Saturday 13 March 2021

 နိုင်ငံရေးသမားတွေ လော်ဘီတွေတောင် သူတို့အဖမ်းတော့မခံနိုင်ဘူးဆိုပြီး ရှောင်ပုန်းနေကြသေးတာ


ခင်ဗျားတို့က ဘာအတွက် သူတို့ပစ်တာကို အသေခံမှာလဲ သူတို့အဖမ်းကို ဘာလို့ခံကြမှာလဲ


မထွက်နဲ့လို့ပြောချင်တာမဟုတ်ဘူးနော် 


ထွက်ကြပါ ပြကြပါ ခင်ဗျားဆန္ဒပါ


ဒါပေမယ့်


ပစ်တော့မယ်ဆို ပြေးကြလေ


ဖမ်းတော့မယ်ဆို ပြေးကြလေ


နောက်တစ်နေရာပြန်စုပြ


နောက်နေ့ပြန်ပြကြပေါ့


လက်နက်အင်အားချင်းမမျှတာကို


ဘာအတွက် ရင်ဆိုင်ပြန်ချမှာလဲ


ခင်ဗျားတို့မှာ အသက်ပိုပါလို့လား


ကိုယ့်အသက်ကို ကိုယ့်ဘဝကို တန်ဖိုးထားကြလေ


ကိုယ့်မိသားစုကို တန်ဖိုးထားကြလေ 


အသိဥာဏ်ကို ရှေ့တန်းတင်ကြပါ


နည်းလမ်းပေါင်းစုံအသုံးချပါ


နိုင်ငံရေးသမားတွေ လော်ဘီတွေကို အတုယူကြပါ


မအကြပါနဲ့


စဉ်းစားကြပါ


အသတ်သေခံရမှာ တန်ရဲ့လား


အဖမ်းခံရမှာ တန်ရဲ့လားဆိုတာ 


မစဉ်းစားသ၍ နေ့စဉ် ဘဝတွေပေးဆပ်နေရအုံးမှာပဲ


အင်အားတွေကို ဖြုန်းတီးမပြစ်ပါနဲ့


ဒီမိုကရေစီတော်လှန်ရေးက ကာလကြာအုံးမှာပါ


ငါ့မိဘ ငါ့သားသမီး ငါ့ဇနီးခင်ပွန်း ငါ့တိုင်းပြည်အတွက် ငါအသက်ရှည် ကျန်းမာနေဖို့လိုတယ်ဆိုတာ အမြဲနှလုံးသွင်းထားပါ။


ခင်ဗျားတို့အသက်တွေကို တန်ဖိုးထားလို့ အမုန်းခံရေးလိုက်တာပါ။ 


- ကျော်ကြီး(MDY)

Friday 12 March 2021

 လုံခြုံရေးကောင်စီ ၁၅ နိုင်ငံက စစ်တပ်ကို နောက်ဆုတ်ပေးဖို့ ဒီမိုကရေစီကို ပြန်ပြီး အသက်သွင်းပေးဖို့ တညီတညွတ်တည်းတောင်းဆိုပါသတဲ့။ သူတို့မသိတာက ဒီစစ်တပ်ကို လေးအသင်္ချေကမ္ဘာတစ်သိန်းပွင့်တော်မူပြီးတဲ့ နှစ်ကျိပ်ရှစ်ဆူဘုရားရှင် တွေ လာတောင်းဆိုရင်တောင် ကန်တော့ဆွမ်းပါအရှင်ဘုရားတို့ လို့လုပ်မဲ့ပုံရှိတယ်။


လေသက်သက်နဲ့ သူတို့စိတ်ကို မပြောင်းလဲနိုင်ပါဘူး။ စီးပွားရေးပိတ်ဆို့တာ နိုင်ငံရေးအထီးကျန်တာနဲ့ လူမှုဒဏ်ခတ်တာတွေကိုလည်း သူတို့ ဂရုမစိုက်ပါဘူး။ သူတို့ နားလည်တဲ့ ဘာသာစကား က တစ်ခုတည်းရှိတယ်။ လက်နက်အင်အားနဲ့ ဝိုင်းပတ်ပိတ်ဆို့ခံရတဲ့ အခြေအနေတစ်ခုကလွဲလို့ သူတို့ စိတ်ကို ဘယ်သူမှ မပြောင်းလဲပစ်နိုင်ဘူးဆိုတာကို ယူအန်က သိဖို့လိုတယ်။ သူတို့ အားကိုးနေရတဲ့ တရုတ်နိုင်ငံလို တိုင်းပြည်ကြီးတွေက ထိထိရောက်ရောက် ဖိအားမပေးမချင်း သူတို့ စိတ်ကို ဘယ်သူမှ မပြောင်းလဲပစ်နိုင်ဘူးဆိုတာကို ကမ္ဘာကလည်း သိဖို့လိုပါတယ်။ 

Linhtetswe

 ဟိုကသည်က ကြားရတဲ့ သတင်းတွေကတော့ အကြမ်းဖက်မှုတွေအပေါ် ပြန်လည်ခုခံတိုက်ခိုက်မှုတွေ တွေ့လာရပါပြီ။ ရစက အုပ်ချုပ်သူတွေကို သတ်ဖြတ်တာတွေ ကြားနေရပါပြီ။ ဒီအခြေအနေကို စစ်ကောင်စီဟာ ရဲလောက်နဲ့ မထိန်းနိုင်ရင် နောက်တစ်ဆင့်တက်လိမ့်မယ်ထင်တယ်။ စစ်တပ်ရဲ့ အကြမ်းကြုတ်ဆုံး ပစ်ခတ်မှုတွေကို ထုတ်သုံးလာလိမ့်မယ်လို့ ယူဆရတယ်။


နောက်ဆုံးလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ဒီရပ်တည်ချက်ဟာ ထင်ရှားလာပါတယ်။ ညှိစရာ နှိုင်းစရာ မရှိ ဘယ်သူ့စကားမှနားထောင်မှာမဟုတ် လုပ်မယ်လို့ ပိုင်းဖြတ်ထားတဲ့ အဆင့်တွေကိုပဲဆက်လုပ်မယ်ဆိုတဲ့အကြောင်း ပြောသွားတာကိုတွေ့ရပါတယ်။


တပြိုင်နက်တည်းမှာ ရုရှားက ခပ်ခွာခွာလုပ်လာပြီဆိုတဲ့ သတင်းအပြင် တရုတ်ကလည်း ဝင်ညှိဖို့ကြိုးစားနေသလို တရသလက်နက်ကိုင်တွေကိုလည်း ခေါ်ယူညှိနှိုင်းနေတယ်လို့ တစွန်းတစ ကြားရတယ်။ တရုတ်ကိုတော့ ရုရှားလို တွက်ဆလို့မရ သူက စီးပွားရေး စစ်ရေး နိုင်ငံရေးတွေ အားလုံး ကျွံဝင်နေတာဆိုတော့ သူ့နိုင်ငံတွင်းအရေးတစ်ခုလို ကိုင်တွယ်ပါလိမ့်မယ်။ တရုတ်ဘယ်လိုပါဝင်လာမလဲ ဘယ်လောက်အထိပါဝင်မလဲ ကမ္ဘာကရော ဘယ်လိုတုန့်ပြန်မလဲဆိုတာ စိတ်ဝင်စားစရာ အကောင်းဆုံးမေးခွန်းတစ်ခုပါ။ 


အခုအချိန်မှာ စစ်တပ်ဟာ ကရင် ကချင် လက်နက်ကိုင်တွေနဲ့လည်း တိုက်ပွဲတွေ ဖြစ်နေသလို ရခိုင်ဘက်မှာလည်း ရေမှုတ်တစ်ဘက် မီးစတစ်ဘက်လုပ်ထားလို့ စစ်ပြင်နေတာတွေရှိတယ်။ ပြည်တွင်း ဆန္ဒဖော်ထုတ်မှုတွေ အာဏာဖီဆန်မှုတွေကလည်း အရှိန်မလျော့ပဲ ဆက်တိုးတက်နေတယ်။ စစ်ကောင်စီအကျပ်ရိုက်နေတာ အမှန်ပါ။


မတ်လကုန်လို့မှ စစ်တပ်ဘက်က မထိန်းနိုင်ရင် တဖြည်းဖြည်း ဖရိုဖရဲ အိဆင်းသွားမှာ အသေအချာပါပဲ။ စစ်တပ်ပျက်သုဉ်းခြင်းမဟုတ်ရင်တောင် တိုင်းပျက်ပြည်ပျက်ဖြစ်လို့ ပြည်တွင်းစစ် ဖြစ်နိုင်ခြေဟာ ကြီးထွားလာနေပါပြီ။ လူငယ်တွေမှာ ကျန်းမာရေးနဲ့ အားခွန်တွေရှိတယ် နုပျိုသန်မာမှုတွေရှိတယ် စိတ်ဓာတ်အင်အားတွေရှိတယ် လက်နက်အထောက်အပံ့လိုမျိုး ရရှိလာတာနဲ့ တိုင်းပြည်ဟာ မင်းမဲ့ဇုန်ကြီးထဲကို စိုက်ဆင်းသွားမှာ ဖြစ်ပါတယ်။ 


တစ်ဘက်မှာလည်း ဘဏ်စနစ်တွေအလုပ်မလုပ်တော့ ပဲ အသက်ငင်နေတယ်။ ဘဏ်တွေ ပြိုလဲရင် မြန်မာ့စီးပွားရေးဟာလည်း ဘုန်းဘုန်းလဲရတော့မှာ ဖြစ်ပါတယ်။ လူတွေဟာရောင်းဝယ်ဖောက်ကားဖို့ကို ဘာတာစနစ်နဲ့တောင် လုပ်ကြရမလား တွေးနေမိတယ်။ အခုလက်ရှိအခြေအနေဟာ ၈၈ ကထက် အများကြီးဆိုးပါတယ်။ 


မနေ့က တောင်ငူက ဆင်းလာတယ်ဆိုတဲ့ စစ်ရထား ရန်ကုန်ရောက်နေပြီဆိုတဲ့ သတင်းဖတ်ရတယ်။ လက်နက်ခဲယမ်း လူအင်အား စားနပ်ရိက္ခာတွေ သယ်ဆောင်လာမယ် ထင်ရတယ်။ ရန်ကုန်အတွက်သက်သက်မဟုတ် မွန်ကရင်ဒေသတွေအတွက်ပါ ရည်ရွယ်ပုံရပါတယ်။ ပစ်ခတ်မှုတွေ တိုက်ပွဲတွေရဲ့ အရိပ်အငွေ့တွေ သန်းနေပါတယ်။


အာဏာသိမ်းတာမဟုတ် ထိန်းတာပါလို့ ပြောထားတဲ့ စစ်ကောင်စီဟာ ထိန်းတာနဲ့ မတတ်နိုင်ရင် သိမ်းအဆင့် ကို တက်ချင်တက်ပါလိမ့်မယ် မာရှယ်လောနဲ့ ကိုင်တွယ်ချင်ကိုင်တွယ်ပါလိမ့်မယ်။ အဲဒီအခါကျရင် တစ်နိုင်ငံလုံးဟာ စစ်မြေပြင် ဖြစ်သွား ပါပြီ။ ဒီအတွက်ကိုလည်း အားလုံး ပြင်ပြင်ဆင်ဆင်ရှိထား ကြဖို့လိုတယ်။ 


အခုအချိန်မှာ ဖြစ်နိုင်ခြေက နှစ်ခုပဲမြင်တော့တယ်။ တစ်ခုကတော့ စစ်တပ်က ရှုံးသွားပြီး အရာအားလုံး ရှုပ်ထွေးပြိုပျက်သွားတဲ့ အနေအထားပါ။ မင်းမဲ့အခြေအနေနဲ့ နယ်မြေလု ပြည်တွင်းစစ်ကြီး ကို ကြုံရနိုင်တဲ့ အခြေအနေပါ။


နောက်အခြေအနေတစ်ရပ်ကတော့ နွေဦးတော်လှန်ရေးမအောင်မြင်ပဲ စစ်တပ်က စစ်အာဏာရှင်ခေတ်သစ်ကို ဖော်ဆောင်မဲ့ အခြေအနေပါ။ ဒီအခြေအနေဟာတော့ ၂၀၁၀ ရဲ့ အရင်ကာလကို ဘက်ဂီယာထိုးသွားတာပဲဖြစ်ပြီး စီးပွားရေးပိတ်ဆို့ခံ နိုင်ငံရေးအပယ်ခံ အထီးကျန်တိုင်းပြည်အဖြစ်နဲ့ အဘက်ဘက်က မွဲပြာကျရမဲ့လမ်းပါ။


နိုင်ငံတကာဖိအားကြောင့် စစ်တပ်ကနောက်ကိုပြန်ဆုတ် ခေါင်းဆောင်တွေကိုပြန်လွှတ်ပေး လွှတ်တော်ခေါ်ယူပြီး ခြေဥအသစ်ရေးဆွဲ ရွေးကောက်ပွဲအသစ်လုပ် မြန်မာဒီမိုကရေစီခေတ်သစ်နဲ့ နွေဦးတော်လှန်ရေးအောင်ပွဲ က ကမ္ဘာသမိုင်းမှာ မော်ကွန်းသစ်ရေးထိုး တိုင်းပြည်လွတ်လပ်တိုးတက် ဖယ်ဒရယ်ပြည်ထောင်စုကြီးလည်းပေါ်ထွက်လာ ဆိုတာတွေကတော့ ဖြစ်စေချင်တဲ့ သားရွှေအိုးထမ်းကိန်း ပဲပေါ့။ 


သားရွှေအိုးထမ်းကိန်း ကို မျှော်လင့်မိပေမဲ့ အခုအချိန်မှာတော့ ဒါဟာ သိပ်ကို ဖြစ်နိုင်ခြေနည်းပါတယ်။ ထာဝရဘုရားသခင်ရဲ့ တန်ခိုးမျိုးကမှပဲ မဖြစ်နိုင်တာကို တတ်နိုင်ပေတော့မယ်။ ဘုရားတောင် တတ်နိုင်ချင်မှ တတ်နိုင်ပါလိမ့်မယ်။ 


Linhtetswe

 အခု အိုင်စီဂျေကိစ္စမှာ ဒေါ်စု သွားရင်ဆိုင်တာကို အဖတ်ဆယ်ပေးနေတဲ့ ပို့စ်တွေ တွေ့နေရတယ်။ 


အိုင်စီဂျေမှာ ပြောခဲ့တဲ့ သူ့မိန့်ခွန်းကိုဖတ်ကြည့်ရင် အဓိက တွေ့ရတာက ဒေါ်စုက "နယ်မြေရှင်းလင်းရေး" ဆိုတဲ့ စကားလုံးကို သူပုန်ရှင်းလင်းရေး ပါပဲ လို့ ခုခံကာကွယ်ပြောသွားတာကို တွေ့ရတယ်။ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရတယ်ဆိုတာပေါ့။ 


တကယ်တော့ နယ်မြေရှင်းလင်းရေး ဆိုတာ အခု ခွေးသဒေါင်းဇားတွေ ရန်ကုန်က ရပ်ကွက်တွေမှာ လုပ်နေသလို မတန်တဆအင်အားသုံး အကြမ်းဖက်မှုတွေ ပါပဲ။ အခုထက် အဆပေါင်းများစွာ ပြင်းထန်ရက်စက်ပါတယ်။ လူမဆန်ပါဘူး။ ကလေးတွေ မိန်းမတွေ သက်ကြီးရွယ်အိုတွေ အများကြီး အသက်ပေးခဲ့ကြရတယ်။ ကိုယ်စိတ်ဒဏ်ရာတွေ ရခဲ့ကြရတယ်။ 


ဒီလူမဆန်တာတွေ လုပ်ခဲ့တဲ့ ခွေးသဒေါင်းဇားတွေကို ကာကွယ်ပေးနေတဲ့ မဒိမ်းကောင်ကို ကြက်ဥတိုက်ခဲ့တဲ့ ဒေါ်စု ကို အဖတ်ဆယ်ဖို့ ကြိုးစားမနေပါနဲ့တော့ လို့ ဒေါ်စုလော်ဘီတွေ ကို ပြောပါရစေ၊။


အခု ကံကောင်းထောက်မလို့ ဒေါ်စု ပြန်လွတ်လာပြီပဲ ဆိုပါစို့။ စစ်တပ်နဲ့ သင်ပုန်းပြန်ချေပြီး အရင်လိုမျိုး ရင်ကြားစေ့ရေးပဲ ဆက်လုပ်မှာလား။ ၂၀၀၈ ခြေဥကို ဖျက်ဖို့အတွက် ဖြစ်နိုင်သမျှ အနုနည်းအကြမ်းနည်းပေါင်းစုံနဲ့ အာခံဆန့်ကျင်တိုက်ပွဲဝင်မှာလား။ ဒါမှ မဟုတ် နိုင်ငံရေးက အနားယူပြီး တရားရိပ်သာပဲ ဝင်တော့မှာလား ဘယ်လိုထင်သလဲဆိုတာ ဒေါ်စုလော်ဘီတွေ ကို မေးကြည့်ဖို့ ကောင်းတယ်။ 

Linhtetswe

 အစ္စရေးကလော်ဘီငှားတာ ဒေါ်လာ ၂သန်း ပေးငှားတာက တရုတ်ကိုမှီခိုတာလျော့ချချင်တယ်ဆိုတာ ဟုတ်ပါသလား။


လော်ဘီငှားတာ ဟုတ်ပါတယ် ။


 မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး

အနောက်နိုင်ငံတွေရေးသား ထင်မြင်နေတာ

မှန်မှန်ကန်ကန်ဖြစ်အောင်လုပ်တာဖြစ်ပါတယ်။


ဒေါ်လာ၂သန်းပေးခဲ့ပါတယ်။


တရုတ်ကိုမှီခိုတာကင်းလွတ်ဖို့ဆိုတာမဟုတ်ပါ။


ဘာပြောပြော ၂သန်းနဲ့ငှားတာမှန်သတဲ့။


ဘောမတွေ သေလိုက်တော့ 😂


သိန်းနှစ်သောင်းကျော် သုံးတာနော်။


#banfacebookfrommyanmar

Thursday 11 March 2021

 ကမ္ဘာကြီးမှာ နားထောင်တတ်တဲ့သူတွေအတွက် ဂီတရှိတယ်။ - ရှိတ်စပီးယား 


The earth has music for those who listen. - Shakespeare 


ဘဝမှာ ပျော်မွေ့ဖွယ်ရာအကောင်းဆုံးတွေကတစ်ခုက လူတစ်ယောက်မျက်နှာပေါ်က အပြုံးလေးတစ်ပွင့်ကို မြင်ရမှုရယ်၊ ငါ့ကြောင့် သူပြုံးနိုင်သွားတာဆိုတဲ့ အသိလေးတစ်ခုရယ်။ 


One of the best things in life is seeing a smile on a person's face and knowing that you put it there. 



လူတွေနဲ့ ရောထွေးယှက်တင် မနေတတ်တဲ့သူတွေဟာ တကယ်တမ်းအားဖြင့် လူတောမတိုးချင်လို့ မဟုတ်တတ်ဘူးရယ်။ အပေါ်ယံဟန်ဆောင်နေတဲ့လူတွေ၊ အပေါ်ယံရွှေမှုန်ကြဲနေတဲ့ လောကကြီးကို ခံနိုင်ရည်ကုန်သွားလွန်းလို့ တသီးတသန့် နေကြတော့တာ။


Sometimes those who don't socialize much aren't actually anti-social, they just have no tolerance for drama and fake people.

