် ဒီကလည်း တကြော်ကြော် ဖြစ်နေပြီဆိုတော့ မခက်လား။ တပ်တွင်းရာထူး အပြောင်းအလဲလုပ်ဖို့တောင် ခြေဥ ရဲ့ အားနည်းချက်ကြောင့် အပ်ကွက်မိသလို ဖြစ်နေပြီ။ အစိုးရဘက်ကလည်း နင်တို့ ကြိုးနဲ့ နင်တို့ အတုပ်ခံရတာ ခံလိုက် ဆိုတာမျိုး။


ဒီတော့ သာဝ တစ်ခုခုလုပ်ဖို့ တွန်းပို့နေသလို ဖြစ်ရတာပေါ့၊။


တကယ်တော့ အာဏာသိမ်းမယ်ဆိုရင် မန်းငန်းလိုက်နေတဲ့ အနာဆွေးကြီး ကို ဖောက်ခွဲလိုက်တာနဲ့ အတူတူပါပဲ။

နိုင်ငံရေးဟာ ယောကျာ်းဆန်ဆန် ဖြစ်သွားမယ်လို့ မြင်တယ်။ ကူလီကူမာတွေ ရင်ကြားစေ့တွေ အာပလာအူကြောင်ကျားတွေ မရှိတော့ဘူး။ တကယ့် ဂျူဝယ်ဖိုက် ဖြစ်သွားပြီ။ အရှုံးအနိုင်တစ်ခုခု ပြတ်ပြတ်သားသားပေါ်မှ ရှေ့ဆက်လို့ရမယ်။


ဖေဖော်ဝါရီ ၁ ရက်နေ့က လွှတ်တော်သစ်စရမယ်ဆိုတော့ ဇန်နဝါရီ ၃၁ ရက်နေ့က တနင်္ဂနွေနေ့။ အမြဲတမ်း ထူးထူးခြားခြား ဖြစ်လေ့ရှိတဲ့ ရုံးပိတ်ရက်နေ့တွေပေါ့။


အာဏာရှင်စနစ်နဲ့ တော်လှန်ရေးအသစ်လား တကယ့် ဖယ်ဒရယ်ဒီမိုကရေစီစစ်စစ်လား ဆိုတာ ကတော့ သမိုင်းဖန်သားပြင်ကြီးပေါ် ဆက်ကြည့်ကြပါစို့။

Thursday 28 January 2021

Uyehtut

 တတိယ မဲစာရင်း


မနေ့က Trends in Myanmar စကားဝိုင်းမှာ တတိယမဲစာရင်းဆိုတဲ့အချက်ကို ထည့်ဆွေးနွေး ခဲ့တယ်။ 


တတိယ မဲစာရင်းဆိုတာ ဘာလဲ လို့မေးရင် ဦးလှသိန်းကော်မရှင်က ပြည်သူတွေကို ပွင့်ပွင့် လင်းလင်း အသိပေးဖို့ပျက်ကွက်နေတဲ့ မဲစာရင်း၊ လူသိရှင်ကြားထုတ်ပြန်ဖို့ လက်တွန့်နေတဲ့ မဲစာရင်း လို့ ပြောရမှာပဲ။ 


ရွေးကောက်ပွဲ ပြီးသွားတဲ့နောက် မဲစာရင်းနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေဖြစ်တဲ့ အခါ ပြည်ခိုင်ဖြိုး ပါတီက မဲစာရင်းမိတ္တူကူးခွင့်တောင်းတယ်။ အဲဒါနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ဒီဇင်ဘာ ၇ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြီးတုန့်ပြန်တယ်။ အဲဒီကြေညာချက်မှာ မဲစာရင်းတွေကို ၂၀၂၀ ဇူလိုင် ၂၅ ရက် ရက်နေ့ သြဂုတ် ၁၄ ရက်နေ့အထိ တစ်ကြိမ်၊ အောက် တိုဘာ ၁ ရက်နေ့ကနေ အောက်တိုဘာ ၁၄ ရက်နေ့ အထိ တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ် အသိပေးကြေ ညာခဲ့ပြီးပြီ၊ အဲဒီအချိန်က မိတ္တူကူးခွင့်ပေးခဲ့တယ်။ အခု ရွေးကောက်ပွဲပြီးမှ ကူးခွင့်တောင်းလို့ မရတော့ဘူး။ ရွေးကောက်ပွဲဆိုင်ရာစာရွက်စာတမ်းတွေ အားလုံးချိတ်ပိတ် ထားလိုက်ပြီ လို့ ဖော်ပြ ခဲ့တယ်။ အဲဒီကြေညာချက်မှာ နောက်ထပ် တတိယမဲစာရင်း တစ်ခုရှိသေးတယ်ဆိုတာကို လုံး၀ ရည်ညွှန်းမထားဘူး။ 


တတိယမဲစာရင်းတစ်ခုရှိနေသေးတာကို မသိတဲ့သူတွေက ဦးလှသိန်းကော်မရှင်ပြောတဲ့အချက်ကို ကိုင်ပြီး အောက်တိုဘာလတုန်းက မိတ္တူကူးတာ စစ်ဆေးတာ မလုပ်ဘဲနဲ့ အခုမှ ပြဿနာရှာတယ် ဆိုပြီး ပြည်ခိုင်ဖြိုးပါတီကို ဝေဖန်ခဲ့ကြတယ်။ တစ်ချို့ စာနယ်ဇင်းသမားတွေဆိုရင် အခုအချိန်ထိ အဲဒီအယူအဆအတိုင်းရေးနေတာကို တွေ့ရတယ်။  


ဒါပေမယ့် တပ်မတော်ဘက်က သူတို့ စစ်ဆေးတွေ့ရှိတဲ့ မဲစာရင်းဖောင်းပွမှုတွေ ၊ ကွဲလွဲမှုတွေကို ထုတ်ပြန်လာတဲ့အချိန်မှာတော့ ဦးလှသိန်းကော်မရှင်က ဒီဇင်ဘာ ၃၀ ရက်စွဲနဲ့ ကြေညာချက် တစ် စောင်ထုတ်တယ်။ အဲဒီကြေညာချက်မှာ တပ်မတော်က ထုတ်ပြန်နေတဲ့ စာရင်းတွေဟာ အောက်တိုဘာလတုန်းက ထုတ်ပြန်ခဲ့တဲ့ ဒုတိယအကြိမ်မဲစာရင်းကို အခြေခံပြီးပြောနေတာဖြစ် တယ်။ အောက်တိုဘာ မဲစာရင်းကို အခြေခံပြီး မဲဆန္ဒရှင်တွေရဲ့ တင်ပြချက်တွေကို ထပ်မံဖြည့် စွက် ထားတဲ့ နို၀င်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့ မဲစာရင်း မဟုတ်ဘူး လို့ ဖော်ပြခဲ့တယ်။ 


အဲဒါဟာ ကျွန်တော်ပြောတဲ့ တတိယမဲစာရင်း ပဲ။ 


၂၀၁၅ ရွေးကောက်ပွဲ မှာရော၊ ၂၀၂၀ ရွေးကောက်ပွဲမှာပါ မဲစာရင်း သုံးကြိမ် ကပ်ခဲ့တယ်။ ပထမ အကြိမ် ကပ်တယ်။ မဲဆန္ဒရှင်တွေနဲ့ ပါတီတွေရဲ့ ကန့်ကွက်ချက်၊ ဖြည့်စွက်ချက်တွေကို စိစစ်ပြီး မဲစာရင်း ပြင်သင့်တာပြင်တယ်။ အဲဒီလို ပြင်ပြီးတဲ့အခါ ဒုတိယအကြိမ်မဲစာရင်းကို ကပ်တယ်။ မဲဆန္ဒရှင်တွေနဲ့ ပါတီတွေက ပြန်စစ်တယ်။ လိုရင် ဖြည့်စွက်၊ ကန့်ကွက် ဖို့လိုရင် ကန့်ကွက်။ အဲဒါတွေကို စိစစ်ပြီးတဲ့အခါ တတိယစာရင်း တနည်းအားဖြင့် ရွေးကောက်ပွဲ မဲပေးမယ့်နေ့မှာ သုံးမယ့် မဲစာရင်းထွက်လာတယ်။ 


အဲဒီမဲစာရင်းမှာ ကန့်ကွက်ဖို့၊ဖြည့်စွက်ဖို့ရှိရင် ကန့်ကွက်/ဖြည့်စွက်လို့ရသေးတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ဥပဒေ/ နည်းဥပဒေအရ ကော်မရှင်အဆင့်ဆင့် စိစစ်ပြီး လက်ခံ/ လက်မခံ တစ်ထိုင်တည်း ဆုံးဖြတ် တယ်။ အဲဒီဆုံးဖြတ်ချက်က အတည်ပဲ။ ပြင်လို့မရတော့ဘူး။ 


ဒီနေရာမှာ ၂၀၁၅ ဦးတင်အေး ကော်မရှင် နဲ့ ၂၀၂၀ ဦးလှသိန်း ကော်မရှင် မဲစာရင်းတွေ ဘယ်လို ပြုစုခဲ့သလဲဆိုတာ နှိုင်းယှဉ်လေ့လာလိုက်ရင် ဦးလှသိန်းကော်မရှင်က တတိယမဲစာရင်း ကိစ္စကို ပွင့်ပွင့်လင်းလင်း မပြောရဲတဲ့အကြောင်းကို မှန်းဆလို့ရတယ်။ အဲဒီလို နှိုင်းယှဉ်တဲ့ အခါ ၂၀၁၅ ရွေးကောက်ပွဲရော၊ ၂၀၂၀ ရွေးကောက်ပွဲပါ နို၀င်ဘာ ၈ ရက်နေ့မှာ ကျင်းပတာဖြစ်တဲ့ အတွက် ကော်မရှင်နှစ်ခုရဲ့ လုပ်ဆောင်ချက်တွေကို ပိုပြီး မြင်သာစေပါတယ်။ 


ပထမ မဲစာရင်း


ဦးတင်အေးကော်မရှင် လေးသုတ်ခွဲပြီး ၂၀၁၅ မတ် လက နေ ဇွန်လကြားမှာကပ်တယ်။ 


ဦးလှသိန်းကော်မရှင် ၂၀၂၀ ဇူလိုင် ၂၅ ကနေ သြဂုတ် ၁၄ ထိ ကပ်တယ်။


ဒီပထမအကြိမ်မဲစာရင်းကပ်တဲ့အချိန် နေပြည်တော်မှာ မဲဆန္ဒရှင် ၃၀% ပဲ မဲစာရင်းလာစစ်တဲ့ အချက်ကို အခြေခံပြီး မီဒီယာတွေကို ဦးတင်အေးက မဲစာရင်းစစ်တဲ့သူနည်းတယ်၊ ၃၀% ပဲ စစ်တော့ ၃၀% နှုန်းပဲမှန်တယ်ဆိုတာ အာမခံနိုင်တဲ့သဘောဖြစ်နေတယ်။ ဒုတိယအကြိမ် မဲစာရင်း ကို လူများများစစ်အောင် ဝိုင်းပြီးတိုက်တွန်းကြပါလို့ပြောခဲ့တယ်။ အဲဒါကို မီဒီယာတွေက ဆွဲထုတ်ပြီး ခေါင်းစဉ်တတ်ရာကနေ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲစာရင်း ၃၀% ပဲမှန်တယ်ဆိုတဲ့ ပြောဆိုချက် တွေဖြစ်လာတာပဲ။ တကယ်တော့ ၂၀၁၅ ဒုတိယအကြိမ်မဲစာရင်းနဲ့ တတိယအကြိမ် မဲစာရင်းမှာ မဲစာရင်း မှားတာ ၊ အငြင်းပွားတာ ၂၀၂၀ နဲ့ယှဉ်လိုက်ရင် အများကြီးနည်းပါတယ်။ 


ဒုတိယမဲစာရင်း


ဦးတင်အေးကော်မရှင် စက်တင်ဘာ ၁၄ မှာကပ်တယ်။ 


ဦးလှသိန်းကော်မရှင် အောက် တိုဘာ ၁ ရက်နေ့ အောက်တိုဘာ ၁၄ အထိ ကပ်တယ်။ 


တတိယ မဲစာရင်း 


ဦးတင်အေးကော်မရှင် နို၀င်ဘာ ၁ ရက်နေ့မှာကပ်တယ်။ ပါတီတွေကို စီဒီနဲ့လည်းပေးတယ်။ အခြားသူတွေ မိတ္တူကူးချင်ရင် တစ်မျက်နှာ ၂၅ ကျပ်နဲ့ ကူးခွင့်ပေးမယ်။ ရွေးကောက်ပွဲ မတိုင်မီ တစ်ပတ်အလို မှာ ကပ်တဲ့အတွက် ပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေက ဒုတိယမဲစာရင်း မှာ သူတို့ ကန့်ကွက်/ ဖြည့်စွက်တဲ့အချက်တွေ ပြင်ရဲ့လား၊နောက်ထပ် အမှားတွေရှိသေးလားဆိုတာ စိစစ်ဖို့ အချိန်ရတယ်။ 


ဦးလှသိန်းကော်မရှင် နို၀င်ဘာ ၆ ရက်နဲ့ ၇ ရက်မှာ ကိုယ်စားလှယ်လောင်းတွေကို စီဒီနဲ့ ဝေ တယ်။ ဒါပေမယ့် ကိုယ်စားလှယ်လောင်းတိုင်းမရဘူး။ ရွေးကောက်ပွဲပြီး အခု အချိန်ထိလဲ မရ သေးသူတွေရှိတယ်။ ပြည်ခိုင်ဖြိုး ပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့်ကတော့ သူအပါအ၀င် ပါတီ ကိုယ်စားလှယ် လောင်း ရှစ်ရာ နီးပါး တတိယမဲစာရင်းမရသေးဘူးလို့ဆိုတယ်။ 


တတိယမဲစာရင်းရတဲ့ ကိုယ်စားလှယ်လောင်းတွေကလည်း ရွေးကောက်ပွဲမတိုင်မီ တစ်ရက်၊နှစ်ရက် အလိုဆိုတော့ စိစစ်ဖို့ အချိန်လည်း မရတော့ဘူး။ အခြားမဲဆန္ဒရှင်တွေဆိုရင် ပိုဆိုးတာပေါ့။ 


ဦးလှသိန်း ရဲ့ အရှောင်အတိမ်း


ဒါ့ကြောင့် ဦးလှသိန်းကော်မရှင်က မဲစာရင်းကိစ္စပြောတဲ့အချိန်တိုင်းလိုလိုမှာ တတိယမဲစာရင်းကိစ္စ ကို ချန်ထားဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီတောင်းဆိုသလို မဲစာရင်းကို မိတ္တူကူး ခွင့်မပေးဘူးဆိုရင်တောင် တတိယမဲစာရင်း ရသင့်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတိုင်းကို စီဒီထုတ်ပေးလိုက်ရင် မိတ္တူကိစ္စက အလိုလိုဖြေရှင်းပြီးသားဖြစ်သွားမှာပါ။ ဒါပေမယ့် အဲဒီလို လည်း မလုပ်ဘူး။ 


ဇန်နဝါရီ ၂၆ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်က သူတို့ရထားတဲ့ တတိယအကြိမ် မဲစာရင်း အရ စစ်ဆေးထားတဲ့ မြို့နယ်လေးဆယ် ရဲ့ စစ်ဆေးတွေ့ရှိချက်တွေကို ထုတ်ပြခဲ့တယ်။ ကြိုက်တဲ့သူ စစ်ပါလို့ စိန်ခေါ်ခဲ့တယ်။ 


ဒါပေမယ့် ဦးလှသိန်းကော်မရှင်ဟာ တတိယအကြိမ်မဲစာရင်းနဲ့ပတ်သက်ပြီး သူ့ဘက်က အထောက်အထားတွေပြပြီးရှင်းဖို့နေသာသာ ဒီနေ့ ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက် အပိုဒ် ၃ မှာလည်း အောက်တိုဘာလက ထုတ်ပြန်တဲ့ ဒုတိယအကြိမ်မဲစာရင်းကို ပွင့်လင်းမြင်သာစွာ ဖြန့် ဝေခဲ့ပါတယ်လို့ပဲ ပြောပြီး တတိယ အကြိမ်မဲစာရင်း ဘယ်နေ့မှာ ကပ်တယ် ဆိုတဲ့ အချက် နဲ့ နိုင်ငံရေးပါတီတွေကို ဝေ/မဝေ ဆိုတဲ့ အချက်လုံး၀ထည့်မပြောခဲ့တာ အံ့သြစရာတွေ့ရပါတယ်။ 

( ပုံ ၁) 


အစိုးရ ရဲ့ တာ၀န်


၂၀၂၀ မဲစာရင်းပြုစုရေးမှာ အင်န်အယ်လ်ဒီအစိုးရလည်း အတိုင်းအတာတစ်ခုအထိ တာ၀န်ရှိနေ တယ်လို့ ယူဆစရာအကြောင်းလည်းတွေ့ရတယ်။ 


၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမဲစာရင်းပြုစုချိန်မှာ အစိုးရက ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့် ရဲ့ မဲစာရင်းပြုစုရေးလုပ်ငန်းတွေမှာ ၀င်မပါခဲ့ဘူး။ ဦးတင်အေးကော်မရှင်ကပဲ သက်ဆိုင်ရာဌာန တွေနဲ့ ညှိနှိုင်းပြီးလုပ်သွားခဲ့တယ်။ 


၂၀၂၀ ရွေးကောက်ပွဲမှာတော့ အစိုးရက မြို့နယ်ရွေးကောက်ပွဲကော်မရှင် ၃၃၀ ခု မှာ မဲစာရင်း ပြုစု ဖို့အတွက် ကွန်ပျူတာကျွမ်းကျင်သူ နှစ်ဦးဆီတွဲဘက်ပေးခဲ့တယ်လို့ သိရတယ်။ ( ပုံ ၂ ) 


အဲဒီ ကျွမ်းကျင်သူတွေက နိုင်ငံ့၀န်ထမ်းတွေလား၊ လုပ်အားပေးတွေလား၊ နိုင်ငံရေးပါတီတွေနဲ့ ကင်းရှင်း ရဲ့လား၊ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ဘယ်လို ကြီးကြပ်လဲ ဆိုတဲ့ အချက်တွေ နဲ့ ပတ်သက်ပြီး အစိုးရကရော၊ ဦးလှသိန်းကော်မရှင်ကရော ပွင့်လင်းမြင်သာစွာသတင်းထုတ်ပြန် တာ၊ပါတီတွေကို ရှင်းပြတာ မတွေ့မိဘူး။ 


ဒီတော့ မဲစာရင်းမှားရာမှာ အစိုးရလည်း အတိုင်းအတာတစ်ခုအထိ တာ၀န်ရှိမယ်လို့ ပြောရင် မှားမယ်မထင်ဘူး။ 


ရွေးကော်ဘယ်လဲ


မဲစာရင်း အငြင်းပွားမှုမှာ အဖြေရှာမရတဲ့ မေးခွန်း ကတော့ ရွေးကောက်ပွဲကော်မရှင်က သူ့အချက် အလက်တွေကို ချပြပြီး လာစမ်း ၊စစ်စမ်း ဆိုပြီး ဘာ့ကြောင့်မဖြေရှင်းတာလဲ၊ ဆိုတဲ့မေးခွန်းပဲ။ ကိုယ့်ဘက်ကသာ ပိုင်ပိုင်နိုင်နိုင် ရှင်းနိုင်ရင် တပ်မတော်ဘက်က နောက်ငါးနှစ်လုံးလုံး မဲစာရင်းကိစ္စ နှုတ်ပိတ်သွားအောင်လုပ်နိုင်တာပဲ။ 


တစ်ဖက်ကလည်း ဦးလှသိန်းကော်မရှင်ဟာ သူ့ မဲစာရင်းတွေကို သူကိုယ်တိုင် အယုံအကြည်မရှိလို့များလားလို့ စဉ်းစားမိတယ်။ လက်တွေ့မှာလည်း မဲပေးခွင့်ရှိသူ စာရင်းတောင် ၃၇ သန်းလား၊ ၃၈ သန်းလား ၊ ၃၉ သန်းလားဆိုတာ ဂဏန်းငြိမ်အောင် မရှင်း နိုင်တဲ့ အခြေအနေတွေရှိခဲ့တာကိုး။ 


ဒါ့ကြောင့် တတိယမဲစာရင်းကို ထုတ်ပြပြီးတိုက်စစ်လိုက်လို့ အမှားအယွင်းတွေ တွေ့လာခဲ့ရင် ပို ဆိုးမယ်။ အစိုးရသစ်ဖွဲ့ပြီးတဲ့အချိန်၊ ရွေးကောက်ပွဲကော်မရှင်အသစ်ဖွဲ့ပြီးတဲ့အချိန်ထိ ရွေးကောက်ပွဲကော်မရှင်အဆုံးအဖြတ်ဟာ အတည်ပဲဆိုတဲ့အချက်ကိုကိုင်ပြီး ဘူးခံနေတာက အကောင်းဆုံးပဲ ဆိုပြီး လုပ်နေပုံရတယ်။ 


အင်န်အယ်လ်ဒီထောက်ခံသူတွေကတော့ ဦးလှသိန်းကော်မရှင် ကို ၀န်းရံနေကြတာပေါ့။ တကယ် တော့ ဦးလှသိန်းကော်မရှင်က အင်န်အယ်လ်ဒီပါတီကို ဒုက္ခပေးသလိုဖြစ်နေတယ်ဆိုတာ မြင်ပုံ မရဘူး။ 


ဦးတင်အေးကော်မရှင်က သေသေသပ်သပ် လုပ်ခဲ့တော့ အင်န်အယ်လ်ဒီပါတီက လွှတ်တော်ကို ရော၊ အစိုးရအဖွဲ့ကိုရော အေးအေးဆေးဆေး တာ၀န်ယူနိုင်ခဲ့တယ်။ အင်န်အယ်လ်ဒီပါတီ အနိုင် ကို မကျေနပ်တဲ့သူရှိမယ်ရင်တောင် အစဆွဲထုတ်ဖို့ အခွင့်အလမ်းမရှိခဲ့ဘူး။ 


ဦးလှသိန်းကော်မရှင် လုပ်ဆောင်ချက်တော့ မြင်တဲ့အတိုင်းပဲ အင်န်အယ်လ်ဒီပါတီမှာ ကိုယ့်ပါတီ ပဲ အာဏာပြန်ယူရမယ့် ကိစ္စမှာတောင် ပူပူလောင်လောင်ဖြစ်နေရှာတယ်။ 


ဒါ့ကြောင့် မနေ့က Trends in Myanmar ဆွေးနွေးပွဲမှာ “တပ်မတော်ဘာကိုလိုချင်နေတာလဲ” လို့ မေးရင် ဦးလှသိန်းကော်မရှင်ကိုလည်း “ ကော်မရှင်က (တိုင်းပြည်ကို) ဘယ်လိုဖြစ်စေချင် နေတာလဲ” လို့ မေးရမယ်လို့ပြောခဲ့တာပါ။ 


#yehtutarticle

#Election

#UEC

ဥုးသော်

 ဒေသက မွဲခြောက်နေတယ်။

တော၊တောင်၊မြစ်ချောင်း မရှိလို့လည်း ခရီးသွားကို

မြူဆွယ်မရဘူး။ ဒီတော့ ဒေသဖွံ့ဖြိုးအောင်၊ ခရီးသွား

တွေလာအောင် စေတီအကြီးကြီး တည်လိုက်တယ်။

အတောင် တစ်ရာပြည့်၊ တစ်ထောင်ပြည့် ။

ပြီးတော့ ထိုစေတီဟာ ဗျာဒိပ်အရ ဖြစ်ပေါ်လာတယ်။

ဘယ် ဆရာတော်ကြီးရဲ့ အိမ်မက်အရ ဖြစ်လာ

တယ်ဆိုပြီး ထိုးဇာတ်ခင်းမယ်။


အခွင့်ရှိသေးရင် ဒီတော၊ဒီဒေသကို ဂေါတမဗုဒ္ဓ

သက်တော်ထင်ရှား ရှိတုန်းက ဒေသစာရီကြွလာ

ပြီး ဤစကား ထိုစကား မိန့်သွားဖူးတယ် ၊ ပြောသွား

ဖူးတယ်ဆိုပြီး အရပ်စကား၊ သဘင်သည်စကား

ဖြန့်လိုက်မယ်။


ထပ်ဖြည့်လို့ရသေးရင် ဆုတစ်ခုထဲကိုပဲ ဒီဘုရားမှာ

တစ်ပတ်တိတိ ဆုတောင်းရင် အမှန်ပြည့်လာတယ်

ဆိုပြီး ဝါဒဖြန့်မယ်။ ပြည့်ဖူးတဲ့ လူတွေက ဆော့ပင်

နဲ့ မှတ်တမ်းတင်သွားတာမျိုး ရေးစေမယ်။


(ရွှေတိဂုံစေတီရဲ့ ရာဟုထောင့်မှာ ရှင်စောပုဘုရား

ဆိုပြီး ရှိတယ်။ အဲဘုရားရှေ့ ပုတီးစိပ် ဆုတောင်းရင်

ပြည့်တယ်တဲ့။ ပြည့်ဖူးတဲ့လူတွေကလည်း မှတ်တမ်း

အနေနဲ့ ထိုဘုရားဘေးနားက အမဲရောင်ကျောက်

တစ်ခုအပေါ် ဆော့ပင်နဲ့ ရေးသွားကြပါတယ်။

ဘာဆုပန်တာ ပြည့်ဖူးတယ်ပေါ့။ ကျနော့်ကိုယ်တွေ့

အရတော့ မပြည့်ဖူးဘူး 😁။ဘယ်ပြည့်မလဲ

မင်းက သီလမှ မလုံတာ ခ်ခ်ခ် ၊ဒါပဲ ပြောမှာ

မဟုတ်လား ။)