SayarThant




 မတ် ၁၁ ရက် သတင်းစာရှင်းလင်းပွဲ

ဗိုလ်မှုးချုပ်ဇော်မင်းထွန်းပြောကြားချက်များမှ

ကောက်နုတ်ဖော်ပြချက်


၁။ ကမ္ဘာ့နိုင်ငံအသီးသီးက NGO၊ INGO အဖွဲ့တွေ အခြားသော နိုင်ငံ(၁၃)နိုင်ငံရဲ့ အဖွဲ့အစည်းတွေက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို

US ၇.၉ သန်းကျော် ထောက်ပံ့ထားပြီး

၆.၈ သန်းကျော် သုံးစွဲထားခဲ့၊ 

လက်ကျန်ငွေ ဒေါ်လာ ၁ သန်းကျော်ရှိနေ။


ပြည်တွင်းက ထောက်ပံ့လှူဒါန်းငွေ ၃၆ ဘီလျံရှိပြီး ၃၀ ဘီလျံ သုံးစွဲထား၊ လက်ကျန်ငွေ ၆ ဘီလျံရှိ။


တရားမဝင် ငွေမဲစီးဆင်းမှုတွေ၊

ပါတီအကျိုးသုံးစွဲခဲ့မှုတွေကို ဆက်လက်ဖော်ထုတ်နေ။


၂။ ရကတ ဝန်ကြီးချုပ်ဟောင်း ဖြိုးမင်းသိန်းက

ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၇ ဒီဇင်ဘာ ကနေ ၂၀၁၈ မတ်လအတွင်း ကန်ဒေါ်လာ၆သိန်းနဲ့ ရွှေ ၇ ပိဿာပေးခဲ့ကြောင်း ဖော်ကောင်လုပ်ပြောကြား ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာအေးဇံ၊ ဒေါက်တာမြင့်နိုင် ဝန်ကြီးချုပ်တွေရဲ့

အဂတိ လိုက်စားမှုတွေလည်းဖော်ထုတ်ပြီး

ဆက်လက်စစ်ဆေးနေ၊


၃။ သမ္မတဦးဝင်းမြင့်ကိုလည်း လုပ်ငန်းရှင်တချို့နဲ့ အကျိုးစီးပွားဆက်စပ်မှုရှိလို့ အဂတိနဲ့ ဆက်လက်စစ်ဆေးနေ။


၄။ NLD အစိုးရခန့်ခဲ့တဲ့ UEC အဖွဲ့ဝင်ဟောင်း ဦးသန်းဌေး ထုတ်ဖော်ပြောဆိုခဲ့မှုအရ ရွေးကော်ကို

ဦးဝင်းမြင့်က လွှမ်းမိုးချုပ်ကိုင်ထားလို့ UEC

က လွတ်လပ်စွာ မလုပ်နိုင်။


တပ်မတော်က ပြောတဲ့ မဲစာရင်း ကွာခြားချက်

ကိစ္စရှင်းနိုင်ဖို့ ထိုစဉ်ကသမ္မတ ဖြစ်သူဦးဝင်းမြင့်

ထံ ဦးလှသိန်း ဦးမြင့်နိုင် တို့နဲ့အတူသွား၍

တင်ပြခဲ့သော်လည်း ခွင့်မပြုခဲ့ ။

တပ်ရဲ့တောင်းဆိုမှုအပေါ်

ဦးဝင်းမြင့်က ရှင်းစရာ မလိုဘူးလို့ ပြော၊

ဦးဝင်းမြင့်ရဲ့ ကွပ်ကဲမှုနဲ့ပဲ ဆောင်ရွက်ရကြောင်းဦးသန်းဌေးက ဖော်ကောင်လုပ် ပြောကြား။ 


ယနေ့ လူမှုကွန်ရက်စကားကောက်နုတ်ချက်


"နေရာတကာ လိုက်ရှင်းနေရင် ဘယ်တော့မှပြီးမှာမဟုတ်၊ မရှင်းနဲ့ ထားလိုက်" သမ္မတဟောင်း ဦးဝင်းမြင့်


၅။ ဝစီပိတ်ဆရာတော်ရဲ့ပုံကို ထဘီမှာကပ်ခဲ့တဲ့ စမ်းချောင်းမြို့နယ်ဖြစ်စဉ်အတွက် အဓိကတရားခံ ၇ ဦးကို ဖမ်းမိထားပြီး ကျန်စပ်ဆက်တရားခံတွေကိုလည်း ဖော်ထုတ်သွားမဲ့အပြင် အမျိုးဘာသာသာသနာအတွက် ထိထိရောက်ရောက် အရေးယူသွားဖို့ရှိတယ် ဖြေကြား(မြို့နယ်ရဲတပ်ဖွဲ့မှုး)


၆။ မဲမသမာမှုတွေက တပ်ကစိစစ်ခဲ့တဲ့ပမာဏထက်များပြားနေ (ရွေးကော်အဖွဲ့ဝင်-ဦးခင်မောင်ဦး)


၇။ ဒေါ်စုနဲ့ ဦးဝင်းမြင့်ကို မတ် ၁၅ ရက်မှာ တတိယအကြိမ်ရုံးထုတ်မယ်။ ရှေ့နေတွေ တွေ့ခွင့်မရတာနဲ့ပတ်သက်ပြီး ရှေ့နေတွေကို ခေါ်ချင်တဲ့ရှေ့နေ ခေါ်ခွင့်ပြုထား။ NLD ပါတီက ထပ်မံရွေးချယ်ဖို့ လုပ်ဆောင်နေတယ်လို့ သိရတယ်။ 


၈။ ဆန္ဒပြသူတွေကို ထိထိရောက်ရောက်အရေးယူဖို့ မေးခွန်းမေးတဲ့ အခါ'လက်ရှိအခြေအနေဟာ စစ်အုပ်ချုပ်ရေးမဟုတ်သေးလို့ပါ'လို့ ဗမခဇော်မင်းထွန်း ဖြေ။


၉။ အစ္စရေးလော်ဘီအဖွဲ့ ငှားခဲ့တာ မှန်တယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ အခြေခံအတွေးအခေါ်တွေ မမှန်တာကြောင့် 

မြန်မာနိုင်ငံနဲ့ပတ်သက်တာ မှန်မှန်ကန်ကန်သိဖို့ငှားတာ။ ဒေါ်လာနှစ်သန်းနဲ့ငှားတာကလည်း မှန်တယ်။ အစိုးရတစ်ရပ်လုပ်ခွင့်ထဲက ငှားထားတာ။ တရုတ်နဲ့ပတ်သက်ပြီး အစိုးရကတောင်းဆိုချက်ထဲမပါ။ လော်ဘီငှားတဲ့ အစ္စရေးကုမ္ပဏီရဲ့ သဘောထား။


၁၀။ " အချို့က ရာဇဝတ်မှုတွေကို CDM ဆိုပြီး သတင်းမှားလွှင့် သိမ်းကြုံးပြောနေတာပါ။ ဥပမာ - ဒေါက်တာထားထားလင်းကို CDM ကြောင့် လိုက်ဖမ်းနေတာ မဟုတ်ပါဘူး။ ကိုဗစ်ဆေး အလွဲသုံးစားလုပ်လို့ လိုက်ဖမ်းနေတာပါ "


၁၁။ R2P နဲ့ ပတ်သက်ပြီး 

"မြန်မာနိုင်ငံသည် R2P ဝင်နိုင်တဲ့ပြစ်မှုမျိုး မကျုးလွန်ထား၊ R2P ဝင်နိုင်တဲ့နိုင်ငံမျိုး မဟုတ်လို့ R2P နဲ့ ပတ်သက်ပြီး ဘာမှပြင်ဆင်ထားတာမရှိဘူး။


၁၂။ စည်းမဲ့ ကမ်းမဲ့ ဒီမိုကရေစီ၊ စည်းပျက်ကမ်းပျက်ဒီမိုကရေစီစနစ်မဟုတ်ဘူး။ ဒီမိုကရေစီအမည်ခံပြီး အာဏာရှင်စနစ်မလိုချင်ဘူး။ ရွေးကောက်ပွဲဆန္ဒပြမှုတွေ ဘယ်နှစ်ရာခိုင်နှုန်း ထွက်ဆန္ဒပြမှ စဉ်းစားပေးမယ်ဆိုတာမျိုး မဟုတ်ဘူး။ လက်ရှိလုပ်ဆောင်နေတာက စစ်မှန်ပြီးစည်းကမ်းပြည့်တဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေတာ။


၁၃။ ဒေါက်တာဆာဆာနဲ့ ပတ်သက်ပြီး သူနဲ့ CNN တွေ့ဆုံမေးမြန်းခန်းမှာ သူ့စိတ်နေစိတ်ထား မှန်းကြည့်တာ၊ သူ တပ်မတော်တာဝန်စယူတဲ့ နေ့မှာ သူက ဒေါ်စုနဲ့အတူတူရှိခဲ့ပြီး တက်စီသမားယောင်ဆောင် ထွက်ပြေးခဲ့တယ်လို့ ပြောထားတယ်။ သူ ဒီလိုပြောတာမှန်ရင်တော့ သူက နိုင်ငံရေးစိတ်ကူးယဉ်သမားလို့ ပြောချင်တယ်။


၁၄။ CRPH နဲ့ ပတ်သက်ပြီး ၁၉၉၀ ပြည့်မှာလည်း ဒီလို အဖွဲ့အစည်းပေါ်ပေါက်ခဲ့တယ်။ စင်ပြိုင်အစိုးရတစ်ရပ်၊ လွှတ်တော်ဖွဲ့စည်းတာက ကြီးလေးတဲ့ပြစ်မှုဖြစ်တယ်။ ကြီးလေးတဲ့အရေးယူမှုလုပ်သွားမယ်။ သူနဲ့ပတ်သက်ရင် ကြီးလေးတဲ့အရေးယူမှုလုပ်မယ်လို့ ထုတ်ပြန်ထားပြီးသား။ အချုပ်အခြာအာဏာပိုင်တဲ့အစိုးရ အဖြစ် အသိအမှတ်မပြုဘူး။ ကြီးလေးတဲ့အရေးယူမှုတွေ လုပ်သွားမယ်။ 


၁၅။ ဆန္ဒပြလို့ ဖမ်းထားသူတွေထဲက ၂၁၇၉ ဦး ပြန်လွှတ်ပေးထားတယ်။ ကျန်ခဲ့တဲ့သူတွေက သူ့လုပ်ဆောင်ချက်ကြောင့် ကျန်ခဲ့တာ။ ၁။ ဆူပူအကြမ်းဖက်လို့၊ ၂။ လက်နက်နဲ့မိလို့၊ ၃။ သူဟာ ဆူပူအကြမ်းဖက်မှု ဆက်လုပ်နိုင်ခြေရှိလို့။ ဒီလိုလုပ်ဆောင်မှုကြောင့် ဆက်ဖမ်းထားတာ။


၁၆။ မဲစာရင်းတွေကို တတိယအဖွဲ့အစည်းအနေနဲ့ စစ်ဖို့ရှိ မရှိ ဆိုတာနဲ့ပတ်သက်ပြီး လက်ရှိ UEC စစ်ပြီးရင် တတိယအဖွဲ့အစည်းတင်မကဘူး။ တစ်ကမ္ဘာလုံးကို ချပြမယ်။ ကြည့်ချင်လာခဲ့။ ပွင့်လင်းမြင်သာစွာ ချပြသွားမယ်။ 


၁၇။ စစ်မှုမထမ်းမနေရဥပဒေနဲ့ ပတ်သက်ပြီး အိမ်နီးချင်းငါးနိုင်ငံမှာ ထိုင်းတစ်ဝက်တစ်ပျက်၊ လာအိုအပြည့်အဝ၊ အိန္ဒိယ ဘဂ်လားဒေ့ရှ် 

မကျင့်သုံး၊ တရုတ်ကပြဌာန်းပြီးပေမဲ့ မကျင့်သုံးသေး။ ဒီ ပြည်သူ့စစ်မှုထမ်းဥပဒေက ဆက်လုပ်ရမဲ့ ကိစ္စဖြစ်တယ်။ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ပိုကောင်းလာမယ်။


ဖြိုးဝေ

၁၁.၃.၂၀၂၁

Monday 8 March 2021

မြန်မာ့စီးပွားရေးလားရာ

စီးပွားရေးပြောရရင်တော့ capital inflows နဲ့ capital outflows ဆိုပြီး နှစ်မျိုးရှိတာပေါ့။ ဘဏ်မှာ ငွေအပ်ကြတာကလဲ inflow ပါပဲ။ ပြည်ပက ရင်းနှီးမြှုပ်နှံကြတာကလဲ inflow ပါပဲ။ 

အခု FDA တွေ ထွက်သွားတာ၊ ဦးပိုင်ကနေ Kirin တို့လို့ တချို့ကုမ္ပဏီတွေ ထွက်သွားတာက outflow. ဘဏ်မှာ ငွေထုတ်ပြန်ထုတ်ကြရင် outflow. 

အခုက outflow နှစ်ခုမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုက အစကတည်းက မရှိတော့ outflow ဖြစ်တယ် သိပ်ပြောလို့မရဘူး။ ငွေတွေ ဘဏ်က ပြန်ထုတ်ရင်၊ ရှယ်ယာတွေ ပြန်ထုတ်ရင်တော့ capital outflow ပေါ့။ 

capital outflow ဖြစ်ရင် ဘာဖြစ်မလဲ? sudden stop ဆိုတာ ဖြစ်မယ်။ sudden stop ဆိုတာ ငွေကြေးကဏ္ဍ ရပ်သွားတာမျိုး။ 

ဒါကို မျှော်မှန်းပြီး CDM ကို လုပ်ကြတာ။ 

sudden stop ကနေ ဘာဖြစ်မလဲဆို recession ပေါ့။ စီးပွားရေးကျမယ်။ စစ်အစိုးရ ခေါင်းကိုက်သွားမယ်။

ခုအနေအထားက sudden stop ဖြစ်သလားဆိုတော့လဲ မဖြစ်ဘူး။ မဖြစ်ဘူးဆိုတာက ဘဏ်တွေက မပြိုလဲဘူး။ capital outflow ကို အဖြစ်မခံဘူး။ ဒါပေမယ့် cash flow (ငွေကြေးလည်ပတ်စီးဆင်းမှု) တော့လဲ ကျပ်သွားတယ်။ 

ဒီအနေအထား cash flow ဖြစ်ရင် ဘယ်သူတွေ ထိမလဲ ပေါ့။ နိုင်ငံတော်ကတော့ recession ကတော့ သွားမှာပဲ။ 

inflation (ငွေကြေးဖောင်းပွမှု) လဲ ရှိလာမယ်။ households (အိမ်ထောင်စုတွေ) ကျပ်တည်းလာမယ်။ 

နောက် ရာဇဝတ်မှု (crimes) တွေကို ဦးတည်သွားတတ်ပဲ။

ဆိုတော့ ဒီလို ဘဏ်တွေပိတ်လို့ cash flow မရှိတော့ရင် စစ်ကောင်စီကို မထိဘူးလား? 

ထိမှာပါ။ ဒါပေမယ့် စစ်ကောင်စီက အစိုးရအစစ်မဟုတ်၊ ဆိုလိုတာက public sectors တွေကနေ အကျိုးအမြတ်ရလဒ်ကို တိုက်ရိုက်ခံစားသူမဟုတ်ဘဲ စစ်တပ်ဘတ်ဂျက်က သွားသူဖြစ်တော့ သူတို့ ဝါ စစ်တပ်နဲ့ စစ်ဗိုလ်ချုပ်တွေ အကျိုးစီးပွားကိုတော့ မထိဘူး။ သူတို့ကတော့ ကိုယ့်တိုက်ရိုက်မထိလို့ ဂရုစိုက်မှာမဟုတ်ဘူး။ နောက်ဆုံး တိုင်းပြည်ပဲ မွဲကျန်ခဲ့မှာ။ 

နောက်ထပ် တိုက်ရိုက်ထိတာက အိမ်ထောင်စုတွေပဲ။ ချက်ချင်းသက်ရောက်မှုတွေကို ခံစားကြရလိမ့်မယ်။ 

မပြောမရှိနဲ့။ ဒီအတိုင်းဆို ဘေးက အထောက်အပံ့မရရင် CDM ရော Non-CDM ရော ငတ်မှာ။ ဓနအင်အားလိုက်ပြီး survive ဖြစ်ရလိမ့်မယ်။ 

စစ်ကောင်စီကို ထိခိုက်စေပြီ ဆိုတဲ့အနေအထား ရောက်ချိန် မြန်မာပြည်သူတွေလဲ ဆိုမာလီယာလို ဆီးရီးယားလို တီဂရေးလို အနေအထား ရောက်နေပြီသာ အောင့်မေ့လိုက်တော့။
https://www.facebook.com/100018953265379/posts/779029869405448/

Sunday 7 March 2021

 စစ်အာဏာရှင် အလိုမရှိ

ဒေါ်စုအာဏာရှင် အလိုမရှိ


အာဏာရှင်တို့သည် မတရားဥပဒေများဖြင့် ပြည်သူကို ဖိနှိပ်သည်။အစိုးရအဖွဲ့ဝင်တစ်ဦးကို ဆဲဆိုရုံမျှဖြင့် ထောင်နှစ်၂၀ထိချနိုင်သည့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၁၂၄-ကသည် မတရားဥပဒေဖြစ်သည်။


စစ်အာဏာရှင်ဟုဆိုကြသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် သူ့ကိုစော်ကားရေးသားပြောဆိုသူတို့ကို ပုဒ်မ၁၂၄-ကဖြင့် အရေးယူအပြစ်ပေးခြင်း မရှိခဲ့ပါ။တပ်မတော်အစိုးရလက်ထက်တွင် ကိုထင်ကျော်အား ထောက်လှမ်းရေးက ဖမ်းဆီးပြီး ပုဒ်မ၁၂၄-က သုံးမှုစွဲရန် အမှုတည်ဆောက်ထားပါသည်။သို့ရာတွင် ကိုထင်ကျော်သည် ၁၂၄-ကဖြင့် တရားစွဲ မခံခဲ့ရပါ။ဒီအကြောင်းကို ကိုထင်ကျော်ကိုယ်တိုင် ကျွန်တော့်ကို ပြောပြခဲ့ပါသည်။ပုဒ်မ၁၂၄-ကသည် နိုင်ငံတော်အကြီးအကဲက ခွင့်ပြုမှသာ တရားစွဲလို့ရပါသည်။


တပ်မတော်အစိုးရလက်ထက်တွင် အာဏာရူးကြီး မှူးကြီးသန်းရွှေဟု လိုင်းပေါ်တွင်ရေးသားခဲ့သော ကဗျာဆရာစောဝေကို ထောင်နှစ်၂၀ချနိုင်သည့် ပုဒ်မ၁၂၄-ကဖြင့် အရေးယူခြင်းမပြုခဲ့ပါ။ထောင်၂နှစ်သာချနိုင်သော ၅၀၅(ခ)ဖြင့်သာ စွဲခဲ့ပါသည်။သို့ပါ၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အာဏာရှင်စိတ်ဓာတ်ရှိသူ မဟုတ်ပါ။ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို စစ်အာဏာရှင်ဟု မခေါ်ဆိုနိုင်ပါ။


မည်သည့်အစိုးရမဆို နိုင်ငံတော်နှင့်နိုင်ငံသားများကို ထိခိုက်နစ်နာအောင်လုပ်သူတို့ကို အရေးယူအပြစ်ပေးကြပါသည်။အာဏာရှင်တို့သည် သူတို့အပေါ် ပုဂ္ဂိုလ်ရေးထိခိုက်နစ်နာအောင် ရေးသားပြောဆိုသူတို့ကို ပြင်းပြင်းထန်ထန်အရေးယူ အပြစ်ပေးကြသည်။


ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရခေါင်းဆောင်ဖြစ်ခဲ့စဉ်က သူ့ကိုပုဂ္ဂိုလ်ရေးအရ ထိခိုက်နစ်နာအောင် ရေးသားပြောဆိုသည့် ဆရာတော်ဦးဝီရသူနှင့် ကျွန်တော်ငါးမင်းဆွေတို့ကို ထောင်နှစ်၂၀ချနိုင်သည့် ပုဒ်မ၁၂၄-ကဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့သည်။ ကျွန်တော်ထောင်ဒဏ်၇နှစ် အပြစ်ပေးခံခဲ့ရသည်။


မိမိအားပုဂ္ဂိုလ်ရေးထိခိုက်နစ်နာအောင်လုပ်သူကို ပြင်းထန်စွာ အရေးယူခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် အာဏာရှင်ဖြစ်သည်။CDMလုပ်နေသော ကျွန်တော်၏သားဆရာဝန်က ဘယ်အာဏာရှင်မှ မလိုချင်ဘူးဟုပြောပါသည်။


စစ်အာဏာရှင် အလိုမရှိ

ဒေါ်စုအာဏာရှင် အလိုမရှိ


ငါးမင်းဆွေ

အဖေ့အိမ် 

ထက်ဆီဆိုင်အနီး

ဗိုလ်ချုပ်လမ်း ကျိုက်ထိုမြို့

 စစ်အာဏာရှင်ကို အားပေးတာလားဆိုတဲ့မေးခွန်း မေးခံလာရချိန် ဒုတိယမြောက်မေးခွန်းကို မှန်းဆမိပြီးသား။ အားမပေးဘူးဆို ဘာလို့ မကန့်ကွက်သလဲ? ဆိုတာ လာမယ်ဆိုတာ။ 


ကိုယ်တွေကတော့ မေးခွန်း ၂ ခုလုံးကို ပေါင်းဖြေတယ်။ "စစ်အာဏာရှင်ကို အားပေးသည်ဖြစ်စေ၊ အားမပေးသည်ဖြစ်စေ၊ ကိုယ်တွေက အဖွားကြီးကို လုံးဝမှကို မကြိုက်တာ။" 


အမေစု မကြိုက်လဲ စစ်အာဏာရှင်ကို ဆန့်ကျင်လေ၊ ဘာလို့မဆန့်ကျင်လဲ? ဆိုတာမျိုး မေးလာခဲ့ရင် ဖြေဖို့လဲ အဖြေအဆင့်သင့်ရှိတယ်။ 


"ဆန္ဒပြပွဲကြွေးကြော်သံတွေမှာ အဖွားကြီးကို ဖြုတ်လိုက်။ စစ်အာဏာရှင် ဆန့်ကျင်ရေး -- ဒို့အရေး အော်ပေးမယ်။ ဘယ်ပါတီကို မဲပေးခဲ့လဲတွေ မမေးနဲ့။ ငါ NLD ကို မဲမပေးခဲ့ဘူး။ ခွပ်ဒေါင်းသွေးတွေ ညီရဲ့လားတွေ မမေးနဲ့။ ဘယ်တံဆိပ်အောက်မှာမှ ငါမနေဘူး။ ပြည်သူ့ရွေးချယ်တဲ့ အစိုးရ ဒို့အစိုးရ ဆိုတာ လက်မခံဘူး။ မဲခိုးတဲ့ အစိုးရ၊ လာဘ်စားတဲ့အစိုးရကိုတော့ ဒို့အစိုးရ မအော်နိုင်ဘူး။" 


ကျုပ်တို့က လူများစု၊ ကျုပ်တို့နဲ့ ကွဲလွဲရအောင် ခင်ဗျားက စစ်အာဏာရှင် အားပေးလား? လို့ မေးလာရင်လဲ အဖြေရှိတယ်။ 


"ကွဲလွဲတာက လုပ်ရပ်အခြေတည်မစဉ်းစားဘဲ လူပုဂ္ဂိုလ်စွဲ အခြေတည် စဉ်းစားလို့ပဲ။ ကိုယ်တွေက အဖွားကြီးကို ဘာမှအပြစ်မကျူးလွန်သူလို့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုအရ မစဉ်းစားဘူး။ ပတ်ဂွန်ဟေးလဲ အဖွားကြီးလို အများယုံကြည်ကြပြီးမှ ငွေတွေ ခိုးသွားတာ။ အဖွားကြီးကိုလဲ လုံးဝတိ ခိုးပါတယ် မပြောသေးရင်တောင် စစ်တပ်ဖက်က စစ်ဆေးတာကို စောင့်သင့်တယ်လို့ ကိုယ်တွေက ယူဆတယ်။ လူများစုတိုင်း မှန်တယ် မထင်နဲ့။ ဘုရားခေတ်က ဇမ္ဗုက ဟာ ညဖက် လူ့ချီး(ချေး=မစင်) ခိုးစားပြီး နေ့ဖက်မှာ ရဟန္တာ၊ ဘုရား ကြွေးကြော်နေတာ။ ဘုရားထက် ပရိသတ် ၅ ဆမက များတယ်။ လူတိုင်းမှာ darkside ရှိတာပဲ။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုအရ ဆုံးဖြတ်တာက လွဲမှားနေတာပဲ။ ကွဲလွဲခွင့်ရှိတယ်။ ဇမ္ဗူကကိုးကွယ်သူတွေကလဲ ဗုဒ္ဓသာဝကတွေကို အခု NLD တွေ ပြောသလို ပြောဖူးတယ်။"https://www.facebook.com/100018953265379/posts/778551326119969/

Saturday 6 March 2021

 လက်ရှိ အဖြစ်အပျက် က​တော့ 

မ​ဟော်သဓါ သား တရား စီရင်ခန်း လို ဖြစ်​နေတာပါ။

အဖြူ​ဘောငုံ ဘီလူးမ က ပြည်သူ ကို စ​တေးပြီး အာဏာ ရ​ရေး လုပ်​နေတာ အထင်အရှားပါ။

တပ်မ​တော် အ​နေနဲ့က ​ရွေး​ကောက်ပွဲ မဲခိုးမှု မှာကထဲက မဲ စာရင်း ပြန်စစ်ပြီးမှ တရားဝင် အာဏာ ရ​ရေး ဆက်လုပ်ဘို့ လမ်းဖွင့် ​ပေးခဲ့ပါတယ်။ 

ဒီလို လမ်းဖွင့်ထားတဲ့ အ​ပေါ် ​ဆွေး​နွေးတိုင်ပင် ညှိနှိုင်းမှု လုံးဝ မလုပ်ခဲ့လို့ ဒီ ဇာတ်လမ်း ဖြစ်ရတာ အထင်အရှားပါ။


အခုလည်း ၂နှစ်အတွင်း ​ရွေး​ကောက်ပွဲ လုပ်​ပေးပြီး အနိုင်ရ ပါတီ ကို အာဏာ လွှဲ​ပေးမယ် လို့ တပ်မ​တော်က တရားဝင် ​ပြောကြား လမ်း ဖွင့်ပြီးသားပါ။ 

ဒါကို ပြည်သူလူထု နဲ့ ဆယ်​ကျော်သက်​တွေကို Generation Zero လို့ ​မြောက်​ပေးခါ အ​သေခံ ခိုင်းပြီး မိမိတို့ အာဏာရ​ရေး ​ဆောင်ရွက်​နေတဲ့ ရွံ့စရာ ​ကောင်းတဲ့ လုပ်ရပ်ပါ။


၂၀ရာစု တပ်မ​တော် အတွက် နံပါတ်တစ် ရန်သူက ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) ဖြစ်ခဲ့သလို၊ 


၂၁ ရာစုမှာ​တော့ ဗကပ ပြိုကွဲပြီး​နောက် ဗကပ လိုလားသူ အများစု တွယ်ကပ်​နေပြီး ဗကပ လမ်းစဥ် ဖြစ်တဲ့ တပ်မ​တော် ဖြိုခွဲ​ရေး လမ်းစဥ် နဲ့အတူ အဖြူ​ကောင်​တွေ ရဲ့ သြဇာခံ အစိုးရ ဖြစ်​စေ​ရေးအတွက် ကြိုးစား​နေတဲ့ အဖြူ​ကောင် ​ဘောငုံမ ဦးစီးတဲ့ NLD သည် တပ်မ​တော် အတွက် နံပါတ်တစ် ရန်သူ အဖြစ် သတ်မှတ်ရမယ့် အခြေအ​နေသို့ ​ရောက်ရှိလာပြီ လို့ မြင်ပါတယ်။


NLD နဲ့ ​ရင်ကြား​စေ့​ရေး ဆိုတာ ​နောက်​ကြော ဓါးနဲ့ ထိုးမယ့် သူ ကို ​ပွေ့ဖက်ဘို့ ကြိုးစားရသလို တကယ့် အန္တရာယ် ဆိုတာ ၅ နှစ်ကြာ သက်​သေ ပြ လိုက်ပါပြီ။


#မိုးဟိန်း​ကျော်

၂၂-၂-၂၀၂၁

 နိုင်ငံ့ပကတိအခြေအနေအတွက် ကျွန်တော်မြင်မိတဲ့ အချက် ၁၀ ချက်


************🖤🖤🖤🖤****************


၁။ R2P တွေ နိုင်ငံတကာတပ်တွေ UN တပ်တွေ၊

နိုင်ငံတကာဗုံးကြဲလေယာဥ်တွေ မျှော်လင့်ဖိတ်ခေါ်

နေကြတဲ့သူတွေရဲ့ ဆန္ဒတွေ ပြည့်စရာမရှိပါ။

ဒီလိုတပ်တွေ ဝင်လာနိုင်စရာ လုံးဝ လုံးဝ မရှိပါ။ 


၂။ R2P အသံကြားလို့ နေပြည်တော်ကနေ 

ထွက်ပြေးလာတယ်လို့ ဖွနေတဲ့ ကားတန်းကြီးဟာ 

CDM လုပ်နေတဲ့ ဝန်ထမ်းတွေကို သတ်မှတ်ကာလစေ့လို့ အဆောင်ကနေ တိုက်ခန်းကနေ နှင်ထုတ်ခံရတဲ့ 

ဝန်ထမ်းတွေလို့ သိရပါတယ်။ အစိုးရရဲ့ CDM နောက်ဆုံးရက်ဟာ မတ် ၆ ရက် နောက်ဆုံးပါ။ အဲဒီနေ့က စနေလည်းဖြစ်နေတော့ သောကြာနေ့မှာ နှင်ထုတ်ခံရတဲ့ ဝန်ထမ်းတွေ နေ့ချင်းပြန်ကြတဲ့သဘောပါ။ 


၃။ CRPH က ဝေ့လည်ကြောင်ပတ်ထုတ်ပြန်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေးနဲ့ပတ်သက်ပြီး လက်ရှိ

ဦးဆောင်နေတဲ့သူတွေဟာ အရင်တုန်းက CEC အဆင့်

မရှိခဲ့သလို အရံ CEC အဆင့်လည်း မရှိသူတွေပါ။ အဲဒီလူတစ်စုရဲ့ထုတ်ပြန်ချက်ဟာ ၂၀၀၈ ခြေဥအောက်မှာပဲ အာဏာပြန်ယူချင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆန္ဒနဲ့ လွဲချော်နေသလို လူထုကို ကိုယ့်ဘက်ပါလာအောင် မက်လုံးပေးတာကလွဲရင် ခိုင်မာတဲ့ 

ထုတ်ပြန်ချက်မဟုတ်ပါ။ 


၄။ နိုင်ငံတကာက တပ်မတော်ရဲ့ တစ်နှစ်အတွင်းရွေးကောက်ပွဲ ပြန်လုပ်ပေးမယ်ဆိုတဲ့ ကတိကဝတ်နဲ့ NLD ထိပ်ပိုင်းခေါင်းဆောင်တချို့ကို ဘာလုပ်မလဲဆိုတဲ့ အဖြေကို စောင့်ကြည့်နေတာပါ။ လက်ရှိအခြေအနေမှာ တပ်ချုပ်အနေနဲ့ ပေးထားတဲ့ကတိတည်ခြင်းအားဖြင့် 

၂၀၂၂ ရွေးကောက်ပွဲကို ဘယ် လထဲမှာ လုပ်ဆောင်ပေးပါ့မယ်လို့ အကြမ်းဖျဥ်းကတိပြုနိုရင် ပြည်တွင်းပြည်ပ ဖိအားတွေက သက်သာလာနိုင်ပါတယ်။


၅။ လက်ရှိတိုက်ပွဲ နိုင်နေတယ် ထင်ကြပေမဲ့ 

တပ်မတော်ဘက်က ၈၈၈၈ ကာလလို ဖြိုခွဲပစ်ခတ်တာ၊ ရေဖြတ်၊ မီးဖြတ်၊ သန့်ရှင်းရေးဝန်ဆောင်မှုဖြတ်၊ အစားအစာဖြတ်ပြီး မာရှယ်လော ထုတ်တဲ့အဆင့်မျိုး 

မရောက်သေးသလို ဖမ်းမိထားတဲ့ ဆန္ဒပြသူတွေကို 

ပြန်လွှတ်ပေးနေတာပါ။ ဦးနေဝင်းလက်ထက်

လူရာထောင်ချီသေဆုံးခဲ့တဲ့ ဆန္ဒပြမှုတွေ၊ ဦးသန်းရွှေလက်ထက် လူရာထောင်ချီသေဆုံးခဲ့တဲ့ 

ဆန္ဒပြမှုတွေမှာတောင် ဘယ် UN တပ်၊ ဘယ် နိုင်ငံတကာတပ်၊ ဘယ် R2P မှ မဝင်ခဲ့တာ သတိပြုပါ။ 


၆။ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာက 

သံရုံးဝန်ထမ်းတွေကို ဖိတ်ခေါ်ပြီးတော့ ပြည်တွင်းက ဆန္ဒပြလှုပ်ရှားမှု အခြေအနေတွေကို ၄ ရက်နေ့က 

လိုက်ပြတယ်လို့ သတင်းတချို့က ဆိုပါတယ်။ 

အဲဒါကြောင့် ၄ ရက်နေ့က အသေအပျောက် နည်းပါးစွာ၊ ဖမ်းဆီးခံရမှုနည်းပါးစွာနဲ့ အေးချမ်းစွာပြီးဆုံးခဲ့တာပါ။ မိုးပေါ်မှာဝဲနေတယ်ဆိုတဲ့ လေယာဥ်တွေဟာ မြေပြင်အခြေအနေသိရအောင် နိုင်ငံတကာသံအရာရှိတွေ တင်ဆောင်လာနိုင်တယ်ဆိုတဲ့ အခြေအနေကို 

မြင်ရပါတယ်။ ထွက်နေတဲ့သတင်းအများစုဟာ 

Confirm လုပ်ရခက်သလို emotion ဖယ်ခွာပြီးတော့

သုံးသပ်နိုင်အောင် ကြိုးစားရတာ မလွယ်ပါ။

လူပြိန်းကြိုက် သတင်းအတုတွေကို False Hope တွေနဲ့ ဖြီးဖြန်းရေးရတာမျိုးနဲ့ လူ​ကြိုက်များအောင် ရေးရတာ

အရမ်းလွယ်သလောက် မှန်ကန်တဲ့သတင်းတွေကို

အဆဲခံရေးရတာ အဖမ်းခံရနိုင်ခြေရှိလျက်ရေးရတာ

လုံးဝ လုံးဝ မလွယ်ပါ။ ကိုယ် မြင်မိသလို ကိုယ်တိုင်

နားလည်ထားသလို အများနားလည်အောင် ကြိုးစားပြီး

ရေးပေးရတာ ပိုလို့မလွယ်ပါ။ 


၇။ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ပါတီဟာ ရွေးကောက်ပွဲအနိုင်ရခဲ့ပေမဲ့ အာဏာမရခဲ့တာက 

ခြေဥမရှိလို့ပါ။ တပ်ဘက်က NLD ဦးဆောင်ပြီး 

ခြေဥရေးဖို့ ခြေဥရေးပြီးမှ အာဏာရယူဖို့ပြောပေမဲ့ လက်မခံခဲ့တာကြောင့် လက်ရှိမှာ တပ်မတော်က

ဦးဆောင်ရေးတဲ့ ခြေဥဖြစ်နေတာပါ။ တကယ်လို့သာ NLD က တပ်ရဲ့ညှိနှိုင်းမှုလက်ခံခဲ့ရင် NLD ဦးဆောင်တဲ့ ခြေဥနဲ့ သွားနေရမှာပါ။ လက်ရှိမှာ၂၀၀၈ ခြေဥဖျက်သိမ်းလိုက်ရင် ၁၉၉၀ ပုံစံမျိုး တကျော့ပြန်

ကြုံရပါလိမ့်မယ်။ တပ်မတော်ကလည်း ဒီတစ်ကြိမ်

ထပ်ပြီးခြေဥရေးရင် NLD ငါးနှစ်မှာ သူဖိနှိပ်ခံခဲ့ရတဲ့ အချက်တွေကို ထိုင်းလိုပြင်ဖို့ အသေအချာပါ။ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ ပြည်မကို 

တိုးမလာနိုင်ပါ။ မဲမသမာမှုလုပ်ခဲ့လို့ ဖျက်သိမ်းခံနိုင်ခြေ မြင့်တက်လာနေတဲ့ NLD ပါတီဟာလည်း လက်ရှိခြေဥကို ဖျက်သိမ်းပြီး အသစ်ပြန်ရေးဆွဲနိုင်တဲ့ Political Power မရှိတော့ပါ။ လက်ရှိမှာ ခြေဥဖျက်သိမ်းရေးဟာ Calculated Risk အရ လုံးဝလုံးဝ မလုပ်သင့်တဲ့အခြေအနေပါ။


၈။ လာဘ်စားစရာနေရာမရှိဘူးလို့ အများမြင်တဲ့ သာသနာရေးနဲ့ ယဥ်ကျေးမှုဝန်ကြီးဟောင်း 

သူရဦးအောင်ကိုတောင် သိန်း ၁၅၀၀ လောက် 

လာဘ်စားမှုနဲ့ စွဲချက်အတင်ခံထားရတာကို 

ထောက်ချင့်ရင် ရိုးသားအေးဆေးကြိုးစားပါတယ်ဆိုတဲ့ ဒေါက်တာဝင်းမြတ်အေးတောင် ကိုဗစ်ရန်ပုံငွေသုံးစွဲပုံဖြေရှင်းဖို့ မလုပ်ရဲတာကြည့်ရင် 

ပုဂ္ဂလိကဖောင်ဒေးရှင်းတွေ ပုဂ္ဂလိက သူဌေးတွေကိုပါ Money laundering နဲ့ ငြိတယ်ဆိုတဲ့ အသံမျိုး (ကောလာဟလမျိုး)နဲ့ ဖမ်းဆီးခံနေရတာကို ထောက်ရင် NLD အစိုးရအဖွဲ့မှာ နိုင်ငံရေးရာထူးရယူခဲ့သူတွေဟာ ပြစ်မှုတစ်ချက်မဟုတ်တစ်ချက် ငြိနေနိုင်ပါတယ်။ နောက်တစ်ချက်ဖြစ်တဲ့ ကယားဝန်ချုပ်နေရာက 

စွပ်စွဲပြစ်တင်ဖြုတ်ချခံရတဲ့ ဦးအယ်လ်ဖောင်းရှိုကို ကယားပြည်နယ်လွှတ်တော်က ဖြုတ်ချတဲ့ 

အကြောင်းပြချက်မှာ နိုင်ငံ့ဘဏ္ဍာကို NLD ပါတီအတွက် သုံးတယ်ဆိုတဲ့ စွပ်စွဲချက်ပါပါတယ်။ ဒီစွပ်စွဲချက်ကို NLD ပါတီအာဏာရစဥ် ခြေဥခုံရုံးကတောင် 

ချေဖျက်နိုင်ခဲ့ခြင်းမရှိပါဘူး။ ပါတီတွေဟာ ပြည်ပအထောက်အပံ့ယူမှ ပါတီဖျက်ရတာမဟုတ်ဘဲ 

နိုင်ငံ့ဘဏ္ဍာကို ပါတီအတွက် သုံးရင်လည်း ဖျက်သိမ်းခံရပါတယ်။ ကြားထဲမှာ Orchid ဦးဌေးအောင်လို နိုင်ငံခြားအထောက်အပံ့ရယူနေကြောင်း တစ်ချိန်လုံးစွပ်စွဲပြောဆိုနေသူကို ဖမ်းဆီးပြီး ရုံးမထုတ်ရဲတာ၊ အာမခံမပေးခဲ့တာတွေက ထောက်ပြစရာဖြစ်သလို 

ကိုဗစ်ရန်ပုံငွေဘီလျံများစွာကို မသက်ဆိုင်တဲ့နေရာတွေမှာသုံးခဲ့တယ်လို့ နစက ဘက်က ပြောထားတာကြောင့် NLD ပါတီဟာ နိုင်ငံ့ဘဏ္ဍာ အလွဲသုံးစားခဲ့မှုနဲ့ 

ငွေကြေးမသမာမှုစွပ်စွဲချက်တွေကြားက 

ရုန်းထွက်လာနိုင်စရာ မရှိတော့ပါဘူး။


၉။ ဒါတွေကြောင့် နစက,က NLD ပါတီကို မဲမသမာမှုရလဒ်တချို့ပယ်ဖျက်ပြီး အာဏာပြန်ပေးနိုင်ခြေ 

လုံးဝမရှိပါ။ တပ်မတော်ကို ICC တင်ဖို့၊ ပြည်တွင်းမှာ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနဲ့ တရားစွဲဆိုနိုင်တဲ့အခြေအနေကြောင့် နစက တစ်ဖွဲ့လုံး ပြစ်ဒဏ်ခံရမဲ့အခြေအနေကို လုံးဝလုပ်မှာမဟုတ်ပါ။ အာဏာအသာစီးရ၊ လက်နက်လူသူ အသာရနေတဲ့အခြေအနေမှာ ကိုယ့်လည်ပင်းကိုယ် ​ကြိုးကွင်းစွပ်ရမှာမျိုး နစက မလုပ်ပါ။

မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်မှ 

နိုင်ငံနာပြီးရင်းနာ၊ တိုင်းပြည် ကြေသထက်ကြေ

ဖြစ်သွားမှာကို ကျွန်တော် ပိုပြီးစိုးရိမ်ပါတယ်။


၁၀။ အပေါ်က အချက် ၉ ချက်ကို နားလည်နိုင်တဲ့ 

ဉာဏ်မီမယ်ဆိုရင် အသိဉာဏ်ရှိရှိသုံးသပ်တတ်မယ်

ဆိုရင် လက်ရှိအခြေအနေဟာ လူငယ်တွေရဲ့ အသက် အလဟဿဆုံးပါးဖို့ လမ်းပေါ်ထွက်နေတာထက် 

တပ်ချုပ်ပေးထားတဲ့ကတိတည်ဖို့ Negotiate 

လုပ်ရတော့မဲ့ ကာလဆိုတာ မြင်သာပါလိမ့်မယ်။ 

လက်ရှိအခြေအနေမှာ လမ်းပေါ်ထွက်နေတဲ့အထဲက 

အသက်ဆုံးပါးနေတာဟာ အသက် ၃၅ အောက် 

လူငယ်တွေက ရာခိုင်နှုန်း ၉၀ လောက်ရှိနေတာကို 

တွေ့နေရပါတယ်။ နိုင်ငံ့အတွက်၊ မိသားစုအတွက် အလွန်အမင်းနစ်နာပါတယ်။ ဒီအပေါ်က ၉ ချက်ကို ဘယ်လိုပုံစံနဲ့ အောင်မြင်အောင် ကျ်ောဖြတ်မလဲဆိုတဲ့ Plan မရှိဘဲ လူငယ်တွေ အသက်စွန့်နေတာ https://m.facebook.com/story.php?story_fbid=207407631126584&id=100055720461378

လုံးဝလုံးဝ မဖြစ်သင့်တော့ပါ။

 written by လင်းထက်ဆွေ 


မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ထင်ရှားတဲ့ ခန့်မှန်းချက်ဟောကိန်း ၂ ခုရှိတယ်။


တစ်ခုက သတင်းထောက်စာရေးဆရာ ဘာတေးလစ်တနာ ရဲ့ ဟောကိန်း။ သူ့အမြင်က စစ်အုပ်စုကသာ တိုင်းပြည်ကို ငြိမ်အောင်ထိန်းထားနိုင်မှာ ဖြစ်ပြီးတော့ စစ်အုပ်စုပြောင်းလဲလာမဲ့ နောက် အနှစ် ၃၀-၄၀ လောက်ကျမှပဲ စစ်အုပ်စုထဲကနေ ဒီမိုကရေစီဟာ ပေါက်ဖွားလာလိမ့်မယ်လို့ ဆိုခဲ့တာမျိုး ရှိတယ်။ စစ်အုပ်စုက နိုင်ငံရေးကနေ တဖြည်းဖြည်းချင်း ဆုတ်ခွာသွားတဲ့ မိုဒယ်မျိုး ကို ရည်ညွှန်းပါတယ်။


နောက်တစ်ခုက သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးရဲ့ဟောကိန်း။ သူကတော့ အတိတ်သမိုင်း နဲ့ မြန်မာနိုင်ငံဖွဲ့စည်းပုံပေါ်အခြေခံပြီး ပြောတာက မကြာခင် မြန်မာနိုင်ငံဟာ ပြိုကွဲသွားပြီး နိုင်ငံတွေအများပေါ်လာနိုင်တယ်ဆိုတာမျိုး ဖြစ်တယ်။ သူ့အမြင်အရဆိုရရင် လက်ရှိ မြန်မာ့အချုပ်အခြာဟာ စစ်အင်အားနဲ့ စုချည်ထားတာမျိုးပဲဖြစ်ပြီး တိုင်းပြည်တွင်းမှာ အတွင်းစည်းလုံးမှု အစေးကပ်မှုမရှိဘူးလို့ဆိုတယ်။ တပ် က အင်အားယုတ်သွားတာနဲ့ တိုင်းရင်းသားနယ်မြေတွေဟာ ကိုယ်ပိုင်နယ်မြေတွေထူထောင်ပြီး အဆိုးဆုံးအခြေအနေမှာတော့ အစိတ်စိတ်ကွဲထွက်သွားနိုင်တယ်လို့တောင် မြင်ထားပါတယ်။


၂၀၀၈ စစ်ကျွန်ခြေဥဟာ ဖယ်ဒရယ်ကို အယောင်ပြထားပေမဲ့ စစ်တပ်ပါဝါကို ကျောရိုးအမာခံပြုထားတဲ့ စနစ်တစ်ခုဖြစ်တာကိုတွေ့ရတယ်။ ဒီမိုနည်းကျ ရွေးကောက်ပွဲတွေ လုပ်ပေးပေမဲ့ အဓိကထိန်းချုပ်မှုလက်တံတွေကို စစ်တပ်ကပဲ ကိုင်ထားတဲ့ အနေအထားမျိုး ပါ။ ဒီစနစ်နဲ့သွားပြီး စစ်အာဏာရှင်စနစ်နဲ့ ဖားတပိုင်းငါးတပိုင်းဒီမိုကရေစီ ကို ထိန်းကျောင်းပြီး တဖြည်းဖြည်းရွေ့မယ် တစ်ချိန်မှာ ဘာတေးလစ်တနာပြောသလို တပ်ဘက်ကပဲ ဖြည်းဖြည်းလျှော့ပေးဆုတ်ခွာသွားတဲ့ အခင်းအကျင်းမျိုးကို နှစ် ၃-၄၀ ကြာအောင်ထိန်း ကစားသွားမဲ့ သဘောပေါ့။


အခု အာဏာသိမ်းအဖြစ်အပျက်ကတော့ အဲဒီရှုခင်းကို ရုတ်တရက်ကြီးဖျက်ဆီးလိုက်သလိုဖြစ်သွားတယ်။ တကယ်တော့ ဒီချုပ် သောင်ကမ်းပြိုနိုင်လည်း ဘာပြဿနာမှမရှိ ဘယ်လိုနည်းနဲ့ပဲနိုင်နိုင် စစ်တပ်က အသာထိုင်ကြည့်နေ ၂၀၀၈ စည်းရိုးကို ကာထားပေးရုံနဲ့ ပြည်သူလူထုကလည်း ငြိမ်နေကြမှာပါပဲ။ ဒါကို မဆင်မခြင် မြောက်ပေးတိုင်းထွက်ကလိုက်တော့ အားလုံးဟာ ဖရိုဖရဲ ဖြစ်သွားရတယ်။


လက်ရှိအခြေအနေတွေဟာ ဒေါက်တာသန့်မြင့်ဦးပြောတဲ့ မြင်ကွင်းဘက်ကို ပိုပြီး နီးစပ်လို့သွားရပါတယ်။ စစ်တပ်ဟာ ၁၉၈၈ မျိုးဆက်တွေကို ဖိနှိပ်ပြီး ထူထောင်ခဲ့ဖူးတဲ့ စစ်အာဏာရှင်စနစ်ခေတ်ကြီးကို ပြန်လည်တမ်းတဖြတ်သန်းဖို့ အသင့်ရှိနေတယ်လို့ ပြောပေမဲ့ တကယ်လက်တွေ့မှာ ဒီလိုပြန်မဖြစ်နိုင်တော့တဲ့ အနေအထားတွေ မြင်နေရပါတယ်။ နည်းပညာခေတ်အပြောင်းအလဲ လူငယ်တွေရဲ့ နိုးကြားမှု ကမ္ဘာ့မီဒီယာတွေရဲ့ မျက်လုံးတွေ နဲ့ အတူ စီအာရ်ပီအိပ်ချ်လို အဖွဲ့မျိုးတွေ တည်ရှိချိတ်ဆက်လှုပ်ရှားနေကြပြီဖြစ်လို့ အခုအထိ တရားမဝင်သေးတဲ့ စစ်ကောင်စီဟာ ဘေးကျပ်နံကျပ်ဖြစ်နေပါပြီ။ လက်နက်အင်အားနဲ့ အတင်းဖိရင် ပေါက်ကွဲထွက်သွားနိုင်မဲ့ အနေအထားရှိနေပါတယ်။


တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေဟာလည်း အခွင့်အခါကိုစောင့်ကြည့်နေပြီး ဓားသွေးလို့စောင့်နေကြတာဖြစ်ပါတယ်။ လက်ရှိတပ်က သူတို့ကို ချွေးသိပ်ပေါင်းထားပြီး စစ်မျက်နှာလျော့ချဖို့ကြိုးစားပေမဲ့ တိုက်ပွဲတွေဖြစ်တဲ့နေရာတွေမှာ ဖြစ်နေဆဲပါ။ ကရင်ပြည်နယ် ကချင်နဲ့ ရှမ်းမြောက်ဒေသတွေမှာ စစ်ရေးတင်းမာမှုတွေရှိလာနိုင်ပါတယ်။


ရခိုင်ဒေသမှာဆိုရင် အေအေက သွေးနဲ့အရိုးတွေနဲ့ တည်ဆောက်ထားတဲ့ ပြည်သူ့အုပ်ချုပ်ရေးအခြေခံတွေဟာ ခိုင်မာနေပါပြီ အေအေကလည်း အင်အားသောင်းသိန်းချီရှိနေပြီမို့ နယ်မြေစိုးမိုးရေးအတွက် အဆင်သင့်ဖြစ်နေပြီလို့ဆိုနိင်ပါတယ်။ အနည်းဆုံးကိုယ်ပိုင်အုပ်ချုပ်မှုဒေသ အလယ်အလတ်ဆို ကွန်ဖက်ဒရိတ် နဲ့ အမြင့်ဆုံး သီးခြားပြည်ထောင်တစ်ခုအဖြစ်တောင် စိတ်ကူးယဉ်ချင်ယဉ်နေကြမှာပါပဲ။ အင်အားအကြီးဆုံးလက်နက်ကိုင်ဖြစ်တဲ့ ဝပြည်နယ်ဆိုတာကတော့ ကိုယ်ပိုင် ဖွဲ့စည်းပုံအခြေခံဥပဒေတောင် အသင့်ရှိနေကြပါပြီ။


ဒီအခြေအနေတွေအားလုံးဟာ သမိုင်းပညာရှင်ဒေါက်တာသန့်မြင့်ဦး စိုးရိမ်ပူပန်ခဲ့တဲ့အတိုင်း ဖြစ်လာနေပါပြီ။ ပြည်သူနဲ့ အာဏာရှင် အစေးမကပ်တော့တဲ့အခါမှာ နာခံမှုကို သေနတ်နဲ့ထောက်ပြီး အမိန့်ပေးလို့မရတော့တဲ့အခါမှာ ပြည်တွင်း အုပ်ချုပ်ရေးနဲ့ ဝန်ဆောင်မှု ယန္တရားတွေ အကုန်လဲပြိုလို့ ကျရှုံးတိုင်းပြည်တစ်ခု အဖြစ်ကိုဆိုက်ရောက်သွားနိုင်တယ်။ လက်နက်ကိုင်ဒေသတွေက တစ်ပြိုင်တည်း ခွဲထွက်ကြရင် အခြေအနေကို စစ်တပ်အနေနဲ့လည်း စစ်ရေးအရရော နိုင်ငံရေးအရပါ ထိန်းသိမ်းနိုင်ဖို့ရာ တကယ်မလွယ်တော့ပါဘူး။


တကယ်တော့ လက်နက်အင်အားသက်သက်နဲ့ ဖိနှိပ်ထားနိုင်တဲ့ တိုင်းပြည်အင်ပါယာတွေဆိုတာ ဆိုဗီယက်ပြည်ထောင်စုကိုပဲ နမူနာကြည့်ရင် သိပ်ကြာကြာမခံနိုင်ပါဘူး။ နှစ် ၁၀၀ မပြည့်ခင် ပြိုကွဲကြရတာပါပဲ။ တရားမျှတခြင်း လွတ်လပ်ခြင်း တန်းတူညီမျှခြင်းအခွင့်အရေးတွေ လူသားရပိုင်ခွင့်တွေ ကို အာမခံပေးထားနိုင်တဲ့ စနစ်မျိုးကသာ မတူညီတဲ့ အင်အားစုတွေကို တစ်စုတည်းသော အလံတော်အောက်မှာ အတူတကွရပ်တည်စေနိုင်ပါလိမ့်မယ်။


မင်းမှာလည်းဗျောက် ငါကလည်းမကြောက် ငါ့မှာလည်းဗျောက်နဲ့ ဆိုတာမျိုးတွေ ဖြစ်ကုန်ကြမှာပါ။ ဒါကြောင့် နိုင်ငံရေးဘုံသဘောတူညီမှုတွေကို အခြေခံကြပါ လက်နက်အားကိုးမလုပ်ကြပါနဲ့လို့ ပြောနေကြရတာပါပဲ။


အခြားဖြစ်နိုင်ခြေတစ်ခုကတော့ မြန်မာပြည်ကို အပြိုကွဲမခံပဲ တရုတ်လို ဆူပါပါဝါကြီးတစ်ခုက ဝင်ထိန်းလိုက်တာမျိုးပါ။ အဲဒီကျရင်တော့ မြန်မာဟာ တရုတ်ရဲ့ ပရောက်စီတိုင်းပြည်လို့ ဖြစ်သွားနိုင်ပါသေးတယ်။ ဒုတိယမြောက်ကိုရီးယား သဖွယ်ပေါ့။ ဖြစ်နိုင်ခြေနည်းတယ်ဆိုပေမဲ့ မဖြစ်နိုင်တဲ့ အရာလို့ မဆိုနိုင်ပါ။ မြန်မာဟာ သယံဇာတ ရေမြေအခြေအနေအရ ပထဝီနိုင်ငံရေးအရ တရုတ်အတွက် အလွန်အရေးပါတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။


လက်ရှိပါဝါအသီးသီးကို ကိုင်စွဲထားကြတဲ့ ပတ်သက်သူအဖွဲ့အစည်းတွေ အားလုံးဟာ ဒီဖြစ်နိုင်ခြေတွေကို အားလုံးဖြန့်ကျက်စဉ်းစားသင့်ကြပါတယ်။ တိုင်းပြည်အအုပ်အမက် မပျက်ပဲ အားလုံးမနာတဲ့ အဖြေတစ်ခုခုကို ထုတ်နိုင်ရင်တော့ သားရွှေအိုးထမ်းကိန်းရှိနိုင်ပါတယ်။ ဒီလိုမဟုတ်ကြပဲ ငါတကောကော ငါနိုင်ရင်ပြီးရောဆို လွန်ဆွဲအားပြိုင်ကြရင်တော့ တိုင်းပြည်မြေပုံသစ်တွေ ပြန်ဆွဲကြရတဲ့ ခေတ်ကို မရောက်ချင်လည်းရောက်သွားနိုင်တဲ့အကြောင်း တွေးဆချင့်ချိန်တင်ပြလိုက်ရပါတယ်။

Friday 5 March 2021

 မနက်စောစော ရယ်စရာဟာသ သတင်းကြားရတယ်။ စစ်ကောင်စီက ကနေဒါအခြေစိုက် အစ္စရေးလော်ဘီ အဖွဲ့ကို ငှားပြီး နိုင်ငံတကာကို ဂျင်းကြွေးဖို့ ဒေါ်လာသန်းချီအကုန်ခံကြိုးစားနေပြီဆိုတဲ့သတင်း။


မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ လော်ဘီကောင်ကလည်း ပွပေါက်တိုးပြီဆိုပြီးနင်းကန်တောင်းမှာပဲ။ 


ဘာတဲ့။ ပထမတစ်ချက်က ဒေါ်စုက တရုတ်ကြီးဘက်ကို သိပ်ကပ်သွားလို့ အာဏာသိမ်းရတယ်ဆိုပဲ။ အဲဒီမှာ ရယ်ရတာပဲ။ တရုတ်ကြီးတပည့်ကျော်တွေက ဘယ်သူတွေလဲဆိုတာ အားလုံးသိတဲ့ကိစ္စ။ ငပြူးတွေက ပြဲပြနေတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့မှန်သမျှ တရုတ်လောင်းရိပ်မကင်းကြပါဘူး။ တရုတ်ကြီး ကလဖန်ထိုးသမျှအားလုံးခံနေကြရတာ။ 


တရုတ်က ဒေါ်စု ကို အသုံးချခဲ့တယ်ဆိုတာလည်း အမှန်ပါပဲ။ ဒေါ်စုကလည်း အသုံးချ ခံသင့်သလောက်ခံခဲ့တယ်ဆိုတာလည်း အမှန်။ ဒေါ်စုတို့ အစိုးရမဖြစ်ခင်ကတည်း က ပါတီခေါင်းဆောင်အနေနဲ့ ပီကင်းကို ဖိတ်ခေါ်ခဲ့တာတွေရှိသလို လက်ပံတောင်းတောင်ကိစ္စမှာလည်း ဒေါ်စုက တရုတ်ကြီးအတွက် အမိုက်ခံပြီး ဝင်ရှင်း မီးလောင်ဗုံးကို မီးခိုးဗုံးဖြစ်စေခဲ့တာတွေလည်း ရှိခဲ့တယ်။ ၂၀၁၉ ကချင် ခရီးစဉ်မှာတောင် ဒေါ်စုက မြစ်ဆုံဆည်ပြန်စဖို့ အတွက် ပြည်သူတွေ အမြင်ကျယ်ကြဖို့ဆိုပြီး စကားရိပ်သန်းခဲ့ဖူးတာတွေ မှတ်မိကြမှာပါ။ 


ဒါတွေဟာ ဘာကြောင့်လဲဆိုတော့ တရုတ်ဟာ ပထဝီနိုင်ငံရေးအရ အရေးပါလွန်းတဲ့ အိမ်နီးချင်းပါဝါကြီးတိုင်းပြည်ဖြစ်လို့ပါပဲ။ နီးရာဓား သဘောပေါ့။ တရုတ်နဲ့ သင့်အောင်တင့်အောင်ပေါင်းမှလည်း ပြည်တွင်းအင်အားတွေရဲ့ ချိန်ခွင်လျှာကို ညှိနိုင်မယ်ဆို ကစားခဲ့တာပဲ ဖြစ်မယ်။ 


အစ္စရေးလော်ဘီရဲ့ ထိုးနှက်တဲ့အကွက်ကတော့ ဒေါ်စု နဲ့ ဒီချုပ်ကို တရုတ်နဲ့ပေးစား ပြီး အမေရိကန် နဲ့ လှည့်တိုက်ပေးတဲ့ အကွက်ပါပဲ။ ဒါက ရယ်စရာပါ။ နိုင်ငံတကာဆက်ဆံရေးမှာ နိုင်ငံပလေယာအားလုံးဟာ ပုံစံအမျိုးမျိုးနဲ့ မိမိတိုင်းပြည်အကျိုးစီးပွားအတွက် ကစားနေကြရတာပါပဲ။ ဒါကို အမေရိကန် က မသိပဲမနေသလို သူကိုယ်တိုင်လည်း တရုတ်ကြီးနဲ့ အပေးအယူ အဖိအဖော့ အဆွဲအရုန်း နည်းမျိုးစုံနဲ့ ကစားနေရတာ။ တရုတ်နဲ့အမေရိကန်က ရန်သူဖြစ်နေသလို စီးပွားရေးမကင်းရာမကင်းကြောင်းတွေလည်း ဖြစ်နေပြန်တယ် ဆိုတော့ ကာ ဒီလို တရုတ်ကိုပြပြီး အမေရိကန်နဲ့လှည့်တိုက်ပေးတဲ့ အကွက်လောက်ကတော့ ဒေါ်လာသန်းချီပေးငှားရတာ မတန်လှဘူး ဆိုရမယ်။ ပြည်တွင်းဖြစ် ကိုကိုလှိုင်တို့ နေဇင်လတ်တို့တောင် အဲ့လောက်တော့လုပ်တတ်ပါသေးတယ်။ 


နောက်တစ်ကွက် ဘာတဲ့။ ရိုဟင်ဂျာကိစ္စမှာ ဒေါ်စုသည်သာ တာဝန်အရှိဆုံး အပြစ်အရှိဆုံး ဆိုပါလား။ ဒီကိစ္စမှာတော့ ဒေါ်စု တာဝန်မကင်းဘူး ဆိုတာကို လက်ခံတယ်။ ဒေါ်စု ဟာ နိုင်ငံရေးကစားကွက်တစ်ခုအတွက် လူ့အခွင့်အရေး နဲ့ လူသားဂုဏ်သိက္ခာတန်ဖိုးတွေကို ချနင်းခဲ့တယ်။ ဒီအတွက်လည်း ကျွန်တော်တို့ စိတ်နာကျည်းပြီး နိုးဗုတ်တွေဖြစ်ခဲ့ရတယ်။ သူလည်း ကမ္ဘာ့တံတွေးခွက်မှာ မျောလို့ ဆုတွေ တံဆိပ်တွေ အကုန်မြောင်းထဲရောက်ကုန်တာ အခုဆို နိုဗယ်ဆုရှင်တစ်ယောက်အဖမ်းခံထားရတာကို ဘယ်နိုဗယ်ဆုရှင် အဖွဲ့အစည်းကမှ ဆေးဖော်ကြောဖက်မလုပ်တော့တဲ့ အထိအောင်ဖြစ်ခဲ့ရပြီမဟုတ်လား။ ရိုဟင်ဂျာကိစ္စမှာ ဒေါ်စုဟာ သမိုင်းနဲ့ချီပြီး မှားတဲ့ဘက်မှာ ရပ်ခဲ့တယ် လူ့ဂုဏ်သိက္ခာကိုဖိနင်းတဲ့ဘက်မှာ ရပ်တည်လို့ အိုင်စီဂျေမှာတောင် စစ်အုပ်စုကို သွားကာကွယ်ရပ်တည်ပေးခဲ့သေးတဲ့မဟုတ်လား။ ဒီအတွက်တော့ ဒေါ်စုဟာ ဒီတစ်သက် နောင်တရရုံတင်မဟုတ် အရှက်ပါရနေရမှာ ဖြစ်တယ်။ 