___________________•••________________


ဘာသာရေး၊ ယုံကြည်မှု ဆိုင်ရာတွေအပေါ် အမှား၊

အမှန် ဝေဖန်တာ လွယ်ပါတယ်။ ယထာဘူတအသိ၊

သိပ္ပံအသိ ရှိလာရင် ဘယ်အရာကမှားနေပြီး၊

ဘယ်အရာက မှန်သလဲ ဆိုတာ ဝေဖန်သုံးသပ်နိုင်ပါ

ပြီ။


ဒါပေမဲ့ လူလောကထဲက တကယ့် ဝေဖန်ရေးမှာ

တော့ အမှားအမှန် ပြောပြတာတခုထဲနဲ့ ကိစ္စပြတ်

မသွားပါဘူး။ 


အစိုးရပညာရေး ဆုံးခန်းမတိုင်လို့ ဝန်ထမ်းအဆင့်

လည်း မရဘူး။ မိဘအမွေ မြေယာ ကိုင်းကျွန်းမရှိ

လိုလည်း စိုက်ပျိုးရေးမလုပ်နိုင်ဘူး။ အဲဒီမှာ ကြံရာ

မသိ ဘုရားမှီစားတယ်၊ နတ်မှီစားတယ်၊ နဂါးမှီ စား

တယ် အခြေအနေဖြင့် ရှာကြံ အသက်မွေးရတော့

တာ ဖြစ်ပါတယ်။


ရွံ့မီးတောင်ကို နဂါးပွက်တောင်ဆိုပြီး နဂါးစာ

ရောင်းတယ်။ ပုဂံရွှေစည်းဂုံစေတီရဲ့ မြောက်ဘက်မှာ

လည်း နဂါးမယ်တော်ဆိုပြီး မြေသားမတ်မတ်

ထောင်ထောင်ကို နဂါးသဘော ပညတ်တယ်။

ပြီး နဂါးစာ ၊ နတ်စာ ရောင်းတယ်။ အလှူခံပုံးတွေ

ချထားတယ်။ နတ်ဝတ်စား နတ်ပန်းလှူလို့ ရသေး

တယ်။ ပုပ္ပါး၊ မန်းစက်တော်ရာ စသည်ဖြင့် 

နာမည်ကြီးနေရာတိုင်းမှာ နတ်စာ၊ နဂါးစာ၊

နတ်ဝေယျာဝစ္စ အတွက် လုပ်ကြံ ၊ရှာကြံ ရောင်း

နေကြတဲ့ ဘဝဝမ်းစာရှာ ဆင်းရဲသားတွေ ရှိပါတယ်။


ဆိုခဲ့သလို ဒီနတ်ရုပ်၊နဂါးရုပ်၊ တစ်ခုခု တန်ခိုးကြီး

အရုပ်တွေကို ဒါတွေ အတုအယောင်တွေပဲ ၊စီးပွား

ရေးလုပ်နေကြတာပဲ၊ အမှန်အကန် မဟုတ်ဘူးပဲ၊

သဘာဝ မကျတာတွေပဲ လို့ ဝေဖန်လို့ လွယ်ပါတယ်။

ဝေဖန်ရတာ မခက်ပါဘူး။ 


ဒါပေမဲ့ ထိုအရာတွေအပေါ် အုပ်ကြားမြက်လို

မှီခိုကပ်ရပ် စားသောက်နေရတဲ့ ဆင်းရဲသားတွေ

အတွက်ကြတော့ သူတို့ ထမင်းလုပ်ကို ပုတ်ချသလို

ဖြစ်နေမှာ အမှန်ပဲ။


တကယ်တော့လည်း အမှန်တရားပြောသူဘက်က

ခေါင်းမာလို့ ရပါတယ်။သူတို့ ထမင်းငတ် မငတ်

ငါနဲ့ မဆိုင်ဘူးလေ။ ငါက ဘယ်ဟာက အမှန်၊

ဘယ်ဟာက အမှားလို့သာ ခွဲပြဖို့ တာဝန်ရှိတာ ဆိုပြီး။


___________________•••________________


အရင်းစစ်လိုက်ရင် အစိုးရဲ့ စီမံခန့်ခွဲမှု နည်းမမှန်

တာပဲ။ ခေါင်းဆောင်မှု ကောင်းကောင်း မပေးတတ်

တာပဲ။ ပညာနဲ့ ခေါင်းဆောင်ဖြစ်နေတာမဟုတ်ပဲ၊

အာဏာနဲ့ ခေါင်းဆောင်လုပ်နေကြတာရဲ့ ရလာဒ်ပဲ။

ထိုထက် ပိုပြောရရင် ပြည်သူတွေအပေါ် စေတနာ

မရှိတာပါပဲ။


စီမံပုံမမှန်ဘူးဆိုတာက ပြောခဲ့တဲ့ နတ်၊ နဂါး၊

ဘုရား စတဲ့ အရာတွေအပေါ် မှီခိုအသက်မွေး

ကြတဲ့ လူတစ်စုမှာကိုပဲ မဟားဒရာငွေတွေဝင်ပြီး

ချမ်းသာနေတဲ့လူက ချမ်းသာနေကြပြီး၊ တစ်နေ့

ရောင်း တစ်နေ့ထမင်းစားဖို့ပင် ခက်နေတဲ့ မွဲပြာ

နုံချာနေတဲ့ လူက ချာနေကြပါတယ်။


ဆိုလိုတာက နတ်၊ နဂါး၊ ဘုရား မှီစားကြတာ

တောင် လယ်တဲ့သူ နပ်တဲ့သူက ဂွင်ကြီးကြီးရ

ချမ်းတွေသာပြီး၊ မနပ် မလယ် အချိပ်အဆက်မရှိသူ

ချာတူးတွေကြတော့ မွဲမြဲ မွဲ ၊ပင်းပမ်းမြဲ ပင်ပမ်းနေ

ကြတာ ဖြစ်ပါတယ်။


ထိုလံကြုပ်ဇာတ်တွေ၊ အတုအယောင်တွေနဲ့

ချမ်းသာ ဂွင်ကောင်းမိနေတဲ့ လူတွေမြင်တိုင်း

ထိုအတုအယောင်တွေကို အမြစ်က လှန် ဝေဖန်လိုပေ

မယ့်၊ ထိုအတုအယောင်တွေကိုပဲ ရှာကြံမှီခိုနေရပြီး

အသက်ဆက်နေရတဲ့ အခြားအလုပ်မရှိတဲ့

၁၀၉၊၁၁၀ နဂါးစာရောင်း၊ နတ်ပန်းရောင်းတဲ့

ဆင်းရဲသားတွေမြင်တိုင်း ဝေဖန်ရေးလုပ်ဖို့ 

ဆွံ့အ အ သွားမိတာ အမှန်ပါပဲ။


ကျနော့် သဘောကတော့ မှန်တာ မှားတာ ထားအုံးဗျာ။

ထို အတုအယောင် စိတ်ထင်ရာအဟုတ်မှတ်

ကိုးကွယ်ရာတွေနဲ့ လုပ်စားကြတဲ့အပေါ် လယ်သူ

စားစတမ်း၊ နပ်သူ ပိုရစတမ်း မဖြစ်စေလိုပဲ

ညီတူ မျှတူ စားခွင့်ရစေချင်ပါတယ်။ 


လယ်သူစားစတမ်း၊ နပ်သူ ကျိကျိတက်ချမ်းသာ

စတမ်း စနစ်ကြီး မထွန်းကားစေပဲ ညီတူမျှတူ

စားခွင့် ရနိုင်ကြဖို့ တာဝန်ရှိသူတွေအနေနဲ့ စီစဉ်ပေး

ပေးနိုင်ရင် ကောင်းမှာပဲ။


Oo thaw

အောင်ခင်

 အချိန်ရမှဖတ်ပါ။


အကြောင်းမသိရင် ကပ္ပိယတောင် သူခိုးအထင်ခံရနိုင် ဆိုသလိုပဲ ကျွန်တော် ၂၀၁၅ တုန်းက တစ်လ ၁၅ သိန်းရပြီး အိမ်ခန်းငှားကိစ္စ ဒုက္ခဝေတဲ့အကြောင်း ဒီမှာ လာရေးတော့ ကွကိုပဲ ပရိုမုတ်လုပ်နေတာလား။ ဂရုမှားရေးနေတာလား။ ငကြွား မြန်မာပေါကားဖတ်ရသလို ဘာညာအတော်လေး အပြောခံလိုက်ရပါတယ်။ ပို့စ်ကိုဖျက်လိုက်ပါပြီ။ အဆိုးထဲက အကောင်းကိုပဲ အမြဲယူတတ်တာ ကျွန်တော့အကျင့်ပါ။ ၂၀၁၅ ကတည်းက ဝင်ငွေကောင်းနေတာ ဘာကြောင့်လဲ နည်းလမ်းပြပါဆိုတဲ့ comment ကို သွားတွေ့တယ်။ 


ဆိုတော့ နည်းလမ်းမေးသူကို ကျွန်တော် ဘယ်လိုရှာသလဲဆိုတာ ၂၀၁၃ တုန်းက စာအုပ်ထုတ်ဖို့ရေးခဲ့ဖူးတဲ့ ကျွန်တော့ အကြောင်း မာတိကာလေး မျှဝေလိုက်ပါတယ်။ ဇော်ဂျီနဲ့ ရေးထားတဲ့ pdf ကို ပြန်ကူးထည့်တာကြောင့် space bar တွေကို backspace ဆုပ်ပြီး ပြင်ထားပေမယ့် သဝေထိုး space-bar ရှိနေတာ လိုက်မပြင်နိုင်တော့ပါဘူး။ ဒါကြောင့် လုံးဝလုံးဝ ပြင်ခြင်းဖြည့်စွက်ခြင်း ဖျက်ခြင်းများ မလုပ်ပဲ ဒီတိုင်း paste ပြီး တင်လိုက်ပါတယ်။ 


ခေါင်းစဉ်ရှာရခက်သော မြန်မာ့လူငယ် တစ်ယောက် အ ကြောင်း


မှတ်ချက် - ကျနော် ဒီစာကို ရေးတုန်းက ၂၀၁၃ ဇူလိုင်လလောက်က ဖြစ်ပါတယ်။ ကျွန်တော့မှာ အသိတွေ၊

ရင့်ကျက်မှုတွေက ယနေ့နဲ့ စာရင် တစ်ဝက်သာသာလောက်ပဲ ရှိသေးတဲ့ အချိန်ကာလ တစ်ခုပါ။ ကျွန်တော့ရဲ့အတ္တတွေ၊ မာနတွေ၊ ကြွားဝါလိုစိတ်တွေကို ြ မင်တွေ့ရပါလိမ့်မယ်။ ြ ပန်လည်း မပြင်ချင်တော့ပါဘူး။

ကျွန်တော့ရဲ့ ကိုယ်တိုင်ရေးခဲ့ဖူးတဲ့ သူများဖတ်ဖို့ ခွင့်ပြုတဲ့ ဒိုင်ယာရီလေး တစ်ခုလိုပဲ ကျွန်တော်

သဘောထားလိုက်ပါတယ်။ ဒီစာကို စာအုပ်ထုတ်ဖို့လည်း ရည်ရွယ်ချက် မရှိပါဘူး။ ယနေ့ကျွန်တော့လက်ရှိ

လျှောက်လှမ်းနေတဲ့ ဘဝက အဲ့ဒီစာရေးတဲ့အချိန်နဲ့စာရင် အတော်လေး Stable ဖြစ်ပြီး လမ်းကြောင်းမှန်

တစ်ခုရောက်နေပါပြီလို့ ယူဆမိပါတယ်။ အဲ့ဒီစာရေးတုန်းက လမ်းကြောင်းမှန်ဟာ ဒါဘာလားလို့ စတင်တွေ့ရှိစအချိန်လေးပါ။ အသက် ၂၀ ေ ကျာ် လူငယ်လေးတစ်ယောက်ရေးထားတဲ့ စာလေးတစ်ခုအနေနဲ့ပဲ

မြင်ပေးပါနော်။ ဒီအချိန်ခံစားချက်နဲ့ ကွာဟမှုများစွာ ရှိလာပြီမို့ပါ။ ကျေးဇူးတင်ပါတယ်

အောင်ခမ်း ၁၀ ရက်၊ သြဂုတ်၊ ၂၀၁၅

...........................................................................................................................................................


အောင်ခမ်း


ပထမဦး ဒီစာကို ရေးဖြစ်ပုံ နဲ့ ရည်ရွယ်ချက်ကို အရင် တင်ပြပါရစေ။ ရေးဖြစ်တာကတော့ ရေးချင်လို့ပါ။ ရည်ရွယ် ချက်ကတော့ လက်ရှိမြန်မာပြည်က လူငယ်တွေ တွေ့ကြုံခံစားရနေတဲ့ ဒုက္ခအခက်အခဲတွေကို အားလုံးသိမြင်စေဖို့ ဖြစ်ပြီး လူငယ်တွေတင် မက၊ အရွယ်စုံ မြန်မာတစ်နိုင်ငံလုံးကမြန်မာလူမျိုးအားလုံးအတွက်လည်း အနည်းဆုံး တစ်ခုခုတော့ ရစေဖို့ ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ အသက် ၂၁ နှစ်ကျော် လူငယ်တစ်ယောက်ရဲ့ လေသံမှာ နုတာလဲ ပါမယ်၊ ရင့်တာလဲ ပါမယ်။ ရိုင်းတာလည်း ပါမယ်။ ကိုင်းရှိုင်းတာလည်း ပါမယ်။ နားလည်တာလဲ ပါမယ်။ နားမလည်တာလဲ ပါမယ်။ အကယ်၍ အမှားတွေများ ပါရင် ဒီကလေး လူကြီးကို မရိုမသေ ဆက်ဆံတယ်လို့ သဘောမထားပဲ လူမူရေးနားမလည်တဲ့ အရိုင်းအစိုင်းလေး တစ်ယောက်မို့ နားလည်ခွင့်လွတ်ပေးစေလိုပါကြောင်း ဂါရဝပြု ေ တာင်းဆိုအပ်ပါတယ်။ ဒီတော့ စာကို ေ ရးမယ့်ပုံစံက Story line လည်းပါမယ်။ Point of view တွေကို တစ်ချက်ချင်းစီ ခွဲပြတဲ့ Chapter တွေလည်းပါဖို့ စာရေးသူ စိတ်ကူးထားပါတယ်။ ဒီတော့ Story line လေးကို အရင်ဆုံးချရမယ်ဆိုရင် -


(အော်.. ဒါနဲ့၊ ကျနော်ကိုယ်တိုင်လည်း ဒီဘောင်ထဲကနေကို မထွက်နိုင်သေးဘူး။ စာအုပ်တစ်အုပ်ကို စရေးတဲ့အခါ စာရေးသူရဲ့ အမှာစာ၊ စာရေးသူရဲ့ ကိုယ်ရေးအကျဉ်း အစရှိသဖြင့် သတမတ်တည်း သွားနေကြတာ။ ကျနော်ကတော့ ပျင်းနေပြီ။ သို့ပေမယ့် ဒီထပ်ပိုကောင်းတဲ့ တင်ဆက်ပုံကို ကျနော်လည်း မဖန်တီးနိုင်တော့ ပုံစံအဟောင်းတိုင်းပဲ ဆက်သွားတာပေါ့)


လောလောဆယ် နိဒါန်းနဲ့တင် စာဖတ်သူအများစု စိတ်ပျက်သွားမှာစိုးလို့၊ စိတ်ဝင်စားအောင် အမှန်တရား Information တစ်ခု ပေးပါအုံးမယ်။ လက်ရှိ ကျနော် အသက် ၂၀ ေ ကျာ်က တစ်လဝင်ငွေ ၁၀ သိန်းအထပ်ကို အလုပ်ကနေ ရှာဖွေ ေ နသူပါ။ ဒီတော့

ဘယ်လိုရှာသလဲ၊ ဘယ်လို အခက်အခဲတွေကျော်ဖြတ်သလဲ သိရအောင်၊ ကျနော့ဘဝတစ်ခုလုံးကိုလေ့လာဖို့အတွက် ရွယ်သူ လူငယ်တွေကို အစအဆုံး ဖတ်စေလိုကြောင်း လေးစားစွာတိုက်တွန်းလိုက်ရ ပါတယ်။


အောင်ခမ်း ဆိုတာ


အမည်ရင်းက အောင်ခမ်းကျော်ပါ။ မှတ်ပုံတင်မှာ ခွန်အောင်ခမ်းကျော် (သို့မဟုတ်) ေ အာင်ခမ်းကျော်ဆိုပြီးတော့ နာမည် ၂ လုံး ဖြစ်သွားတယ်။ ပအိုဝ်းလူမျိုး ြ ဖစ်တာမို့ ေ ရှ့မှာ ခွန်ထည့်ရင်း မှတ်ပုံတင်မှာ ပါလာခြင်း ြ ဖစ်ပါတယ်။ အိမ်ထောင်စု စာရင်းမှာက

အောင်ခမ်းကျော်၊ ၁၃ နှ စ်ပြည့် မှတ်ပုံတင်လုပ်တော့ ေ မာင်ခွန်အောင်ခမ်းကျော်ဖြစ်လေတော့ ကလော လဝကနဲ့ ေ မာင်အောင်ခမ်းတို့ ထိပ်တိုက်တွေ့ပါလေရော။ ချက်ချင်းမတွေ့ပါဘူး။ အသက် ၁၈ နှ စ်ပြည့် မှတ်ပုံတင်ကို ေ ကာက်ခါ၊ ငင်ခါ စလုပ်မှ အဲ့ဒုက္ခ စတွေ့ရပြီး

ကလောကို သွားလိုက်ပြန်လိုက်နဲ့ ဒုက္ခရောက်ဖူးတယ်။ မှတ်ပုံတင်အတွက် လူမရောက်ပဲ ရန်ကုန်ကနေ လက်ဗွေနှိပ်လို့အောင် ခေတ်ကောင်းခဲ့ပေမယ့် ကျနော်တို့က ငွေမနိုင်တော့ အလုပ်အပျက်ခံပြီး သွားရတာပေ့ါ။ ထားလိုက်ပါ။


မွေးသက္ကရာဇ်က ၄ ရက်နေ့၊ ဇွန်လ၊ ၁၉၉၂ ခုနှစ်။ မွေးချင်း ဒုတိယမြောက် သား၊ အောက်မှာ ညီမလေး ၂ ယောက်၊ အထပ်မှာ အစ်ကို ၁ ေ ယာက်၊ ေ တာင်ကြီးမှားဖွားပြီး ေ အာင်ပန်းမှာ ကြီးတယ်။ ၈ တန်းနွေရာသီ ေ ကျာင်းပိတ်မှာ ရန်ကုန်ကို ြေ ပာင်းပြီး Life style ကို

ပြောင်းလဲ လိုက်ပါတော့တယ်။ ြေ ပာင်းလဲဆိုလို့ အအေးပိုင်းက အနွေးထည်ကိုချွတ်ပြီး အပူပိုင်းက စွတ်ကျယ် ဝတ်ရတဲ့ အရသာကို

ခံစားတာပါ။ အဖေက အောင်ပန်းသား။ အောင်ပန်းက စွန့်ဦးတီထွင် ပညာရှင်တစ်ယောက်ဖြစ်ကြောင်း ကျနော်လည်း ဟိုတလောကမှ သူပြောလို့ တဖြည်းဖြည်း နားလည် သိရှိလာတာ။ အမှန်ပါပဲ။ လုပ်ငန်းပေါင်းစုံကို ကျနော့အဖေ အရင်ဆုံး စလုပ်ပေမယ့် အကြံတူ နောက်လူ သမားတွေကြောင့် အဖေ့ခမျာ စီးပွားရေးတွေ တစ်ခုပြီးတစ်ခုလုပ်လို့ ခရီးတွေဆက်လိုက်တာ ေ နာက်ဆုံးတော့ ရန်ကုန်မှာ ရှမ်းပြည်ငြိမ်းချမ်းရေးအဖွဲ့ တစ်ခုရဲ့ ကိုယ်စားပြု စီးပွားရေး တာဝန်ခံ ြ ဖစ်သွားရပါလေရော။ သိပ်မကြာပါဘူးဗျား။ ကျနော် ၁၀ တန်းပြီးချိန် အဖေ့အလုပ်တွေ ပျက်ပြီး မိသားစုဘဝ ဒုက္ခနဲ့ လှလှကို ေ တွ့ပါလေရာ။ ဒုက္ခဆိုတဲ့ စကားလုံးကို သုံးမိလို့ ေ ဆာရီးဗျာ။


အဖေ့ကို ြေ ပာတာပါ။ အမှန်တော့ အဲ့လောက် ဒုက္ခမရောက်ဘူး။ အဖေတစ်ယောက်တည်း တစ်မိသားစုလုံးရဲ့ တာဝန်ကို တစ်ယောက်တည်း ထမ်းပိုး ကြိုးစား ရုန်းကန် ြ ပခဲ့တာက ကျနော်ယူတဲ့ စံနမူနာပါပဲ။ (ဒီစာက ကျနော့အဖေလည်း ဖတ်မှာမို့၊ အဖေ့အကြောင်း အကောင်းပဲ အသားပေးရေးမယ်နော်၊ နောက်တာပါ)


သူငယ်တန်းကနေ သုံးတန်းအထိ အဆင့် ၁ ကနေ ၃ ကြား အမြဲရတယ်လို့ ေ ရးရေးလေး မှတ်မိတယ်။ ဟင့်အင်း။ အဆင့် ၁ ကို အမြဲရသူက တစ်ယောက်ပါ။ ကျနော်ကတော့ ေ ယာင်ချာချာ ၃ ေ လာက်ပေါ့။ ေ လးတန်းကနေ ၈ တန်းအထိ ဂျလေဘီ ဘဝကစတော့တာပဲ။ မလေပါဘူး။ ကျူရှင်တက်မှ အဆင့်ကောင်းမယ်လို့ စွဲနေတဲ့ ကလေးအတွေးဆိုတော့ မိဘတို့ ကျူရှင်ထားမပေးနိုင်တဲ့အခါ စာမေးပွဲကျတဲ့အထိဖြစ်ခဲ့တာ ၅ တန်းနှစ်ပေါ့။ ၆ တန်းကနေ ၈ တန်းအထိကတော့ ပညာရေးမှာ အလယ်အလတ်လောက်နဲ့ပဲခရီးသွားဖြစ်ခဲ့ ပါတယ်။


ရန်ကုန်လည်း ေ ရာက်ရော၊ တာမွေ အ.ထ.က ၃ ေ ကျာင်းကို တက်ဖြစ်တယ်။ မသိချိန်ကတော့ ေ ကျာင်းကလူတွေ ကိုယ့်ထက်ပိုတော်မယ်လို့ ထင်ထားတာပေါ့။ ဘယ်လိုပဲ ြ ဖစ်ဖြစ် အတန်းထဲမှာအဆင့် ၁ ကနေ ၁၀ ကြား ဝင်ရမယ်ဆိုတဲ့ ခံချက် ကလေးတော့ အရှိသား။ ဒါနဲ့ပဲ ကြိုးစားလိုက်တာ ပထမဆုံး လပတ်စာမေးပွဲမှာ အဆင့် ၂၀ လောက်ရသွားပြီး အထှာကို နှက်သွားတော့ နောက်ပိုင်းကျအဆင့် ၁ ကနေ လက်မလွတ်တဲ့ သူတစ်ယောက်ဖြစ်လာတယ်။ ကိုးတန်းတုန်းကပေါ့။ ကျောင်းပြောင်းစ ဆိုတော့ နောက်ဆုံးခန်းရဲ့ရှေ့ခန်းကိုပဲ ေ ရွးလိုက်တယ်လေ။ ဘိုင်အို မလိုချင်၊ အီကိုယူမယ်လို့ရွေးလိုက်တာပေါ့။ အဲ့မှာ သိလိုက်ရတာ တစ်ခုက ကလေးအများစုဝင်နေတဲ့ အတွေးက စာတော်ရင် ဘိုင်အိုယူမယ်။ စာညံ့ရင် အီကိုယူမယ်ဆိုတဲ့ ေ လာဂျစ်ပေါ့။ ကျနော်ကတော့ ဆရာဝန် မလုပ်ဘူးဆိုတဲ့ အကြောင်းပြချက် တစ်ခုတည်းနဲ့ အီကိုကို ေ ရွးဖြစ်ခဲ့တယ်။ ေ ဆာရီး။ စာတွေအကြောင်း အရာတွေ ခွဲမထားဘူး။ ေ တာရောက်တောင်ရောက်ဖြစ်ကုန်တယ်။ စီမံခန့်ခွဲမĆှု အားနည်းနေသေးတဲ့ ကျနော်ကလည်း Arrangement အတော်လေး ညံ့တယ်ဆိုတော့။ Story မှာကိုမှ Timeline လေးနဲ့ ခွဲရအောင်။


၉ တန်း၊ ၁၀ တန်း ( ၂၀၀၆-၂၀၀၈)


ရန်ကုန်ဆိုတဲ့ ြ မို့ကြီးမှာ ရှိတဲ့ လူတွေကို ေ လ့လာဖို့ အခွင့်အရေးကြီးပေါ့။ အထူးသဖြင့် ကျူရှင်ဆရာ၊ ေ ကျာင်းဆရာ၊ ကျူရင် သူငယ်ချင်း၊ ကျောင်း သူငယ်ချင်း တို့က ဘဝကြီးတစ်ခု ဖြစ်လိုပေါ့။ အထူးသဖြင့် ကျူရှင်ဆရာတွေဆီကနေ ဘဝအကြောင်း၊ ဒဿနအကြောင်းတွေ ေ ကာင်းကောင်းလေ့လာခွင့်ရတယ်။ သူတို့ရဲ့နိုင်ငံရေးအမြင်တွေ၊ ေ ရှးဖြစ်၊နှောင်းဖြစ်တွေကြားရတော့ ပညာမှာကျောင်းပညာမှာသာမက နို င်ငံရေးနဲ့ ဘဝဆိုင်ရာ ဒဿန ေ တွပါ အတော်လေးရတယ်။ Motivation မှာအတော်လေးတော်တဲ့

ဆရာတွေလို့ပြောလို့ရတယ်။ တစ်နေ့တစ်နေ့ ကြားလိုက်တဲ့ စကားများကြောင့် အားမာန် ဟုန်းဟုန်းတက်ပြီး မရေရာတဲ့အနာဂတ်တွေကို အိပ်မက်ထဲမှာ ထုဆစ်နေမိ လေရဲ့။ ဘာဖြစ်ချင်လဲ မေးရင် အင်ဂျင်နီယာက လွဲလို့ ကျနော်တို့ မဖြေနိုင်ဘူးလေ။ ၁၀တ န်းေ ရာ က်ေ တာ့ အ င် ဂျ င် နီ ယာ ဆို တာ အ မှ တ် န ည်း သူ သွား တဲ့ လို င်း ြ ဖ စ် တ ယ် လို့ အ မှ တ် များ သူ သွား တဲ့

ရေကြောင်းတက္ကသိုလ်ဆိုတာကြီးကို ေ မျာ်လင့်ပါတော့တယ်။ ဆရာတွေ စာသင်တာ အင်မတန်ကောင်းတယ်။ သို့ပေမယ့် ကျော င်း သားေ တွ စိ တ် ဓာ တ် ထဲ မှာ စိ တ် ဝ င် စား မ ယ့် အ ရာ ဝ တ္ထု တ စ် ခု ကို မ ဖ န် တီးေ ပးနို င် လို က် ဘူး ။ ဒါ က လ ည်း

သူတို့အပြစ်မဟုတ်ဘူးလေ။ သူတို့အလုပ်က ေ ကျာင်းသား အမှတ်များများနဲ့ စာမေးပွဲအောင်ဖို့က အဓိကပဲ။ ေ နာက်ပိုင်းကိစ္စ ကိုယ့်ဘာကိုယ်ရှင်း။ မိဘဘက်ပြန်ကြည့်တော့လည်း ထိုနည်းတူစွာပေါ့။ ပညာရေး မျက်စိ ရှိပေမယ့် အသေးစိတ် မမြင်နိုင်လေတော့

အမှတ်ကောင်းနဲ့အောင်ဖို့ တိုက်တွန်းပေမယ့် အနာဂတ်ကို ဘယ်လို ထုဆစ်ပါလို့ သေချာ မပြောပြ နိုင်ဘူး။


ဒီကြားထဲ ေ ဘ်ာဒါလိုမနေရင် စာမေးပွဲအမှတ်နည်းမယ်ဘာညာ ပရက်ရှာတွေကြောင့် သီတင်းကျွတ်အမှီ ေ နာက်ထပ် ကျူရှင်တစ်ခုကိုထပ်ပြောင်းရတယ်။ ၁၀ တန်းနှစ်တုန်းကပေါ့။ အမှတ်တရ တစ်ခုပါပဲ။ စာမေးပွဲနီးလို့ ေ ကျာင်းမှာ လူတိုင်း စာကုန်းကျက်နေချိန်

ကိုယ်တွေက ကျောင်းဆရာမ တိုက်တွန်းလို့ ထူးချွန်တောင် သွားဖြေဖြစ်လိုက်ပါသေးတယ်။ ဘောဂဗေဒ ထူးချွန်ကို တစ်ဝက်တစ်ပြတ် ရထားတဲ့ စာနဲ့ ၃ ရက်တာ ကျက်လို့ ဝင်ဖြေဖြစ်ခဲ့ပြီး မြို့နယ် အဆင့် တတိယတောင် ရလိုက် ပါသေးတယ်။ ဒီလိုနဲ့ ကြိုးစားလိုက်တာ

၁၀ တန်းစာမေးပွဲဖြေတော့ ဂုဏ်ထူးတွေအများကြီးနဲ့အောင်မယ်လို့ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်ခဲ့တယ်။ တကယ်လည်းဂုဏ်ထူးများခဲ့တယ်။


တက္ကသိုလ်ကျောင်းသားဘဝ ( ၂၀၀၉-၂၀၁၁)


၁၀တန်းမှာ မြန်မာ၊ အင်္ဂလိပ်က လွဲလို့ ကျန်တာ ဂုဏ်ထူး ပါပြီး၊ အမှတ်ပေါင်း ၄၅၄ နဲ့ ဟိုမရောက်ဒီမရောက်ဖြစ်ခဲ့ရတယ်။ သို့ပေမယ့်ကျေနပ် တယ်လေ။ ကိုယ်တွေ တစ်နှစ်လုံး စိတ်လေပြီး ၈ လပိုင်းလောက်မှ ြ ဖစ်ဖြစ်မြောက်မြောက် စာစလုပ်ဖြစ်တာ ဂုဏ်ထူး

လေးဘာသာ ဂုဏ်ပုဒ်နဲ့တင် အတော်ဟုတ်နေပြီ။ ငါသာ နှစ်စကတည်းက သေချာ ကြိုးစားရင် သဟိုးဘားမား ဖြစ်ကိုဖြစ်တယ်လို့တောင်စိတ်ထဲက ြေ ပာနေမိတယ်။ (အဲ့လိုပဲ အရာကိစ္စတစ်ခုမှ ဒါငါလုပ်နိုင်တယ်လို့ ြ ပန်ပြောတတ်တာ ကျနော့ရဲ့ များစွာထဲက မကောင်းတဲ့

အကျင့်တစ်ခု) အဲ့လိုမျိုးကို Over confidence ေ ပါ့။ ဒီလိုနဲ့ ေ ရကြောင်း တက္ကသိုလ်ကို ဦးစားပေး ေ လျှာက်ဖြစ်တာပေါ့။ အမှတ်ကမှီဘူးလေ။ ဒါနဲ့ပဲ ေ လကြောင်းကို ကျရော။ ေ လကြောင်းဆိုတာ လူကြီးသားသမီးတွေသာတက်ပြီး၊ သာမန်လူတွေက ဟိုမရောက်ဒီမရောက် ြ ဖစ်ကုန်တာ။ နင်အဲဒါကို မိတ္ထီလာအထိ သွားတက်ရင် အသားပဲမဲလာလိမ့်မယ်။ ဘဝကရဲမသွားဘူးဆိုပြီးတော့ပေါ့။ ဒါနဲ့ပဲဂျီတီစီက ေ ဆဗဲလ်ကို ြေ ပာင်းလျှောက်လိုက်ရတယ်။ သို့ပေမယ့် အဲဒါက အရန်လေ။ ကိုယ်တွေက ေ ရကြောင်း သိပ္ပံကိုခြေတစ်လှမ်းလှမ်းထားပြီးသား။


ရေကြောင်း သိပ္ပံက ဘွဲ့မပေးပေမယ့် ဒီပလိုမာပေးတယ်။ သင်္ဘောစောစောလိုက်ပြီး ရာထူးမြန်မြန်တက်တယ်။ ပိုက်ဆံ မြန်မြန် ရတယ်။ အစရှိသဖြင့် မိဘနဲ့ ပတ်ဝန်းကျင်က ေ ပးတဲ့ အားဆေးတွေကြောင့်ပေါ့။ ကိုယ်တွေတစ်ခု သန်ဘက်ရစ်ထားတဲ့ ေ အ်ာတို Motivator ဖြစ်နေတော့ ေ ရကြောင်းသိပ္ပံမှာ အတော်ဆုံးဖြစ်ရမယ့်သူကွ၊ ဘာကွနဲ့ တစ်ဆင့်ပြီးတစ်ဆင့် အရွေးခံ၊ အလျှောက်ခံလိုက်တာ ကျောင်းဝင်ခွင့် ရလိုက်ပါလေရော။


ကျောင်းက စစ်တပ်ဆန်တယ်။ ပင်စင်စား ဗိုလ်ဟောင်းတွေ အုပ်ချုပ်ပြီး စစ်တပ်ထဲကလို ကတုံးတုံးရတယ်။ ယူနီဖောင်း ဝတ်ရတယ်။ ဘွတ်ဝတ်ရတယ်။ ေ ဒါင်ကျကျ၊ ြ ပားကျကျ ေ နရတယ်။ သန့်ရှင်းရေးလုပ်ရတယ်။ တစ်သွေးတစ်သန် တစ်မိန့်စနစ်တွေ ကြားရ၊ သိရ၊မြင်ရ၊ ထိတွေ့ရတယ်။ အဲဒါကို ကျောင်းက လူတွေများ ငြီးငြူနေလိုက်ကြတာ ကျနော့အတွက်ကတော့ ဘာမှ ကြီးကြီးမားမား ထူးခြား

မသွားတဲ့ ဖြစ်စဉ် တစ်ခုပဲ။ သို့ပေမယ့် Life style ကိုတော့ လုံးဝ ပြောင်းလဲပေးတယ်။ ကိုယ့်အခန်း ကိုယ် သန့်ရှင်းရေးလုပ်တာက စလို့၊ အများသုံး အိမ်သာ ေ ဆးပေးရတဲ့အထိ ဖွတ်ဖွတ်ကျေတဲ့ ေ လ့ကျင့်သင်ကြားမĆှုကြောင့် တာဝန်ကျေပွန်လိုတဲ့စိတ်၊ အလုပ်ပြီးမြောက်စေတဲ့ စိတ်တွေတော့ အပြည့်ဝင်သွားတယ်။


ကျောင်းမှာ ြ ပတဲ့ ေ ကျာင်းဆင်းပွဲ ဗီဒီယိုမှတ်တမ်းမှာ စာတော်တဲ့ သူတွေက ဆုတွေထွက်ယူတယ်။ ငါလည်း ယူချင်တယ်။ တစ်နေ့ ငါရကို ရရမယ်ဆိုတဲ့စိတ် အဲ့ဒီမှာ စ ကိန်းပါလေရော။ အဲ့မှာတင် ပစ်မှတ်ကို စဦးတည်လိုက်ပြီ။ ပထမနှစ် ေ ရကြောင်းကောလိပ်

အင်ဂျင်နီယာ ဒီပလိုမာ ဘာသာရပ်မှာ အရာရှိလောင်း အောင်ခမ်းကျော်ဟာ စာဂျဘိုး တစ်ယောက်ပမာ ပြောစမတ်ပြုကြ ပါတော့တယ်။ ပထမ ဆုံးစာမေးပွဲမှာ အဆင့် ၁၆ ပဲရလိုက်တယ်။ အရာရှိလောင်း ၁၅၀ ကျော်မှာ အဆင့် ၁၆ ဆိုတာ တော်တော်လေးကောင်းပေမယ့်

အပေါ်ကိုပဲ ေ သချာကြည့်တတ်တဲ့ ကျနော်က အတော်လေးဝမ်းနည်းသွားတယ်။ ဒါနဲ့ ငါဘာကြောင့် အဆင့် ၁ မရတာလဲ ဆိုတာကိုသေချာ အဖြေရှာရင်း ဒုတိယ အကြိမ်စာမေးပွဲမှာ အဆင့် ၂၀ ြ ဖစ်သွားတယ်။ စိတ်ဓာတ်က အတော်လေး ကျနေပြီ။ စိတ်ဓာတ်ကမကျဘူး။ သူတို့တွေ အဆင့်ကောင်းရချိန်မှာ။ ငါဘာလို့ အဆင့်ကောင်းမရနိုင်တာလဲဆိုတာကို အဖြေရှာတယ်။ ေ သချာမတွေ့ဘူး။


အဆင့် ၁ ရချင်တာပဲ သိတယ်။ ဘာတွေပြင်ရမယ်ဆိုတာ မသိဘူး။ ေ သသေသပ်သပ်မလုပ်တတ်တဲ့ အကျင့်ဆိုးလေးတစ်ခုကိုတော့သွားတွေ့လိုက်တယ်။ စာကိုကျက်ပေမယ့် သည်၊၏ မလွဲမကျက်တာတွေ၊ ေ သချာမှတ်၊တွက် မလုပ်တာတွေ၊ ပုံသေချာ

မဆွဲနိုင်တာတွေပေါ့။ ဒါတွေကို အကောင်းဆုံးဖြစ်အောင်လုပ်ပြီး အဆင့်ကောင်းလာအောင် လုပ်ပါမယ်လေ ဆိုတဲ့ စိတ်ကလေးပဲရှိတော့တယ်။ အကြောင်းကတော့ ဒုတိယ နှ စ်မှာလည်း အခွင့်အရေးရှိသေးတယ် ဆိုတဲ့ စိတ်တစ်ခုနဲ့ပေါ့။ ကံကောင်းပါတယ်။


အလုပ်ကောင်းတာကိုး။ ပနှစ် နှစ်ဝက် စာမေးပွဲအောင်လို့ အောင်စာရင်းထွက်ချိန် အဆင့် ၃ လိုက်တယ်။ ဒါနဲ့ ငါဟာ မညံ့သေးပါလားလို့တွေ့ရှိ၊ သိရှိခဲ့ပြိး ပိုပြီး ကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်စေခဲ့တယ်။


ပနှစ်က အဆောင်နေလေ။ သူများတွေ အပြင်ထွက်ချိန်၊ ကိုယ်လည်း အားလပ်ရပ် အပြင်ထွက်ခွင့်ရချိန်တောင် မထွက်ပဲ စာလုပ်တယ်။ အထူးသဖြင့် ကိုယ်ညံ့တာက ပုံဆွဲတဲ့ Drawing ဆိုတဲ့ ဘာသာရပ်။ ဒါကိုသိလိုက်တော့ သူများတွေ တစ်ပုံဆွဲချိန်ကိုယ်ကအနည်းဆုံး ၂ပုံဆွဲတယ်။ စာမေးပွဲမှာပါမယ့်ပုံ ဆိုရင် အနည်းဆုံး ၄ ပုံဆွဲတယ်။ တစ်ပုံအတွက် အကြမ်းဖျင်း ေ ပးရတဲ့ အချိန်က အနည်းဆုံး ၃နာရီလေ။ အချို့ဆို တစ်ရက်တောင်ကြာတယ်။ ဒါကို အချိန်တိုတိုနဲ့ အကောင်းဆုံးပုံထွက်လာအောင် ကိုယ့်ဘာကိုယ် ေ သချာ Research လုပ်လို့ ဆွဲတယ်။ သူများတွေဆွဲတဲ့ ေ ဖ်ာမြူလာနဲ့မတူဘူး။ ကျနော့ဖော်မြူလာတစ်ခုနဲ့ဆွဲတာ။ သင်္ချာ ြေ မာက်တာ

တစ်ခုသိရင်ရပြီ။ ေ ပါင်း၊နĆှုတ်စရာ ေ တာင် မလိုဘူး။ Scale တွက်တာကိုပေါ့။ သူများတွေ အဲဒါအတွက် ေ ခါင်းစားနေချိန်ကျနော်ကစာရွက်မှာ အပေအစွန်း မဖြစ်ဖို့အတော်လေးခေါင်းစားနေပြီ။ သပ်သပ်ရပ်ရပ် မလုပ်တတ်တဲ့အကျင့်ကြောင့်ကိုး။ ပနှစ် Final ကို အဆင့်

၂ နဲ့ပဲ ကျေနပ်လိုက်ရတယ်။ စိတ်ထဲမှာတော့ အင်တင်တင်ပေါ့။ သို့ပေမယ့် ကျေနပ်လိုက်တယ်။


ဒုတိယနှစ် (နောက်ဆုံးနှစ်) ေ ရာက်လာပြီ။ အဆင့် ၂ နဲ့ ြ ပီးခဲ့တဲ့ ပနှစ်က စွမ်းဆောင်ချက်အတွက် မကျေပွဲနွဲဖို့ စိတ်ခွန်အားဖြည့်ခဲ့ပြီးအဆင့် ၁ ရရေးတို့အရေး ကြိုးစားပြန်ပါတော့တယ်။ တာမွေမှာနေတာမို့ ဘတ်စ်ကားနဲ့ ဘုရင့်နောင်လမ်းမပေါ်မှာရှိတဲ့ ေ ရကြောင်း

ကောလိပ်ကို သွားရတယ်လေ။ အဆင့် ၁ ရရေးတို့အရေးပဲ။ သို့ပေမယ့် နှ စ်ဝက်စာမေးပွဲ ရလဒ်ကို ကိုယ့်ကိုတုန်လှုပ်ခြောက်ခြားသွားစေ ခဲ့တယ်။ အကြောင်းကတော့ အဆင့် ၄ ြ ဖစ်သွားလို့လေ။ ငါဖြစ်ကောဖြစ်နိုင်ပါတော့မလား။ ပို့ဆောင်ရေး ဝန်ကြီးကိုယ်တိုင်

ပေးတဲ့ ဆုကို ထွက်ယူတဲ့ အရာရှိ လောင်းက ငါကော ဖြစ်နိုင်ပါတော့မလား ဆိုတဲ့ စိုးရိမ်စိတ်တွေ အတော်လေး ဝင်လာပြီး စာကြိုးစားဖို့ပိုမိုပြီး အားဖြစ်စေခဲ့ တယ်။ စိတ်ထဲမှာ ဆုရချင်တာ တစ်ခုထဲသိတယ်။ အဲ့ဒီစိတ်ကပဲ လူကို Drive လုပ်ပြီး အိပ်ယာထချိန်၊ ကျောင်းသွားချိန်၊ ကျောင်းပြန်ချိန်၊ စာလုပ်ချိန် အစရှိသဖြင့် Daily routine ကို သူ့ပါသူ ခွဲခြားသွားတယ်။


ဘတ်စ်ကားစီးရင်း ကားပေါ်မှာ ခင်တဲ့ သူနာပြု ေ ကျာင်းသူတွေကို ကျနော် အဆင့် ၁ ပါလို့ မရသေးတဲ့ ေ နရာတစ်ခုအတွက် ကြိုပြင်စရံသပ် ကြွားထားလိုက်မိတယ်။ (အဲဒါ ကျနော့ရဲ့မကောင်းတဲ့ အကျင့်တစ်ခုပေါ့) ကမ္ဘာက ကျဉ်းတယ်လေ။ အောင်ခမ်းကျော် အဆင့်

၁ ပါလို့ အခြားကျောင်းသူတွေကို ရွှီးပြီး ကြွားနေတယ်လို့ သတင်းလည်းပြန့်ရော ေ ကျာင်းမှာ Troll လုပ်စရာလူက ကျနော်ဖြစ်လာတယ်။ Troll ဆိုတာ စတာပေါ့။ တွေ့တိုင်း roll 1 လို့အစခံရပေမယ့် ကျနော်စိတ်ထဲ မထားပါဘူး။ အဲ့လိုစလေလေ၊ အဆင့် ၁ မရရင် အရှက်ကွဲ တော့မယ်ဆိုတာကို ပိုသိလေလေမို့ ပုံမှန်ကြိုးစားနေတာထပ်ကို ပိုသွားစေခဲ့တယ်လို့ထင်တယ်။ သေချာတာကတော့အိပ်ချိန်ကို ထိခိုက် ေ လာက်အောင်တော့ မလုပ်ပါဘူး။ အိပ်ချိန်၊ စာချိန်တွေကိုလည်း ကျန်းမာရေးအတွက် ေ သချာ အချိန်ပေးတယ်။စာလုပ်ချိန်မှာ စာကို သေချာလုပ်တယ်။ ဒီလောက်ပါပဲ။


ဒီလိုနဲ့ ဒုတိယနှစ် စာမေးပွဲက ြ ပီးပါလေရော။ အဆင့်ကို မကြေညာသေးပဲ စစ်ရေးလေ့ကျင့်မĆှုကို အရင်လုပ်တယ်။ ေ ကျာင်းဆင်းပွဲအတွက်လေ။ ကျောင်းဆင်းပွဲကို စစ်ရေးပြဆင်းနေကျမို့လို့ပေါ့။ ဆုရဖို့ စံကာတင် ၁၀ ဦးစာရင်းထဲမှာ ကျနော်ပါလာတော့ ပျော်ရပေမယ့်တိတိကျကျ မဟုတ်သေးတာမို့။ ေ သချာ မပျော်ရသေးဘူး။ သို့ပေမယ့် ေ နာက်ဆုံးတော့ အဆင့် ၁ ဟာ ကျနော်ဖြစ်ကြောင်းသိလိုက်ရတော့ ကမ္ဘာမှာ ဝမ်းအသာဆုံး လူသားက ကျနော်ပါပဲ။ အဆင့် အတွက် အမှတ်ပေးမĆှုကို Training နဲ့ Academic မှတ် ၂

ခုပေါင်းလို့လေ။ ကျနော်က ဒုတိယ နှ စ်စကတည်းက ေ ကျာင်းကို မနက် ေ ရာက်တိုင်း ၁၀ မိနစ်စာလောက် စည်းကမ်းထိန်းသိမ်းရေးဆရာတို့ အခန်းကို သွားလို့ သန့်ရှင်းရေးပုံမှန်လုပ်ပေးဖြစ်တယ်။ အဲဒါဖားတာ မဟုတ်ဘူး။ ငါတို့ကို စည်းကမ်းထိန်းသိမ်းပေးတဲ့ဆရာတွေ ကိုယ့်ခွက်ကိုဆေး၊ ကိုယ့်အခန်းကို သန့်ရှင်းရေးလုပ်နေရတာ မကောင်းလို့ ဒါတွေကို ငါပုံမှန်လုပ်လို့ ကုသိုလ်ယူမယ်လို့ဆုံးဖြတ် ခဲ့မိတာပါ။ အဲဒါကြောင့် နောက်ဆုံးအမှတ်ပေးမĆှုမှာ စည်းကမ်းထိန်းသိမ်းရေးဆရာများ ပေးတဲ့ အမှတ်ပြည့်ကို ရရှိခဲ့ ပါတယ်။


ကဲ။ ဒီလိုနဲ့ ေ ကျာင်းဆင်းပွဲမှာ ဆုထွက်ယူရတယ် ဆိုပါတော့။ လူတကာ ဝိုင်းငေးပြီး၊ အလေးစားခံရတဲ့ စံပြအရာရှိလောင်း ဆိုတဲ့ဆုတံဆိပ်ကိုရရှိခဲ့တယ်။ ေ မျာ်မှန်းထားသလို တီဗီမှာလည်း ပါတယ်။ ရုပ်သံလိုင်းတစ်ခုက အင်တာဗျူးတယ်။ သတင်းစာထဲမှာလည်း

ဓာတ်ပုံပါတယ်။ ေ ပျာ်တာပေါ့။ ေ မျှာ်မှန်း သလို ြ ဖစ်လာတော့။ ကျနော့ကိုမမေးကြလို့ ကျနော်မပြောဖြစ်လိုက်တဲ့ အဆင့် ၁ ရအောင်ကြိုးစားတဲ့ နည်းလမ်းက ဒီလိုပါ။ Practicing ပါ။ ကျနော် ေ ရကြောင်း အင်ဂျင်နီယာ ဘာသာရပ်မှာ အမှန်အတိုင်းပြောရင်

စိ တ် ဝ င် စား မĆှု က သိ ပ် မ ရှိ ဘူး ဗျ ။ ဆ င်း ရဲ တွ င်း က လွ တ်နို င် တဲ့ ထ မ င်း စား လ က် မှ တ် တ စ် ခု လို့ ပဲ သိ ထား ခဲ့ တာ မို့အရောက်နိုင်ဆုံးပန်းတိုင်အထိတော့ မှန်းထားခဲ့ပါတယ်။ အင်ဂျင်နီယာချုပ် ဘာညာပေါ့။ သို့ပေမယ့် စိတ်ပါဝင်စားတဲ့ အားက

သိပ်မရှိတာမို့ အသုံးပြုခဲ့တဲ့ ကြိုးစားနည်းလမ်းက ထပ်ခါထပ်ခါ ေ လ့ကျင့် ြ ခင်းပါပဲ။ သူများတွေ တစ်ကြိမ်ပဲ ြ ပင်ဆင်ချိန်ကျနော်ကအနည်းဆုံး ၄ ကြိမ်ပြင်တယ်။ အဲ့နည်းလမ်းက ဆုရသွားစေတာပါ။


အလုပ်သမား ဘဝ


ရေကြောင်းကောလိပ်မှာ ဒီပလိုမာပဲ ရခဲ့တာ။ ေ ခတ်က သိတဲ့အတိုင်း သင်္ဘောကျင်းမှာ အလုပ်သင်ဆင်းဖို့ တစ်နှစ်ပေးရမယ်ဆို တာေ ြ ကာ င့် ြ ကား မှာ အ လု ပ် လ က် မဲ့ ြ ဖ စ် မေ နေ အာ င် အို င် တီ ကု မ ္မ ဏီ တ စ် ခု မှာ အ လု ပ် ဝ င် လု ပ်ြ ဖ စ် ခဲ့ တ ယ် ။

အလုပ်ဝင်ဖြစ်အောင်ဖိအားပေးတာကလဲ မိဘတွေ ပါပဲ။ အလုပ်လုပ်ပါလို့တော့ မပြောပါဘူး။ သို့ပေမယ့် ေ ငွကြေး အသုံးပြုမှုနဲ့ပက်သက်လို့ Block လုပ်လာတာ များလာတော့ ကိုယ်စားဖို့ အတွက် ကိုယ့်ငွေကိုယ်ရှာမယ်ဆိုတဲ့ စိတ်တစ်ခု ကြိမ်းသေဝင်ခဲ့တယ်။ အဲ့ဒီစိတ်က ဒုတိယနှစ် ေ ကျာင်းတက်ကတည်းက ရှိပြီးသား၊ ေ ရကျော်စျေးက အင်တာနက်ဆိုင် ၃၊၄ ခုကိုတောင် ညအိပ်အလုပ်ရမလား သွားစုံစမ်းဖူးခဲ့တာ အမှတ်တရပဲ။ အဲဒါနဲ့ ကြုံရာလုပ်မယ်ဆိုပြီး ဝင်လျှောက်လိုက်ခါမှ ကုမ္မဏီမှာ သတင်းဆိုဒ် တစ်ခုအတွက်

ဘာသာပြန် လိုအပ်တယ်ဆိုလို့ တစ်လ ငွေ ၅ သောင်းနဲ့ ဘာသာပြန် စလုပ်ဖြစ်ခဲ့တယ်။ အဲ့အချိန်မှာ ၁၀ တန်းကလေးတစ်ယောက်ကိုဂိုက်သင်ရမယ်လို့ အကမ်းလှမ်းခံရတော့ ၇ ေ သာင်းနဲ့ သဘောတူပြီး တစ်လကိုဝင်ငွေ ၁ သိန်း ၂ ေ သာင်းနဲ့ အလုပ်သမား ဘဝကို

စဖြစ်ခဲ့တယ်။ ေ ကျာင်းဆင်းပွဲက ၂၀၁၁ ခုနှစ် မတ်လ၊ အလုပ်စဝင်တာက ၂၀၁၁ ခုနှစ် ဇူလိုင်လ ြ ဖစ်မယ် ထင်ပါတယ်။ ေ အာ်။ အရေးကြီးဆုံး ပြောဖို့မေ့နေတာလေး တစ်ခုက ဘာသာရေးပါ။


ဘာသာရေး လိုက်စားမှု


ရေကြောင်းကောလိပ် ပနှစ်ကုန် သင်္ကြန်မှာကတည်းက သူငယ်ချင်းနဲ့ တရားစခန်း ဝင်ဖြစ်တယ်။ ဝင်ဖို့အတွက် ရည်ရွယ်ချက်မရှိခဲ့ပေမယ့် စူးစမ်းချင်စိတ်ကြောင့် တရားစခန်း စဝင်ဖြစ်လိုက်တယ်။ အဲ့ဒီမှာ ဘာသာရေးအပေါ် ေ လ့လာလိုက်စားတဲ့ ပိုးက စဝင်တော့တာ ပါပဲ။ အကိုတစ်ယောက်နဲ့ မိတ်ဆွေဖြစ်ရပြီး သူ့ဆီကနေ ဘာသာရေးအသိအမြင်တွေရတယ်။ အဲ့အချိန်မှာ

မိသားစုနဲ့ကလည်း သိပ်အဆင်မပြေတော့ တိုင်ပင်ဖော်လိုဖြစ်ရပြီး ပိုလို့ ရင်းနှီးသွားတယ်။ ကျနော့ကို အရွယ်နဲ့ မလိုက်အောင်ရင့်ကျက်လို့ပါတဲ့။ ဒီလိုနဲ့ ပနှစ် ကုန် တရားစခန်းပြန်၊ final ကိုလည်း တက်ရော၊ တရားထိုင်တဲ့ ပိုးက ဝင်သွားတာမို့၊ အပတ်စဉ် တနင်္ဂနွေတိုင်း ေ ရွှတိဂုံမြောက်ဘက်မုဒ်က ဓမ္မာရုံတစ်ခုမှာ မိုးကုတ်ဝိပဿနာ ပုံမှန်သွားကျင့်ဖြစ်ခဲ့တယ်။ ေ ကျာင်း စာ တစ်ဖက်

ရှိပေမယ့် ဒါဟာ ပညာရေးအတွက်လည်း အထောက်အပံ့ ြ ဖစ်တယ်လို့ ယုံကြည်ထားတော့ ၂ လလောက် စွဲစွဲမြဲမြဲ သွားဖြစ် ခဲ့တယ်။ စားမေပွဲနီးတော့ မသွားဖြစ် တော့ဘူးလေ။


ကျောင်းလည်းပြီး အလုပ်လည်းဝင်ချိန်မှာ တရားလေ့လာဖို့ အချိန်ပိုလာပြီဆိုတာကို သိလိုက်တော့ အိမ်နီးနားက အဘိဓမ္မာ သင်တန်းတစ်ခုကို ဘုမသိ၊ ဘမသိ သွားတက်မိတယ်။ စိတ်ဝင်စားလို့ပါ။ ဝိပဿနာ ကျင့်စဉ်တောင်ခက်ခဲတာ။ ဘုရားစာတွေဘယ်လောက်ခက်မလဲ၊ ငါဘယ်လောက်လေ့လာနိုင်မလဲ သိချင်တာကြောင့် စတက်ဖြစ်ပြီး စာမေးပွဲဝင်ဖြေတဲ့အထိ ဖြစ်ခဲ့တယ်။ မစိုးရိမ်အဘိဓမ္မာ ပထမ အဆင့်ကို ြေ ဖဆိုအောင်မြင်ပြီး သာသနာ ဝန်ကြီးဌာနရဲ့ အဘိဓမ္မာ စာမေးပွဲကိုတော့ နှ စ်ချင်းပေါက် ၃ ဆင့် စလုံး

ဖြေဆို အောင်မြင်ခဲ့ပါတယ်။ အိုကေ အလုပ်အကြောင်းလေး ဆက်ပါရစေ။


အလုပ်သမား ဘဝ အဆက်


ဘာသာပြန်လုပ်ရင်း ကုမ္မဏီက ဖိအားတွေကို ခံစားရတယ်။ ေ ပျာ်စရာပဲ။ သူများတကာ ဖိအားတွေကြောင့် စိတ်ညစ်၊ဝမ်းနည်းနေချိန်ကျနော်က စိတ်ထဲမှာ ကြိတ်ပျော်နေတယ်။ ကိုယ့်အတွက် အသစ်တွေချည်းပဲ။ အဆဲခံရတာလဲ ပညာအသစ်၊ အဆုံးမ ခံရတာလည်း

ပညာ အသစ်၊ အလုပ်ဖိခိုင်းခံရတာလဲ အတွေ့အကြုံ အသစ်။ အသစ်အသစ်ပေါင်း များစွာနဲ့ ဘဝမှာ မမေ့နိုင်တဲ့ အလုပ်ပညာ၊ ဘဝပညာ၊ လူမှုဆက်ဆံရေး ပညာတွေကို ေ လ့လာခွင့်ရခဲ့တယ်။ သိပ်မကြာပါဘူး။ ကုမ္မဏီမှာ ၆ လလောက်လုပ်ပြီးထွက်လိုက်ပါတယ်။

၂၀၁၁ ခုနှစ် စက်တင်ဘာလလောက်မှာ ကိုယ်ပိုင် Facebook Page တစ်ခုက လက်ကမျဉ်းပြီး စလုပ်လိုက်မိတယ်။


www.facebook.com/Internationalnewsformyanmar . ထွက်ချင်လို့တော့ မဟုတ်ပါဘူး။ အကြောင်းပြချက်က သင်္ဘောကျင်း

ဆ င်ြး ပီး အ လု ပ် သ င် ဝ င် ရ တဲ့ စ န စ် ကို အ စိုး ရ က ပ ယ် ဖျ က် လို့ ေ ရေ ြ ကာ င်း ဆ င်း များ ဝ ပ်ေ ရှာ့ေ လ့ ကျ င့်ေ ရး ၆ လယူရမယ်ဆိုတာကြောင့်ပါ။ ဒီအတွက် လိုအပ်တဲ့ ငွေကြေးပမာ များစွာကို အဖေ့ဆီကပဲ ဖျစ်ညစ်တောင်းလို့ သင်တန်းတက်ခဲ့ ရပါတယ်။

အလုပ်က နေ့ဆင်းဆိုတော့ ဖျက်လိုက်ရတာပါ။ ညဘက်မှာ အဘိဓမ္မာ တက်နေဆဲ။


ဝပ်ရှော့ဆင်းစဉ် ကာလက အလုပ်တစ်ခု ရတယ်။ အမေရိကန်အခြေဆိုက်ပြီး မြန်မာပြည်အရေး သတင်းဆိုဒ်လုပ်ထားတဲ့ မြန်မာ လူမျိုးတစ်ဦးက အလုပ်ခန့်လို့ပါ။ သတင်းတွေကို ဘာသာပြန်လို့ တင်ပေးတာနဲ့ လစာ ၁ သိန်းရတာကြောင့် အိမ်မှာ အင်တာနက် တပ်ပြီး

ကျကျနန လုပ်ဖြစ်တယ်။ လပ်တော့က ရေကြောင်းမှာ အဆင့် ၁ ရတဲ့အတွက် အဖေ့သူငယ်ချင်းများက စုပြီး ဝယ်ပေးထားတာလေ။ ၁၀ တန်းဖြေမယ့် ကလေးကိုလည်း စာသင်နေဆဲ။ ဝင်ငွေက ၁သိန်း ၇ သောင်း ဖြစ်နေပြီ။ ၆ လလည်းပြည့် ဝပ်ရှော့သင်တန်းလည်း ပြီး၊ ၁၀

တန်းကလေးလည်း စာမေးပွဲဖြေအပြီး၊ အမေရိကန်က အလုပ်ကလည်း ေ ငွကြေးမခိုင်မာတာကြောင့် ရပ်နား တာမို့ အလုပ်လက်မဲ့ဘဝကို ရောက်သွားပါလေရော။


ဒုက္ခပင်လယ် စဝေခြင်း


အလုပ်က လက်မဲ့ ဖြစ်သွားပါပြီ။ ပိုပြီးကံဆိုးတာ တစ်ခုက ဘာအလုပ်မှ မလုပ်နိုင်တော့တဲ့ မိဘ ၂ ပါးဟာ သားသမီး ပညာရေးအတွက် အိမ်အပိုင်ကနေ အိမ်အငှားဘဝ၊ အိမ်အငှားကနေ လုံးဝမနေနိုင်တော့တဲ့အဆင့်အထိ ရောက်သွားပြီး အောင်ပန်းကို ပြန်မယ်ဆိုတဲ့အထိ

ဖြစ်သွားတယ်။ အဲ့ဒီမှာ စသွားတာပဲ။ အသက်က ၁၉ နှ စ်ကျော် လူငယ် တစ်ယောက် ရန်ကုန်မှာ စပြီး ဒုက္ခပင်လယ်ဝေပြီ။


လှည်းတန်းမှာပဲ အဆောင်နေဖို့ ေ ရွးချယ် လိုက်တယ်။ ကံကောင်းချင်တော့ ၇ တန်းကလေးတွေကို စာသင်ဖုိ့အတွက် ေ အ်ာဒါရပြီးတစ်လ ဝင်ငွေ ၅ သောင်းတော့ အနည်းဆုံး ကျန်ခဲ့တယ်။ ၅ သောင်းက အဆောင် တစ်လစာ ၂သောင်းခွဲပေးရင်ဘာမှ မကျန်ဘူးလေ။


စရံကလည်း ပေးရတော့ ငွေက ဘယ်လိုမှ မလောက်ဘူးဖြစ်ရော။ နီးစပ်ရာ သူငယ်ချင်းတွေဆီက ချေးငှားရင်း ဘဝကိုဖြစ်အောင် ၁၅ ရက်လောက် ကျောင်းခဲ့ ရတယ်။ အဆိုးဆုံး ကတာ့ မနက်စာ လွတ်ခံရင် နေ့လည်စာနဲ့ ညစာ စားနိုင်ပြီး မနက်စာမလွတ်ရင် နေ့လည်စာ

အလွတ်ခံရတဲ့အထိ အခြေအနေ ဆိုးခဲ့တယ်။ ဒါတောင် ေ ချးငှားထားတဲ့ ပိုက်ဆံနဲ့ ေ နထိုင် စားသောက်တာ။ အဲ့ ၁၅ ရက်အတွင်းအလုပ်တစ်ခု မြန်မြန် ရှာရတယ်။ အလုပ်အကိုင် အခွင့်အလမ်း ဂျာနယ်ကို ဝယ်ဖတ်ရတယ်။