ဒါပေမဲ့ သူ ခံလိုက်ရတာ မအူမလည်နဲ့ ကြားညှပ်တာမျိုးဖြစ်ပြီး လူသားတန်ဖိုးနဲ့ ပတ်သက်တဲ့ သစ္စာတရားတွေ တန်ဖိုးတွေအပေါ်မှာ ဘာတန်ဖိုးမှမရှိလှတဲ့ ကျပ်မပြည့်အာဏာလေးအတွက် သူ သစ္စာဖောက်မိခဲ့လိုပဲဖြစ်တယ်။ ဒါကြောင့် နယ်မြေရှင်းလင်းရေးဆိုတဲ့ စကားလုံးရဲ့ အတိမ်အနက်ကို မသိပဲ ကမ္ဘာ့လူပုံအလည်မှာ ဗိုက်ငှားပြီးဓားထိုးခံခဲ့တာပေါ့။ ဒီတော့ ကြွေးတင်ရင် ဘုရင်ဆပ်လိမ့်မယ်ဆိုတာမျိုး လက်နက်ကိုင်တွေလုပ်သမျှ ရမ်းသမျှကြမ်းသမျှဟာ အတိုင်ပင်ခံခေါင်းမှာချေးလာစုတော့တာပါပဲ။ သူ အ လို့ သူခံရတာလို့သာမှတ်ယူပါတယ်။ ဒီကိစ္စကိုတော့ မလည်ရှုပ်လုပ်ခဲ့တဲ့ ဒေါ်စုလည်း ကမ္ဘာကြီးနဲ့ ရှင်းရမှာ ဖြစ်ပါတယ်။


ချုပ်ပြောရရင်တော့ လော်ဘီတိုက်ကွက်က ဒေါ်စုကိုတရုတ်နဲ့ပေးစား ရိုဟင်ဂျာကိစ္စမှာ အပြစ်ပုံချပြီး တကယ်အပြစ်ကျူးလွန်သူတွေ လွတ်အောင်လုပ်တဲ့ အကွက်ပါပဲ။ ဒါဟာ မိုးကြိုး ကို ထန်းလက်နဲ့ ကာသလိုပါပဲ။ ပြည်သူတွေတောင်းဆိုတဲ့ ခြေဥဖျက်အသစ်ရေးခြင်းနဲ့ ဖယ်ဒရယ်ဒီမိုကရက်တစ်တိုင်းပြည်ထူထောင်လိုခြင်းတွေ နဲ့ ဒီကိစ္စတွေဟာ ဘာမှ မသက်ဆိုင်ပါဘူး။ ဒေါ်စုမှန်တယ် ဒေါ်စုမှားတယ် ဆိုတာတွေ ဟာ သမိုင်းတစ်ခေတ်မှာ ကျန်ရစ်ခဲ့ပါပြီ။ ရင်ကြားစေ့ရေးမူကိုပဲ ကိုင်စွဲခဲ့တဲ့ ဒေါ်စုနိုင်ငံရေးခေတ်ဟာ ကုန်ဆုံးသွားခဲ့ပြီးဖြစ်လို့ ဒီလော်ဘီပေးတဲ့ ဆင်ခြေတွေဟာလည်း မျက်မှောက်နိုင်ငံရေး အခင်းအကျင်းမှာ အဆံမပါတဲ့သင်္ကြန်အမြောက်လိုသာဖြစ်နေတယ်လို့ ခံစားမိပါတယ်ဗျာ။

https://www.facebook.com/744769315/posts/10159989297379316/



vigilante (noun) [ဗီဂျီလန်းတီ] ရပ်ရွာလူမှုအသိုင်းအဝန်းအတွင်း ရပ်ကွက်ပြည်သူများက ၎င်းတို့ဘာသာ ဖွဲ့စည်းထားသော တရားဥပဒေစိုးမိုးမှုဖော်ဆောင်ရေး အဖွဲ့။ 

vigilante များကို ရဲ၊ စစ်တပ်ကဲ့သို့ law enforcement body များကို အကူအညီပေးရန်၊ ၎င်းတို့မျှဖြင့် ရပ်ရွာအေးချမ်းသာယာရေး (rule) ကို သက်ရာက်ဖော်ဆောင် (impose) ရာ၌ မလုံလောက်ဟု ယူဆသောအခါ ဖွဲ့စည်းသည်။ 

မြန်မာအရပ်သုံးစကား ကင်းအဖွဲ့။ 

vigilante သည် militia (ပြည်သူ့စစ်) ကဲ့သို့တိုင် လက်နက်ကိုင် အဖွဲ့အစည်းလဲ မဟုတ်ချေ။ militia သည် စစ်တပ်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပင်မစစ်တပ်ကြီးတစ်ခု၏ လက်အောက်ခံ၊ သို့မဟုတ် နှီးနွှယ်တပ်ဖွဲ့ဖြစ်သည်။ 

မြန်မာအရပ်စကား "ကင်း" ဟု ခေါ်ကြလင့်ကစား scout (ကင်းထောက်တပ်ဖွဲ့) နှင့်လည်း လုံးလုံးမတူပါချေ။ 

vigilante အဖွဲ့ဝင်များသည် ရပ်ရွာလူမှုအသိုင်းအဝန်း ကာကွယ်ရေးသာ ဖြစ်ရပြီး တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုအား သစ္စာခံသူ၊ ဘက်လိုက်သူ မဖြစ်ရချေ။ 

vigilante များသည် လက်နက်များအားဖြင့်လည်း မိရိုးဖလာ တုတ်ဓားလှံလေး စသည်တို့ကိုသာ ကိုင်ဆောင်ခွင့်ရှိပြီး ဥပဒေအားဖြင့် အရပ်သားများကိုင်ဆောင်ခွင့်မရှိသော လက်နက်များကို vigilante များ ကိုင်ဆောင်ခွင့်မရှိချေ။ မိမိတို့ကိုယ်ပိုင် အမှတ်တံဆိပ်များ၊ တူညီဝတ်စုံများလည်း ဝတ်ခွင့်မရှိပေ။ 

vigilante များသည် တရားဥပဒေကို ကျော်လွန်၍ မိမိတို့ဘာသာ ဆုံးဖြတ်ချက်ချခြင်း၊ တရားစီရင်ခြင်း၊ စည်းမျဉ်းထုတ်ခြင်းများ ပြုခွင့်မရှိချေ။ 

တရားဥပဒေဖော်ဆောင်ရေးအဖွဲ့များ (ရဲ၊ စစ်သား) တို့ တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ရာ၌ အထောက်အကူပြုအဖွဲ့အစည်းသာ ဖြစ်ရသည်။ ၎င်းတို့အား အတိုက်အခံပြုရန်၊ နှောင့်ယှက်ဟန့်တားရန် မဖြစ်စေရ။ 

vigilante အဖွဲ့ဝင်များသည် တရားဥပဒေဘောင်အတွင်းမှ မဟုတ်ဘဲ မိမိတို့ဘာသာ တရားစီရင်ပါမူ vigilante punishment ဟု ခေါ်သည်။ ယင်းတို့ပြုလုပ်ပါက ၎င်းတို့ကို ဥပဒေအရ ပြင်းထန်စွာ အပြစ်ပေးအရေးယူရသည်။ 

vigilante များဖြင့် တရားစီရင်မှုပြုရန်ကြိုးပမ်းမှု၊ အားထုတ်မှု၊ ဖော်ဆောင်မှု ဝါ vigilante justice ပြုခြင်းကို vigilantism ဟု ခေါ်သည်။

vigilante mob ခေါ် vigilante များ လူအုပ်ဖွဲ့ပြီး vigilantism များ ပြုနေသဖြင့် ရပ်ရွာလူ့အဖွဲ့အစည်းက ၎င်းတို့ကို ကြောက်ရွံ့နေကြရသည်ဆိုလျှင် ၎င်းတို့လုပ်ရပ်များကို vigilante terrorism ဟု သမုတ်နိုင်သည်။ 

vigilante များသည် နိုင်ငံရေးနှင့် မနှီးနွှယ်ရဆိုသော်လည်း နိုင်ငံရေးသမားများသည် vigilante များကို အသုံးချကာ နိုင်ငံရေးအာဏာရယူဖို့ ကြိုးစားလေ့ရှိကြသည်။ vigilante politics ဟု ခေါ်သည်။ 

vigilante politics အရ နိုင်ငံရေးရယူသောသူများသည် အာဏာရှင် (dictator) များ ဖြစ်လာတတ်ကြပြီး

https://www.facebook.com/100028766406898/posts/525210615114481/

 လွတ်လပ်စွာ ကွဲလွဲခွင့်ရှိတာ အမေရိကန် ဒီမိုကရေစီ။


လွတ်လပ်စွာ ကွဲလွဲသူကို ဖေးမတာ ပြင်သစ်ဒီမိုကရေစီ။


ဖေးမမှုအပေါ် လွတ်လပ်စွာ ကွဲလွဲခွင့်ရှိတာ ဂျာမန်ဒီမိုကရေစီ။ 


လွတ်လပ်မှုအပေါ် ဖေးဖေးမမ ကွဲလွဲကြတာ အင်္ဂလန်ဒီမိုကရေစီ။ 


ကွဲလွဲသူကို လွတ်လပ်စွာ အနိုင်ကျင့်ကြတာ မြန်မာဒီမိုကရေစီ။


SayarThant

Thursday 4 March 2021

လုံခြုံရေးဖုန်းနံပါတ်များ

 မိမိအား ဖိအားပေး ခြိမ်းခြောက်ခြင်း၊ အရှက်ခွဲခြင်း၊ ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်ဆောင်ခြင်းများ ရှိပါက 


ထိုသူများ၏ အမည်၊ နေရပ်လိပ်စာ (သို့မဟုတ်)

Facebook အကောင့်၊ ရေးသားထားသည့် မှတ်တမ်းများဖြင့် 


အောက်ပါဖုန်းနံပါတ်များနှင့် e-mail လိပ်စာများသို့ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။


နေပြည်တော်

067-550251

067-550252

067-550253

067-550254

067-550255

email-mpf-naypyiyaw@e-moha.gov.mm


ကချင်

074-2526671 

074-2526672

email-mpf-kachin@e-moha.gov.mm


ကယား

083-2224315 

083-2224316

email-mpf-kayar@e-moha.gov.mm


ကရင်

058-2021096

058-2021009

mpf-kayin@e-moha.gov.mm


ချင်း

070-2022111

070-2022333

mpf-chin@e-moha.gov.mm


စစ်ကိုင်း

071-2026253 

071-2026254

mpf-sagaing@e-moha.gov.mm


တနသာင်္ရီ

059-2024029

059-2024030

mpf-tanintharyi@e-moha.gov.mm


ပဲခူး

052-2201920

052-2201921

mpf-bago@e-moha.gov.mm


မကွေး

063-2028855

063-2028856

mpf-magway@e-moha.gov.mm


မန်းလေး

02-4035891

02-4035892

02-4035893

02-4035894

02-4035895 

mpf-mandalay@e-moha.gov.mm


မွန်

057-2027880

057-2027884

mpf-mon@e-moha.gov.mm


ရခိုင်

043-2024557

043-2024558

mpf-rakhine@e-moha.gov.mm


ရန်ကုန်

01-8300011

01-8300012

01-8300013

01-8300014 

01-8300015

mpf-yangon@e-moha.gov.mm


ရှမ်း

081-202241

081-202242

mpf-shan@e-moha.gov.mm


ဧရာဝတီ

042-2023103

042-2023106

mpf-ayeyarwaddy@e-moha.gov.mm


.

 နိုင်ငံရေးတော့ မရေးပါဘူး။ အချက်အလက်လေးတွေတစ်ချို့ကို အမြင်လွဲနေကြလို့ ရှင်းပြရုံတင်ပါ။


ပထမဆုံး ရှင်းပြမှာက UN ပါ။ UN သည် အာဏာပ်ိုင်အဖွဲ့အစည်း မဟုတ်ပါဘူး။ ကမ္ဘာ့အကြီးဆုံး NGO ပါ။ သူ့မှာ လုပ်ပိုင်ခွင့် mandate မရှိပါဘူး။ 


UN ကို ရွာသူကြီးတွေ တွေ့ဆုံဆွေးနွေးကြတဲ့ ဇရပ်ကြီးလို့ မြင်ကြည့်လိုက်ပါ။ 


နောက်ထပ်ပြောမှာက R2P ပါ။ R2P ဆိုတာ တပ်ဖွဲ့မဟုတ်ပါဘူး။ သဘောတူညီမှု တစ်ခုသာ ဖြစ်ပါတယ်။ Responsibility to Protect လို့ ခေါ်ပါတယ်။ သမိုင်းတွေ ရှင်းမပြတော့ပါဘူး။ သဘောတရားကိုပဲ ရှင်းပြပါမယ်။ 


ခင်ဗျားတို့ရပ်ကွက်ထဲမှာ အိမ်တစ်အိမ်မှာ အိမ်ထောင်ဦးစီးက မူးရမ်းပြီး မိန်းမတွေ ကလေးတွေကိုနှိပ်စက်နေတယ် ထားပါတော့။ ဒါကို အရင်ကတော့ သူတို့ပြဿနာပဲကွာလို့ လက်ပိုက်ကြည့်နေခဲ့ကြတယ်။ စိတ်မကောင်းပေမယ့် ဝင်မပါခဲ့ကြဘူး။ 


ဒီအခြေအနေမှာ ရပ်ကွက်က လူတွေဝိုင်းတိုင်ပင်ပြီး နောင်ဆို ငါတို့ရပ်ကြည့်မနေဘဲ ဝင်ပါရအောင်လို့ သဘောတူလိုက်တာက R2P ပဲ။ R2P ဆိုတာ လူမှုရေးအရ ဝင်ရောက်စွက်ဖက်မှု လို့ နားလည်ပါ။


ဆိုတော့ ဘယ်အချိန် R2P ဝင်မလဲ? R2P က ဟူတူနဲ့ တွတ်ဆီ လူမျိုးတုန်းသတ်ဖြတ်မှုကို အခြေခံထားတာဆိုတော့ အစိုးရတွေက လူမျိုးစုငယ်တွေကို၊ အတိုက်အခံတွေကို genocide (လူမျိုးတုန်းသတ်ဖြတ်မှု) လုပ်နေရင်၊ massacre (အစုအပြုံလိုက်သတ်ဖြတ်မှု) တွေလုပ်ရင် ဝင်မှာပါ။ တော်တော်တန်တန်ကတော့ မဝင်ပါဘူး။


R2P ဆိုတာမှာကလဲ အဆင့်ဆင့်ရှိတယ်။ ခင်ဗျားရပ်ကွက်ထဲမှာ ယောက်ျားက မိန်းမကို ကြမ်းနေရင် ဘေးကလူတွေက ဖြန်ဖြေတာမျိုး၊ ဆုံးမစကားပြောတာမျိုး၊ ဖိဟောက်တာမျိုး ဒါတွေက အများဆုံးပေါ့။ ဒီလိုပါပဲ။ R2P ဆိုတာကလဲ ဒီလို အဆင့်တွေက များပါတယ်။ ရပ်ကွက်ထဲမှာ နောက်ဆုံးမနိုင်လွန်းရင်တော့လဲ ဝင်ဆွဲကြရမ်းကြပေါ့။ R2P မှာတော့ UN တပ် ဝင်ပါတယ်။ 


ဒါ့အပြင် R2P က အရေးပေါ်အခြေအနေဆိုလဲ ဝင်လို့ရတယ်။ ယောက်ျားက အရက်မူးပြီး မိန်းမကို သတ်မယ်လို့ ဓားကြီးကိုင် အိမ်ပေါ်တက်သွားရင်တော့ ရပ်ကွက်ကလူတွေကလဲ တုတ်တွေဆွဲ ဝင်ဟန့်ရတာမျိုးပေါ့။ 


နောက်တစ်ခု UN တပ်ဆိုတာ ပြောရအောင်။ UN တပ်ဆိုတာ အမြဲတမ်းတပ်မဟုတ်ဘူး။ အာဖရိကမှာ၊ မငြိမ်းချမ်းတဲ့ဒေသတွေမှာ လက်နက်ကိုင်တပ်တွေ တိုက်ပွဲဖြစ်ကြရင် အရပ်သားတွေ သေကြလွန်းလို့ သူတို့ကိုကာကွယ်ဖို့ UN ငြိမ်းချမ်းရေးတပ်ကို လွှတ်ထားရတယ်။ စစ်သားတွေ အလုပ်မရှိတဲ့နိုင်ငံတွေ UN တပ်ထဲ ထည့်ထားလေ့ရှိတယ်။ များသောအားဖြင့် ဘင်္ဂလားဒေ့ရ်ှပေါ့။ လက်နက်တွေကလဲ မကောင်းပါဘူး။ တိုက်ခိုက်ရေးစွမ်းရည်ကတော့ ခပ်ညံ့ညံ့ရယ်။ အာဖရိကမှာတော့ UN တပ်ထက် AMISOM အာဖရိကတပ်ကို ပိုအားကိုးကြတယ်။ AMISOM က တိုက်ရည်ခိုက်ရည် ကောင်းတယ်။ 


နောက်တစ်ခုက လစ်ဗျားကိုတိုက်တာ၊ အီရတ်ကိုတိုက်တာ R2P လား? UN တပ်လား? ပြောရအောင်။ အဖြေကတော့ နှစ်ခုလုံး မဟုတ်ဘူး။ လစ်ဗျားကို တိုက်တာက အမေရိကန်နဲ့ NATO မဟာမိတ်တွေ။ အီရတ်ကို တိုက်တာက အမေရိကန်။ R2P နဲ့လဲ မပတ်သက်သလို UN ဆုံးဖြတ်ချက်လဲ မဟုတ်ဘူး။ အမေရိကန်က သူ့အကျိုးစီးပွားအတွက် သူတိုက်တာ။ 


ကဒါဖီရော ဟူစိန်ရောက အမေရိကန်ကို ကန့်လန့်တိုက်နေလို့ အမေရိကန်က ရေနံအတွက် စစ်ဆင်နွှဲတာ။ 


တကယ်တမ်းမှာ နိုင်ငံတကာဥပဒေအရဆို ဒါတွေက မလုပ်ရဘူး။ ဘိုင်ဒန်တက်လာပြီးချင်း အီရတ် အာဘေးမှ အမေရိကန်စစ်စခန်း တိုက်ခံရလို့ ဆီးရီးယားက အီရန်ထောက်ခံပြည်သူ့စစ်တွေကို လက်တုံ့ပြန်တယ်။ ဒါပေမယ့် ဒါဟာ နိုင်ငံတကာဥပဒေနဲ့မညီဘူးလို့ ဝိုင်းထောက်ကြလို့ ဘိုင်ဒန်ငြိမ်နေရတယ်။ အမေရိကန်က အဲလိုပဲ။ သူများကို ဥပဒေအကြောင်းပြောပြီး သူကတော့ ဥပဒေကို ခဏခဏ ဖောက်တတ်တယ်။


နိုင်ငံတွေချင်း အကာအကွယ်ပေးတာ ရှိလားဆိုတာ ပြောရအောင်။ သိပ်ရှိပါတယ်။ ပထမဆုံးက ကမ္ဘာမှာ အုပ်စုကြီး နှစ်ခုရှိတယ်။ ရုရှအုပ်စု။ အမေရိကန်အုပ်စု။ ၁၉၉၀ ကျော်တွေတုန်းကတော့ ရုရှက အင်းအားချိသွားတော့ အမေရိကန်က ထင်ရာစိုင်းတယ်။ ဘော်လကန်ကိစ္စလို။ ဒါပေမယ့် ပူတင်ခေတ် ရုရှအင်အားကြီးလာတော့ အမေရိကန်လဲ မလုပ်ရဲတော့ဘူး။ ဥပမာ - ယူကရိန်းခွဲထွက်နယ်မြေတွေကိစ္စ။ အမေရိကန်က သူနဲ့ သူ့မဟာမိတ်တွေကို ထိခိုက်ရင် သည်းမခံဘူးလို့ အစဉ်အဆက် ပြောခဲ့ကြတယ်။ ရုရှကလဲ အင်အားကြီးချိန် ဒီလို ပြောပြန်တယ်။ ရုရှပါတနာတွေက အီရန်၊ မြောက်ကိုးရီးယား၊ မြန်မာ။ 