နောက်တော့ ကုမ္မဏီတစ်ခုက ဘာသာပြန်ခေါ်နေတာ ေ တွ့ပါလေရော။ အမေရိကန် အလုပ်ကလည်း International news for

myanmar Facebook Page ေ ကြာင့် ရခဲ့တာ။ ယခု အလုပ်လည်း အရင်က background ေ တွကို ြ ပန်ပြတော့ကောင်းကောင်းကြီးလက်ခံပြီး လစာ ၁သိန်းခွဲနဲ့ ဝင်လုပ်ရပါတယ်။ ကားလေလံဝဘ်ဆိုဒ်လုပ်ပြီး ယင်းဆိုဒ်မှာ သတင်းတွေတင်ဖုိ့အတွက်သတင်း ကဏ္ဍအားလုံးကို တာဝန်ယူရခြင်း ဖြစ်ပါတယ်။ ဒီအတွက် ၁သိန်းခွဲတောင်းတာ များပါဘူးလေ။


ဒုတိယပိုင်း (အပြီး) ကို အောက်က link မှာ ဖတ်နိုင်ပါတယ်ခမျာ။ https://m.facebook.com/groups/2001239446861643/permalink/2865229193795993/


အချိန်ရမှဖတ်ပါ


Part 1 ဖတ်ရန် - https://m.facebook.com/groups/2001239446861643/permalink/2865215973797315/

 


အပေါ်က limk ကိုဖတ်ပြီးမှာ အောက်က စာအဆက်ကိုနားလည်မှာပါ။ အရမ်းရှည်လို့ Facebook က လက်မခံလို့ပါ။


ကံကောင်းခြင်းတို့ ရောက်ရှိလာခြင်း


အမှန်တော့ ကံကောင်းခြင်းက သူ့အလိုသူ မရောက်ရှိပါဘူး။ အကြောင်းရှိလုိ့ အကျိုးဖြစ်တာ ေ လာကကြီးမှာ ေ ကာင်းသောအလုပ်ကြောင့် ကောင်းသော ကံတွေ ဖြစ်လာခဲ့တယ်။ အလုပ်မှာ အင်တာနက်က အတော်လေး ကောင်းတယ်ဗျ။ တစ်ရက်ကို သတင်း

၁၀ ပုဒ်တင်ဖို့အတွက် အစပိုင်းပဲ အတော်လေး အချိန်ပေးရတယ်။ ေ ရးကျင့်၊ ဘာသာပြန်ကျင့် အတော်လေးရလာတော့ အချိန်ပိုလာတယ်။ မနက်တစ်ပိုင်းမှာ ရုံးအလုပ်လုပ်ပြီးညနေ တစ်ပိုင်း အင်တာနက် သုံးချိန်က အခမဲ့လို ဖြစ်လာတယ်။ ဒါကို ကိုယ်ကသိပေမယ့် တိတ်တိတ်ကလေးနေရတယ်။ ကုမ္မဏီက သိရင်မကောင်းဘူးလေ။ ဒါနဲ့ပဲ အားတဲ့အချိန်လေးမှာ ကိုယ့် Facebook Page အတွက် ဘာသာပြန်တွေ၊အတွေးအမြင်ရသတွေ တင်ရင်း အချိန်တွေကုန်ခဲ့တယ်။ သူများ တကာ ပေ့တွေ ဝင်ဖတ်တယ်။ နောက်တော့

နည်းပညာ ဂျာနယ်တစ်ခုရဲ့ မအောင်မြင်သေးတဲ့ Facebook Page တစ်ခုကို ေ တွ့ခဲ့ပြီး ေ အာင်မြင်ရန် လုပ်ပေးပါမည်ကြောင်းအစရှိသဖြင့် စာရေးပို့လိုက်တာ ေ ကြးစား သဘောမျိုးနဲ့ စတင်အလုပ်ခဲ့တယ်။ တစ်ပတ်အတွင်း Like ဘယ်လောက်တက်ရမယ်ဆိုတဲ့

Target မျိုးနဲ့ စတာပေ့ါ။ လက်သွေးဆာနေတာ၊ သွေးသား အကျင့်ရနေတာ အတော်လေးများလာတော့ စပြီး သတင်းတွေဘာသာပြန်၊ အတွေးအမြင် ဆောင်းပါးတွေ တင်တာက စလို့ Facebook Like တွေအတော်လေး ထိုးတက် ပါတော့တယ်။


ဒါနဲ့ပဲ တစ်လ ၁သိန်း ၂ သောင်းနဲ့ တစ်ရက်ကို Post ၃ ခု Facebook နဲ့ Blog မှာတင်ရမယ်လို့ တာဝန်ရလိုပြီး ကိုယ်ပိုင် INM Page ကိုလည်း Blogspot လေး စလုပ်ဖြစ်ပါတော့တယ်။ www.innewsmyanmar.com ဖြစ်လာအောင် ဒိုမိန်းကို မြန်မာငွေ တစ်သောင်းကျပ်

နဲ့တောင် ဝယ်ဖြစ်လိုက်ပါသေးတယ်။ နည်းပညာ ဂျာနယ် အွန်လိုင်းမှာ ေ ရးတယ်ဆိုတာ အရင်က အိုင်တီ ကုမ္မဏီမှာလည်းလုပ်ဖြစ်ခဲ့သေးတာကိုး။ အိုင်တီ ဗဟုသုတ နည်းပေမယ့် ေ ပးချင်တဲ့ ေ စတနာ များတာကြောင့် ဘာတင်တင် ေ အာင်မြင်သလိုဖြစ်ခဲ့တယ်။ ဒ်ီလိုနဲ့ သူဌေးက သဘောကျတဲ့အထိ ဖြစ်ခဲ့တာပေါ့။ ကားကုမ္မဏီက အလုပ်ကိုလည်း လုပ်နေတုန်းပဲ။ နည်းပညာ ဂျာနယ်အတွက်က တိတ်တိတ်လေး လုပ်တာပေါ့။ ကိုယ်ပိုင် မီဒီယာအတွက်လည်း လုပ်တယ်။


သင်္ဘေားသားဘဝ ပြန်မှန်းဆခြင်း


ဒီလိုနဲ့လုပ်နေတုန်း သင်္ဘောသားဖြစ်ရန် သင်တန်း ၃ ခုသာ တက်ရန်ကျန်သည်ဆိုတဲ့ သတင်းကြောင့် ပထမဆုံး ေ စျးသက်သာတဲ့တစ်ခုကို ေ ချးငွေနဲ့ စတက်ဖြစ်ခဲ့တယ်။ ကားကုမ္မဏီကလည်း ညှိယူလို့ရတော့ ရုံးဆင်း ညနေ ၄ နာရီမှာ သွားလုပ်လဲ လက်ခံခဲ့ကြတယ်။ နေ့ဘက် ထမင်းစားချိန်မှာ နည်းပညာ ဂျာနယ် Facebook Page မှာ တင်ပေးတာပေါ့။ ဒီလိုနဲ့ ၁လခွဲပဲ ကြာမယ် ထင်ပါတယ်။ သင်္ဘောသား ဘဝအတွက် ြ ပန်မှန်းဆပေမယ့် တက်ခဲ့တဲ့ ေ ကျာင်းနဲ့ ရခဲ့တဲ့ ဆုတံဆိပ်အတွက် နှေ မျာလို့ဗျ။ အဆင့် ၁ မို့လို့ ဘယ်

ကုမ္မဏီက အလကားလာပင့်မလဲ ေ စာင့်နေတာ ကိုယ်တွေသာ လိုက်မယ်ဆိုရင် သိန်း ၂၀ အထပ်ကုန်မယ့် အပြင်၊ အိမ်ဂရန်ပါပေါင်ရကိန်း ရှိတဲ့အခြေအနေ တစ်ခု။ အဲလို ဒုက္ခတွေက ကိုယ့်ရဲ့ပညာမာနကို ပိုလို့ ထိခိုက်သွားစေတယ်။ ပညာမှာ မာန ထားရင်


မှားတယ်လို့ ဆိုကြတယ်။ သို့ပေမယ့် ထိုက်တန်တဲ့ ရလဒ်တစ်ခု မရတာကျ ခေါင်းငုံ့မခံချင်ဘူး။ သတင်းဘာသာပြန်တာကနေ အွန်လိုင်းအယ်ဒီတာအခန့်ခံရတဲ့အထိ အခြားမှာအောင်မြင်ခဲ့တယ်။ ဒီတော့ တစ်လခွဲ သင်တန်းလည်း ြ ပီးရော သင်္ဘောလိုက်မယ့်အကြောင်းအရာကို ယာယီမေ့ထားလိုက်ပြန် ပါတယ်။


အလုပ်အသစ်ရခြင်း


လက်ရှိက ကားကုမ္မဏီမှာ တစ်ခု၊ နည်းပညာ ဂျာနယ်မှာတစ်ခု၊ ၇ တန်းကလေးတွေကလည်း ၈ တန်းတက်ပေမယ့် ဆက်ခေါ်ဆဲမို့ဂိုက်ကလည်း သင်သေး။ အလုပ်က ၃ ခုရှိပြီ။ အဲ့တုန်းကပေါ့။ အစက သင်္ဘောတက်မယ်ယောင်ယောင်ကြောင့် မတက်တော့ဘူးလို့

ဆုံးဖြတ်ခဲ့မိတဲ့ အဘိဓမ္မာ ဂုဏ်ထူးဆောင်တန်းကို ရုံးပိတ်ရက် တနင်္ဂနွေနေ့လေးမှာ သွားတက်ဖြစ်လိုက်သေးတယ်။ တက်တာကရွှေတိဂုံ ြေ မာက်ဘက်နဲ့ရှေ့ဘက်မုဒ်ကြားက ဓမ္မာရုံ တစ်ခုမှာပါ။ အလုပ်ကလည်း ၃ ခုရှိပြီ။ ဘာသာရေး စာပေ သင်တန်းလည်း

တက်နေပေမယ့် ရလာတဲ့အခွင့်အလမ်းတွေရှိရင် လက်အလွတ်ကလည်း မခံချင်ဆိုတော့ ကိုယ့်ဆီကို ဂျာမနီ ကုမ္မဏီကုမ္မဏီတစ်ခုလာဆက်သွယ်တာ ေ တွ့လိုက်ရပါတယ်။ ဂျာမနီ ကုမ္မဏိဆိုတာ ဒီလိုပါ။ အင်တာနက်၊ ဝဘ်ဆိုဒ် ကုမ္မဏီတစ်ခုဖြစ်ပြီး ြ ပည်တွင်းမှာအွန်လိုင်းဝန်ဆောင်မှုစနစ် တစ်ခုကို ဖန်တီးနေကြတာပါ။ ကျနော့ရဲ့ INM Page ဆီကို စာပို့ပြီး စာတင်ချင်ပါတယ် ဘာညာ ပို့လာတော့ကိုယ်တိုင်တွေ့ပြီး လာရှင်းပြချင်တယ် ဘာညာပြောလိုက်တာ။ ရုံးမှာ ခေါ်အတွေ့ခံရပါလေရော။


ဒတ်ခ်ျလူမျိုး ၂ ဦးနဲ့ မန်နေဂျာ အဆင့် အရာရှိ ၆ ဦး ပါဝင်တဲ့ ရုံးခန်းထဲမှာ သူတို့ ဝဘ်ဆိုဒ်ကို အွန်လိုင်းမှာ ၊ ကျနော့ဝဘ်ဆိုဒ်မှာ ဘယ်လိုကြော်ငြာရင် ဘယ်လိုဖြစ်တယ်။ ေ အာင်မြင်တယ် ဆိုတာကို အာပေါင်အာရင်းနဲ့ ြေ ပာလိုက်တာ အင်္ဂလိပ်လိုကော၊ ြ မန်မာလိုကော

အားလုံး ေ ရာညှပ်ပြောပြစ်တယ်။ ဘယ်နေရာမှာမဆို First Impression က အရေးကြီးတယ်။ ကျနော် အဲ့ဒီနေရာမှာ တစ်ကွက်သာသွား တယ်။ ပြောလိုက်တဲ့ အလုံးတွေကြောင့် တစ်ပတ်အတွင်း ပြန်ချိန်းပြီး သူတို့ဆီမှာ အလုပ်လာလုပ်ဘာလား ဘာညာ အချိန်းဆို

ပြောဆို ခံရ ပါတယ်။ ကျနော်က ကျနော့ဆိုဒ်မှာ သတင်း၊ကြော်ငြာတင်ပေးမယ်ပဲ ြေ ပာတာလေ။ သူတို့က ကျနော့ကို သူတို့ဆီမှာလုပ်ချင်တယ် ဆိုတော့ ရပိုင်ခွင့် အကျိုးခံစားခွင့်က ဘယ်လောက်လဲ တိုင်ပင်ညှိနိုင်းကြတော့ တစ်ရက်စာအတွက် ေ ဒ်ါလာ ၃၀ ပါ။

မြန်မာငွေနဲ့ ၃ သောင်းလို့ပဲ ရှင်းရှင်းတွက်လိုက်ကြ ပါတယ်။ ဒါနဲ့ တစ်ပတ်မှာ တနင်္လာ ညနေပိုင်း၊ သောကြာ ညနေပိုင်း ရုံးကို ပုံမှန်ဆင်းပေးဖို့ သဘောတူလိုက်ပြီး တစ်ပတ်ကို ၃ သောင်းရတဲ့ အလုပ်တစ်ခု ဖြစ်ခဲ့ရပါတယ်။


ဒီတော့ ကားကုမ္မဏီကို စရွှီးရပြီ။ သင်္ဘောသား သင်တန်းတစ်ခုတက်ရလို့ အပတ်စဉ် တနင်္လာနေ့တစ်ပိုင်းနဲ့ သောကြာ နေ့တစ်ပိုင်းတော့ပျက်ပါရစေ။ ဘာညာပေ့ါ။ ဒါတောင် ကားရုံးကို မနက် ၁၁ နာရီမှ ပုံမှန်ရောက်သလို ြ ဖစ်နေတာ။ မနက်ပိုင်းက တာမွေမှာကလေးစာသွားသင်ရတာကိုး။ ရုံးက အလုံမှာ။ နိုင်ငံခြား ကုမ္မဏီကျတော့မြို့ထဲမှာ။ ခရီးက သုံးခု ဖြစ်နေပါလေရော။ ဒါပဲလား ဆိုတော့မဟုတ်သေးဘူး။ မတော်သေးဘူး။ ရုပ်သံဌာန တစ်ခုက ရုပ်သံလမ်းညွှန် မဂ္ဂဇင်း တစ်ခုထုတ်တယ်။ ဘယ်နေ့မှာ ဘယ်ဇာတ်ကား ပြမယ်၊ ဘာညာဆိုတာတွေပေါ့။ အဲဒါတွေကို ဖတ်ပြီး သူတို့ရေးတာထပ် ငါက ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းအောင် ရေးနိုင်တယ်လို့ယုံကြည်တော့ သူတို့ Facebook Page ကို စာပို့ ကြည့်လိုက်မိတယ်။ ေ ရးချင်ပါတယ် ဘာညာနဲ့ ကျနော်လုပ်နေတာလေးတွေကိုပြလိုက် တာပေါ့။ နောက်တော့ သူတို့ ဌာနကို လာဖို့ခေါ်ပြီး ဆွေးနွေးကြရာမှာ အပြင်ကနေ Package လိုက်၊ ဂျာနယ် အစောင်တိုင်းမှာ

ရေးပေးဖို့ သဘောတူညီ ခဲ့ကြ ပါတယ်။


ရေးတာက အနည်းဆုံး ချယ်နယ် ၁၂ ခု ရှိမယ်ထင်တယ်။ ေ ဆာင်းပါးကလည်း ပါလိုက်သေး။ ၂ ပတ်တစ်ခါထုတ်တဲ့ ဂျာနယ်မို့တော်သေးတယ်။ သို့ပေမယ့် တစ်စောင်ကို ၃ သောင်းကျပ်ပဲ ရတယ်။ သို့ပေမယ့် ကိုယ်ကလည်း ရေးချင်နေသူဆိုတော့ ၃ သောင်းလဲ

မငြင်းပဲ စရေးတယ်။ တစ်လကို ၆ သောင်းတော့ ရတာပေါ့လေ။ ကဲ ဒါဆို စုစုပေါင်းကြည့်မယ်။ ကားကုမ္မဏီက ၁သိန်းခွဲ၊ နည်းပညာဂျာနယ်က ၁သိန်းခွဲ (စာမူခ ဘာညာပေါင်း အဲ့လောက်တော့ ရှိပါတယ်)။ နို င်ငံခြားကုမ္မဏီက ၁ သိန်းခွဲ၊ စာသင်တာက ၆ ေ သာင်း၊

ရုပ်သံလမ်းညွန်မှာက ၆ သောင်း။ ပြီးပြီလားဆို မပြီးသေးဘူး။ နိုင်ငံခြားကုမ္မဏီအလုပ်၊ ရုပ်သံဂျာနယ် အလုပ်ရပြီး ရက်ပိုင်း အတွင်းပဲနောက်အလုပ် တစ်ခု ထပ်ရတယ်။ ပြည်တွင်းက သတင်းစုံတင်တဲ့ ဝဘ်ဆိုဒ်တစ်ခုမှာပေါ့။ အဲ့တုန်းက ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ဖြစ်မယ်


ထင်ပါတယ်။ တစ်လကို လစာ ၁ သိန်းခွဲနဲ့ တစ်ရက်ကို သတင်း ၃ ပုဒ်- Facebook Page နဲ့ ဆိုဒ်မှာ တင်ပေးဖို့ သဘောတူလေတော့ ၁သိန်းခွဲတန် နောက်အလုပ်တစ်ခု ထပ်ရပါတယ်။ အဲဒါကလည်း ရုံးတက်စရာမလိုဘူးလေ။ ထုံးစံအတိုင်း အလုပ်အားလုံးကို ကားကုမ္မဏီ

ရုံးထဲကနေပဲ မသိမသာ လုပ်ရတာပေ့ါ။ သိလည်းသိနေကြပါတယ်။ ဒီကောင်လေး တို့အလုပ်ကို နည်းနည်းလုပ်ပြီး သူများ အလုပ်တွေလုပ်ပေးနေတယ်ဆိုတာကို ရိပ်မိကြပေမယ့် ဘာမှမပြောပဲ လွတ်ပေးထားတယ်။ သူတို့ အလုပ်လည်း တာဝန်ကျေတဲ့အပြင် စိတ်ပါ

ဝင်စားစွာ ကြိုးစားလုပ်ပေးတာကိုး။


ဒီတော့ လစာ အားလုံး ေ ပါင်းလိုက်ရင် ဝင်ငွေက တစ်လကို ၈ သိန်း ေ ကျာ်နေပြီ။ အခြားဂျာနယ်တိုက်၊ မဂ္ဂဇင်းတိုက်တွေကလည်းတောင်းတော့ စာမူတွေလည်း ပို့ဖြစ်တာကိုး။ အဲ့ဒီအချိန်မှာ ြ မန်မာပြည်မှာ လူငယ်တစ်ဦး လုပ်ငန်းရှင်ဖြစ်ဖို့ဆိုတာ ဆိုတဲ့ ေ ခါင်းစဉ်နဲ့

ဆောင်းပါး တစ်ပုဒ် ရေးဖြစ်လိုက်တယ်။ အောင်ခမ်းဆိုတာကိုလည်း အတော်များများ သိသွားကြတယ်။


မိသားစုဘဝ ပြန်စခြင်း


ကျနော်က မိဘတွေ ြ ပန်ကတည်းက တစ်ကောင်ကြွက်လိုဖြစ်သွားတာ။ အလုပ်ခပ်များများ လုပ်ချိန် အိပ်ချိန် နည်းသွားတာတော့အမှန်ပါပဲ။ တစ်ရက်ကို အနည်းဆုံး ၆ နာရီအိပ်ရဖို့တော့ ကျနော် ကြိုးစားပါတယ်။ အမှန်တော့ အချိန်ရရဲ့သားနဲ့ လပ်တော့နဲ့ အိပ်ခါနီးရုပ်ရှင် ကြည့်ကြည့်နေတာ။ ကားကုမ္မဏီမှာ စဝင်လုပ်တဲ့အချိန်ကစလို့ ေ ရကြောင်းက ေ ကျာင်းနေဖက် ၃ ေ ယာက်နဲ့

တိုက်ခန်းစုငှားနေတာလေ။ ၆ လပြည့်ချိန်မှာ အားလုံးဆင်းကြပါလေရော။ ကျနော်က ေ ငွ ဝင်ကောင်းချိန် ဆိုတော့ သူတို့ဆင်းလဲအိမ်စာချုပ်ကို မပြည့်ပြည့်အောင် ကြိုးစားချုပ်လိုက်တယ်။ အဲ့ဒီမှာစပြီ။ ကျနော် ေ မ့ထားပစ်လိုက်တာ မိသားစု တစ်ခုလုံးကိုပါပဲ။ ညီမ

လေး ၂ ယောက်၊ အစ်ကို အပြင်၊ အောင်ပန်းက မိဘတွေကိုပါ မေ့ထားခဲ့တာပါ။ လုံးဝ မေ့တာတော့ မဟုတ်ဘူးနော်။ ညီမငယ်ကိုတော့အလုပ်စ အဆင်ပြေတဲ့ သြဂုတ်လ ၂၀၁၂ က စလို့ တစ်လ ေ ငွ ၇ ေ သာင်းတော့ ပို့ဖြစ်မယ်ထင်တယ်။ မိဘကိုတော့

မပို့ဖြစ်သလောက်ပေါ့။ ညီမကြီး တစ်ယောက်က ရန်ကုန်မှာ ေ ဆးဘက်ဆိုင်ရာ တက္ကသိုလ်တက်နေတာလေ။ သူကလည်းလေးဘာသာဂုဏ်ထူးနဲ့ ေ ဆးကျောင်းမမှီတာကြောင့် ေ ဆးဘက်ဆိုင်ရာကို ေ ရွးထားတဲ့သူ။ မိသားစုနဲ့ ေ ဝး၊ ကူသူကမဲ့။

ကျနော်ကလည်း မကြည့်ဖြစ်တော့ ညီမလေး စိတ်ဓာတ်တွေကျလို့ Depression ဝင်ပါလေရော။ ဒုတိယနှစ် စာမေးပွဲကို ကျပြီးကျောင်းဆက်မတက်တော့ဘူး ဘာညာလုပ်တော့။ ၆ လပြည့်လို့ ြေ ပာင်းသွားကြတဲ့ သူငယ်ချင်းများ ေ ကာင်းမĆှုကြောင့် ငှားထားတဲ့

တိုက်ခန်းမှာ ေ ခ်ါထားဖြစ်တယ်။ လှည်းတန်းမှာပါ။ အရင်ဆုံး ညီမကြီးက ေ အာင်ပန်းပြန်သေးတယ်။ ေ အာင်ပန်းမှာ မနေချင်တာနဲ့ရန်ကုန် ပြန်လာချိန် ကျနော်ခေါ်ထားဖြစ်တာပါ။ ကျနော်နဲ့ နှစ်ယောက်တည်းလည်း မဖြစ်နိုင်တော့ အမေ့ကိုပါ ခေါ်လိုက်တယ်။


ဒါဆို အိမ်မှာ အမေ၊ ညီမကြီးနဲ့ ၂ ေ ယာက်တောင်တိုးသွားပြီ။ သူတို့အတွက်လည်း လစာကနေ ကျနော် ေ ကြွးထားနိုင်သေးတယ်။ ညီမငယ်ကိုလည်း ပို့ပေးတယ်။


ပညာရေးလမ်း ပြန်စခြင်း


ကျနော် အရာအားလုံးကို ေ မ့ထားသလို ြ ဖစ်သွားတယ်ဗျ။ သို့ပေမယ့် စာကျက်ဖို့ အချိန်မပေးနိုင်ခဲ့သည်တိုင် နီးမှကျက် ေ ဖ်ာမြူလာနဲ့

အဘိဓမ္မာ ဂုဏ်ထူးဆောင်စာမေးပွဲကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှာ ဝင်ဖြေဖြစ်ခဲ့သေးတယ်။ အဲ့ဒါပြီးမှ အမေနဲ့ ညီမကရောက်လာတာလေ။ မိသားစု အခက်အခဲ၊ အလုပ်ဝန်ပိမĆှုတွေကြောင့် လူအတော်များများ ပညာရေးကို ရွေ့ထားကြပေမယ့် ကျနော် ရွှေ့

မထား နို င်ဘူး။ ငါ ပညာဆက်သင်ရမယ်ဆိုတဲ့ ခံယူချက်နဲ့ ဘယ်ကျောင်းတက်ရမလဲ အမြဲတမ်း ေ စာင့်ဆိုင်းရှာဖွေတယ်။ ပိုက်ဆံအပိုမရှိလည်း ေ ငွစု၊ငွေချေးပြီးတက်မယ်ဆိုတဲ့အထိပေါ့။ အလုပ်ကလည်းလုပ်အုံးမယ်ဆိုတော့ ရုံးပိတ်ရက်လေးတွေမှာ


တက်မယ် ဆိုပြီးတော့လေ။ အဲ့ဒီမှာ နည်းပညာ ဂျာနယ်က သူဌေးနဲ့ ေ ရစက်က စုံပါလေရော။ သူကလည်း လူငယ်ဗျ။ အသက် ၃၀မပြည့်သေးဘူး။ ေ ငွကြေးအရ၊ ရာထူးအရ ချမ်းသာတဲ့ မိသားစုက ေ ပါက်ဖွားပေမယ့် ေ နာက်ခံ အင်အားကို ဖုံးကွယ်လို့ ကိုယ်ပိုင်

အရည်အချင်းနဲ့ ရပ်တည်နေတဲ့ သူပါ။ ကျနော်ကလည်း သူ့ဂျာနယ်ကို Facebook မှာ ပေါက်အောင်ရေပေးနေဆဲ ကာလ တစ်ပတ်မှာ စနေနေ မနက်ပိုင်း အပတ်စဉ် သွားထိုင် စကားပြောဖြစ်တယ်။ အလုပ်အကြောင်းက အဓိကပါ။ အိမ်စာချုပ်ချုပ်ဖို့ငွေလိုနေတဲ့အချိန်တောင် သူ့ဆီက ေ ချးယူရတဲ့အထိ ရင်းနှီးခဲ့တယ်။ အစုံးအစွန်ဆုံးအဖြစ် ဒစ်ဂျစ်တယ်ဖုန်းကိုင်ပြီး နည်းပညာစာရေးနေရတဲ့ ကျနော့ကို Samsung Galaxy Note 2 တစ်လုံး အကြွေးနဲ့ ဝယ်ပေးရလောက်တဲ့အထိ သူရက်ရောခဲ့တယ်။


ကျနော်လည်း ဝမ်းသာတာပေါ့ဗျာ။ ကိုယ်တိုင်ဆိုရင် ဘယ်ကိုင်နိုင်မလဲ။ ေ ငွ ၆ သိန်းလောက်ကုန်သွားတယ်။ အဲဒီအတွက်က။ အိမ်စာချုပ် အတွက် ေ ချးငွေကလည်းရှိ၊ ဖုန်းအတွက်လည်း ေ ငွချေးထားတဲ့အပြင် အားမနာတမ်း ေ ကျာင်းတက်ဖို့ ကျနော်

ငွေဆက်ချေးမိလိုက်တယ်။ သင်္ကြန်မတိုင်ခင်က ြေ ပာလိုက်တာပေါ့။ ကွန်ပြူတာ သင်တန်းတစ်ခုမှာ B.sc (Hons) တက်ဖို့အတွက်ငွေချေးပါလို့ဆိုတော့ သင်တန်းကို သွားစုံစမ်းခိုင်းတယ်။ ေ နာက်တော့မှ သူက ဟင့်အင်းတဲ့ စင်္ကာပူမှာ သွားတက်ပါတဲ့လို့ ဆိုတော့

သူ့မိတ်ဆွေ ဖွင့်တဲ့ စင်္ကာပူက ကျူရှင်တစ်ခုကို Facebook Page ကနေ စာပို့ ြ ဖစ်တယ်။ သင်္ကြန်တွင်းမှာ ထုံးစံအတိုင်း တရားစခန်းဝင်တယ်လေ။ အိမ်က သားအမိကိုလည်း တရားစခန်းပို့လိုက်တာပေါ့။ အတူတော့ မဝင်ဘူး။


တရားစခန်းက ထွက်လာတော့ မင်္ဂလာသတင်းက စကြားရ ပါလေရော။ စင်္ကာပူသွားဖို့အတွက် အမြန်ပြင်ပါ၊ ဘာညာဖြစ်လာပြီးတစ်သက်နဲ့ တစ်ကိုယ် အိပ်မက်တောင် မမက်ဖူးတဲ့ စင်္ကာပူမှာ ေ ကျာင်းတက်ရမယ်ဆိုတော့ ေ ပျာ်သွားတာပေါ့။ ပညာသင်ဆု ေ ပးတဲ့

သဘောမျိုးဖြစ်ပြီး သူ့ရုံးခန်းမှာ ေ အးဆေးရှင်းပြတယ်။ Networking ပညာရပ်ဖြစ်ပြီး CCNA စာမေးပွဲဖြေဖို့အတွက်ပါ။ အဲ့အတွက်သူဌေးက စင်္ကာပူ ေ ဒ်ါလာ ၅ ေ ထာင် မတည်လိုက်တယ်။ စာချုပ်အရ ဆိုရင်တော့ ၅ နှ စ်စာပြန်လာသင်ရမှာပေါ့။ ကျနော်ထင်ထားတာက CCNA တင်မက ေ နာက်အဆင့်အချို့ကိုလည်း ဆက်ပေးမယ်ပေါ့။ စာချုပ်တွေထပ်ချုပ်တဲ့အခါ ဒီစာချုပ်အောက်မှာပဲ ဆက်ကပ်သွားမယ်လို့လည်း ြေ ပာတော့ ထပ်ရမယ်လို့ ယုံကြည်ပြီး လက်မှတ်ထိုးလိုက်တယ်။ ဒါနဲ့ပဲ စင်္ကာပူရောက်သွားတယ်။


စင်္ကာပူ ဘဝ


စင်္ကာပူကို အလည်အပတ်ဗီဇာနဲ့ သွားပြီး အချိန်တိုအတွင်း ကျူရှင်အမြန်တက်တာပါ။ ေ ကျာင်းသား ဗီဇာနဲ့ ေ ကျာင်းကျကျနန သွားတက်တာ မဟုတ်ပါဘူး။ သို့ပေမယ့် အချိန် ၂ လတာ ရလိုက်တယ်။ တစ်လက ထပ်တိုးရ တာကိုး။ စသွားချိန်က ေ မလ ၃ရက်နေ့ထင်တယ်။ ရန်ကုန်၊ လှည်းတန်းက တိုက်ခန်းမှာ အမေနဲ့ ညီမ ၂ ေ ယာက်တည်ဖြစ်နေတော့ တာမွေမှာ ေ နတဲ့

အစ်ကိုအရင်းဖြစ်သူကို မကြာမကြာ လာလည်ဖုိ့ ေ ခ်ါရတယ်။ သူကလည်း တာမွေက အင်တာနက်ဆိုင် တစ်ခုမှာ လုပ်တယ်လေ။ အဲ့အချိန်ကပေါ့။ အစ်ကိုကတော့ ေ ကျာင်း မပြီးနိုင်ခဲ့ဘူး။ သို့ပေမယ့် ရန်ကုန်မှာ ရုန်းကန်ဖို့အတွက် စိတ်ဓာတ် ြ ပန်မြင့်တင်ပြီး

အောင်ပန်းကနေ ပြန်ချီတက်လာသူ ဖြစ်ပါတယ်။ ဒါနဲ့ပဲ ၂ ယောက်တည်းဖြစ်နေတဲ့ အမေနဲ့ညီမဆီမှာ သွားနေတာပေ့ါ။ ကျနော်လုပ်တဲ့နည်းပညာ ဂျာနယ်မှာပဲ အလုပ်ရဖို့ ကူညီ ေ ပးလိုက်တယ်။ ေ နာက်တော့ အဖေပါ လာဖြစ်ပါလေရော။ ညီမငယ်လေးသာ တောင်ကြီးမှာကျန်တယ်။ အဒေါ်၊အဖိုးတွေနဲ့ပေ့ါ။ ေ အာ်။ စင်္ကာပူအကြောင်းပြောမလို့ဆို မိသားစု အကြောင်းရောက်သွားတယ်။

ဆောရီး။


စင်္ကာပူရောက်တော့ ြ မန်မာပြည်နဲ့ အတော်လေး ကွာဟနေတဲ့ စီးပွားရေး၊ ပညာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နည်းပညာတွေကို ြ မင်တွေ့လိုက်ရတယ်ဗျာ။ ြ မင်မြင်သမျှက အသစ်သစ်တွေချည်းပဲ။ အင်တာနက်လိုင်းကလည်း ေ မာက်စ် ကလစ် တစ်ချက် နှိ ပ်ရုံနဲ့ လိုချင်တဲ့

target က ချက်ချင်း ကျကျနေတော့ ငါ မြန်မာပြည်မှာ မဟုတ်တာတော့ သေချာတယ်လို့ ကိုယ့်အသားကိုယ် စွဲစိတ်မိလေရဲ့။ ဆုရတဲ့hp လပ်တော့ အဟောင်းလေး သယ်လာပြီး၊ အင်တာနက် လွယ်လွယ်ရတဲ့ စင်္ကာပူမှာ ဖုန်းနဲ့လည်း သုံးတယ်။ ကွန်ပြူတာနဲ့လည်း

သုံးတယ်။ ရန်ကုန်က အလုပ်မှာ ရုပ်သံဂျာနယ် တစ်ခုနဲ့ စာသင်စာပြ အလုပ်သာ ပြတ်ပြီး ကျန်တာ လုပ်မြဲတိုင်းလုပ်တယ်။ ဒါမှ ရန်ကုန်မှာ ကျန်တဲ့မိသားစုနဲ့၊ ေ တာင်ကြီးမှာ တက်နေတဲ့ ညီမငယ်လေးကို ဆက်ထောက်နိုင်မှာလေ။ ပညာရေးတစ်ဖက်၊ အလုပ်တစ်ဖက်နဲ့

စင်္ကာပူက ဆရာတွေကို မျက်စိနှောက်စေခဲ့တယ်။


၂ လအချိန်ကာလအတွင်း CCNA နဲ့ MCSA ကို ပြီးသလောက် သင်လာခဲ့ရပြီး အမှတ်တရများစွာ ကျန်ခဲ့စေခဲ့တယ်။ နိုင်ငံခြား ခရီးစဉ်ဆိုတာ ပထမဆုံးဖြစ်ပြီး ေ ရာက်များရောက်တော့လည်း စင်္ကာပူ ြ ဖစ်နေတာကိုး။ ေ ရကူးကလည်း ဝါသနာ ထုံသူဖြစ်တာကြောင့်

ရေလည်း ပုံမှန်ကူးဖြစ်လေရဲ့။ တစ်ခါကူးမှ စင်္ကာပူ တစ်ဒေါ်လာလေ။ ေ နစရိတ်၊ စားစရိတ်ကို အတတ်နိုင်ဆုံးချွေတာ ရတယ်။ ပညာသင်ဆု အရပေးတဲ့ငွေက စားလောက်ရုံပဲလေ။ ေ လာက်ဖို့အတွက်တောင် မနည်းကြိုးစားယူရပြီး ဆရာတွေ ေ ကျွးစာ၊

ကမ်းစားတောင် စားခဲ့ရသေးတယ်။ သို့ပေမယ့် ပျော်တယ်။


နည်းပညာ ပညာရေး ခြေလှမ်း


ကျနော် စင်္ကာပူ သွားဖို့ သိရကတည်းက သင်္ဘောသားလုပ်ချင်၊ ြ ဖစ်ချင်တဲ့စိတ်ကို ြ ဖတ်ချခဲ့ပြီးပါပြီ။ နည်းပညာ ဂျာနယ် အွန်လိုင်းမှာ နည်းပညာ အကြောင်းတွေ ေ ရးနေပေမယ့် ကွန်ပြူတာတစ်လုံး အတွင်းက ပစ္စည်းတွေကို ေ သချာတောင် သိတဲ့သူ မဟုတ်ပါဘူး။

စင်္ကာပူ ေ ရာက်မှာ ြ မန်ဆန်တဲ့ အင်တာနက်လိုင်းကြောင့် ခပ်မြန်မြန်၊ ခပ်ကောင်းကောင်း ေ လ့လာဖြစ်လိုက် ပါတယ်။ Networking ဆိုတာကိုလည်း ဘာမှ မသိတာကနေ၊ နည်းနည်းသိလာတဲ့အဆင့်အထိ ရောက်လာတယ်။ ဒါနဲ့ ၂ လပြည့်တော့ မြန်မာပြည် ပြန်ရောက်ပါလေရော။


မြန်မာပြည်လည်း ြ ပန်ရောက်၊ ချုပ်ထားတဲ့ ၆ လ အိမ်စာချုပ် ကုန်တာနဲ့လည်း ကြုံလေတော့ ေ နာက်ထပ် ၆ လစာ ထပ်ချုပ်ရပြပါတယ်။ ၅ လပဲ ချုပ်လိုက်တယ်။ တစ်လ ၁ သိန်းနဲ့ ၅ လ ဆိုတော့ ၅ သိန်းပေါ့။ ဒါတောင်ငွေမလောက်လို့ ပညာသင်ဆု ေ ပးတဲ့သူဌေးဆီကနေပဲ ေ ငွချေးလိုက်ရသေးတယ်။ ြ ပန်ရောက်ရောက်ချင်း သုံးစရာငွေ မရှိလောက်အောင် ပျက်နေတာလေ။ အိမ်စာချုပ်ချုပ်လိုက်တာကိုး။ ဒါနဲ့ ြ ပန်ရောက်တဲ့ ဇူလိုင်လ အတွင်းမှာပဲ စာကျက်လို့ CCNA ဆိုတာကို ြေ ဖဖြစ်လိုက်တယ်။ CCNA လည်းဖြေပြီးရော ကျနော် ရနေတဲ့ Support က ပြတ်သွားတယ်ဗျ။ ကျနော်က Stuck ဖြစ်သွား ပါလေရာ။ ဖြစ်ပုံက ဒီလိုပါ။


၂၀၁၂ ခုနှစ် မတ်လ ေ လာက်ကတည်းက ကျနော်နဲ့ ရွယ်တူ သူငယ်ချင်း တစ်ယောက် ေ ပါင်းလို့ အဖွဲ့လေး တစ်ခုတည်ထောင်ဖြစ်တယ်။ လူငယ်တွေကို ြ ပန်ပြီးတော့ စိတ်ဓာတ်မြင့်တင်၊ ပညာသင်ကြားပေးတဲ့ အဖွဲ့ပေ့ါ။ ကျနော်ကိုယ်တိုင်က ၂၁ မပြည့်သေးဘူး။ အဲဒါက အားသန်တော့လုပ်နေပြီ။ အဲ့ဒီအလုပ်ကနေလဲ ဝဘ်ဆိုဒ်တွေထောင်တယ်လေ။ ဒ့ါအပြင် အခြားသော

အလုပ်တွေကလည်း ရှိနေတာ့ ဒါကို ြ မင်နေရတဲ့ ပညာသင်ဆုပေး သူဌေးက မကြိုက်ဘူး။ မကြိုက်ဆို သူပေး၊ သူကျွေးတဲ့လူတစ်ယောက်က သူ့အတွက် တစ်ပိုင်းတစ်စသာ အသုံးဝင်တဲ့ လူတစ်ယောက်ဖြစ်နေတာကိုး။ ကျနော်က တတ်ထားသမျှကို နယ်ပယ်စုံမှာ အကုန်အသုံးချတော့ ေ တ်ာတော်လေး ခရီးရောက်မယ်ထင်တယ်။ ဒါကို ြ မင်တဲ့ ဂျာနယ်သူဌေးက မကြိုက်တော့ပဲပညာသင်စရိတ် ထောက်ပံ့မှုကို ရပ်တန့်လိုက်ပါတယ်။ အဲ့ဒီမှာ ကျနော်က ဟိုမရောက်ဒီရောက် - အလယ်အခြေအနေ - Stuck ဖြစ်သွားတာပါ။


ထင်ထားတာက ဒီ ပညာရေး လမ်းကြောင်းတစ်လျှောက် လျှောက်လှမ်းဖို့အတွက် သူက အားလုံး ထောက်ပံ့ပေးမယ် ဆိုတဲ့ အချက်ပေါ့။ သူ့အနေနဲ့က အပြည့်အဝ အသုံးချခွင့်မရလို့ ရပ်လိုက်တာ သိတယ်။ စင်္ကာပူမသွားခင်ကတည်းက ကျနော် အခြား အလုပ်တွေ

မလုပ်ချင် ေ တာ့ပါဘူး။ အကို့အလုပ်တွေပဲ ပိုလိုပါ့မယ်။ အဲဒါ လစာလေးများ တိုးပေးရင် ဘာညာပြောတုန်း “မင်းကလစာတွေဘာတွေတောင် တိုးတောင်းနေပြီပေါ့” ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် ကျနော်ဆက်မပြောရဲ ြ ဖစ်ခဲ့ရတယ်။ ဆင်မှီပြီးကြံစုပ်တဲ့အပြင် ဆင်သားပါ ဖဲ့စားသလို ြ ဖစ်နေမလားပေ့ါ။ ကျနော်ကတော့ အခြားအလုပ်တွေကို ဆက်မလုပ်ရင် မိသားစုကို

ဆက်ကြွေးနိုင်မှာ မဟုတ်ဘူးလေ။ ဒါကြောင့်မို့ မဖြစ်မနေ လုပ်ရတာ။ သူ့အနေနဲ့ကလည်း ဝန်ထမ်းတစ်ယောက်ကို ပေးနိုင်တဲ့ လစာက


အကန့်အသတ်နဲ့ ရှိလေတော့ ကျနော့ကို လစာမတိုးတဲ့အပြင် ရှိထားတဲ့ ရာထူးပါ ဖြုတ်ပြီး အလွတ်တန်း စာရေးဆရာတစ်ယောက်အထိပြန်ဖြစ်သွားတယ်။ ပညာသင် စရိတ်လည်း ြ ဖတ်လိုက်တာပေ့ါ။ အဲဒီမှာ ေ သပါလေရော။ ကူသူမဲ့ စိတ်ညစ်နေတဲ့ ဘဝမှာ စင်္ကာပူက

ဆရာတွေကို Facebook ကနေ လှမ်းဆက်သွယ်ဖြစ်ပြီးတိုင်ပင်တယ်။ စာမေးပွဲတွေ ဖြေပြီး စင်္ကာပူလာခဲ့ပါ ဘာညာပြောတာပေါ။ ဒါနဲ့ပဲ ဆရာဖြေခိုင်းတဲ့ MCTS ကိုဖြေဖြစ်လိုက်တယ်။ Microsoft Certified Technology Specialist ဆိုတာ Windows OS တစ်ခုကို

ကုမ္မဏီကြီးတွေမှာ troubleshoot လုပ်၊ Operation လုပ်တာတွေ အကုန်လုံးပါတဲ့ ဘာသာရပ်ပါ။ မခက်ပါဘူး။ ကျနော်က Windows 7 OS ကိုပဲ ဖြေဖြစ်လိုက်တယ်။ သူများတွေက Windows 8 ကိုဖြေနေကြပေမယ့် ဒိတ်မအောက်သေးတဲ့ 7 ကိုပဲ ဖြေလိုက်တယ်။ ပထမ

တစ်ခါ ကျ တာကို ဘယ်သူ့ကိုမှ မပြောပဲ နောက်တစ်ခါ ထပ်ဖြေတော့ အောင်သွားတယ်။ အဲ့အတွက်လည်း ငွေချေးပြီး ဖြေရတောပါ။ တစ်ခါဖြေ ၈ သောင်းခွဲမို့ ၁သိန်း၇ သောင်းတော့ ကုန်သွားတယ်။ CCNA တုန်းက ၃သိန်းခွဲကို သူဌေးက ပေးခဲ့တာမို့ တော်ပါသေးတယ်။


ယောင်လည်လည် အတွေး၊ အလုပ်နှင့် ပညာရေး


စင်္ကာပူက ြ ပန်ရောက်ရောက်ချင်း အဘိဓမ္မာ ဂုဏ်ထူးဆောင် စာမေးပွဲ ေ အာင်စာရင်းသွားကြည့်တော့ ပ၊ဒု၊တ သုံးဆင့်မှာ ဒုတိယအဆင့်နဲ့ တတိယ အဆင့်အောင်မြင်ပြီး ပတမ အဆင့်တစ်ခုက ကွက်ပြီးကျခဲ့တာကို ေ တွ့ရတယ်။ တန်ပါတယ်လေ။ တစ်ပတ်မှာတနင်္ဂနွေ တစ်ရက်တောင် သွားဖြစ်အောင် မနည်းကြိုးစားယူခဲ့ရတာ။ ဒီလိုအောင်တာကို ကံကောင်းတယ်လို့ မှတ်ယူရတယ်လေ။ အခုတော့ ပအဆင့်ကို ပြန်တက်ပြီးဖြေမှာပေါ့။ အဘိဓမ္မာ စားမေးပွဲက စာမေးပွဲ။ လောလောဆယ် CCNA နဲ့ MCTS ရှိပြီ ငါဘာလုပ်မလဲ

အစရှိသဖြင့် အတွေးက ေ ယာင်လည်လည်ဖြစ်သွားတယ်။ ကံဆိုးနေချိန်မှာ ကံတစ်ခု ေ ကာင်းလာတာက ဂျာမနီ ကုမ္မဏီက Online Marketing Manger ဆိုပြီး ရာထူးတိုးပေးလို့ တစ်ပတ်ကို တနင်္လာနဲ့ သောကြာ ၂ ရက်ဆင်းပြီး တစ်ရက်ကို ၃ သောင်းနဲ့ တန်ကြေးဖြတ်

ပါတယ်။ ကျနော်ကလည်း နို င်ငံခြားပြန်သွားမယ်လို့ ြေ ပာထားတော့ သူတို့က သွားရင်လည်း ဆက်လုပ်လို့ရအောင်ဖန်တီးပေးထားတာပါတဲ့။ ကျနော်စင်္ကာပူရောက်တော့လဲ ဟိုကနေ အသေအချာ လှမ်းလုပ်ပေးတာကို။ ဒါကို သဘောကျလို့ ရာထူးကတက်သွားပြီး ဝန်ကလည်း ပိပါလေရာ။ Oline Marketing Manger ဆိုတာကို ေ သချာမသိရာကနေ ေ လ့လာ၊ သင်ကြားမိရာ ကနေ

အတော်လေး သိလာရတယ်။ SEO, SEM အစရှိသဖြင့်ပေါ့။ Search Engine Optmization နဲ့ Search Engine Marketing ကိုဆိုလိုတာပါ။ ကြားထဲမှာ ၁၀ ရက်စာလောင် အမေရိကန် အခြေဆိုက် အွန်လိုင်း အခမဲ့ ထရိန်နင် ကျောင်းတစ်ခုဖြစ်တဲ့ Codecademy

ကနေ Web Fundamental ကို ြ ပီးအောင် တက်ဖြစ်ခဲ့တယ်။ HTML နဲ့ CSS ကို အခြေခံ အကုန် ြ ပီးသွားတာပေါ့။ Web Designer လိုင်းသွားမလား၊ သို့တည်းမဟုတ် Programm တစ်ခုကို ေ ရွးချယ်လုပ်ကိုင်တဲ့ Developer လုပ်မလား ဆိုတဲ့ ေ ရွးချယ်စရာအဆင့်တစ်ခုပဲ ကျန်တော့တယ်။


သို့ပေမယ့် ရပ်လိုက်တယ်။ Networking မှာကော၊ Microsoft OS System မှာကော၊ Web Developing မှာကော သိချင်စိတ်တွေများပြီး၊ သိချင်တာ အချို့သိရပြီးတော့ ဆက်သွားဖို့ ဝန်လေးသွားပါတယ်။ အမှန်တော့ MCSA ကိုဆက်ဖြေချင် သေးတာ။ ပိုက်ဆံက

မရှိတော့လို့။ CCNP ေ တာင်ဆက်ဖြေမလို့ ြ ပင်ဖြစ်ခဲ့သေးတယ်။ သို့ပေမယ့် ေ ငွကြေး ဆက်မလိုက်နိုင်တာကြောင့် အားလုံးရပ်လိုက်တယ်။ ဒီမှာ ေ မးကြပြီ။ ပိုက်ဆံဒီလောက်ဝင်နေပြီး ေ ငွမလိုက်နိုင်ဘူးဆိုတော့ ဟုတ်ရဲ့လားပေါ့။ ဟုတ်ပါတယ်။

မလိုက်နိုင်ပါဘူး။ ၆ လ တစ်ခါ အိမ်စရိတ်၊ ေ အာင်ပန်းက အဖွား စရိတ်၊ ရန်ကုန်က မိသားစုစရိတ်၊ အထွေထွေ ကုန်ကျစရိတ်အားလုံးကို ခွဲတမ်းချလိုက်ရင် ေ ငွစီမံခန့်ခွဲမှု ညံ့တဲ့ ကျနော်က တစ်လစာ အသုံးစရိတ် ပိုတယ်လို့ မရှိ၊ တစ်ခါခါကျရင်လိုတောင်လိုနေသေးတယ်။


စိတ်ဓာတ်က မကျဘူးဆိုရင်တောင်တက်မလာခဲ့တော့တာ အမှန်ပါပဲ။ အကြောင်းက လမ်းပျောက်နေပြီလေ။ ၃ လအတွင်း ြ ပီးအောင်လုပ်ခဲ့၊ သင်ခဲ့တဲ့ Networking နဲ့ System ပညာတို့ အတော်လေးကောင်းတယ်။ Web Developing လည်း ကောင်းတယ်။ သို့ပေမယ့်

ထမင်းစားဖို့အတွက် တကယ် လုပ်ကျွေးနေတဲ့ ကီးဘုတ်ပဲဗျ။ ကျနော် စာတွေရေးနေဆဲပဲ။ စာရေးတာကနေ အဓိက ပိုက်ဆံရနေတယ်။ ဒီတော့ သင်နေတာတွေတစ်မျိုး၊ လုပ်နေရတာက တစ်မျိုး၊ ေ ပျာက်နေတာက ရည်ရွယ်ချက်၊ လမ်းကြောင်းက တစ်ခု။

ဟိုယောင်ယောင်၊ ဒီယောင်ယောင်ဆိုတာ ြ ဖစ်ဖို့အလားအလာများတော့ စိတ်မလွင့်အောင် ေ န့ရော၊ ညရော အလုပ်မှာစိတ်နစ်ဖြစ်တယ်။ အားလပ်ရက် ဆိုတာ မထားပါဘူး။ အလုပ်လုပ်တာဟာ ကျနော့အတွက် အားလပ်ရက်ကို အချိန်ကောင်းကောင်း


အသုံးချခြင်းလို့ ခံယူထားတယ်။ အလုပ်လုပ်တယ်။ သူငယ်ချင်းတွေနဲ့ ထောင်ထားတဲ့ MM Social Sky အမည်ရ ကုမ္မဏီအတွက်လည်း

အချိန်ပေးဖြစ်တယ်။


ပညာရေး လမ်းကြောင်း ပြန်လည် ရှာဖွေမှု


အစက MBA တက်ချင်စိတ် ဝင်သွားတယ်ဗျ။ ငါ့လို ဟိုစပ်စပ် ဒီစပ်စပ် စ်ိတ်ဝင်စားသူ၊ အကုန်သိချင်သူ အနေနဲ့ စီးပွားရေးကလိုက်ဖက်မလားပေ့ါ။ သို့ပေမယ့် ပြည်တွင်းမှာ တက်စရာ MBA တွေက သိန်း ၃၀ အထပ်တွေချည်းလေ။ ချက်ချင်းတောင် တက်လို့မရ Level နိမ့်တွေကနေ စတက်ပြီး စုစုပေါင်း ၃ နှစ်ကြာရင်တောင် အနည်းဆုံး သိန်း ၈၀ လောက်ကတော့ ထွက်မှာလေ။ ဘုရား၊ ဘုရား။

နိုင်ငံခြား သွားတက်မယ်ဆိုတော့လဲ သိန်း ထောင်နဲ့ချီမယ်။ လောလောဆယ် အလုပ်ကတော့ ကားရုံးနဲ့ ဂျာမနီ ရုံးမှာ လုပ်နေဆဲ။ ဒါနဲ့ပဲ ငါဘာဆက်တက်ရင်ကောင်းမလဲ၊ ငွေကဘာလို့မရှိရတာလဲ။ ဘာညာနဲ့ ကိုယ့်ကိုယ်ကို စိတ်တိုလိုက်၊ ပြန်လည် သနားလိုက်နဲ့ သင်ထား၊

သိထားတဲ့ တရားနဲ့ ကိုယ့်ကိုယ်ကို ြ ပန်နားချ ရတယ်။ ဒါနဲ့ ဗုဒ္ဓတက္ကသိုလ် တက်မယ်ကွာလို့တာင် စဉ်းစား မိလိုက်ပါသေးတယ်။ သို့ပေမယ့် အဲ့ဒါကလည်း ေ ငွကြေး အဆင်ပြေနေမှ သီးသန့်အချိန်ပေးတက်သင့်တာလေ။ တကယ် ေ လ့လာချင်တာကလည်း

အဲ့ဒါပဲဆိုတော့။ ဒါနဲ့ စဉ်းစားလိုက်တော့ အဲ့ ပညာရပ်က ဘဝ အသက်မွေးဝမ်းကျောင်းမှုအတွက် အထောက်အကူ ပြုတာ မှန်ပေမယ့်

တိုက်ရိုက်တော့ မဟုတ်သေးဘူးဆိုတာကို နားလည်လိုက်တယ်။ တရားဓမ္မလေ့လာ သင်ကြားတယ်။ အိုင်တီ ပညာရပ်မှာမျNetworking, Programming, System တို့ကို အနည်းငယ်စီ လုပ်ဖြစ်တယ်။ Hardware လည်းလေ့လာဖြစ်တယ်။ 


ေ ရကြောင်းအင်ဂျင်နီယာ ပညာ သင်လာခဲ့တယ်။ အဲ့မှာ အီလက်ထရောနစ်ကော၊ စက်မĆှု ေ ကာ ပါတယ်။ စိတ်ညစ်ရင် ကျနော်က ေ ရကူးတယ်။

အိမ်မှာ သူငယ်ချင်း ဂီတာ ငှားလာပေးရင် ဂီတာလည်း တီးတတ်တယ်။ ရုပ်ရှင်လည်း ပုံမှန်ကြည့်တဲ့ ခရေဇီ တစ်ယောက်။ သီချင်းလည်းဆိုတယ်။ စပ်မိစပ်ရာ သတင်းစုံတွေ ဖတ်တယ်။ စာအုပ်တွေ ဖတ်တယ်။ လုပ်တာတွေ အတော်လေး စုံပေမယ့် ကိုယ့်အနေနဲ့ ဘဝ ရှေ

့ရေးအတွက် ဘယ်လို ပညာ ဆက်လေ့လာရမယ်ဆိုတာ မသိတဲ့ အဖြစ်မှာ အားတဲ့အချိန်ကို အဲဒါတွေနဲ့ အသုံးချနေမိတယ်။


ဒါနဲ့ ငါဘာတက်ရမလဲ စဉ်းစားတာပေ့ါ။ ရထားတဲ့ ေ ရကြောင်းဒီပလိုမာကလည်း MBA တို့ ရန်ကုန်တက္ကသိုလ်က ဒီပလိုမာသင်တန်းတို့ကို ေ လျှာက်လို့ရဖို့က မသေချာတာ။ ဒါနဲ့ ေ ယာင်နေရာကနေ အွန်လိုင်းမှာ သိကျွမ်းတဲ့ မိတ်ဆွေ တစ်ယောက်ကို

မေးဖြစ်တယ်။ ထိုင်းနိုင်ငံမှာ ကျောင်းတက်ဖို့ အတွက် ပညာသင်ဆုတွေ ပေးတယ်ဆိုလို့လေ။ အဲဒါနဲ့ မေးလိုက်တော့ အင်တာဗျူးဝင်ဖို့၊ လျှောက်လွှာတင်ဖို့ လိပ်စာကို ညွန်လိုက်ပြီး သွားဖြစ်လိုက်တယ်။ ဒါရိုက်တာနဲ့ တိုက်ရိုက်တွေ့ရပြီး လုပ်နေတာကို

အကြမ်းဖျင်းလောက်ပဲ ပြောလိုက်တော့ “ညီလေး အရည်အချင်းနဲ့ဆို ပညာသင်ဆု ရနိုင်ပါတယ်။ ဒီလို ကြိုးစားတဲ့သူတွေကို နိုင်ငံခြား အဖွဲ့အစည်းတွေက တကယ်ပေးနေတာပါ” တဲ့။ Internatinal Development ဆိုတဲ့ ဘာသာရပ်ဆိုလားပဲ မာစတာ

အတန်းတက်လို့ရတယ်လို့ ပြောတယ်လေ။ ဝမ်းသာ သွားတာကတော့ အမှန်ပဲ။ သို့ပေမယ့် အင်္ဂလိပ်စာအတွက် ပြင်ထားလား မေးတော့ လက်ထဲမှာ TOEFL လည်းမရှိဘူး။ IELTS လည်း မရှိဘူး။ ပိုက်ဆံသာ ရှိရင် ဝင်ဖြေဖုိ့ ဝန်မလေးတဲ့ ကျနော်က အဲ့ဒီ

လက်မှတ်တွေအတွက် အချိန်မပေးဖြစ်ခဲ့ဘူး။ အကြောင်းက ေ ငွပိုမှ မရှိတာကိုး။ ဒါကြောင့်မို့ အင်္ဂလိပ်စာ လက်မှတ်တစ်ခု အရင်ရအောင်လုပ်လို့၊ နိုင်ငံခြား ပညာသင်ဆု လျှောက်ရအုံးမယ်။


န ိ ုင်ငံခြားကုမ္မဏီအလုပ်တစ်ခုက ဘယ်နေရာရောက်ရောက် လုပ်ပေးဖို့ သဘောတူပြီးသား၊ အခြား အလုပ် ၂ ခုကလည်း အိုကေဆိုတော့ နို င်ငံခြားကို ေ ကျာင်းသွားတက်ဖြစ်လဲ ကျန်ခဲ့တဲ့ မိသားစု စားဝတ်နေရေးအတွက် လစဉ် ဝင်ငွေ ၅ သိန်းကတော့

အနည်းဆုံး ရှိပြီးသား။ ဒီတော့ ငွေပိုအောင်လုပ်ပြီး အင်္ဂလိပ်စာမေးပွဲ အမြန်ဖြေဖို့သာ ကျနော်လိုပါတော့တယ်။