နောက်ဆုံး ပထဝီနိုင်ငံရေးကို ပြောရအောင်။ မြန်မာက ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြားမှာ ရှိတာ။ မြန်မာကို ထိရင် သူ့တို့နိုင်ငံတွေရဲ့ နယ်နမိတ်ကို ချဉ်းနင်းလာတာနဲ့ အတူတူပဲ။ ဒါ့ကြောင့် မြန်မာကို ထိခိုက်မယ့်ကိစ္စကို တရုတ် အိန္ဒိယက လက်ခံလို့ မရဘူး။ 


အချက်အလက်တွေပဲ ပြောပြတာပါ။ ကျန်တာကတော့ ကိုယ်ဟာကိုယ် ဖြည့်စဉ်းစား။https://www.facebook.com/100028766406898/posts/524260011876208/

Wednesday 3 March 2021


 #ရက်စက်တဲ့သဘာဝ


သဘာဝတရားက ဘယ်သူ့မှ မငဲ့သလို၊ ဘယ်တရားကိုမှလည်း မငဲ့ပါဘူး။ 


တစ်နည်းအားဖြင့်- သဘာဝဓမ္မဟာ ပုဂ္ဂိုလ်နဲ့ ဓမ္မရော အဓမ္မကိုပါ မငဲ့ပါဘူး။


မိမိ ဆိုလိုရင်း သဘာဝဓမ္မဆိုတာကို ရှင်းရရင်-


လူဟာ ဘယ်သူ့မှာမှ အသက် အပို မပါကြပါဘူး။ အသက်ကို စတေးပြီးမှ ရတဲ့အရာတွေဟာ ထိုသူအတွက် ဘာအဓိပ္ပါယ်မှ မရှိတော့ပါဘူးလို့ ယူဆနိုင်စရာပါ။ အကြောင်းက- ဘဝဆိုတာ အသက်ပါ။ အသက်မရှိတော့ရင် ဘဝ မရှိတော့ပါဘူး။ "သူ" ဆိုတာ မတည်ရှိနိုင်တော့ပါဘူး။ အသက်မရှိမှတော့ သူရဲကောင်းပါ၊ အာဇာနည်ပါ ဆိုတာတွေဟာလည်း ထိုသွားလေသူအတွက် ဘာအဓိပ္ပါယ်မှ မရှိတော့ပြန်ပါဘူး။ သို့သော် လူဟာ ထိုကဲ့သို့သော အဓိပ္ပါယ်အတွက်၊ ယုံကြည်ရာအတွက် ကိုယ့်စိတ်ဆန္ဒအရ အသက်ကိုပင် စတေးတတ်ကြသည်မှာ အံ့ဩစရာ အကောင်းသားပါ။ အမှန်တရားအားဖြင့်တော့ မသေခင် ရမှသာ သို့မဟုတ် မသေခင် တွေ့ကြုံနိုင်မှသာ အရာရာဟာ ထိုသူအတွက် တန်ဖိုးက ရှိတာပါ။ သေပြီးမှတော့ ထိုသူအတွက် ဘာအဓိပ္ပါယ်မှ မရှိပါ။


ချားလ်စ်ဒါဝင် ( Charles Darwin ) ရဲ့ အဆိုအရ-


Evolution

Natural Selection


ဘဝအားလုံးဟာ ဆင့်ကဲ ဖြစ်စဉ်တစ်ခုထက် မပိုကြပါဘူး။ ဘဝတွေဟာ ဘာအဓိပ္ပါယ်မှ မဆောင်ကြပါဘူး။ အကြောင်းတိုက်ဆိုင်လို့ သူ့ဘာသာ ဖြစ်လာကြတဲ့ ဇီဝသဘာဝတွေသာ။ အသက်ဇီဝတိုင်းမှာ အသက်မသေဖို့ သို့မဟုတ် ရှင်သန်ကျန်ရစ်ဖို့ ( survival ) နှင့် မျိုးဆက်ပွားနိုင်ဖို့ ( reproduction ) ရယ်က အဓိက ပြဌာန်းချက်ပါ။ ဒိအတွက် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ပြောင်းလဲ နိုင်ဖို့ပဲ လိုတယ်။


survival of the fittest 


ဓမ္မတွေ အဓမ္မတွေကို မငဲ့ဘူး၊ ပုဂ္ဂိုလ်ကို မငဲ့ဘူး၊ ကိုယ်ရှင်သန်ကျန်ရစ်ဖို့ လိုက်လျောညီထွေ ပြောင်းလဲနိုင်သမျှဟာ ဆင့်ကဲဖြစ်စဉ်အရ တရားတဲ့ သဘောဆောင်တယ်။


ဒါ့ကြောင့် လူအပါအဝင် သက်ရှိဇီဝတိုင်းအတွက် အသက် ရှင်သန်ကျန်ရစ်ဖို့ အရေးမှာ ဘာကိုမှ ငဲ့စရာမလိုပါလို့ ဆိုရမလိုပါ။ ဒီလို အတ္တဆန်တဲ့၊ ရက်စက်တဲ့ သဘာဝဓမ္မက တိရစ္ဆာန်တွေမှာ ရှိကြပြီး ဖြစ်တယ်။ တိရစ္ဆာန်တွေမှာ ထင်ရှားတယ်။ အကြောင်းက တိရစ္ဆာန်ကမ္ဘာမှာ ပြုသင့်မပြုသင့် ကိုယ်ကျင့်ရေးရာနဲ့ ပတ်သက်လို့ ဘာအကဲဖြတ် သတ်မှတ်ချက်မှ မရှိကြလို့ပါ။


We are animals.


ဆင့်ကဲဖြစ်စဉ်အရ လူဟာလည်း တိရစ္ဆာန်တစ်မျိုးသာလို့ ဆိုတယ်။ ဆင့်ကဲဖြစ်စဉ်မှာ ရှင်သန်ကျန်ရစ်ဖို့ရာ ဓမ္မဖြစ်စေ၊ အဓမ္မဖြစ်စေ၊ မည်သည်ဖြစ်စေ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ပြောင်းလဲနိုင်မှု မှန်သမျှဟာ တရားတယ်လို့ ယူဆနိုင်စရာပါ။ ဒါဟာ ရှင်သန်ကျန်ရစ်ရေး သဘာဝပါ။ ဒီသဘာဝကိုပဲ သဘာဝဓမ္မဟု ဆိုလိုရင်းသာ။ သဘာဝဓမ္မ- သဘာဝရဲ့ ရွေးချယ်မှုဟာ ဘာကိုမှ မငဲ့ပါ။ သဘာဝဟာ နိုင်ငံရေး၊ ဘာသာရေး မည်သည့် အရေးအရာ အဆုံးအဖြတ် သတ်မှတ်ချက်ကိုမှ မငဲ့ပါ။


သဘာဝဟာ သဘာဝပါ။ သဘာဝဓမ္မဟာ ဘာကိုမှ မငဲ့ပါ။ သတ္တိရှိခြင်း၊ ကြောက်ရွံ့ခြင်းကိုလည်း မငဲ့ပါ။ ဓမ္မ အဓမ္မ၊ တရား မတရား၊ ဒေါသတရား မေတ္တာတရား၊ ချစ်ခြင်း မုန်းခြင်း၊ ကုသိုလ် အကုသိုလ်၊ နိုင်ငံရေး ဘာသာရေး၊ အကောင်း အဆိုး၊ အဖြူ အမဲ မည်သည့်အရေးအရာ ပြဌာန်းချက်ကိုမှ မငဲ့ပါ။ ဘယ်သူ့ကိုမှလည်း မငဲ့ပါ။ သူ ငဲ့သည်ကား ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ပြောင်းလဲနိုင်မှုသာ။ " ရှင်သန်ရာသာ ဘဝပါတကား" ပါတဲ့လား။


the imagined order/ Inter-subjective


အမှန်တရားဟာ ဘာကိုမှ မငဲ့ပါ။ သေလွန်တဲ့အခါ ယုံကြည်ရာတွေဟာ မှန်ခဲ့မှာလားလည်း မသေချာပါ။ သို့သော် လူ့အဖွဲ့အစည်းဟာ ရှင်သန်ကျန်ရစ်ရေးမှာ မသေချာတဲ့ ယုံကြည်ရာတွေနဲ့ ပြိုင်ဆိုင် ရပ်တည် လည်ပတ်နေကြရသည်သာ။ သေချာသည်ကား ရှင်သန်ရာသာ။


ဆင့်ကဲဖြစ်စဉ်အရ မည်သည့်အရာကိုမှ မငဲ့ဘဲ ရှင်သန်သူသာ သို့မဟုတ် အသက်မသေဘဲ ကျန်ရစ်နိုင်သူသာ အမှန်တရားလို့ ပြဌာန်းနေသည်ကား ယုံကြည်ရာတွေကိုပါ မငဲ့တဲ့ သဘောပဲ မဟုတ်ပါလား။


ဆိုလိုရင်းသဘောက အသက်တစ်ခုချင်းစီတိုင်းဟာ လုံးဝ တန်ဖိုးကြီးပါကြောင်း...။


#cakkhu

3, march , 2021

 ကြေကွဲဇာတ်လမ်း


မလွမ်းချင်သူ၊ ကြေကွဲဖွယ်ရာဇာတ်သိမ်းတွေကို မကြိုက်သူတစ်ဦးအတွက် အလွမ်းဇာတ်တွေကို မလွဲ မရှောင်သာ အကြိမ်ကြိမ်ကြုံတွေ့နေရခြင်းသည်လည်း ၀ဋ်တစ်ခုပင်ဖြစ်၏ ။


လွန်ခဲ့သည့် နှစ်သုံးဆယ်ကျော်က ကျွန်တော် တာ၀န် ကျရာ မြို့က နယ်မြို့ဆိုတော့ တစ်ယောက် နဲ့တစ်ယောက် မျက်မှန်းတန်းမိတာများသည်။ သူ ဘယ်သူလဲ၊ ကိုယ်ဘယ်သူလဲဆိုတာ သိကြ သည်။ မိဘအရွယ်၊ ဦးလေး၊ အဒေါ်အရွယ် စားအိမ် သောက်အိမ်ဖြစ်နေတာလည်းရှိသည်။ သက်တူရွယ်တူ သောက်ဖော်စားဖက် တွေလည်းရှိ သည်။ သံယောဇဉ်နွယ်နေ သူတွေလည်း ရှိသည်။ 


ဒါပေမယ့် ဘယ်လိုမှ မေ ျှာ်လင့်မထားတဲ့ မုန်တိုင်းနှင့် ကျွန်တော်တို့ ကြုံခဲ့ရသည်။ မုန်တိုင်းကို ကျော်ဖြတ်ရင်း ကြေကွဲစရာ တွေကြုံခဲ့ရသည်။ ဇာတ်လမ်းပြီးသွားတော့ မြို့လေးနှင့် ကျွန်တော် တို့ သူစိမ်းပြင်ပြင်ဖြစ်သွားသလိုခံစား ခဲ့ရသည်။ လေထုထဲမှာ အေးစက်တင်းမာမှုတွေ ပြည့်နေခဲ့ သည်။ ခင်မင်ခဲ့သူတွေ အချင်းချင်း နှုတ်ဆက်ရမှာကို ပင် မဝံ့မရဲဖြစ်နေရသည်။ တစ်ချို့ မိတ်ဆွေ သူငယ်ချင်းတွေက အဝေးကို လွင့်ထွက်သွားကြသည်။ ဘယ်တော့မှ ပြန်မဆုံရတော့။ တစ်ချို့က စည်းတစ်ဘက်ခြားသွားကြသည်။ 


ညီငယ် လေးတစ်ယောက်ရဲ့ သံယောဇဉ်လေးက နယ်စပ်တစ်နေရာကနေ ပြက္ခဒိန် တစ်စောင် ပြန်ပို့လိုက်သည်။ ပြက္ခဒိန်ရဲ့ စာမျက်နှာတစ်ခုမှာ သူ့သံယောဇဉ်လေး ရဲ့ဓာတ်ပုံပါသည်။ ဓာတ်ပုံမှာ သူ့သံယောဇဉ်လေး စစ်၀တ် စုံ အပြည့် ၀တ်ဆင်လို့၊ ခြေတစ်ဖက်က သစ်ငုတ် ပေါ်မှာတင်လ ျှက်၊ လက်ထဲမှာ သေနတ်ပြောင်းကို မိုးပေါ်ထောင်ပြီး ကိုင်ထားသည်။ ပြက္ခဒိန် နှင့် အတူပါလာသည့် စာမှာတော့ စစ်မြေပြင်မှာ ပြန်ဆုံရင် သေနတ်မောင်းခလုတ်ဆွဲဖို့ လက်တွန့်မှာ မဟုတ်ကြောင်း တိုတိုရှင်းရှင်းရေးထားသည်။ ညီငယ်လေးကတော့ “သူလုပ်ရက်ရင်တောင် ကျွန်တော်မလုပ်ရက်ပါဘူး” ဟု ကြေကွဲစွာ အကြိမ်ကြိမ်ပြောကြားနေခဲ့သည်။ နှလုံးသား ဒဏ်ရာ ကို လွဲမှားသောနည်းဖြင့် ကုစားခဲ့သည့် ညီငယ်လေးမှာ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ဘ၀ကို အဆုံး သတ်သွားခဲ့သည်။ 


မုန်တိုင်း ကြောင့်ရခဲ့သည့်ဒဏ်ရာတွေက နက်ရှိုင်းလွန်းလှ သည်။ ဆယ်စုနှစ်နှစ်ခု သုံးခုဖြတ်ကျော်ခဲ့ရ၊ လူတွေက ရင့်ကျက်လာခဲ့တာတောင် အတွင်းဒဏ်ရာတွေ က ကျန်နေ ဆဲဖြစ်သည်။ ဒဏ်ရာတွေလုံးဝပျောက်သွားတာမဟုတ်၊ နောက်ထပ် အလွမ်းဇာတ်တစ်ခုနဲ့ ပြန်မကြုံရအောင် ကြိုးစားခြင်းက အ ကာင်းဆုံး ကုစားခြင်းဖြစ်သည်ဟု ယုံကြည်သည့်အတွက် ဒဏ်ရာတွေကို မေ့ထားပြီး ရှေ့ ဆက်နိုင်ဖို့ ကြိုးစားခဲ့ကြတာပဲရှိသည်။ မုန်တိုင်းတွင်း နှင့် မုန်တိုင်း လွန်ကာလမှာ စည်းတစ်ဘက်ခြားခဲ့သူတွေ ပြန်ဆုံတဲ့အခါ ဖြစ်ခဲ့တာတွေ ပြန်ပြောဖို့ထက် ဖြစ်သင့်တာတွေကို ဘယ်လို လုပ်မလဲဆိုတာဆွေးနွေးနိုင်ဖို့ ကြိုးစားခဲ့ရသည်။ 


ဒီလိုနဲ့လွန်ခဲ့သည့် ဆယ်နှစ်ကတော့ ဒဏ်ရာတွေကို အမြစ်ပြတ်အောင် ကုစားနိုင်မယ့် အခွင့်အရေး တစ်ခုကြုံခဲ့ရသည်။ ကိုယ်တိုင်လည်း တတ်နိုင်သမ ျှလည်း ပါ၀င်ကြိုးစားခဲ့သည်။ ကိုယ့် ခံစားချက်တွေကို သူတို့ နားလည်အောင်၊ သူတို့ခံစားချက်တွေကို ကိုယ့်ဘက်က နားလည် နိုင်အောင် အတွေးအမြင် တွေ ဖလှယ်ခဲ့ကြသည်။ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ငြင်းခုန်ရတာလည်းရှိသည်။ 


ဒီလိုနဲ့အားလုံးပါ၀င်နိုင်တဲ့ ကစားကွင်းတစ်ခုရှိလာခဲ့သည်။ ပြီးပြည့်စုံတယ်လို့ မဆိုနိုင်သည့်တိုင် လက်ရှိ အခြေအနေအတွက် ကစားလို့ရသည့် ကစားပွဲစည်းမျဉ်းတစ်ခုရှိသည်။ အားပေးသည့် ပရိသတ် လည်းရှိသည်။ ကစားပွဲအတွင်း တွန်းတွန်းတိုက်တိုက်ကစားရင်း အငြင်းပွားတာလည်း ရှိသည်။ ဒိုင် အဆုံးအဖြတ်ကို စောဒကတက်တာလည်းရှိသည်။ သူ့ပရိသတ် ကိုယ့်ပရိသတ် အပြန်အလှန် အပြိုင်အဆိုင်အားပေးကြသည်။ သို့သော် အားလုံးလက်ခံထားသည့် စည်းမျဉ်းတွေအတိုင်း ကစားနေသရွေ့ ပြဿနာမရှိ။ ပွဲမပျက်။ ပြိုင်ဆိုင်မှုပြင်းထန်ပေမယ့် မှန်ကန်တဲ့ ဦးတည်တစ်ခုနဲ့ အရွေ့တစ်ခုကို စတင်နိုင်ခဲ့သည်ဟု ခံစားရသည်။ နောက်ထပ် အလွမ်းဇာတ်တွေ ၊ ကြေကွဲဖွယ်ရာဇာတ်သိမ်းတွေနှင့် မကြုံရ ၊ မကြည့်ရတော့ဟု ယုံကြည်မိသည်။ 


ဒါပေမယ့် လွန်ခဲ့သော နှစ်မှာတော့ မိုးကုတ်စက်ဝိုင်းအဝေးတစ်နေရာမှာ မုန်တိုင်း အရိပ်လက္ခဏာတွေ မြင်လာခဲ့ရသည်။ စိုးရိမ်သူတွေက သတိပေးကြသည်။ မိုးခြိမ်းသံကို လက်ခုပ်သံဟု ယုံကြည်နေသူတွေက မုန်တိုင်းသတိပေးချက်ကို အလေးမထားခဲ့။ ဒီလိုနဲ့ လေနီကြမ်းဆင် မုန်တိုင်း၀င်လာချိန်မှာ ဆယ်စုနှစ်တစ်ခုတည်ဆောက်ထားရသည့်အရာတွေ အားလုံးပြိုလဲသွားခဲ့ပြီ။ ဒဏ်ရာတွေများလှတဲ့ လူ့အဖွဲ့အစည်းမှာနောက်ထပ် ဒဏ်ရာတွေ ထပ်ရခဲ့ ပြန်ပြီ။ အချိန်မတိုင်မီ ကြွေလွင့်သွားသော ပန်းလေး တွေကြောင့် လောက အလှပျက်ရပြန်ပြီ။ ကိုယ်ရေးတဲ့ ကစားပွဲစည်းကမ်း ကိုယ်ပြန်ဖျက်ခဲ့သည့်အတွက် ဇာတ်လိုက်ဖြစ်ချင်သူက လူကြမ်း ဖြစ်ခဲ့ရပြီ။


မလွမ်းချင်သူ၊ ကြေကွဲဖွယ်ရာဇာတ်သိမ်းတွေကို မကြိုက်သူတစ်ဦးအတွက် အလွမ်းဇာတ်တွေကို မလွဲ မရှောင်သာ အကြိမ်ကြိမ်ကြုံတွေ့နေရခြင်းသည်လည်း ၀ဋ်တစ်ခုပင်ဖြစ်၏ ။


#yehtutarticle

#Essay

 အောင်ပွဲရဖို့ နီးပြီလား?

-

ဒီမေးခွန်းကို မဖြေခင်မှာ အရင်ဆုံးစဉ်းစားရမှာက ဘယ်လိုနည်းလမ်းနဲ့ အောင်ပွဲရမှာလဲဆိုတာပါ။ UN က စစ်ရေးအရ ဝင်ဖြေရှင်းပေးမှာလား? US/မဟာမိတ်တပ်က ဝင်လာမှာလား? ဒါမှမဟုတ် ... လူထုတိုက်ပွဲနည်းနဲ့လား? ဒါမှမဟုတ် အခြားဘယ်နည်းလမ်းနဲ့လဲ?