မောလိုက်တာဗျာ။ အလုပ်အကိုင်၊ ပညာရေး၊ မိသားစုအရေး အပြင် နေ့စဉ် လူမĆှု ပတ်ဝန်းမှာ ရှင်သန်လĆှုပ်ရှားရတဲ့ ကျနော်တစ်ယောက်အတော်လေး ပင်ပန်းတယ်။ သို့ပေမယ့် ပင်ပန်းလေလေ အလုပ်ပိုလုပ်လေလေပဲ။ ကျနော် ြေ ပာဖို့ကျန်ခဲ့တဲ့ အကြီးမားဆုံး

အားနည်းချက် တစ်ခု ရှိတယ်။ အဲဒါက -


စကားထစ်ခြင်း


ဟုတ်တယ်။ ကျနော်က စကားထစ်တယ်။ စစချင်းသိတဲ့ သူတစ်ယောက်နဲ့ ြေ ပာဆိုရင်တော့ ဘာမှ မသိသာပေမယ့် ေ နာက်တစ်ရက်တွေ့ပြီး ပြောလိုက်ရင် စကားထစ်တာ သူသိသွားလိမ့်မယ်။ စကားပြောဖို့အတွက် စိတ်လောနေပြီး လျှာမှာ တစ်နေတာလေးတစ်ခုပေါ့။

သို့ပေမယ့် ငယ်ငယ်တုန်းပဲ အဲ့ဒါအတွက် အစခံရတာပါ။ အသက်ကြီးပြီး လုပ်ငန်းခွင် ဝင်ချိန်မှာ ဒါကို ကိုယ်တိုင်လည်း မေ့ထားသလို၊ ဘယ်လုပ်ဖော်ကိုင်ဖက်မှလည်း မင်းစကားထစ်တယ်နော်လို့ တကူးတက မပြောဘူး။ အားနာလို့မပြောတာလဲ ြ ဖစ်လိမ့်မယ်လေ။

သို့ပေမယ့် Barcamp လိုပွဲမှာတက်ပြောတုန်းက ကျနော့ ေ ဟာပြောပုံက စိတ်ဝင်စားဖို့ အင်မတန်ကောင်းကြောင်း ြေ ပာ ကြတဲ့ချီးကျူးစကားကြောင့် ဝမ်းသာ သွားရ ပါတယ်။ စကားထစ်ပေမယ့် သိသိသာသာ ထစ်သူ တစ်ယောက်မဟုတ်ပဲ အရေးကြီးကိစ္စတွေမှာ၊ ေ ဟာပြောပို့ချမှု၊ စာပေ သင်ကြားပို့ချမှုတွေမှာ ပုံမှန်လေး ရှိနေတာကိုတော့ ေ ကျးဇူးတင်မိပါတယ်။ ကိုယ့်ကိုယ်ကို။ ငယ်ငယ်တုန်းကတော့ အတော်လေး စိတ်ညစ်တယ်။ အခုလည်း တစ်ခါခါ ေ ဒါသထွက်မိတယ်။ စကားထစ်တိုင်း ငါ ဒီအားနည်းချက်တစ်ခုကို ဖုံးကွယ်ဖို့အတွက် ဘယ်လိုကြိုးစားရမယ်ဆိုတဲ့ စိတ်ဝင်ပြီး

Wednesday 27 January 2021

လက်ရှိနိူင်ငံရေးအခြေအနေ

 //ဒီဦးဇင်းကလည်း အတော်ဆိုးသားပဲ။ အာဏာသိမ်းလိုက သိမ်းဆိုတာချည်းပဲ။ မဟုတ်သေးပါဘူး။//


ဟုတ်တယ်။ ဒါက လောင်းကစားဆန်တယ်။


formal အတိုင်း စဥ်းစားနေလျှင် မဟုတ်သေဘူးလို့ မြင်နေမှာပဲ။ imformal အတိုင်း စဥ်းစားလျှင် ဒီလူမျိုးက နေလို့ရမရတော့ဘူးဆိုလျှင် မီးကို အစအဆုံး လျှို့မယ်ဆိုတဲ့လူမျိုး။ ရုန်းမယ်ဆိုတဲ့လူမျိုး။ ဒီအတိုင်း ဆက်သွားနေတာက သဘောမပေါက်တာရယ် နေလို့ ရနေသေးတာပါတယ်။ အဓိကက သူတို့ ဘာလုပ်ရမလဲ ရှင်းနေဖို့ပဲ လိုတယ်။ ရုန်းမယ်ဆိုလျှင်တောင် သူတို့ ဘာအတိအကျ လုပ်ရမယ် သိပ်မရှင်းလျှင်တော့ ခံရတာပဲ။ ဥပမာ 88။ ရှင်းနေလျှင်တော့ အပြတ်ပဲ။ ဥပမာ ပုဂံ, တောင်ငူ, ကုန်းဘောင်, ကိုလိုနီလွတ်လပ်ရေး။ ပဒေသရာဇ်ခေတ်မှာ ရာဇပလ္လင်နိုင်ငံရေးက လမ်းကြောင်းပဲ။ နေလို့ မရတော့ဘူးဆို ရာဇပလ္လင် တစ်ခု ပေါ်တာပဲ။ ဒီမိုကရေစီခေတ်မှာ ဒီမိုကရေစီနိုင်ငံရေး လမ်းကြောင်းနဲ့ ရည်ရွယ်ချက်က လမ်းကြောင်းပဲ။ လမ်းကြောင်း တဲ့နေဖို့သာ လိုအပ်တယ်။ လမ်းကြောင်းတဲ့အောင် ထိန်းကြပေါ့။ ကကြပေါ့။ အရေးမပါတာတွေနဲ့ ဆရာကြီးတွေ လုပ်မနေနဲ့။ မြင်ကွင်းကလည်း အရင်ကနဲ့မတူဘူး။ အဟောင်းသက်သက် လုံးဝမဟုတ်ဘူးလို့ ဆိုလိုတယ်။ လမ်းကြောင်းက အရှင်းလွန်နေတယ်။ လူ့အခွင့်အရေး။ လက်နက်ကိုင် နိုင်ငံရေးမှာ မပါဝင်ရေး။ ဒီမိုကရေစီ။ ဒီတော့ အဖိနှိပ်ခံရဲ့ လမ်းကြောင်းက သိမ်းလိုက သိမ်းပဲ။ သိမ်းရဲလျှင် သိမ်းပဲ။ လက်ရှိအနေအထားအရ လူထုက စစ်တပ်ရဲ့ အာဏာပါဝင်မှုနဲ့ ဖိနှိပ်ခံရမှု သဘောတရားကို အတိအကျ သဘောမပေါက်သေးတာ သေချာတယ်။ ဖိနှိပ်သူစစ်တပ်ကလည်း ဖိနှိပ်မှုရဲ့ သဘောတရားကို မပေါက်သေးတာ သေချာတယ်။ ပေါက်ဆို ဗိုလ်ချုပ်တချို့ပေါ့။ တပ်ကို generalise လုပ်လျှင် မပေါက်သေးဘူး။ လူထုကို generalise လုပ်လျှင်တော့ လမ်းခုလတ်မှာပဲ။ အာဏာသိမ်းမှုဆိုတာ ခေါင်းအစ ခြေမအဆုံး ဖိနှိပ်မှု ဖြစ်စဥ်ဖြစ်တဲ့အတွက် သေချာလမ်းကြောင်းလျှင် သဘောပေါက်ဖို့ သိပ်မြန်တယ်။ ဂွကျတာက အဲဒါက ကိုလိုနီလွတ်လပ်ရေးခေတ်, ရည်ရွယ်ချက်ရှိရှိ ရုန်းကန်နေတဲ့ခေတ်မှာပဲ အင်အားကောင်းကောင်း ညီညီညွတ်ညွတ် ပေါ်ဖူးတယ်။ အခုခေတ်က သိသလောက်နဲ့ ဆရာတဆူလုပ်လိုတဲ့ခေတ်။ ခေါင်းစဥ်တူလွန်းမက တူမှ အုပ်ဖွဲ့လိုတဲ့ခေတ်။ ဒါတော့ ပြဿနာပဲ။ အခုလိုနေတာက ဆရာမရွေး, အုပ်စုမရွေး အစစအရာရာ ပွင့်လင်းချိတ်ဆက်နေဖို့သာ လိုအပ်တယ်။ ပွင့်လင်းလူ့အဖွဲ့အစည်းမှာ အရာရာ မြန်အောင် လုပ်လို့ရတယ်။ လက်ရှိ ဒီအတိုင်းက မလိုအပ်ပဲ ကြာလွန်းနေတယ်။


မေးခွန်းက ရှင်းတယ်။


ဖိနိပ်ချည်နှောင်မှုများနဲ့ အပိတ်လူအဖွဲ့အစည်းကို သွားမလား? 


အပွင့်လူ့အဖွဲ့အစည်းကို သွားမလား?


ဒီမိုကရေစီကို သွားမလား မသွာဘူးလား?


ဟိုမရောက်ဒီမရောက် မီဒီယာအချက်အလက်သက်သက်နဲ့ အချိန်ကုန်ခံနေမလား?


သိမ်းလိုက်လည်း သူတို့ဖွင့်ပေးခဲ့မှုအရ ရေရှည်ဖိနှိပ်ချည်နှောင်မှု ဆက်လက်သွားလို့ကို မရဘူးလို့ နားလည်နေလို့ကို သိမ်းလိုက သိမ်းလို့ ပြောလိုက်တာ။


သိမ်းလိုက်လျှင် လူအများဖို့ သဘောပေါက်ဖို့ သိပ်မြန်သွားမယ်။ 


လက်ရှိ သယံဇာတနဲ့ သယံဇာတအခြေခံ လုပ်ငန်းအားဖြင့် စုပ်ယူစစ်အစိုးရတစ်ထပ်, အခွန်စုပ်ယူ အရပ်ဘက်အစိုးရတစ်ထပ် ခြေဥရဲ့ နှစ်ထက်ပုံစံစနစ်က နှစ်ဆပိုပိသွားတာပဲ အဘက်တင်တယ်။ ပိုပိတာ သေချာတယ်။ သို့သော် ပိုပိနေတာ မှန်ပေမဲ့ ဘာကြောင့် ဒီအခြေအနေ ဖြစ်နေမှန်း မသိသလို ရန်သူမိတ်ဆွေ မကွဲပြားတဲ့အတွက် သဘောပေါက်ဖို့ ခက်ခဲနေတယ်။ ဦးတည်ပစ်မှတ်တွေ လွဲနေတယ်။


သိမ်းလိုက်မှလည်း ဖိနှိပ်ချည်နှောင်မှုသဘောကို အတိအကျ ခန့်မှန်းနိုင်မယ်။ ဘယ်သူဘယ်ဝါက ဖိနှိပ်နေတယ် ဘာကြောင့် ဖိစီးမှု ဖြစ်နေတယ် ရှင်းလာမယ်။ 


တစ်ခု ပြောလိုတာက လူထုရဲ့ အကြွက အချက်အလက်အပေါ်မှာ မူမတည်ဘူး။ 


မတရားမှုနဲ့ အဖိခံဘဝခံစာချက်မှာသာ မူတည်တယ်။


လူထုက နိုင်ငံရေးဆို အခုသူတို့ရဲ့ ခံစားချက်နဲ့ အထင်အမြင်ကသာ နိုင်ငံရေးပဲ။


ခံစားမှုနဲ့ အထင်မှာသာမူတည်တယ်။


ဒါကို ထိန်းကွပ်တည့်မတ်တာက နိုင်ငံရေးပဲ။


အချက်အလက်က နိုင်ငံရေး မဟုတ်ဘူး။ နိုင်ငံရေးရဲ့ လိုအပ်ချက် တစ်ရပ်သာ ဖြစ်တယ်။ အတိအကျ ပြောရလျှင် မြန်မာ့နိုင်ငံရေးရဲ့ လိုအပ်ချက် တစ်ရပ်သာ ဖြစ်တယ်။


လူထုရဲ့ အဖိနှိပ်ခံဘဝနဲ့ ခံစားမှုကသာ နိုင်ငံရေး။


အချက်အလက် အခြေခံ တွက်ယူစစ်ထုတ်အကျိုးရလဒ်က နိုင်ငံရေးမဟုတ်ဘူး။


ဒါက လက်ရှိ အွန်လိုင်းပညာတတ်တွေ လွဲနေတဲ့ပြဿနာ။


ဒါကြောင့် အာဏာသိမ်းလိုက သိမ်းလို့ ပြောလိုက်တာ။


ဒီသဘောကို မဖမ်းမိလျှင် ဘာကြောင့် ပြောနေတယ် ခံစားနိုင်မှာ မဟုတ်ဘူး။


ဟုတ်တယ်။ လူထုကို ငရဲမီးနဲ့ တိုက်ရိုက်ထိတွေ့စေတဲ့နည်းလမ်းက လက်ရှိ ပိုမိုပွင့်လာပြီး ချပြထိန်းကြောင်းလို့ ရတဲ့ခေတ်မှာ လမ်းအမှန်ဆုံးပဲ။


ကျန်တာတွေက ပေရှည်လွန်းတယ်။


လောင်းကစား ဆန်တာတော့ ဝန်ခံလို့ရပါတယ်။


ဒါပေမဲ့ ဦးဇင်းတို့နိုင်မှာ သေချာတယ်လို့ ယုံကြည်တယ်။


ဒါကြောင့် ခပ်ပြတ်ပြတ် သိမ်းလိုက သိမ်းစေလို့ ပြောလိုက်တာပါပဲ။


လက်ရှိအနေအထားမှာ လုံးhttps://www.facebook.com/groups/2001239446861643/permalink/2865325247119721/

ဝလုံးဝကို စိုးရိမ်မှု မရှိပါဘူး။


မသိမ်းတာကိုက ပြဿနာ။

သောဏဒဏ္ဍသုတ်

 ဗုဒ္ဓစာပေထဲက #သောဏဒဏ္ဍသုတ် ကိုအောက်မေ့ရင်း..တွေးရင်းရေးမိတယ်၊


ကိုယ်ကျင့်တရားနဲ့ပညာ (morality & wisdom)ဆိုတာ အမြဲတစေနှစ်စုံတွဲတည်ရှိနေဖို့လိုပါတယ်၊တစ်ဖက်မှာပညာတွေဘယ်လောက်တတ်တတ်၊ ကိုယ်ကျင့့်တရားမထိမ်းနိုင်ဘဲစိတ်ထားကောင်းမပါရင်

လောဘအမှားသင့်မယ်၊ ဒေါသအမှားသင့်ပါ့မယ်၊ #ကုသိုလ်တရားအားလုံးဟာသီလဆိုတဲ့ကိုယ်ကျင့်တရားမှာသာတည်တယ် ဆိုလား? ဗုဒ္ဓကိုယ်တိုင်ဟောဖူးပါတယ်၊


မိမိကိုယ်နဲ့စိတ်ကို ကောင်းစွာမစောင့်ထိန်းနိုင်မူ့လွန်ကျူးတဲ့အခါသေချာတာတစ်ခုကအငုံ့စိတ် inferior feeling ရယ်၊ အဖျက်စိတ် pessimism ရယ်၀င်ပါမယ်၊ ကိုယ့်ကိုယ်ကိုယ်နဲ့ကိုယ့်အဖွဲ့အစည်းကိုသာပဓာနတွေးရင်းပတ်၀န်းကျင်အပေါ်မလုံမလဲစိတ်နဲ့ရှေးရှုဆက်ဆံတတ်ကြတယ်၊တစ်ယောက်နဲ့တစ်ယောက်၊တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားပြဿနာမရှိရင်ရင်ရှိအောင်ဖန်တီးမယ်၊ ရှိနေရင်ပုံကြီးချဲ့မယ်၊ကြီးနေရင်ထွားအောင်လုပ်ဦးမယ်၊ သင့်နေရင်မျက်အောင်ခြောက်မယ်၊မျက်နေရင်ကွဲအောင်ခွဲမယ်၊ဒီလိုနဲ့ပတ်၀န်းကျင်မှာဆူညံပွက်လောရိုက်အခက်တွေ့လေ၊သူ့စိတ်သဘာ၀အာသာပြေလေလို့ inferior သမားတွေဆီအတွေ့များကြောင်းစိတ်ပညာရှင်တွေပြောကြတာလည်းသတိရပါတယ်၊


အဲ့ဒီလို ကိုယ့်ကိုယ်ကိုဗဟိုပြုကာကွယ်ရင်းကိုယ်ကလွဲသောတစ်ပါးသူအားလုံးကို အလိုလိုသံသယစိတ်နဲ့ကြည့်ရင်ဆိုင်တတ်လာကြတယ်၊ထစ်ကနဲကြည့်လို့လူတစ်စုမြင်ရင်ပဲဖြစ်ဖြစ်၊လျက်တပြက်ကြည့်လို့လူတစ်ချို့စကားပြောနေတာပဲဖြစ်ဖြစ်အနှီ pessimistic သမားတွေ တွေးကြည့်တာက သူတို့ အကောင်း၊ကိုယ်မကောင်းကြံစည်ပြောဆိုနေကြတယ်လို့ထင်တတ်ကြတာပါပဲ၊


အဲ့ဒီ pessimistic သမားအဆိုးမြင်အငုံ့စိတ်တွေဟာမိဘနဲ့သားသမီးလည်းမရွေးဘူး၊ဆရာတပည့့်လည်းမခွဲဘူး၊လုပ်ဖော်ကိုင်ဖက်လည်းမခြားဘူးရယ်၊ဘာနဲ့အလားသဏ္ဍန်တူသလဲဆိုရရင်မြစ်လယ်ရောက်နေတဲ့လှေကြုံအတူခရီးသွားအချင်းချင်းငါ့အောက်ကလှေ၀မ်း စိတ်အခန့်မသင့်လို့ကိုယ့်ဘာသာကိုယ်ဖေါက်တာသူတို့နဲ့ဘာဆိုင်လဲ? သူ့အောက်ကလှေ၀မ်းဗိုက်ပေါက်လို့ရော ငါနဲ့ဘာဆိုင်လဲ?ကိုယ်ဖြစ်ကိုယ်ခံ၊သူဖြစ်သူခံသမားတွေလိုပေါ့၊ သူ့ခရီးဖော်ရဲ့အောက်ကလှေ၀မ်းဗိုက်ပေါက်တာကိုပျော်လို့၊မြူးလို့၊ရီလို့၊ရွှင်လို့နဲ့သူနာပြီ..ငါတော့ဒီတစ်ခါသာပြီအပိုင်တွက်ရင်းမြစ်ရေတွေတလိမ့်လိမ့်၀င်လာတဲ့လှေပျက်နဲ့အတူအတ္တတွေမာနတွေ ၊တလွဲစိတ်ဆန္ဒတွေထွေးပိုက်ရင်းနစ်မြုပ်သေဆုံးကြရမယ့့်သနားစရာသတ္တဝါအဖြစ်သာတွေးပါတယ်၊မိမိရော

သူတစ်ပါးပါဆုံးရှုံးမူ့ပဲ လက်ထဲကျန်ပါမယ်၊


အဲဒါကြောင့်ထင်တယ်မြတ်ဗုဒ္ဓရဲ့ သောဏဒဏ္ဍသုတ် မယ် ကိုယ်ကျင့်တရားနဲ့ပညာ ဆိုတာခြေတစ်ဖက်ကိုတစ်ဖက်ပွတ်သပ်ဆေးကြောရမယ့်အညမညအင်္ဂါနှစ်ပါးလို့ပြခဲ့တယ်၊ပြခဲ့ပါတယ်။


#Nyikyaw

Ref..ဒီဃနိကာယ်၊သောဏဒဏ္ဍသုတ်

ကာမေသုမိစ္ဆာစာရ

 

#တွေးမိသမျှ_ကာမေသုမိစ္ဆာစာရ


ဗုဒ္ဓစာပေကလာတဲ့ ကာမအရာမှာ မှားယွင်းစွာကျင့်ခြင်း(sexual misconduct)ဆိုတဲ့ကာမေသုမိစ္ဆာစာရဆိုတာ ပြောရရင်သဘောတရားအရကျယ်ပြန့်ပါတယ်၊အများနားလည်ထားကြတဲ့ ငါးပါးသီလထဲကအဖွင့် သူတစ်ပါးသားမယားကိုပြစ်မှားခြင်း ဆိုတာထက်လည်းပိုတယ်၊နက်လည်းနက်ရှိုင်းပါတယ်၊ဒီအရကောက်က မြင်သာရှုသာလွယ်ပြီး ကျုးလွန်မိရင် လူ့ပတ်၀န်းကျင်မှာဥပဒေကြောင်းရောလူမူ့ရေးအရပါထိရှလွယ်တယ်မို့ ဒီ..သူတစ်ပါးသားမယားကိုပြစ်မှားခြင်း...ဆိုတဲ့အဖွင့်ကို ဆရာ့ဆရာတို့ ရှေ့တန်းတင်အမွမ်းဖွင့်ခဲ့ကြပုံရယ်၊


ကာမ ဆိုတဲ့ sexအရာမှာ မှားယွင်းကျင့်သုံးခြင်း(မိစ္ဆာစာရ)ဆိုကတည်းက ကာမေသုမိစ္ဆဆိုတဲ့အထဲ ကာမအကျင့်တစ်ခုခုကိုလွန်လွန်ကျူးကျူး မိမိသူတစ်ပါးထိခိုက်စေလောက်အောင်ကျင့်သုံးတာ အကုန်အကြုံး၀င်ပါတယ်၊ #ယောက်ျားဖြစ်ဖြစ်_မိန်းမဖြစ်ဖြစ်_တစ်ကိုယ်ရည်အာသာဖြေဟိုဒင်းဟိုဟာအပြုလွန်ခြင်းလည်း_ဒီအထဲပါတာပါပဲ၊ စိတ်ပညာဌာနက မိတ်ဆွေဆရာပြောဖူးတယ်၊ အသက်၂၀ ၀န်းကျင်လူငယ်လေးတစ်ယောက်ပေါ့၊သူကလူပျိုစကတည်းက အပြာကားတွေ စွဲစွဲလန်းလန်းကြည့်တယ်၊ပြီးရင်တစ်ကိုယ်ရည်အာသာဖြေမူ့ကို တစ်နေ့ထဲအကြိမ်ကြိမ်လုပ်ပါတယ်၊တစ်ခါတစ်လေ တစ်ရက်ထဲ ၆ကြိမ်၇ကြိမ်မကဘူးလို့လည်းသိရတယ်၊ကြာလာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့အကြောတွေဆိုင်းလာ၊တစ်ကိုယ်လုံးသွတ်ချာပါဒလိုဖြစ်ပြီးခေါင်းတွေနောက်လာ၊သတိမေ့တတ်လာတာ မိဘတွေသတိထားမိလို့ ဆေးရုံမှာတင်ကုရတဲ့အဆင့်ထိ၊နောက်ပီး စိတ်ရောဂါဆရာနဲ့ တွေ့၊သူ့နဂိုစိတ်အစွဲ pornographyရုးသွပ်မူ့ကိုမနည်းကုသခဲ့ရပုံလေးပြန်ပြောပြတာသတိရတယ်၊ဒါလည်း ကာမေသုမိစ္ဆာစာရဆိုတဲ့ ကာမကိုလွဲမှားဖောက်ပြန်စွာကျင့်သုံးမိခြင်းရဲ့ side effectတစ်ခုပါပဲ၊သူ့ဘာသာသူ ရမ္မက်အာသာဖြေတာ ဘယ်တခြား သားပျိုသမီးပျိုမှမထိခိုက်ပဲလေလို့ စောဒနာတတ်ချင်လည်းတတ်နိုင်ပေမယ့် တည့်တည့်ပြောရရင် ဒီလိုအတိုင်းထပ်အလွန် ကာမတဏှာကိုလိုက်လျောရမူ့မှာ အနည်းဆုံးကိုယ့်ကိုယ်ကိုယ်တော့ထိခိုက်တဲ့ အပြင်းအထန် စွဲလန်းမူ့ဥပါဒါနတစ်ခု၊ပီးရင် ဒီနောက်ဆက်တွဲဒဏ်ကို ကိုယ်အပါအ၀င် ကိုယ့်အသိုင်းအဝိုင်းပါသက်ရောက်ခံစားရတဲ့ ဝိပါကအကျိုးဆက်တစ်ခုဆိုတာတော့ ငြင်းလို့မရဘူးပဲ၊ ကျနော့်အထင်မမှားရင် ဂေါက်သီးရိုက်အကျော်တစ်ယောက် (တိုက်ဂါးဝုပ် ထင်တယ်)၊ ဒီလိုပဲ pornographyနဲ့ပတ်သက်ပြီး တလွဲပုံစံနဲ့ ကာမစွဲလန်းမူ့ပြဿနာကြောင့် မိန်းမနဲ့တောင်ကွဲပြီး နောက်ပိုင်းစိတ်ရောဂါတွေဘာတွေ နှစ်ရှည်ကုခဲ့ရသေးတယ်ဆိုလား တစ်ခါကဖတ်လိုက်ရဖူးတယ်၊


တစ်ချို့ရှိတယ်၊ဆန့်ကျင်ဘက်လိင်ရဲ့ အင်္ဂါတစ်ခုခု၊အ၀တ်အစားတစ်ခုခုကိုအပြင်းအထန်စွဲလန်းတာ၊တစ်ခါက သတင်းတစ်ခုဖတ်လိုက်ရတယ်၊သူခိုးတစ်ယောက် သူ့အိမ်မှာအမျိုးသမီးအတွင်းခံရာနဲ့ချီခိုးထားတာမိတယ်ဆိုတာ၊ တစ်ချို့ပြစ်မူ့တွေမှာဆို အမျိုးသမီးတွေကိုတစ်ယောက်ပြီးတစ်ယောက် ခြေဖြတ်၊လက်ဖြတ်၊အဓမ္မကျင့်ပြီးမှ သတ်တဲ့ကာမအခြေခံစိတ္တဇလူသတ်ကောင်တွေ အနောက်နိုင်ငံတွေမယ်ရှိပါတယ်၊

ဒါလည်းကာမကိုတက်မက်မူ့အရာကို တစ်ဖက်စွန်းရောက် မှားယွင်းစွာပြုခြင်းတစ်ရပ်ဖြစ်ပါတယ်၊ဆန့်ကျင်ဘက်လိင်၊ဒါမှမဟုတ်လိင်တူချင်း ကျန်းမာရေးအရ မအပ်စပ်တဲ့နည်းနဲ့ တရားလွန် နေထိုင်ဆက်ဆံသွားလာရမှ အာသာပြေတာမျိုး၊တိရစ္ဆာန်ကိုမဖွယ်မရာလုပ်ပြီး ကာမအာသာဖြေတာမျိုးတွေကိုလည်း ဒီကာမေသုမိစ္ဆာစာရထဲ ထည့်သင့်ပါတယ်၊ ငါ့မိန်းမငါပိုင်တာပဲ ဆိုပီး ရာသီမရှောင်ဥတုမရှောင်၊ကိုယ်လေးလက်၀န်ဖြစ်နေချိန်မရှောင် ဆက်ဆံဖို့အကျပ်ကိုင်တာမျိုး၊သူများသားမယားကို သွားပြစ်မှားတာမဟုတ်သည့်တိုင် ကိုယ့်အိမ်ထောင်ဖက်အပေါ် ကာမကိုအစွန်းကျကျ မတရား ဆက်ဆံပီဆိုလည်း ကာမအရာ မှားယွင်းကျင့်ကြံမူ့အထဲ အကြုံး၀င်ပါတယ်၊


တစ်ချို့ပြောပါတယ်၊သူများမယားနဲ့မဖောက်ပြန်ကြပေမယ့် ပြည့်တန်ဆာတွေနဲ့ အတိုင်းထက်အလွန် အဆင်ခြင်မဲ့ပျော်ပါးလို့ ရှက်ဖို့ကောင်းပြီး လူသိမခံရဲတဲ့ ရောဂါတွေရနေကြတာလည်း ဒီကာမေသုမိစ္ဆာစာရအကျိုးဆက်လို့ပြောရမှာပါပဲ၊နောက်ပြီး ကာမတဏှာဆိုတာ လူသားတိုင်းမှာအနည်းနဲ့အများရှိကြတာဆိုတော့ အဲ့ဒီကာမအရာမှာ မှားမှားယွင်းယွင်း ပြုကျင့်တယ်ဆိုတာ ယောင်္ကျားသီးသန့် ဖိုသဘာ၀တစ်ခုထဲမှာ တွေ့ရတာမဟုတ်ဘဲ မိန်းမတွေလည်း အချိန်နဲ့အမျှ ကိုယ့်စိတ်ကိုယ်မနိုင်ရင် လွန်ကျုးတတ်တယ်ဆိုတာ သတိထားရပါ့မယ်၊ စာပေထဲက ဒု၊သ၊န၊သော ဆိုတဲ့ကျူးလွန်သူနေရာဆိုတာ ယောကျာ်းတွေမှမဟုတ် မိန်းမတွေလည်း may beပါပဲ၊


ကာမေသုမိစ္ဆာစာရကိုပဲ ထပ်ချဲ့ပြောရရင် အများကြီးရှိပါတယ်၊ကာမဆိုသော တပ်မက်မူ့မှာ လိင်တစ်ခုထဲမကတဲ့အနက်ရှိပါတယ်၊ not only sexual but also sensualပေါ့၊ လိင်ကိစ္စမဟုတ်သည့်တိုင် သက်ရှိသက်မဲ့တစ်ခုခုအပေါ် အဆင်ခြင်မဲ့တက်မက်တွယ်တာနေပီ၊တွယ်တာမူ့အပေါ်သာယာခံစားလွန်းနေပီဆိုလည်း မှားယွင်းတဲ့ကာမကျင့်သုံးမူ့တွေဆီ အာရုံကိုအလိုလိုက်မူ့မြောက်တဲ့အတွက် ဒါလည်း ကာမေသုမိစ္ဆာဆီကို ရောက်စေပြန်ပါတယ်၊


ချုပ်ပြောရရင် ကာမေသုမိစ္ဆာစာရဆိုတဲ့ ကာမအရာမှားယွင်းဖောက်ပြန်မူ့ဆိုတာ လူ့စိတ်ရဲ့

အာရုံညွတ်ရာ(ပဋ္ဌာန်းသဘောအရဆို အာရမ္မဏပစ္စယပေါ့)နဲ့အမြဲတွဲဆက်နေလို့ သူ့သဘောတရားကကျယ်ပြန့်နက်ရှိင်းလွန်းပါတယ်၊ေဩာ်..ငါကသူတစ်ပါးအိမ်ယာမပြစ်မှားဘူးပဲ..ဆိုယုံနဲ့မလုံလောက်ပါဘူး၊နောက်ပီး ပပ္ဗဇိတရဟန်းတွေကလွဲရင် လူနဲ့ လိင်၊ လိင်နဲ့လူက ခွဲခြားရှုမြင်ရဖို့ခက်ပါမယ်၊ကိုယ့် sexual desire ဆိုတဲ့ လိင်စိတ်ဆန္ဒကို မိမိသူတစ်ပါး ကျန်းမာရေး၊လူမူ့ရေး မထိခိုက်အောင် သတိထားဖော်ဆောင်နိုင်နေသ၍တော့ ဒီကာမေသုမိစ္ဆာစာရရဲ့ side effectတွေကို အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်မယ်လို့ ကျနော်ယုံတယ်၊ ဒီနေရာမယ် emotional intelligence ဆိုတဲ့ စိတ်ခံစားမူ့ထိန်းကျောင်းကိုယ်ရည်ကိုယ်သွေးက အရေးပါလာပြန်တယ်၊နောက်အချိန်ရရင် ဒီအကြောင်းတင်ပြပါဦးမယ်၊


ဘယ်လိုပဲဖြစ်ဖြစ် ရှဉ့်လည်းလျောက်သာ ပျားလည်းစွဲသာဆိုလား စကားရှိသလိုပဲ၊ လူနဲ့လိင်..လိင်နဲ့လူ လည်း ထိုနည်းနှင်နှင်ဆိုတာလေးတွေးမိပါတယ်။


#Nyikyaw

သု ခီ ဟော ထ


09697867969


Wednesday 6 January 2021

 ပြည်ထောင်စုတံဆိပ်များ

ပြည်ထောင်စုတံဆိပ်များတွင် ပြည်ထောင်စုရွှေတံဆိပ်နှင့် ပြည်ထောင်စုငွေတံဆိပ်ဟူ၍ ၂ မျိုးရှိကာ၊ ယင်းတံဆိပ်များကို ရဲဌာန၊ စစ်ရဲဌာန၊ မီးသတ်ဌာန အရာရှိအမှုထမ်းများအား ချီးမြှင့်သည်။ ရဲအမှုထမ်းကောင်းတံဆိပ်များအတွက် ရဲအမှုထမ်းကောင်းတံဆိပ် ပထမတန်းနှင့် ရဲအမှုထမ်းကောင်းတံဆိပ် ဒုတိယတန်းဟူ၍ တံဆိပ် ၂ မျိုး ပြဋ္ဌာန်း၏။ ရဲဌာန၊ စစ်ရဲဌာနနှင့် မီးသတ်ဌာနများတွင် နှစ်ပေါင်းကြာရှည်စွာ အစိုးရ ကျေးဇူးသစ္စာတော်ကို စောင့်သိရိုသေလျက် ဂုဏ်ထူးရှိလောက်အောင် အမှုတော်ကို ထမ်းရွက်သူများအား ဤတံဆိပ်များကို ချီးမြှင့်သည်။


အခြား

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုင်ရာ ဂုဏ်ထူး ဆောင်တံဆိပ်များ အနေဖြင့် စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်များဟူ၍ (၂)မျိုးခွဲခြားထားပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ စွမ်းရည်သတ္တိဆိုင်ရာ တံဆိပ်ဖြစ်သည့် ရဲဗလတံဆိပ်၊ စွမ်းဆောင်မှုဆိုင်ရာ တံဆိပ်ဖြစ်သည့် ရဲသူရိန်တံဆိပ်၊ ရဲမှုထမ်းကောင်းတံဆိပ်နှင့် နိုင်ငံတော်ရဲမှုထမ်းတံဆိပ် ၊ မီးသတ်ဦးစီးဌာနမှ ရဲဗလတံဆိပ်၊ ရဲကျော်စွာတံဆိပ်တို့အား ပြဋ္ဌာန်းချက်နှင့်အညီ စိစစ် ချီးမြှင့်သည်။


ပြည်သူ့ဝန်ထမ်းဆိုင်ရာ စွမ်းဆောင်မှုဂုဏ်ထူးဆောင်တံဆိပ်များနှင့် စပ်လျဉ်း၍ ၂ဝဝ၉ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့/ တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်ပါ ပြည်သူ့ဝန်ထမ်း ကောင်းတံဆိပ်အတွက် အရည်အချင်းသတ်မှတ်ချက်များဖြစ်သည့် အမှုထမ်းသက် အနည်းဆုံး (၂၆)နှစ်ရှိခြင်း၊ အမှုထမ်းခဲ့သည့် ကာလအတွင်း ပြစ်မှုလုံးဝကင်းရှင်းသူဖြစ် ခြင်းနှင့် ပြဋ္ဌာန်းခွင့်ပြုထားသည့် အမှတ်ပေးစနစ်အရ စုစုပေါင်း အနည်းဆုံးအမှတ်(၃၀) ရရှိလျက် ဂုဏ်ထူးရှိလောက်အောင် အမှုတော်ကို ထမ်းရွက်သူများအား ဤတံဆိပ်များကို ချီးမြှင့်သည်။


ချီးမြှင့်ခြင်း

ဂုဏ်ထူး၊ ဘွဲ့၊ ဆု၊ တံဆိပ်တစ်ခုခုဖြင့် ချီးမြှင့်ခံရသောသူ တစ်ဦးတစ်ယောက်မှာ ဤကဲ့သို့ချီးမြှင့်ခြင်းခံရပြီးနောက် သစ္စာဖောက်မှုဖြင့်သော်လည်းကောင်း၊ အစိုးရအဖွဲ့အား တော်လှန်ပုန်ကန်မှုဖြင့်သော်လည်းကောင်း၊ စစ်တပ်ဝင်ဖြစ်လျက် သစ္စာဖောက်တော်လှန် ပုန်ကန်မှုဖြင့်လည်းကောင်း၊ အလုပ်တာဝန် ဝတ္တရားကို ဆောင်ရွက်ရာတွင် ကြောက်ရွံ့ခြင်း၊ သတ္တိကင်းမဲ့ခြင်း၊ စစ်တပ်မှ ထွက်ပြေးခြင်း၊ ဂုဏ်အသရေကင်းမဲ့သော အပြုအမူကို ပြုခြင်းတို့အတွက်သော်လည်းကောင်း ပြစ်မှုထင်ရှား အပြစ်ဒဏ်ထားခြင်း ခံရလျှင်၊ မိမိရရှိပြီးသော ဂုဏ်ထူး၊ ဘွဲ့၊ ဆု၊ တံဆိပ်ကို ပြန်လည်သိမ်းဆည်းခြင်း ခံရမည်ဖြစ်သည်။ ပြန်လည်သိမ်းဆည်းထားသော ဂုဏ်ထူး၊ ဘွဲ့၊ တံဆိပ်ကို ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတက မိမိသဘောလျောက် ရရှိသူအား ပြန်လည်ပေးအပ်နိုင်ခွင့်ရှိသည်။


အဆောင်အယောင်များကား သုဓမ္မသင်္ဂဟအဖွဲ့တွင် မဂ္ဂမဟာသီရသုဓမ္မအတွက် စလွယ်၊ ကြယ်ပွင့်နှင့် တံဆိပ်တို့ကိုလည်းကောင်း၊ သတိုးသီရိသုဓမ္မအတွက် ကြယ်ပွင့်နှင့် တံဆိပ်တို့ကိုလည်းကောင်း၊ မဟာသီရိသုဓမ္မအတွက်တံဆိပ်ကိုလည်းကောင်း ပြဋ္ဌာန်းသည်။ ပြည်ထောင်စုစည်သူသင်္ဂဟအဖွဲ့တွင် အဂ္ဂမဟာသရေစည်သူအတွက် ကြယ်ပွင့်နှင့် တံဆိပ်တို့ကိုလည်းကောင်း၊ သတိုးမဟာသရေစည်သူအတွက် ကြယ်ပွင့်နှင့် တံဆိပ်တို့ကိုလည်းကောင်း၊ မဟာသရေစည်သူ၊ သရေစည်သူနှင့် စည်သူအတွက် တံဆိပ်များကိုလည်းကောင်း ပြဋ္ဌာန်းသည်။ ဘွဲ့ရသူတို့အား ရွှေ ၃ကျပ်သားထက်မနည်း ပါဝင်သော ရွှေတံဆိပ်များ ချီးမြှင့်သည်။


အဆောင်အယောင်တို့ကို ပြဋ္ဌာန်းထားသည်နှင့်အညီ ဝတ်ဆင်ရပေသည်။ နိုင်ငံခြားစိုးရများက ပေးသော ဘွဲ့၊ ဆု၊ တံဆိပ်များအတွက် ဖဲကြိုးများကို ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရကပေးသော ဘွဲ့တံဆိပ်များအတွက် ဖဲကြိုးများနောက် ပြီးဆုံးမှ တပ်ဆင်ရန် ပြဋ္ဌာန်းထားသည်။ 

 စစ်မှုထမ်းတံဆိပ်များ

တံဆိပ်များအပြင်၊ စစ်ဖြစ်နေသော ကာလတွင်း ရန်သူတို့နှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် မဟုတ်သော်လည်း၊ အသိအမှတ် ပြုထိုက်အောင် သူရသတ္တိနှင့် မိမိတို့အတွက် ကျရောက်သော တာဝန်ဝတ္တရားများကို ခိုင်မြဲသောစိတ်နှင့် ဆောင်ရွက်သော တပ်မတော်အရာရှိ၊ အမှုထမ်းများအား စစ်အမှုထမ်းကောင်း မှတ်တမ်းဝင်ဟု အစိုးရ အမိန့်ပြန်တမ်းတွင် ဂုဏ်ထူးရှိလောက်အောင် အမှုတော်ကို ထမ်းရွက်သည့်အတွက် စစ်မှုထမ်းကောင်းတံဆိပ် ပထမတန်း၊ စစ်မှုထမ်းကောင်းတံဆိပ် ဒုတိယတန်း၊ စစ်မှုထမ်းကောင်းတံဆိပ် တတိယတန်းဟူ၍ ရာထူးဆင့်အတန်းအလိုက် ခြီးမြှင့်သည်။


ပထမတန်းတံဆိပ်ကို ဒုတိယ ဗိုလ်မှူးကြီးများနှင့် ယင်းအထက်မြင့်သော ရာထူးအရာရှိကြီးများအား ချီးမြှင့်သည်။ ဒုတိယတန်းတံဆိပ်ကို အထက်ဖော်ပြပါ ဗိုလ်တန်းအရာရှိများ မဟုတ်သည့် အခြားဗိုလ်တန်း အရာရှိများ အားချီးမြှင့်သည်။ တတိယတန်းတံဆိပ်ကို ဗိုလ်တန်းအရာရှိ မဟုတ်သော အခြားတပ်မတော် တပ်သားများအား ချီးမြှင့်သည်။ စစ်မှုထမ်းကောင်းတံဆိပ် တတိယတန်းဖြင့် ချီးမြှင့်ခြင်းခံရသော တပ်မတော်သားများအတွက် အမှုတော်ထမ်းရွက်ခြင်းမှ အငြိမ်းစားယူခွင့်ရသောအခါ အမတော်ငွေများဖြင့်လည်း ချီးမြှင့်သည်။


မြန်မာနိုင်ငံတွင် ဖက်ဆစ်ရန်သူတို့အား နှင်ထုတ်ပြီးနောက်နှင့် တိုင်းတစ်ပါး နယ်ချဲ့သမားတို့အုပ်ချုပ်ခြင်းမှ လုံးဝလွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း ငြိမ်ဝပ်ပိပြားရေးအတွက် တိုက်ခိုက်သော စစ်ပွဲများတွင် ကျေနပ်အောင် ထူးကဲကောင်းမွန်စွာ ပါဝင်တိုက်ခိုက်ကြသော ကြည်းတပ်၊ ရေတပ်၊ လေတပ်များမှ တပ်ဗိုလ်တပ်သားတို့အား ချီးမြှင့်ရန် နိုင်ငံတော်စစ်မှုထမ်းတံဆိပ်ကို ပြဋ္ဌာန်းသည်။ ဤတံဆိပ်ကို တပ်မတော်များမှ တပ်ဗိုလ်၊ တပ်သားများအပြင်၊ မြို့ပြဘက်ဆိုင်ရာ လက်နက်ကိုင် တပ်ဗိုလ်တပ်သားများကိုလည်း ချီးမြှင့်နိုင်ကြောင်း အထူးအမိန့်ပြန်တမ်းထုတ်၍ ကြေညာနိုင်သည်။

 သူရသတ္တိတံဆိပ်များ

စစ်ဘက်ဆိုင်ရာတံဆိပ်များကား ပထမအဆင့်အတန်းတွင် အောင်ဆန်းသူရိယ၊ ဒုတိယအဆင့်အတန်းတွင် သီဟသူရ၊ တတိယအဆင့်အတန်းတွင် သူရ တံဆိပ်များဟူ၍ အဆင့်အတန်း ၃ မျိုးရှိသည်။ ဤမည်သော တံဆိပ်များကို ရန်သူနှင့် ရင်ဆိုင် တိုက်ခိုက်ရာတွင် သူရသတ္တိနှင့်တကွ မိမိတို့ ထမ်းဆောင်ရသည့် အလုပ်တာဝန် ဝတ္တရားများကို ခိုင်မြဲသောစိတ်နှင့် ဆောင်ရွက်မှုများအတွက် တပ်မတော်အရာရှိ အမှုထမ်း တပ်သားများအား ချီးမြှင့်သည်။ တပ်မတော်များနှင့် အတူတကွ အမှုတော်ထမ်းရွက်သော နယ်ဘက်ဆိုင်ရာ အစိုးရအရာရှိ၊ အမှုထမ်း သို့မဟုတ် တပ်မတော်များအား ကူညီဆောင်ရွက်သော နယ်ဘက်ဆိုင်ရာ အရာရှိ အမှုထမ်းများအား အထက်ပါ တံဆိပ်များ ချီးမြှင့်နိုင်သည်။ ထို့ပြင် ရန်သူတို့နှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် အသိအမှတ်ပြုထိုက်အောင် သူရသတ္တိနှင့် မိမိတို့အတွက် ကျရောက်သော တာဝန်ဝတ္တရားများကို ခိုင်မြဲသော စိတ်နှင့် ဆောင်ရွက်သော တပ်မတော် အရာရှိ၊ အမှုထမ်းများအား သူရဲကောင်းမှတ်တမ်းဝင် ဟူ၍ အစိုးရအမိန့်ပြန်တမ်းတွင် ကြေညာနိုင်ခွင့်ရှိသည်။


မိမိတို့အသက်ဘေးအန္တရာယ် ဆုံးရှုံးလောက်နီးထိအောင် လွန်ကဲထူးချွန်သော သူရသတ္တိနှင့် ဆောင်ရွက်သော တပ်မတော်အရာရှိ၊ အမှုထမ်း တပ်သားများအား အဆင့်အတန်း ၂ မျိုး ၂ စား ခွဲခြားချီးမြှင့်ပေရာ ပထမအဆင့်အတန်းမှာ အောင်ဆန်းတံဆိပ် ဖြစ်၍ ဒုတိယအဆင့်အတန်းမှာ သီဟဗလတံဆိပ်တို့ဖြစ်သည်။ ဤတံဆိပ်များကို လက်နက်ကိုင် တပ်မတော်အရာရှိ၊ အမှုထမ်း တပ်သားများအား မဟုတ်၊ နယ်ဘက်ဆိုင်ရာ အရာရှိ အမှုထမ်းများအားလည်း ချီးမြှင့်နိုင်ခွင့်ရှိသည်။

 သင်္ဂဟ

သင်္ဂဟအဖွဲ့တွင် သုဓမ္မသင်္ဂဟနှင့် ပြည်ထောင်စုစည်သူသင်္ဂဟဟူ၍ ၂ ဖွဲ့ထားရှိပေသည်။ သင်္ဂဟအဖွဲ့ ၂ ဖွဲ့စလုံးအတွက် စစ်ဘက်ဆိုင်ရာ အရာရှိများအတွက်နှင့် နယ်ဘက်ဆိုင်ရာ အရာရှိများအတွက်ဟူ၍ ၂ မျိုးစီ ခွဲခြားထားသည်။ ယင်းသို့ ၂ မျိုးခွဲခြားထားသော်လည်း၊ အဆင့်အတန်းမှာ ခြားနားခြင်းမရှိပေ။ သုဓမ္မသင်္ဂဟတွင် ပထမတန်းကို အဂ္ဂမဟာသီရိသုဓမ္မ၊ ဒုတိယတန်းကို သတိုးသီရိသုဓမ္မ၊ တတိယတန်းကို မဟာသီရိသုဓမ္မဟူ၍ အဆင့်အတန်း ၃ မျိုးခွဲခြားထားသည်။ ပြည်ထောင်စုစည်သူသင်္ဂဟတွင် ပထမတန်းကို အဂ္ဂမဟာသရေစည်သူ၊ ဒုတိယတန်းကို သတိုးမဟာသရေစည်သူ၊ တတိယတန်းကို မဟာသရေစည်သူ၊ စတုတ္ထတန်းကို သရေစည်သူ၊ ပဉ္စမတန်းကို စည်သူဟူ၍ အဆင့်အတန်း ၅ မျိုးခွဲခြားထားသည်။

 အလင်္ကာကျော်စွာဘွဲ့သည် စာပေနှင့် အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူများအား ချီးမြှင့်အပ်နှင်းသော ဘွဲ့ဖြစ်ပေသည်။ မြန်မာနိုင်ငံတွင် အလင်္ကာကျော်စွာဘွဲ့ကို ၁၉၄၉-ခုနှစ်မှ ၁၉၆၂-ခုနှစ်ထိ ပေးအပ်ချီးမြှင့်ခဲ့ရာ အလင်္ကာကျော်စွာဘွဲ့ရရှိသောသူ (၂၀)ယောက် ရှိပေသည်။


အလင်္ကာကျော်စွာဘွဲ့ရရှိခဲ့သော သူမျး

ရက်စွဲ မှတ်ချက်

၁ ဆရာကြီးဦးလွန်း(သခင်ကိုယ်တော်မှိုင်း) ၁၉၅၀ အမှတ်(၇) ၄.၁.၁၉၅၀

၂ ဆိုင်းဆရာဦးဟန်ပ ၁၉၅၃ အမှတ်(၃) ၄.၁.၁၉၅၃

၃ စောင်း ဆရာညိန်း(ဂီတအနုပညာသည်ကြီး) ၁၉၅၃ - အမှတ်(၃) ၄.၁.၁၉၅၃

၄ ပတ္တလား ဆရာဘကလေး(မန္တလေး) ၁၉၅၃ အမှတ်(၃) ၄.၁.၁၉၅၃

၅ ဒေါ်စောမြဧကြည် ၁၉၅၃ အမှတ်(၃) ၄.၁.၁၉၅၃

၆ ပန်းချီဆရာကြီးဦးငွေကိုင် ၁၉၅၃ အမှတ်(၃) ၄.၁.၁၉၅၃

၇ မြန်မာ့ဇာတ်မင်းသားရွှေမန်းတင်မောင် ၁၉၅၃ အမှတ်(၃) ၄.၁.၁၉၅၃

၈ ပြဇာတ်ဒါရိုက်တာဒဂုံဆရာတင် ၁၉၅၃ ? -၁၉၇၆ အမှတ်(၃) ၄.၁.၁၉၅၃

၉ ဆိုင်းဆရာ ဦးဘမောင် ၁၉၅၅ - အမှတ်(၁) ၄.၁.၁၉၅၅

၁၀ သီချင်းရေးဆရာဦးဧ(ရွှေပြည်အေး) ၁၉၅၅ အမှတ်(၁) ၄.၁.၁၉၅၅

၁၁ စောင်းဦးဘသန်း ၁၉၅၅ အမှတ်(၁) ၄.၁.၁၉၅၅

၁၂ ရုပ်ပြောင်၊ပန်းချီဆရာကြီးဦးဘဂျမ်း ၁၉၅၅ အမှတ်(၁) ၄.၁.၁၉၅၅ (ကွယ်လွန်ပြီးမှ ရရှိ)

၁၃ သီချင်းရေးဆရာမြို့မငြိမ်း ၁၉၅၆ အမှတ်(၂) ၄.၁.၁၉၅၆ (ကွယ်လွန်ပြီးမှ ရရှိ)

၁၄ ဇာတ်ပွဲ စာရေးဆရာဦးစံခို ၁၉၅၈ အမှတ်(၂) ၄.၁.၁၉၅၈

၁၅ ရုပ်ရှင်ဒါရိုက်တာအေဝမ်းဦးတင်မောင် ၁၉၅၈ ၁၉၀၈-၂၀၀၀ အမှတ်(၂) ၄.၁.၁၉၅၈

၁၆ ပန်းချီဆရာကြီးဦးစောမောင် ၁၉၅၈ အမှတ်(၂) ၄.၁.၁၉၅၈

၁၇ နိုင်ငံတော်တီးဝိုင်းနှင့် ပြဇာတ်အဖွဲ့ စိန်ဝေလျှံ (ခေါ်) ဦးတိုးဝေ ၁၉၅၈ အမှတ်(၂) ၄.၁.၁၉၅၈

၁၈ စာရေးဆရာနှင့် ရုပ်ရှင်ဒါရိုက်တာဦးသုခ ၁၉၅၈ အမှတ်(၂) ၄.၁.၁၉၅၈

၁၉ စာရေးဆရာနှင့် ရုပ်ရှင်ဒါရိုက်တာဦးဉာဏ ၁၉၅၈ အမှတ်(၂) ၄.၁.၁၉၅၈

၂၀ ရုပ်ရှင်ဒါရိုက်တာဦးချင်းစိန်(ရွှေညာမောင်) ၁၉၅၈ အမှတ်(၂) ၄.၁.၁၉၅၈

ပိတ်ရန်

၂၁-ဆိိုင်းဆရာရွာစားကျော်စိန်စတင်ာ

 အောင်ဆန်းသူရိယဘွဲ့

အောင်ဆန်းသူရိယဘွဲ့မှာ မြန်မာ့တပ်မတော်တွင် ဂုဏ်သိက္ခာအားဖြင့် အမြင့်မားဆုံးသော ဆုတံဆိပ် ဖြစ်သည်။ တိုက်ပွဲအတွင်း မိမိတို့၏ အသက်ကို ပဓာနမထားပဲ နိုင်ငံတော် အကျိုးအတွက် ရွပ်ရွပ်ချွံချွံ စွန့်လွှတ်စွန့်စား တိုက်ခိုက်သော စစ်သည်များကိုသာ ချီးမြှင့် လေ့ ရှိသည်။ ယနေ့အထိ အောင်ဆန်းသူရိယ ဘွဲ့တံဆိပ် ချီးမြှင့်ခြင်းခံရသော စစ်သည် ၆ ဦးသာ ရှိသေးသည်။

၎င်းတို့မှာ-


ဗိုလ်မှူးအောင်ဆန်းသူရိယ အေးချို

တပ်သား အောင်ဆန်းသူရိယ လှသောင်း

အရပ်သား အောင်ဆန်းသူရိယ စောဘရီ

တပ်သား အောင်ဆန်းသူရိယ စောမြင့်

တပ်သား အောင်ဆန်းသူရိယ ဆာ့ခ်ဗဟာဒူးရွိုင်း

ဗိုလ်ကြီး အောင်ဆန်းသူရိယ တိုက်ချွန်းတို့ ဖြစ်သည်။


ထိုစစ်သည်များ အားလုံးထဲတွင် ဗိုလ်တိုက်ချွန်း တစ်ယောက်သာ အသက်ရှင်လျက် ဆုတံဆိပ်ကို လက်ခံရရှိခဲ့ပြီး ကျန်စစ်သည်များမှာ တိုက်ပွဲတွင်း အသက်စွန့် တိုက်ခိုက်ပြီးမှသာ ဆုတံဆိပ်ချီးမြှင့်ခံရခြင်း ဖြစ်သည်။


ယနေ့ခေတ်တွင် အောင်ဆန်းသူရိယဘွဲ့ ရရှိသူ ကျဆုံးစစ်သည်တော်တို့၏ အမည်စာရင်းများကို နောင်လာနောက်သားများ အမြဲအမှတ်ရနေစေရန် သူရဲကောင်းဗိမာန် (နေပြည်တော်)၌ မော်ကွန်းတင်ကမ္ပည်းရေးထိုးထားရှိသည်။

 ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိခဲ့သူများ

ဦးသိန်းဟန် (ဇော်ဂျီ) ဝဏ္ဏ ကျော်ထင်ဘွဲ့ (၁၉၄၉) နှင့် သီရိပျံချီ (၁၉၆၁)

ဦးသန့် ဝဏ္ဏ ကျော်ထင်ဘွဲ့ (၁၉၄၉)၊ သီရိပျံချီ (၁၉၅၃)၊ စည်သူ (၁၉၅၇)၊ မဟာသရေစည်သူ (၁၉၆၁)

ပါမောက္ခ ဦးဧမောင် ဝဏ္ဏ ကျော်ထင်ဘွဲ့ (၁၉၅ဝ)နှင့် သီရိပျံချီဘွဲ့ (၁၉၆၂)

ဂီတစာဆို ဝိုင်အမ်ဘီ သခင်တင် ဝဏ္ဏ ကျော်ထင်ဘွဲ့ (၁၉၅ဝ) (မြန်မာနိုင်ငံတော်သီချင်း ရေးစပ်သီးကုံးထားခဲ့သူ တို့ဗမာအစည်းအရုံးဝင်)

ဇေယျကျော်ထင်ဗိုလ်မှူးဗကို (MA, Yale) (ဗိုလ်ဗကို) ဝဏ္ဏ ကျော်ထင်ဘွဲ့ (၁၉၅ဝ) နှင့် စာပေဗိမာန် ၁၉၅၇ အကယ်ဒမီ

အေဝမ်းဦးတင်နွယ် (ရုပ်ရှင်ပြဇာတ်အစည်းအရုံးဥက္ကဋ္ဌ) ၁၉၅၀

ဇာတ်မင်းသားကြီး ဦးဘိုးစိန် T.P.S

ဝဏ္ဏကျော်ထင် ဦးဘမြိုင် [မြစ်ကြီးနားအရေးပိုင်(ခရိုင်ဝန်)နောင်တွင် မကွေးတိုင်း တိုင်းမင်းကြီး]{အုပ်ချုပ်ရေးပိုင်းဆိုင်ရာ၌ ကချင်ပြည်နယ်တွင် တစ်ဦးတည်းသော ဂုဏ်ထူးဆောင်ဘွဲ့ အပ်နှင်းခြင်းခံရသော ပုဂ္ဂိုလ်}

ပရော်ဖက်ဆာ ဦးအေးမောင် (မြန်မာစာ)

ဦးဝန် (မင်းသုဝဏ်)(ကထိက) (သီရိပျံချီ၊ ၁၉၆၂)(နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်၏​ဖခင်)

ဦးယော (ဇေယျ) (ပြန်ကြားရေးညွှန်ကြားရေးဝန်) ၁၉၅၁

ခင်ဇော်၊ ဦး (ကေ) (ဗမာ့အသံညွှန်ကြားရေးဝန်) ၁၉၅၄

ဦးကိုလေး (MSc. Lond.) (ဇေယျာမောင်) မန္တလေးယူနီဗာစီတီကောလိပ်ကျောင်းအုပ်ကြီး

အင်္ဂလိပ်စာပါမောက္ခ ဦးမျိုးမင်း (နွယ်စိုး) (MA, BL)

ကာယဗလဦးရှိန် ၁၉၅၅

ဦးသာတင် (မာဃ) ၁၉၅၆

သခင်မ ဒေါ်သိန်းတင်

စဝ်မန်ဖ

စိန်အောင်မင်း

ကက်နက်စိန်

မင်္ဂလာဦးအောင်မောင်း

ဦးထွန်းတင် (မန်းတင်) (ဒုအတွင်းဝန်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး) (နိုင်ငံတော်ကောင်စီဝင်)

ဒေါက်တာမြင့်ဆွေ (ဆဋ္ဌသင်္ဂါယနာဘိသိက်) ဆင်းဒဝစ်လမ်း ၁၉၅၈

ဦးစိန်ညွန့် (မန္တလေးပန်တျာနှင့်ပြဇာတ်ကျောင်းအုပ်ကြီး)

ဒေါ်ဩဘာသောင်း (ဒေါ်သောင်း) (အကနည်းပြ၊ပန်တျာ)

ဒေါ်အောင်ကြည် (ပန်တျာမူမှန်ပြုပြင်ရေးအဖွဲ့)