၁။ UN တပ်ဝင်လာနိုင်ခြေ <><> အလွန်နည်းပါတယ်။ အထူးစိုးရိမ်ကြောင်း ပြစ်တင်ရှုတ်ချကြောင်း ဘာလုပ်ဖို့တိုက်တွန်းကြောင်းတွေထက်ပိုပြီး မျှော်လင့်နေတယ်ဆိုရင် ရိုဟင်ဂျာအရေးကို ပြန်စဉ်းစားပါ။ လူသိန်းပေါင်းများစွာအပေါ် ကျူးလွန်ခဲ့တာတောင် Bangladesh ဘက်ထွက်ပြေးသွားလို့သာ ICJ ဆီတင်နိုင်ခဲ့တာဖြစ်တယ်။


လက်ရှိ ICJ ရဲ့လုပ်ငန်းစဉ်က ဘယ်လောက်ကြာတတ်တယ်ဆိုတာ လေ့လာကြည့်ပါ။ အပြီးသတ်စီရင်ချက်ချလို့ ဖမ်းဝရမ်းထုတ်လိုက်ရင်တောင် ဒီနိုင်ငံထဲ ဝင်ဖမ်းမှာမဟုတ်တဲ့အကြောင်း သတိချပ်ပါ။ အခြား လုံခြုံရေးကောင်စီဘာညာမှာလည်း တရုတ်နဲ့ ရုရှားရဲ့ ဗီတိုခံနေမှာကို စဉ်းစားကြည့်ပါ။


R2P နဲ့ပတ်သက်ပြီး UNအရေးကျွမ်းကျင်သူရဲ့ ပြောစကားတွေကို Myanmar Now မှာတင်ထားတာကို ဒီလင့်မှာ ဖတ်ကြည့်ပါ။

https://www.facebook.com/518067831674293/posts/2040257339455327/?sfnsn=mo


၂။ US/မဟာမိတ်တပ်ဝင်လာနိုင်ခြေ <><> အလွန်နည်းပါတယ်။ ကိုယ့်စရိတ်ကိုယ်စိုက်ပြီး ဂျီးဒေါ်နွားကို ဘယ်သူမှ အလကားကျောင်းမှာ မဟုတ်ပါ။ Sanction တွေ၊ မာမာထန်ထန် ရပ်တည်ပေးတာတွေတောင် ဒီမိုကရေစီအရေး ကမ္ဘာ့အရေးမို့လို့ လုပ်ပေးတာပါ။ ဘယ်သူ့ကို Sanction လုပ်လုပ် သူတို့ကိုပါ ထိခိုက်ပါတယ်။


တရုတ်နဲ့အားပြိုင်ဖို့အတွက် အရင်းအနှီးများတဲ့ စစ်ရေးပတ်သက်မှုကို လုပ်ချင်လုပ်ပါလိမ့်မယ်။ သို့သော် ဖြစ်နိုင်ခြေများနေတာမဟုတ်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် အင်အားကြီးနိုင်ငံချင်း အားပြိုင်တဲ့ကစားပွဲမှာ ကိုယ့်တော်လှန်ရေး​ပန်းတိုင်ကို သွားချည်ထားလို့မရပါဘူး။ မရိုသေ့စကားပြောရရင် ဆင်မြှီးခွေးမျှော်တော်လှန်ရေး လုပ်လို့မရပါ။


၃။ လုထုတော်လှန်ရေးနည်းကတော့ လက်တွေ့အကျဆုံးလမ်းပါ။ အောင်မြင်နိုင်မလားဆိုတာကတော့ ခင်​ဗျားတို့ ဘယ်လောက်အားထုတ်သလဲအပေါ် မူတည်ပါတယ်။


အင်တာနေရှင်နယ်အသိုင်းအဝိုင်းကြောင့် စစ်ကောင်စီ Legitimacy ကျနေတဲ့အချိန်မှာ ဘယ်လောက်အခွင့်အရေးယူနိုင်မလဲ။ လူမျိုးစုညီညွတ်ရေး ဘယ်လောက်လုပ်နိုင်မလဲ။ မြေပြင်လူထုတိုက်ပွဲမှာ ဘယ်လောက် စနစ်တကျလုပ်နိုင်မလဲ။ ဘယ်လောက်ဇွဲရှိမလဲ အစရှိတဲ့ ကိုယ့်​ခြေကိုယ့်လက်ထဲက အရာတွေနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။


Social Influencer တွေ ဆယ်လီတွေကို သာမန်လူထုဆီ ဆိုက်ဝါးသတင်းတွေမဖြန့်နိုင်အောင် ဘယ်လိုစီစဉ်မလဲ? ခုထိတိုက်ပွဲထဲဝင်မပါဘဲ အချောင်နိုင်မယ်ထင်နေတဲ့ NLD အမတ်တွေ၊ ပါတီခေါင်းဆောင်တွေ ဘယ်တော့လောက် လူထုတော်လှန်ရေးဆီ ပူးပေါင်းပါဝင်မလဲ။ မြေပြင်တိုက်ပွဲနဲ့ ကျောချင်းကပ်ထားဖို့ CRPH ဘယ်လိုစီစဉ်မလဲ။ လူတယောက်ချင်းစီရဲ့ ကာယဉာဏဓနစိုက်ထုတ်မှု ဘယ်လောက်အားကောင်းလာမလဲ စတဲ့အချက်တွေအပေါ်မှာ မူတည်နေပါတယ်။


ဘယ်တော့အောင်မြင်မလဲဆိုရင် အောက်မှာပြောထားတဲ့အချက်တွေကို ခင်​ဗျားတို့ ဘယ်တော့ပြင်မလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ မြန်ချင်မြန်မယ်။ တသက်တာနီးပါး ကြာချင်ကြာပါလိမ့်မယ်။


#ချက်ချင်းပြင်သင့်တာတွေ

-

ကော်ပီပေ့စတာ တော်လှန်ရေး၊ ဆင်မြှီးခွေး​မျှော်တော်လှန်ရေး၊ အဆင်ပြေရင် ဆန္ဒပြကြမယ်ဆိုတဲ့ အလိုက်သင့်တော်လှန်ရေးမျိုးနဲ့တော့ အောင်ပွဲမမျှော်သင့်ပါဘူး။ ခင်ဗျားတို့ရဲ့ တကယ့်ခေါင်းဆောင်ကိုယ်တိုင် အဖမ်းခံထားရတာပါ။ နောက်ထပ်ခေါင်းဆောင်တွေ ကြည့်စီစဉ်လိမ့်မယ်လို့ မျှော်မနေပါနဲ့တော့။


လမ်းလျှောက်ဆန္ဒပြရုံ၊ ပြိုင်တူစုရုံးနှစ်ငါးလုံးရုံနဲ့ အာဏာရှင်ဆင်းပေးမယ်ထင်နေတာ ရပ်သင့်ပါပြီ။ UN နဲ့ US အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်ရပါမယ်။ သို့သော် လာကယ်ဖို့မဟုတ်ပါဘူး။ စစ်ကောင်စီရဲ့ Legitimacy ကျဉ်းမြောင်းအောင် သူတို့လုပ်ပေးပါလိမ့်မယ်။ အကြမ်းဖက်နှိမ်နင်းတဲ့ကိစ္စတွေ လျော့နည်းအောင် လုပ်ပေးပါလိမ့်မယ်။ နိုင်ငံတကာက အဲဒီလိုကာပေးထားတဲ့အချိန်မှာ လူထုက ကိုယ်တိုင်တိုက်ယူရမှာပါ။


လက်ရှိအချိန်အထိတော့ လူထုတော်လှန်ရေးအသွင် မပေါ်သေးပါဘူး။ ခိုင်မာတဲ့နိုင်ငံရေး ရပ်တည်ချက် တောင်းဆိုချက်တွေ တညီတညွတ်တည်း မရှိသေးဘူး။ မျှော်တော်ယောင်မှိုင်းမှာ မိန်းမူးနေကြတုန်းပဲ ရှိပါသေးတယ်။ တက်ကြွထက်မြက်တဲ့ အင်အားစုအနည်းငယ်ကသာ လူထုတိုက်ပွဲရယ်လို့ နားလည်ခံယူပြီး ရဲရဲရင့်ရင့် ခုခံတော်လှန်ဖို့ ပြင်ဆင်လှုပ်ရှားနေပါသေးတယ်။


(တကယ်အောင်မြင်ချင်တယ်ဆိုရင် အခုပဲစလိုက်ကြရအောင်ပါ။ စုစည်းညီညွတ်မှုနဲ့ ပန်းတိုင်တခုတည်းဆီ ချီတက်တိုက်ပွဲဝင်ရအောင်ပါ။ ဆင်မြှီးခွေးမျှော် ကော်ပီပေစတာတွေ ရှယ်တာရပ်ပါ။ မြေပြင်တိုက်ပွဲကို ဝင်တိုက်ဖို့ အခြေအနေမပေးရင်တောင် Social Punishment ကို ကိုယ့်ဒေသမှာ သေချာလုပ်ပါ။ CDM ကို အစွမ်းကုန် အားစိုက်ပါ၊ ပံ့ပိုးပါ။ ရပ်ကွက်ထဲထိ အာဏာတည်ဆောက်ပြီးသွားရင် ပြန်တိုက်ဖို့ ပိုခက်သွားမယ်ဆိုတာ သတိချပ်ကြပါ။)


ကိုယ့်ကိုယ်ကို သပိတ်စစ်ကြောင်း အတိုင်ပင်ခံလို့ ထင်မြင်ယူဆနေတာရပ်ပါ။ ဟိုမသွားပါနဲ့ ဒီမသွားပါနဲ့တွေ အမြန်လူစုခွဲပါတွေ ကူးမတင်ကြပါနဲ့။ တကယ်သေချာတဲ့သတင်းပေးချင်ရင် ဖုန်းဆက်ပြီးဖြစ်စေ၊ Messenger ကဖြစ်စေ ပြောပါ။ မြေပြင်တိုက်ပွဲကလူတွေဆီ ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံဆွေးနွေး အကြံပေးပါ။ ပူးပေါင်းပါ။


ပရမ်းပတာပို့စ်တင်တာတွေဟာ ရှေ့တန်းကလူတွေကို အကူအညီမဖြစ်စေတဲ့အပြင် လူထုပါဝင်မှုကိုပါ အားလျော့စေတယ်။ အာဏာဓားပြစစ်ကောင်စီအကြိုက် အကြောက်တရားနဲ့ ငြိမ်ဝပ်ပိပြားရေးကိုသာ ထုတ်လုပ်နေသလို ဖြစ်နေပါတယ်။ ဒါတွေမြန်မြန်ပြင်ရင် အောင်ပွဲရဖို့ နီးစပ်လာပါလိမ့်မယ်။


အရေးတော်ပုံ အောင်ရမည်


#mf

နားမလည်နိူင်တော့ဘူး ၂

 #ခုလေးတင်ပဲ ELeven Media က 

မန်းတလေး ဆန္ဒပြလူအုပ်ထဲမှာ ပါတဲ့ မျက်မြင်သက်သေတဦးကို lnterview လုပ်တာ ကြည့်လိုက်ရတယ်


လမ်း ၃၀ ထိပ်မှာ ဆန္ဒပြတယ်

မျက်ရည်ယိုဗုံးတွေ ပစ်ပြီး လူစုခွဲလို့ တဖြေးဖြေးနဲ့ ဆုတ်လာရင်း ၃၂ လမ်းထိပ်ကို ရောက်လာတယ်

ကျွန်တော်က လမ်းအရှေ့ဘက်မှာ

ဗိုက်ကို ကျည်မှန်ပြီး သေသွားတဲ့တယောက်က လမ်းရဲ့အနောက်ဘက်မှာ ... သစ်ပင်ကိုလဲ ကွယ်ထားတယ်

လူအုပ်ကို ကျော်ပြီး မှန်သွားတာ 😮😮😮

အနားမှာ ရှိတဲ့တယောက်လဲ အဲ့လိုပဲ ခြေထောက်ကို မှန်သွားတယ်

၂ယောက်လုံးကို ပရဟိတကားနဲ့ တင်ခေါ်သွားတယ်

( သူပြောထားတဲ့အတိုင်းနော် )


ဆိုတော့ သေဆုံးသူတွေကို

ရင်ခွဲစစ်ဆေးချက်တွေလုပ်ပြီးရင် ဝမ်းဗိုက်ထဲ/ ခေါင်းထဲရောက်နေတဲ့ bullet တွေကို နားလည်တတ်ကျွမ်းသူတွေနဲ့ သေချာစစ်ဆေးပြီး

တွေ့ရှိချက်တွေကို ထုတ်ပြန်ဖို့လိုနေဘီ


ခေါင်းမှန်ပြီး သေသွားတဲ့လူတွေကြည့်လိုက်ရင်လဲ ကျည်တွေက 

နောက်ကနေ ဝင်တာများတယ်

ခေါင်းပွင့်ထွက်တာမျိုးလဲ မတွေ့ရဘူး


လက်ရှိစစ်တပ်က ဆန္ဒပြတဲ့နေရာတွေမှာသုံးနေတာ

MA 1,2,3,4 နဲ့ MAs sniper တွေ

ပြောင်းရစ်ပါလို့ အကုန်လုံး Penetration ကောင်းတယ်


MA 1,3,4 က 5.56 ကျည်နဲ့ 

အဝေးဆုံးရောက်နိုင်တဲ့ Range က 300 Meter

MA 2 က 500 Meter


MAs က 7.62 ကျည် နဲ့ 600 Meter 


အဝေးဆုံးရောက်နိုင်တဲ့အကွာအဝေးတွေရဲ့ 85% က 

ထိရောက်မှုအကွာအဝေးပဲ

ထိရောက်မှုအကွာအဝေး အတွင်းဆို ခေါင်းထိခေါင်းပွင့်တယ်

ဗိုက်ထိ ဗိုက်ပွင့်ပြီး ကျောဖောက်ထွက်မယ်


5.56 / 7.62 တွေဆိုတာ calibre သေနတ်ပြောင်းဝအကျယ် (or) ကျည်ဆံရဲ့ အချင်း ကို ပြောတာ ( Unit က Milimeter )


5.56 mmချင်း တူရင်တောင် MA series မှာ သုံးတဲ့ကျည်နဲ့ US က M16 တို့ တရုတ်က M 22 တို့မှာ သုံးတဲ့ကျည်မတူဘူး


Bullet Length ကွာတယ် 

ကျည်ဆံထဲထည့်စပ်ထားတဲ့ ယမ်းအား Rate တွေ ကွာသေးတယ်


တပ်က ပစ်တယ် ပြောနေကြတာရယ်

စိတ်ထဲ မသိုးမသန့်ဖြစ်လာတာရယ်ကြောင့် ရေးမိတာ


ဆန္ဒပြပွဲရက်ရှည်လာတဲ့အမျှ လူတွေက ငြီးလာဘီ

Online ပေါ်မှာ ဘယ်လိုတွေပဲ ပြောနေနေ

ကိုယ်/စိတ်ပင်ပန်းတာတွေ ငွေကြေးအခက်အခဲတွေ 

ဘဝ /အသက်နဲ့ ရင်းရမှာတွေကြောင့် တကယ်မြေပြင်မှာ လူကျဲသွားဘီ

ဒီကြားထဲ လကုန်ပြီးထဲက CDM Fund အရှုပ်တော်ပုံတွေကလဲ အများကြီးပေါ်လာတယ်


Media ပိုင်း အားကောင်းနေသေးပေမယ့်

Supporting ပိုင်းရော မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့အပိုင်းရော 

အရှိန် သိသိသာသာ လျော့သွားဘီ

ဖေ ၅ရက်ကနေ ၁၅ ရက်အတွင်းက Riot အနေအထားနဲ့ ခုလက်ရှိအနေအထား ပေါက်ကွဲအားက တခြားစီဖြစ်သွားဘီ


ဆန္ဒပြပွဲ အရှိန်ပြန်မြှင့်ဖို့က သွေးလိုတယ်

ပြည်သူသွေးမြေကျမှ လူထုသွေးပိုဆူမယ် 

သွေးဆူမှ ဆန္ဒပြပွဲတွေ အရှိန် ပြန်မြင့်မယ် 

ပေါက်ကွဲအားပိုကောင်းလာမယ် ပိုကြမ်းလာမယ်


အဲ့တော့

အရှိန်မြှင့်စေချင်တဲ့ လူတွေက ပြည်သူသွေးမြေကျလေ ပိုကြိုက်လေပဲ


ဆန္ဒပြရင် လုံခြုံရေးတွေရှိတဲ့ ရှေ့ဘက်ကိုပဲ မကြည့်ပဲ မိမိ ဝဲ / ယာ / နောက်ဘက်တွေကိုလဲ သတိထားသင့်တယ်


မီးခိုးမှိုင်းတွေ အသံဗုံးကွဲသံတွေကြား ရုတ်ရုတ်သဲသဲဖြစ်နေချိန်မျိုးမှာအရာရာဟာ အန္တရာယ်ရှိတယ်


လူအုပ်ကြားထဲ Remote မိုင်း တွေ Time Bomb ကွဲတာမျိုးတွေ ဖြစ်မလာဘူးလို့လဲ မပြောနိုင်ဘူး


ဆန္ဒပြပွဲကို အရှိန်မရပ်တန့်စေချင်တဲ့

Third Party တွေရဲ့ ပယောဂကို ထည့်သွင်းစဉ်းစားရမယ့် #ခုလေးတင်ပဲ ELeven Media က 

မန်းတလေး ဆန္ဒပြလူအုပ်ထဲမှာ ပါတဲ့ မျက်မြင်သက်သေတဦးကို lnterview လုပ်တာ ကြည့်လိုက်ရတယ်


လမ်း ၃၀ ထိပ်မှာ ဆန္ဒပြတယ်

မျက်ရည်ယိုဗုံးတွေ ပစ်ပြီး လူစုခွဲလို့ တဖြေးဖြေးနဲ့ ဆုတ်လာရင်း ၃၂ လမ်းထိပ်ကို ရောက်လာတယ်

ကျွန်တော်က လမ်းအရှေ့ဘက်မှာ

ဗိုက်ကို ကျည်မှန်ပြီး သေသွားတဲ့တယောက်က လမ်းရဲ့အနောက်ဘက်မှာ ... သစ်ပင်ကိုလဲ ကွယ်ထားတယ်

လူအုပ်ကို ကျော်ပြီး မှန်သွားတာ 😮😮😮

အနားမှာ ရှိတဲ့တယောက်လဲ အဲ့လိုပဲ ခြေထောက်ကို မှန်သွားတယ်

၂ယောက်လုံးကို ပရဟိတကားနဲ့ တင်ခေါ်သွားတယ်

( သူပြောထားတဲ့အတိုင်းနော် )


ဆိုတော့ သေဆုံးသူတွေကို

ရင်ခွဲစစ်ဆေးချက်တွေလုပ်ပြီးရင် ဝမ်းဗိုက်ထဲ/ ခေါင်းထဲရောက်နေတဲ့ bullet တွေကို နားလည်တတ်ကျွမ်းသူတွေနဲ့ သေချာစစ်ဆေးပြီး

တွေ့ရှိချက်တွေကို ထုတ်ပြန်ဖို့လိုနေဘီ


ခေါင်းမှန်ပြီး သေသွားတဲ့လူတွေကြည့်လိုက်ရင်လဲ ကျည်တွေက 

နောက်ကနေ ဝင်တာများတယ်

ခေါင်းပွင့်ထွက်တာမျိုးလဲ မတွေ့ရဘူး


လက်ရှိစစ်တပ်က ဆန္ဒပြတဲ့နေရာတွေမှာသုံးနေတာ

MA 1,2,3,4 နဲ့ MAs sniper တွေ

ပြောင်းရစ်ပါလို့ အကုန်လုံး Penetration ကောင်းတယ်


MA 1,3,4 က 5.56 ကျည်နဲ့ 

အဝေးဆုံးရောက်နိုင်တဲ့ Range က 300 Meter

MA 2 က 500 Meter


MAs က 7.62 ကျည် နဲ့ 600 Meter 


အဝေးဆုံးရောက်နိုင်တဲ့အကွာအဝေးတွေရဲ့ 85% က 

ထိရောက်မှုအကွာအဝေးပဲ

ထိရောက်မှုအကွာအဝေး အတွင်းဆို ခေါင်းထိခေါင်းပွင့်တယ်

ဗိုက်ထိ ဗိုက်ပွင့်ပြီး ကျောဖောက်ထွက်မယ်


5.56 / 7.62 တွေဆိုတာ calibre သေနတ်ပြောင်းဝအကျယ် (or) ကျည်ဆံရဲ့ အချင်း ကို ပြောတာ ( Unit က Milimeter )


5.56 mmချင်း တူရင်တောင် MA series မှာ သုံးတဲ့ကျည်နဲ့ US က M16 တို့ တရုတ်က M 22 တို့မှာ သုံးတဲ့ကျည်မတူဘူး