သုဓမ္မဝတီဦးပန်းမောင်

မင်းသားမျိုးချစ်

ဇေယျ အကယ်ဒမီ

ဖိုးပါကြီး အကယ်ဒမီ

ကြည်ကြည်ဌေး အကယ်ဒမီ

မေသစ် အကယ်ဒမီ

မေရှင် (ဗမာ့အသံ)

ဗြိတိသျှဘားမားဦးချန်ထွန်း အကယ်ဒမီ

ရန်နိုင်စိန် ပြဇာတ်ညွှန်ကြားရေးမှူး

ပါဠိပါမောက္ခဦးအောင်သန်း (ရန်ကုန်) ၁၉၅၉

ပန်းချီဦးစံဝင်း(ပညာမင်းကြီးရုံး) ၁၉၆၀

ရွှေဥဒေါင်း(ဦးဖေသိန်း) ၁၉၆၁

ကြီးပွားရေးဦးသိန်း (ရန်ကုန်ခရိုင်လူမှုဝန်ထမ်းကောင်စီအတွင်းရေးမှူး)

အမတ်ဟောင်းသခင်မဒေါ်ခင်လှ (ဝင်္ကပါအမျိုးသမီးစောင့်ရှောက်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ)

စိန်မြမောင် ၁၉၆၂

ဦးသက်ထွန်း ညွှန်ကြားရေးဝန်၊ ဗဟိုစာရင်းအင်းနှင့်စီးပွားရေးဌာန (သံအမတ်)

ဦးဝင်းဖေ MPA (Harvard) (ဆရာကြီး မြဇင်)

ဦးဘသန်းတင်

ဒေါ်မေမေခင် 

ဂိုအင်ကာ

ရှင်မဟာဗုဒ္ဓဃောသ ဦးဘသန်း

ဝင်းမြင့် (ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ)

ဇေကမ္ဘာ ဦးခင်ရွှေ

ဒေါက်တာ စိုးညွန့်(ထီလာစစ်သူ)

မီးသတ်ဦးစီးဌာနညွှန်ကြားရေးဝန် ဦးခင်မောင်လွင်(၁၉၅၆)

ဦးမြင့်နိုင်(ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်-အဖွဲ့ဝင်)

ဦးဇော်မိုးခိုင် (ဥက္ကဋ္ဌ၊ Pacific – AA Group/ AA Medical Products Ltd)

ဦးမောင်ကို (ဥက္ကဋ္ဌ၊ ထာဝရကုမ္ပဏီများအုပ်စု၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး)

သီရိပျံချီ

 လက်ယာရစ်ရွှေခရုသင်းကို သပြေခက်နှစ်ခက်ဝန်းရံထားသောအမှန်တံဆိပ်ပုံဖြစ်ပြီး နိုင်ငံတာဝန်ကိုထူးချွန်ပြောင်မြောက်စွာထမ်းဆောင်ခဲ့သော နယ်ဘက်ဆိုင်ရာ အစိုးရအမှု့ထမ်း၊ ယောက်ျား၊ မိန်းမ၊ အရပ်သားများကို ချီးမြှင့်ခဲ့သည်။


သီရိပျံချီဘွဲ့ ရရှိခဲ့သူများ

သီရိပျံချီဘွဲ့ရရှိခဲ့သော မြန်မာနိုင်ငံသားများ-


မီးယပ်သားဖွားပါမောက္ခ ဒေါ်ရင်မေ (ဒပ်ဖရင်ဆေးရုံ) (၁၉၄၉)

ဆေးပညာပါမောက္ခ ဦးမင်းစိန် (၁၉၄၉)

ဓာတုဗေဒ မင်းကြီး ဦးချစ်သောင်း (၁၉၅ဝ)

ခန္တီး စော်ဘွားကြီးစဝ်မြစိန် (၁၉၅၂)

ဦးသန့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်(၁၉၅၃)

ဦးသာမြတ် (၁၉၅၄) (ပျူစာပေ ပညာရှင်)

ပါမောက္ခ ဒေါက်တာ ဘသန်း (၁၉၅၄) (ရန်ကုန်ဆေးကောလိပ်)

ဆရာဇေယျ (၁၉၅၅)

ဝဏ္ဏကျော်ထင် ဦးစိုးရ (၁၉၅၉)

ဆရာ ဇော်ဂျီ (၁၉၆၁)

ဝဏ္ဏကျော်ထင် နွယ်စိုး (၁၉၆၁)

ပါမောက္ခ ဦးဧမောင် (၁၉၆၂)

ဆရာ မင်းသုဝဏ် (၁၉၆၂) (နိိုင်ငံတော်သမ္မတ ဦးထင်​ကျော်၏ဖခင်)

ဦးဘသောင်း (၁၉၆၂) (အတွင်းဝန်)

ဦးစိန်ဝင်း (နိုင်ငံတော်ဝန်ကြီးချုပ်နှင့် လွတ်လပ်ရေးမော်ကွန်းဝင်(ပထမဆင့်))

ဦးသန်းစိန် (ပါလီမန်အတွင်းဝန်)

အထူးခုံရုံး အဖွဲ့ဝင် ဦးစီဘူး (၁၈၉၈-၁၉၅၃) (၁၉ ဇူလိုင် နိုင်ငံတော် လုပ်ကြံမှုကို စစ်ဆေးစီရင်သော တရားရေးအဖွဲ့ဝင်)

ဦးမြ (အငြိမ်းစားကျောက်စာဝန်၊ အထူးအရာရှိ၊ ရှေးဟောင်းသုတေသနဌာန)

ဗိုလ်မှူးကြီး စောမြင့် (လွတ်လပ်ရေးမော်ကွန်းဝင်)

ဗိုလ်မှူးကြီး မောင်မောင် (လွတ်လပ်ရေးမော်ကွန်းဝင်)

စည်သူ ဗိုလ်မှူးကြီး ကျော်စိုး (လွတ်လပ်ရေးမော်ကွန်းဝင်)

ဒုတိယ ဗိုလ်မှူးကြီး မြင့်ဆွေ (သူရဲကောင်းမှတ်တမ်းဝင်၊ လွတ်လပ်ရေးမော်ကွန်းဝင်(ပထမအဆင့်))

ဗိုလ်မှူးကြီး သီဟသူရ လှမော် (လွတ်လပ်ရေးမော်ကွန်းဝင်(ပထမအဆင့်)) (BC-3570)

ဦးဘအေး (ပြည်ထောင်စု ရွှေတံဆိပ်ဆုရှင်)

ဦးဘစိန်

ဦးဘဉာဏ်

ဗိုလ်မှူးကြီး ကြည်မောင် (လွတ်လပ်ရေးမော်ကွန်းဝင်) (နောင်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင်တည်ထောင်ခဲ့သူ)

ဆရာကြီး ဃာဇီ မုဟမ္မဒ်ဟာရှင်မ်ဟာ

မှူးသမိန်

စန်းယု (နိုင်ငံတော်သမ္မတ)

ဦး​အေးကို (နိုင်ငံတော်သမ္မတ)

ဦးသိန်းဟန် (မြန်မာနိုင်ငံသမိုင်း ကော်မရှင်ဥက္ကဋ္ဌ)

ဦးထွန်းမြင့် (လင်းခေး)

စဝ်ခွန်အောင်

ဦးလွင် (ဒုတိယဝန်ကြီးချုပ်)(နောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်သူ၊ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော် ၏ယောက္ခမ)

ဦးခင့်မောင်

ဦးအေမြလေး

စောခင်စိုး

ဦးထွန်းနေလင်း (နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး)

ဦးခင်အောင်မြင့် ( အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ) (၂၀၁၁)

ဦးဇော်ဇော် (မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ)

ဦးတေဇ

ဦးသိန်းဆွေ (အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး)

စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)

ဦးဝင်းမြ - သံအမတ်ကြီး (အငြိမ်းစား) (မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ) (၂၀၁၆)

ဦးကျော်ကျော်မောင် (မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ) (၂၀၁၆)

စဝ်အောင်မြတ် (ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်) (၂၀၁၆)

ဦးလှမောင်တင် (ရခိုင်ပြည်နယ် ဝန်ကြီးချုပ်) (၂၀၁၆)

အဂ္ဂမဟာသီရိသုဓမ္မာသင်္ဂီ ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် (လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး) (၂၀၁၆)

ကိုးကား


 ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ရောက်ရှိကာ ပြည်ထောင်စုနိုင်ငံကို တည်ထောင်သည့်အချိန်မှစ၍ နိုင်ငံတော်အစိုးရက ဂုဏ်ထူး၊ ဘွဲ့ထူးများ ပေးအပ်ခြင်း နည်းစနစ်သစ် တီထွင်၍ နိုင်ငံတော်သမ္မတက နှစ်စဉ် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ဖြင့် ချီးမြှင့်သည်။


ဂုဏ်ထူးဘွဲ့ထူးများကို သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊ ဟူ၍ ၃ မျိုးခွဲခြားရာ၌ သင်္ဂဟပြီးလျှင် ဘွဲ့၊ ဘွဲ့၏အောက် တံဆိပ်ဟူ၍ ဖြစ်သည်။ ဘွဲ့များတွင် သီရိပျံချီ၊ ဝဏ္ဏကျော်ထင်၊ အလင်္ကာကျော်စွာ၊ သိပ္ပံကျော်စွာ၊ ဇေယျကျော်ထင်ဟူ၍ ၅ မျိုးရှိသည်။


သီရိပျံချီဘွဲ့ကို ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကောင်းရာကောင်းကျိုးကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သူများအား ချီးမြှင့်သည်။

ဝဏ္ဏကျော်ထင်ဘွဲ့ကို အများပြည်သူတို့၏ ကောင်းရာကောင်းကြောင်းကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်ခြင်းအတွက် ချီးမြှင့်သည်။

အလင်္ကာကျော်စွာဘွဲ့ကို စာပေ ပရိယတ္တိ၊ သုခုမပညာ၊ ကခြင်း၊ သီခြင်း၊ ဂီတပညာအရပ်ရပ်တို့တွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူများအား ချီးမြှင့်သည်။

သိပ္ပံကျော်စွာဘွဲ့ကို သိပ္ပံပညာ၊ ကုန်ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှုပညာရပ်များတွင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သည့်အတွက် ချီးမြှင့်သည်။

ဇေယျကျော်ထင်ဘွဲ့ကိုမူ စစ်ဘက်ဆိုင်ရာ အမှုထမ်းကောင်းခြင်းအတွက် ချီးမြှင့်သည်။

 စည်သူဘွဲ့

ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့


စည်သူဘွဲ့ သည် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ငါးမျိုးတွင်အပါအဝင်ဖြစ်ပြီး ပဉ္စမတန်းစားဘွဲ့ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ရောက်ရှိကာ ပြည်ထောင်စုနိုင်ငံကို တည်ထောင်သည့်အချိန်မှစ၍ နိုင်ငံတော်အစိုးရက ဂုဏ်ထူး၊ ဘွဲ့ထူးများ ပေးအပ်ခြင်း နည်းစနစ်သစ် တီထွင်၍ နိုင်ငံတော်သမ္မတက နှစ်စဉ် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ဖြင့် ချီးမြှင့်သည်။


ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များ


အဂ္ဂမဟာသရေစည်သူ

သတိုးမဟာသရေစည်သူ

မဟာသရေစည်သူ

သရေစည်သူ

စည်သူ ဘွဲ့တို့ဖြစ်ကြသည်။

အမှတ်စဉ် ၁ ကိုများသောအားဖြင့် နိုင်ငံတော်သမ္မတကြီးများ၊ စော်ဘွားကြီးများ ကိုသာချီးမြှင့်လေ့ရှိသည်။အမှတ်စဉ် ၂ ကိုတပ်မတော်အရာရှိကြီးများ ပြည်ထောင်စုဖြစ်မြောက်ရေးတွင်ပါဝင်ကြိုးပမ်းခဲ့ကြသောတိုင်းရင်းသားခေါင်းဆောင်များ တရားလွှတ်တော်ဝန်ကြီးချုပ်များ ကိုသာချီးမြှင့်လေ့ရှိသည်။


ချီးမြှင့်ခြင်း

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊


သင်္ဂဟဂုဏ်ထူးများကို အခြားနိုင်ငံရှိ ဂုဏ်ထူးအဆင့်အတန်းများနှင့် နှိုင်းရှည့်ထားခြင်းမရှိ။ ပြည်ထောင်စုမြန်မာနိုင်ငံတွင် အကောင်းဆုံး အမြင့်ဆုံးဟုထားသော ဂုဏ်ထူး၊ ဘွဲ့ထူးများမှာ အခြားမည်သည့် နိုင်ငံများတွင်မဆို အကောင်းဆုံး၊ အမြင့်ဆုံးဟုထားသော ဂုဏ်ထူး၊ ဘွဲ့ထူးများနှင့် တန်းတူသည်ဟု ယူဆသည်။ ဘွဲ့ရသူတို့အား ရွှေ ၃ကျပ်သားထက်မနည်း ပါဝင်သော ရွှေတံဆိပ်များ ချီးမြှင့်သည်။ အဆောင်အယောင်တို့ကို ပြဋ္ဌာန်းထားသည်နှင့်အညီ ဝတ်ဆင်ရပေသည်။ နိုင်ငံခြားစိုးရများက ပေးသော ဘွဲ့၊ ဆု၊ တံဆိပ်များအတွက် ဖဲကြိုးများကို ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရကပေးသော ဘွဲ့တံဆိပ်များအတွက် ဖဲကြိုးများနောက် ပြီးဆုံးမှ တပ်ဆင်ရန် ပြဋ္ဌာန်းထားသည်။


စည်သူဘွဲ့ ရရှိခဲ့သူများ

စည်သူဘွဲ့ ရရှိခဲ့သော မြန်မာနိုင်ငံသားများ-


ဦးတင်(၁၈၉၀-၁၉၇၂) (ဗိသုကာပညာရှင်)

ဦးညွှန့်

ဦးသန့်

ဦးစံဖေ

ဦးချို

စောရှီးရှိုး (ခေါ်) ဆင်မြူယယ်ရှီးရှိုး - တပ်မတော် (လေ) လေတပ်ဦးစီးချုပ် (၁၉၄၉)

ပညာမင်းကြီး ဦးကောင်း (မြန်မာနိုင်ငံသမိုင်း ကော်မရှင်)

ဘခင်

မောင်မောင်ကျော်

ဗိုလ်မှူးချုပ် တင်ဖေ

ဦးအောင်ရွှေ

ကရင်ပြည်နယ်ဝန်ကြီး မစ္စစ်ဘမောင်ချိန် (ပထမဆုံး မြန်မာပြည် အမျိုးသမီး ဝန်ကြီး)

မြတ်ထန်

ဝမ်းကိုဟော

ဗိုလ်မှူးကြီးကိုကို

ဒေါက်တာသော်ကောင်း (စာကြည့်တိုက် ပညာရှင်)

ဗိုလ်ကလေးတင့်အောင်

ရွှေနန်းတင်

မင်း‌နောင်

‌မောင်မောင်ကြီး

အကယ်ဒမီ မြင့်⁠မြင့်​ခင် (ရုပ်ရှင်သရုပ်​ဆောင်)

တင်တင်မြ

ထား

သင်းသင်းမြတ်

လယ်တွင်းသား စောချစ်

 

သရေစည်သူဘွဲ့ သည် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ငါးမျိုးတွင်အပါအဝင်ဖြစ်ပြီး စတုတ္ထတန်းစားဘွဲ့ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ရောက်ရှိကာ ပြည်ထောင်စုနိုင်ငံကို တည်ထောင်သည့်အချိန်မှစ၍ နိုင်ငံတော်အစိုးရက ဂုဏ်ထူး၊ ဘွဲ့ထူးများ ပေးအပ်ခြင်း နည်းစနစ်သစ် တီထွင်၍ နိုင်ငံတော်သမ္မတက နှစ်စဉ် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ဖြင့် ချီးမြှင့်သည်။


ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များ


အဂ္ဂမဟာသရေစည်သူ

သတိုးမဟာသရေစည်သူ

မဟာသရေစည်သူ

သရေစည်သူ

စည်သူ ဘွဲ့တို့ဖြစ်ကြသည်။

အမှတ်စဉ် ၁ ကိုများသောအားဖြင့် နိုင်ငံတော်သမ္မတကြီးများ၊ စော်ဘွားကြီးများ ကိုသာချီးမြှင့်လေ့ရှိသည်။အမှတ်စဉ် ၂ ကိုတပ်မတော်အရာရှိကြီးများ ပြည်ထောင်စုဖြစ်မြောက်ရေးတွင်ပါဝင်ကြိုးပမ်းခဲ့ကြသောတိုင်းရင်းသားခေါင်းဆောင်များ တရားလွှတ်တော်ဝန်ကြီးချုပ်များ ကိုသာချီးမြှင့်လေ့ရှိသည်။ အမှတ်စဉ် ၃ ကို ရှမ်းစော်ဘွားများ၊ ဝန်ကြီးများ၊ တရားလွှတ်တော်ဝန်ကြီးများ၊ နိုင်ငံ့တာဝန်ထူးချွန်ပြောင်မြောက်သူများကိုချီးမြှင့်လေ့ရှိသည်။


ချီးမြှင့်ခြင်း

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊


သင်္ဂဟဂုဏ်ထူးများကို အခြားနိုင်ငံရှိ ဂုဏ်ထူးအဆင့်အတန်းများနှင့် နှိုင်းယှဉ်ထားခြင်းမရှိ။ ပြည်ထောင်စုမြန်မာနိုင်ငံတွင် အကောင်းဆုံး အမြင့်ဆုံးဟုထားသော ဂုဏ်ထူး၊ ဘွဲ့ထူးများမှာ အခြားမည်သည့် နိုင်ငံများတွင်မဆို အကောင်းဆုံး၊ အမြင့်ဆုံးဟုထားသော ဂုဏ်ထူး၊ ဘွဲ့ထူးများနှင့် တန်းတူသည်ဟု ယူဆသည်။ ဘွဲ့ရသူတို့အား ရွှေ ၃ကျပ်သားထက်မနည်း ပါဝင်သော ရွှေတံဆိပ်များ ချီးမြှင့်သည်။ အဆောင်အယောင်တို့ကို ပြဋ္ဌာန်းထားသည်နှင့်အညီ ဝတ်ဆင်ရပေသည်။ နိုင်ငံခြားစိုးရများက ပေးသော ဘွဲ့၊ ဆု၊ တံဆိပ်များအတွက် ဖဲကြိုးများကို ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရကပေးသော ဘွဲ့တံဆိပ်များအတွက် ဖဲကြိုးများနောက် ပြီးဆုံးမှ တပ်ဆင်ရန် ပြဋ္ဌာန်းထားသည်။


သရေစည်သူဘွဲ့ ရရှိခဲ့သူများ

သရေစည်သူဘွဲ့ ရရှိခဲ့သော မြန်မာနိုင်ငံသားများ-


လဲချားစော်ဘွားကြီး စဝ်နွံ

ကျေးသီးစော်ဘွား စဝ်ရွှေမှုံ

မိုးနဲစော်ဘွား စဝ်ပြည့်

ဗိုလ်ကျော်ဇော (ရဲဘော်သုံးကျိပ်ဝင်)

ဘခင်

ဦးချန်ထွန်းအောင်

ဦးဝင်းဖေ (အတွင်းဝန်)

မှူးသမိန်

စန်းယု (နိုင်ငံတော်သမ္မတ)

ဦးလှကျော် - မီးသတ်ဦးစီးဌာန၏ ပထမဆုံးညွှန်ကြားရေးဝန် (၁၉၅၄)

ဦးအောင်ရွှေ (နောင်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင်တည်ထောင်ခဲ့သူ)

ဗိုလ်ချုပ် သီဟသူရစစ်မောင်

ဦးဉာဏ်ထွန်း (ဒုတိယ သမ္မတ)

ဦးကျော်သန်း

တပ်မတော်ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးလှဌေးဝင်း

ဦးအောင်ကိုဝင်း (ကမ္ဘောဇဘဏ်နာယက)

 

သတိုးမဟာသရေစည်သူဘွဲ့ သည် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ငါးမျိုးတွင်အပါအဝင်ဖြစ်ပြီး ဒုတိယတန်းစားဘွဲ့ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ရောက်ရှိကာ ပြည်ထောင်စုနိုင်ငံကို တည်ထောင်သည့်အချိန်မှစ၍ နိုင်ငံတော်အစိုးရက ဂုဏ်ထူး၊ ဘွဲ့ထူးများ ပေးအပ်ခြင်း နည်းစနစ်သစ် တီထွင်၍ နိုင်ငံတော်သမ္မတက နှစ်စဉ် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ဖြင့် ချီးမြှင့်သည်။


ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များ


အဂ္ဂမဟာသရေစည်သူ

သတိုးမဟာသရေစည်သူ

မဟာသရေစည်သူ

သရေစည်သူ

စည်သူ ဘွဲ့တို့ဖြစ်ကြသည်။

အမှတ်စဉ် ၁ ကိုများသောအားဖြင့် နိုင်ငံတော်သမ္မတကြီးများ၊ စော်ဘွားကြီးများ ကိုသာချီးမြှင့်လေ့ရှိသည်။ အမှတ်စဉ် ၂ ကိုတပ်မတော်အရာရှိကြီးများ ပြည်ထောင်စုဖြစ်မြောက်ရေးတွင်ပါဝင်ကြိုးပမ်းခဲ့ကြသောတိုင်းရင်းသားခေါင်းဆောင်များ တရားလွှတ်တော်ဝန်ကြီးချုပ်များ ကိုသာချီးမြှင့်လေ့ရှိသည်။


ချီးမြှင့်ခြင်း

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊

အဂ္ဂမဟာသရေစည်သူအတွက် ကြယ်ပွင့်နှင့် တံဆိပ်တို့ကိုလည်းကောင်း၊ သတိုးမဟာသရေစည်သူအတွက် ကြယ်ပွင့်နှင့် တံဆိပ်တို့ကိုလည်းကောင်း၊ မဟာသရေစည်သူ၊ သရေစည်သူနှင့် စည်သူအတွက် တံဆိပ်များကိုလည်းကောင်း ပြဋ္ဌာန်းသည်။ ဘွဲ့ရသူတို့အား ရွှေ ၃ကျပ်သားထက်မနည်း ပါဝင်သော ရွှေတံဆိပ်များ ချီးမြှင့်သည်။


အဆောင်အယောင်တို့ကို ပြဋ္ဌာန်းထားသည်နှင့်အညီ ဝတ်ဆင်ရပေသည်။ နိုင်ငံခြားစိုးရများက ပေးသော ဘွဲ့၊ ဆု၊ တံဆိပ်များအတွက် ဖဲကြိုးများကို ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရကပေးသော ဘွဲ့တံဆိပ်များအတွက် ဖဲကြိုးများနောက် ပြီးဆုံးမှ တပ်ဆင်ရန် ပြဋ္ဌာန်းထားသည်။


သတိုးမဟာသရေစည်သူဘွဲ့ ရရှိခဲ့သူများ

သတိုးမဟာသရေစည်သူဘွဲ့ ရရှိခဲ့သော မြန်မာနိုင်ငံသားများ-


မြန်မာနိုင်ငံ၏ပထမဦးဆုံး နိုင်ငံတော်သမ္မတ စဝ်ရွှေသိုက်

စဝ်ဟုံဖ (သိန္နီစော်ဘွား)

ဦးလွန်းဘော်

ဦးချန်ထွန်းအောင်

ဦးဝင်း

ဦးချန်ထွန်း

ဦးဝမ္မသူးမောင်

အတွင်းဝန်ချုပ် ဦးကာစီ

ဦးမြင့်သိန်း (တရားဝန်ကြီးချုပ်)

ဗိုလ်ချုပ် စမစ်ဒွန်း (မြန်မာနိုင်ငံ၏ ပထမဆုံး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်)

ဒေါက်တာ ဦးသိမ်းမောင် (ဖိနပ်သိမ်းမောင်)

မာရှယ်ချင်ယီ (တရုတ်ဒုတိယဝန်ကြီးချုပ်) ၁၉၆၁

 မဟာသရေစည်သူ


ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ငါးမျိုးတွင်အပါအဝင်ဖြစ်ပြီး တတိယတန်းစားဘွဲ့ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ရောက်ရှိကာ ပြည်ထောင်စုနိုင်ငံကို တည်ထောင်သည့်အချိန်မှစ၍ နိုင်ငံတော်အစိုးရက ဂုဏ်ထူး၊ ဘွဲ့ထူးများ ပေးအပ်ခြင်း နည်းစနစ်သစ် တီထွင်၍ နိုင်ငံတော်သမ္မတက နှစ်စဉ် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ဖြင့် ချီးမြှင့်သည်။


ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များ


အဂ္ဂမဟာသရေစည်သူ

သတိုးမဟာသရေစည်သူ

မဟာသရေစည်သူ

သရေစည်သူ

စည်သူ ဘွဲ့တို့ဖြစ်ကြသည်။

မဟာသရေစည်သူ ကို ရှမ်းစော်ဘွားများ၊ ဝန်ကြီးများ၊ တရားလွှတ်တော်ဝန်ကြီးများ၊ နိုင်ငံ့တာဝန်ထူးချွန်ပြောင်မြောက်သူများကိုချီးမြှင့်လေ့ရှိသည်။


ချီးမြှင့်ခြင်း

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊


သင်္ဂဟဂုဏ်ထူးများကို အခြားနိုင်ငံရှိ ဂုဏ်ထူးအဆင့်အတန်းများနှင့် နှိုင်းယှဉ်ထားခြင်းမရှိ။ ပြည်ထောင်စုမြန်မာနိုင်ငံတွင် အကောင်းဆုံး အမြင့်ဆုံးဟုထားသော ဂုဏ်ထူး၊ ဘွဲ့ထူးများမှာ အခြားမည်သည့် နိုင်ငံများတွင်မဆို အကောင်းဆုံး၊ အမြင့်ဆုံးဟုထားသော ဂုဏ်ထူး၊ ဘွဲ့ထူးများနှင့် တန်းတူသည်ဟု ယူဆသည်။ ဘွဲ့ရသူတို့အား ရွှေ ၃ကျပ်သားထက်မနည်း ပါဝင်သော ရွှေတံဆိပ်များ ချီးမြှင့်သည်။ အဆောင်အယောင်တို့ကို ပြဋ္ဌာန်းထားသည်နှင့်အညီ ဝတ်ဆင်ရပေသည်။ နိုင်ငံခြားစိုးရများက ပေးသော ဘွဲ့၊ ဆု၊ တံဆိပ်များအတွက် ဖဲကြိုးများကို ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရကပေးသော ဘွဲ့တံဆိပ်များအတွက် ဖဲကြိုးများနောက် ပြီးဆုံးမှ တပ်ဆင်ရန် ပြဋ္ဌာန်းထားသည်။


ဘွဲ့များကို ချီးမြှင့်အပ်နှင်းခြင်းခံရသည့် ပုဂ္ဂိုလ်၏အမည်ရှေ့တွင်ဖော်ပြ၍ ခေါ်ဝေါ် အသုံးပြုရသည်။ ရာထူးနှင့်အမည်ကို တွဲခေါ်ရသော ပုဂ္ဂိုလ်များဖြစ်ပါက ဘွဲ့အမည်ကို ရာထူးနှင့်အမည် ကြားတွင် ဖော်ပြ၍ခေါ်ဝေါ်အသုံးပြုရသည်။ ရာထူးနှင့်အမည်တွဲ၍ မခေါ်ရသောပုဂ္ဂိုလ်များဖြစ်ပါက ဘွဲ့အမည်ကို ဦး၊ ကို၊ ဒေါ်၊ မ ရှေ့တွင်ဖော်ပြ၍ ခေါ်ဝေါ်အသုံးပြုရသည်။


မဟာသရေစည်သူဘွဲ့ ရရှိခဲ့သူများ

မဟာသရေစည်သူဘွဲ့ ရရှိခဲ့သော မြန်မာနိုင်ငံသားများ-


ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်းဦးသန့်

မြို့မ ဦးဘလွင်

ဦးဖေခင် (ပင်လုံစာချုပ်ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့သူ)

ဦးကြာပု (ပင်လုံစာချုပ် လူထုကိုယ်စားလှယ်)

သာမိုင်းခမ်း စော်ဘွား စဝ်ထွန်းအေး (ပင်လုံစာချုပ် လူထုကိုယ်စားလှယ်)

အတွင်းဝန်ချုပ် ခင်မောင်ဖြူ

ဒေါက်တာ ဘဟန်

ပုဂံ ဦးဘဂျမ်း

လက်ဝဲမင်းညို

ပညာမင်းကြီး ဒေါက်တာ ဦးဘ

ဗိုလ်မှူးချုပ် အောင်ကြီး (လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်)) ( အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်သူ)

ဗိုလ်မှူးချုပ် မောင်မောင်ကျော်ဝင်း

ချတ်တီချိုင်း ချွန်ဟာဗန် (ထိုင်းဝန်ကြီးချုပ်)

ဦးစိန် (ပါလီမန်အတွင်းဝန်) (ကယားပြည်နယ်ဝန်ကြီးချုပ် ၁၉၄၈ မှ ၁၉၆၀ ထိ)

ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး (ရဟတ်ယာဉ်ပျက်ကျ၍ ကျဆုံး)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

 #HappyType ပျော်ပျော်နေတတ်တဲ့ လူတစ်ယောက်ရင်မှာ စုတ်ပြတ်သတ်နေတဲ့ ဒဏ်ရာတွေ အချက်ပေါင်းများစွာ ရှိတယ်ဆိုတာ ကိုယ်ကလွဲပြီး ဘယ်သူက သိနိုင်ပါ့မလဲ ...