Bullet Length ကွာတယ် 

ကျည်ဆံထဲထည့်စပ်ထားတဲ့ ယမ်းအား Rate တွေ ကွာသေးတယ်


တပ်က ပစ်တယ် ပြောနေကြတာရယ်

စိတ်ထဲ မသိုးမသန့်ဖြစ်လာတာရယ်ကြောင့် ရေးမိတာ


ဆန္ဒပြပွဲရက်ရှည်လာတဲ့အမျှ လူတွေက ငြီးလာဘီ

Online ပေါ်မှာ ဘယ်လိုတွေပဲ ပြောနေနေ

ကိုယ်/စိတ်ပင်ပန်းတာတွေ ငွေကြေးအခက်အခဲတွေ 

ဘဝ /အသက်နဲ့ ရင်းရမှာတွေကြောင့် တကယ်မြေပြင်မှာ လူကျဲသွားဘီ

ဒီကြားထဲ လကုန်ပြီးထဲက CDM Fund အရှုပ်တော်ပုံတွေကလဲ အများကြီးပေါ်လာတယ်


Media ပိုင်း အားကောင်းနေသေးပေမယ့်

Supporting ပိုင်းရော မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့အပိုင်းရော 

အရှိန် သိသိသာသာ လျော့သွားဘီ

ဖေ ၅ရက်ကနေ ၁၅ ရက်အတွင်းက Riot အနေအထားနဲ့ ခုလက်ရှိအနေအထား ပေါက်ကွဲအားက တခြားစီဖြစ်သွားဘီ


ဆန္ဒပြပွဲ အရှိန်ပြန်မြှင့်ဖို့က သွေးလိုတယ်

ပြည်သူသွေးမြေကျမှ လူထုသွေးပိုဆူမယ် 

သွေးဆူမှ ဆန္ဒပြပွဲတွေ အရှိန် ပြန်မြင့်မယ် 

ပေါက်ကွဲအားပိုကောင်းလာမယ် ပိုကြမ်းလာမယ်


အဲ့တော့

အရှိန်မြှင့်စေချင်တဲ့ လူတွေက ပြည်သူသွေးမြေကျလေ ပိုကြိုက်လေပဲ


ဆန္ဒပြရင် လုံခြုံရေးတွေရှိတဲ့ ရှေ့ဘက်ကိုပဲ မကြည့်ပဲ မိမိ ဝဲ / ယာ / နောက်ဘက်တွေကိုလဲ သတိထားသင့်တယ်


မီးခိုးမှိုင်းတွေ အသံဗုံးကွဲသံတွေကြား ရုတ်ရုတ်သဲသဲဖြစ်နေချိန်မျိုးမှာအရာရာဟာ အန္တရာယ်ရှိတယ်


လူအုပ်ကြားထဲ Remote မိုင်း တွေ Time Bomb ကွဲတာမျိုးတွေ ဖြစ်မလာဘူးလို့လဲ မပြောနိုင်ဘူး


ဆန္ဒပြပွဲကို အရှိန်မရပ်တန့်စေချင်တဲ့

Third Party တွေရဲ့ ပယောဂကို ထည့်သွင်းစဉ်းစားရမယ့် 

အချိန်ရောက်ဘီ


ဘေးကင်းကြပါစေ 🙏🙏🙏


#crd

#commetတစ်ခုကိုCopyယူလာတာ

အချိန်ရောက်ဘီ


ဘေးကင်းကြပါစေ 🙏🙏🙏


#crd

#commetတစ်ခုကိုCopyယူလာတာ

နားမလည်နိူင်တော့ဘူး

 ဒီသေနတ်ကို မသင်္ကာတော့ဘူး 


(မသင်္ကာစရာ -၁ ) နေပြည်တော်က မမြသွဲ့သွဲ့ခိုင် 

 အသက် (၂၀ ) အရွယ်မိန်းကလေး သေဆုံးခဲ့တယ်။ သေဆုံးပုံက ခေါင်းကို ကျည်ဆံမှန်လို့ သေဆုံးခဲ့တာဖြစ်တယ်။ သေဆုံးပြီးချိန် ဦးခေါင်းထဲက ရတဲ့ ကျည်ဆန်ကို စစ်ဆေးတဲ့အခါမှာ

တော့ ရဲတပ်ဖွဲ့ဝင်တွေ အသုံးပြုတဲ့ ကျည်ဆန်မဟုတ်ပဲ ညိုပုတ်ပုတ်ခဲကျည်ဆန် ဖြစ်နေတာကို

တွေ့ရတယ်။ ဒီတော့ ရဲတပ်ဖွဲ့ကလည်း ပစ်တာမဟုတ်ပဲ ဒီကျည်ဆန်က ဘယ်ကရောက်လာသ

လဲ။ နောက်တစ်ခုက ရဲချိန်ပစ်တဲ့ပုံကို မိမိရရ သေချာချိန်ရိုက်ထားသလို ၊ မြသွဲ့သွဲ့ခိုင် လဲချသေ

သေဆုံးသွားတာကိုလည်း အချိန်ကိုက် ရိုက်ထားနိုင်ပြီး ချက်ချင်းလိုင်းပေါ်တက်လာတာ မသင်္ကာစရာပဲ။

(မသင်္ကာစရာ -၂) မန္တလေးက မောင်ဝေယံထွန်း

 အသက်က (၁၆) နှစ်။ ဗီဒီယိုဖိုင်ထဲမှာ တွေ့လိုက်တယ် သူက ရဲတပ်ဖွဲ့ဝင်တွေကို ကားအကွယ်က လေးခွနဲ့ ပစ်နေတာ။ ခနနေတော့ ထိတယ် ထိတယ် ဆိုပြီး ပြေး ကြည့်ကြတော့ ခေါင်းကို ထိသွားတယ်။ သူ သေတဲ့ နေရာမှာပဲ ၉ မမ ကျည်ခွံတွေ့တယ် ။ ရဲတပ်ဖွဲ့က ပစ်တာပါဆိုပြီး လွှဲချပေမယ့်.,.. ရဲတပ်ဖွဲ့ပစ်ရင်တောင် ၉ မမ ကျည်ခွံက ကောင်လေး သေတဲ့အနားမှာ တွေ့စရာမရှိဘူး ။ ရဲတပ်ဖွဲ့နဲ့ သူနဲ့ အဝေးကြီး ။ အဲ့ဒီ ကျည်ဆံ ဘယ်က လာလဲ။

(မသင်္ကာစရာ-၃) မန္တလေးက မကြယ်စင်

 အသက် (၁၉) နှစ် ။ ဆန္ဒပြ လူအုပ်ကြားထဲမှာ နေတယ်။ သူ့ပတ်ချာလည်မှာလည်း 

ယောင်္ကျားသားတွေ အများကြီး ။ ရဲနဲ့ မျက်နှာချင်းဆိုင်နေတဲ့ လူအုပ်ရှေ့မှာလည်း သံပေပါ အပြတ်နဲ့ လုပ်ထားတဲ့ ဒိုင်းတွေရော ၊ ပုံမှာ မြင်ရတဲ့အတိုင်း အကာအကွယ်တွေ အများကြီးတွေ့

ရတယ်။ ပြီးတော့ သေနတ်ဒဏ်ရာက ကောင်မလေးရဲ့ နောက်ဘက်က စ ဝင်ထားတာဆိုတော့ 

ဒါဟာလည်း မသင်္ကာစရာပဲ ။ ဘယ်လို ဖြစ်လို့ ရှေ့မှာ သံပေပါနဲ့ ဒိုင်းတွေရှိတယ် ၊ လူအုပ်ကြီး 

ရှိတယ် ။ သူ့ကို မှန်တယ်ဆိုတာ ကံတရားကြောင့်လား။ နောက်က ကျည်ကြောင့်လား။


 ဖြစ်စဉ် (၃) ခုကို ခြုံကြည့်လိုက်ရင် သေဆုံးသူတွေဟာ ၂၀ ပတ်လည် လူငယ်လေး

တွေပဲ ဖြစ်နေတယ်။ သေဆုံးပုံကလည်း ခေါင်းတွေချည်း ကျည်မှန်ပြီး သေဆုံးတယ်။ ရဲတပ်ဖွဲ့ရဲ့ မျက်နှာမူရာအရပ်က ထိမှန်တဲ့ပုံလည်း မပေါ်ဘူး။ ဒါတွေက စဉ်းစားစရာ အချက်တွေပဲ။ နောက်ပြီး အခုတလော ရဲတပ်ဖွဲ့ကလည်း မဟုတ်၊ စစ်တပ်ကလည်း မဟုတ်ပဲ ဆန္ဒပြ လူအုပ်ထဲမှာ သေနတ်တွေ ပါလာတာတွေ့တယ်။ မကြာသေးခင်က 

၇၃-၃၆ ထောင့်မှာ ဆိုင်ကယ်မှောက်တဲ့လူမှာ ပစ္စတိုပါလာတာတွေ့တယ်၊ နောက်ပြီး ထောက်ကြန့်မှာလည်း ပုဆိုးကွင်းသိုင်းထဲက တူမီးသေနတ် ထွက်ကျလို့ ဝိုင်းဖမ်းကြတယ်

။ ဆိုတော့ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေအကြားမှာ ခလောက်ဆန်တဲ့ တတိယ အင်အားစု တစ်ခုရှိနေပြီလို့ သုံးသပ်ချင်တယ်။ ဒါကြောင့် ဆန္ဒပြတဲ့ ညီအစ်ကိုတွေ ရှေ့ကိုလည်း ပြ

တာက ပြ ၊ ပတ်ဝန်ကျင်က သေနတ်သံလည်း နားစွင့်ကြစေချင်တယ်။

ဒီနေ့ အပစ်ခံရတဲ့ ကောင်မလေးရဲ့ ပုံတွေက ရှုထောင့်မျိုးစုံက ရိုက်ထားတာတွေ


ချက်ချင်းတက်လာတယ်.


တစ်ယောက်ယောက်က သေချာကို မသေခင် ကြိုရိုက်ထားသလိုပဲ.


ပုံထွက်တွေကလည်း အရမ်းကောင်းနေတယ်. 


ကျည်ကိုလည်း ဘာကျည်အမျိုးအစား စစ်ပီးရင် သိမယ်ထင်တယ်. 


ဒီနေ့အတွက် သူ့ကို ကြိုကြံစည်ထားကြသလိုပဲ.


ဒီညီမလေးကို ပစ်မှတ်ထားပြီး လုပ်သွားတဲ့ပုံပဲ 

သေချာစီစဥ်ပြီး ဇာတ်ရှိန်တက်အောင်လှုံ့ဆော်ဖို့ လုပ်ကြံသွားတာ ဖြစ်နိုင်တယ် 


အောက်ကပုံတွေက သတင်းထောက်တယောက်ရဲ့ video ထဲက ပြန်ယူထားတယ်လို့ သိရတယ်


လခရအဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့နေတာက သူရဲ့အရှေ့မှာ 


ထိပ်တိုက်ထိတွေ့မှုဖြစ်နေတဲ့နေရာကို မရိုက်ဘဲ 

ဒီညီမလေးကိုပဲ သေချာရွေးရိုက်နေတာ ဘာသဘောလဲ 

မလုပ်ကြံခင် မှတ်တမ်းသေချာတင်ပြီး ပြန်ဖွသလိုဖြစ်နေတယ် 


လခရအဖွဲ့တွေက ပစ်တယ်ဆိုလည်း သူ့ရှေ့မှာ လူအုပ်ကြီးနဲ့ မီးခိုးတွေနဲ့ ဖုံးပြီး ချိန်လို့တောင်ရမှာမဟုတ်ဘူး 


ကြားလူရှိနေတာ သေချာတယ် 

Third party တွေ ဝင်နေပြီ(တရုတ်ဘက်ကအလွယ်တကူရနေတဲ့ သူပုန်ကိုင်တဲ့ M-22 သေနတ်နဲ့ တယောက်လည်း ဖမ်းမိထားတယ်)

ကာလကလည်းကြာရှည်လာတော့ ကြားလူဝင်ခလောက်ဆန်ဖို့ကလည်း အချိန်ရနေပြီ 


ရရှိဒဏ်ရာကို သေချာစစ်ဆေးသင့်တယ် 

မှတ်တမ်းတင်တဲ့ သတင်းထောက်ကိုလည်း စစ်ဆေးသင့်တယ် 

မနက်ဖြန် သင်းဂြိုလ်မယ်လို့လည်း တွေ့တယ် 

သက်သေခံ ရုပ်အလောင်းကို ခပ်လောလော အစဖြောက်ချင်တဲ့သဘောလည်း တွေ့ရတယ် 

သေချာစစ်ဆေး အဖြေထုတ်သင့်ပါတယ် 

(နပတ က ခေါင်းမှန်တဲ့ တယောက်လည်း လခရအဖွဲ့တွေဘက်ကလာတဲ့ကျည်မဟုတ်ဘဲ ကျည်လားရာအမှားနဲ့ ကျည်ဖူး ကလည်း ရဲတပ်ဖွဲ့သုံး တပ်သုံး ကျည်ဆံက ကျည်ဖူးမဟုတ်ခဲ့ဘူး)


စိတ်မကောင်းပါဘူး ညီမလေးရေ 

ကောင်းရာသုဂတိလားပါစေ


(ထပ်မံတွေ့ရှိရတဲ့ video တွေ ပုံတွေအရ ဒီညီမလေးကို မှတ်တမ်းတင်နေသူ ၃ယောက်ထက် မနည်းရှိကြောင်းတွေ့ရှိရပါတယ်)


crd

I no longer suspect this gun


 (Suspicious-1) Nay Myae Thwe Thwe Khaing from Nay Pyi Taw

  A 20-year-old girl died. He died of a gunshot wound to the head. During a post-mortem examination of a bullet wound in the head

 It was not a bullet used by the police, but a bullet

 I saw it. So the police did not fire, but where did the bullet come from?

 What? Another is to take a picture of a police shot. I'm not sure what to do

 Deaths can also be recorded in a timely manner and are not immediately apparent.

 (Suspicious 2) Maung Wai Yan Tun from Mandalay

  He is 16 years old. In the video, he is seen shooting police officers on all fours in the back of a car. I ran and tried to touch it, but it hit my head. A 9mm bullet was found at the scene of his death. He turned his shotgun on himself when apprehended by a police officer on the porch of the house where the shootings took place. Far away from the police and him. Where did that bullet come from?

 (Suspicious-3) Mandalay is not a star

  19 years old I was in the middle of a protest crowd. He will also be around

 Lots of guys. In front of the crowd facing the police, there were iron shields and shields. As you can see in the picture, there are a lot of protections

 Yes. And the gunshot wound started in the back of the girl

 This is also suspicious. Why? There are iron shields and shields in front. The crowd

 Yes. Was it luck that he was right? Is it because of the bullet?


  In all three cases, the victims were around 20 years old

 It's just happening. He was shot in the head and died. The position of the police face did not appear to be accurate. These are things to think about. And not just the police. Not the army, but guns were found in the crowd. Recently

 A man with a pistol was found with a pistol in the corner of 73-36. In Htaukkyant, a firearm was dropped from the shield and they were arrested

 : So, I would like to consider that there is a third force between the police and the protesters. So show it to the protesting brothers

 It shows. I want the people around me to hear the gunshots. Crd

 ဘာသာရှိတွေအားလုံးဟာ အနည်းနဲ့အများ ဂျင်းမိနေကြတာပဲ။ ကျွန်တော်ကိုယ်တိုင်ရောပေါ့။ ကျွန်တော့်အသိုင်းအဝိုင်းရောပေါ့။ 


တကယ်က ဘာမှ ကံ ကံ၏ အကျိုးလည်း မဟုတ်ဘူး။ 


ခု ခံနေရတာလည်း ဘာဝဋ်ကြွေးမှ မဟုတ်ဘူး။ အနိုင်ကျင့်ခံနေရတာ၊ စော်ကားခံနေရတာ။ 


စေတနာကောင်းတိုင်း ကံကောင်းရောလား။ 


ကောင်းတာလုပ်တိုင်း ကောင်းကျိုးပေးရောလား။ 


ဒေါ်စုနဲ့ မင်းအောင်လှိုင် ဘယ်သူက စေတနာကောင်းလဲ၊ ဘယ်သူက ကောင်းတာလုပ်လဲ။ အသိသာကြီး။ ခု ဘယ်သူက အဖမ်းခံနေရလဲ။ ဘယ်သူက အာဏာရနေလဲ။ 


ခု သေနတ်ကိုင်ပြီး ပစ်သတ်နေတဲ့ကောင်တွေနဲ့ ငါတို့နဲ့ ယှဉ်ရင် ဘယ်သူက ကိုယ်ကျင့်တရားပိုကောင်းလဲ။ 


ဘာမှမမြင်ရတဲ့ ရှေးဘဝတွေ ဘာတွေ လျှောက် ဂျင်းထည့်မနေနဲ့။ သက်သေရှိလား။ မင်းအောင်လှိုင်က အရင်ဘဝကရော ကောင်းတာလုပ်ခဲ့ပါတယ်လို့ ဘယ်သူ အာမခံလဲ။ 


အင်အားကြီးတဲ့သူ အသာရတာပဲ။ ကိုယ့်ဘက်က အင်အားကြီးအောင်ပဲ လုပ်ရမှာ။ ဘာဂျင်းမှ ယုံမနေနဲ့။ 


ဆုတောင်းတယ်ဆိုတာလည်း အလကားပဲ။ ကျိန်စာဆိုတာလည်း အလကားပဲ။ ဘာမှ အကျုံးမဝင်ဘူး။ 


အဲဒါတွေကသာ အလုပ်ဖြစ်ခဲ့ရင် ဒီကမ္ဘာမှာ ကိုဗစ်လည်း မဖြစ်ဘူး၊ (၈၈)မှာလည်း ပြည်သူမရှုံးဘူး။ ဂျူးတွေလည်း အသတ်မခံရဘူး။ 


ဘာပရိတ်၊ ဘာပဌာန်း၊ ဘာဆုတောင်းစကားကမှ မထိရောက်ဘူး။ ငါတော့ အဲဒီလိုပဲ ခံယူတယ်။ 


တချို့ယုံကြည်မှုတွေက ကိုယ်သိမ်ဖျင်းကြောင်း ထုတ်ပြောနေသလိုပဲ။ နောက်ဘဝကို ယုံကြည်ပြီး လှူဒါန်းနေကြတာလည်း ရယ်စရာကြီး။ လူ့သိက္ခာ၊ လူ့ကျင့်ဝတ်နဲ့ပဲ ထိန်းကျောင်းသွားစေချင်တော့တယ်။ 


ခင်ဗျားတို့ယုံကြည်မှုတွေကို ထိပါးသလိုဖြစ်သွားရင် ဆောရီး။ ကျွန်တော်ဆိုလိုတာက ဘယ်ဘုရားကမှ ခင်ဗျားတို့ထင်နေသလို အားကိုးလို့မရဘူး။ 

https://m.facebook.com/story.php?story_fbid=278595296954511&id=100044121286436

မြန်မာပြည် ငြိမ်းချမ်းပါစေလို့ ဆန္ဒရှိတာကို လက်ခံတယ်။ ဆုတောင်းတယ်ဆိုရင်တော့ ဟဟပဲ။

 နီပေါတွေကို ပြောချင်တယ်။

အောင်ဆန်းစုကြည်နိုင်ငံရေးခေတ်က ပြီးဆုံးသွားပါပြီ။ သူ ပြန်လွတ်လာသည်ဖြစ်ဖြစ် မလွတ်ပဲရှိနေရင်ပဲဖြစ်ဖြစ် အနေအထားတွေက သိပ်ထူးမယ်မမြင်တော့။ ဒေါ်စုအလွန်ခေတ်ကို ဒေါ်စုမသေခင်ကို ရောက်သွားပါပြီ။။


CRPH ကို ပြောချင်တယ်။

တစ်ဘက်က ဦးတည်ချက်မဝေဝါး ပြတ်ပြတ်သားသားလုပ်ဆောင်နေပါပြီ။ သူတို့လိုချင်တာနဲ့ သူတို့လုပ်ရမှာတွေကို

ရှင်းရှင်းလင်းလင်းမြင်နေကြသလို သူတို့လက်ကိုင်တုတ်တွေကလည်း တိတိကျကျအမိန့်နာခံလုပ်ဆောင်နေကြပါတယ်။


အခုအချိန်အထိ ၂၀၀၈ ခြေဥကို ဖက်တွယ်ပြီး ကြောင်တောင်ကန်းဖြစ်နေရတာတွေ ရပ်သင့်ပါပြီ။

ဥပဒေနဲ့အညီဆိုတဲ့ ခြောက်အိပ်မက်တွေနဲ့

လမ်းမပေါ်မှာ လူငယ်တွေရဲ့ တန်ဖိုးရှိတဲ့အသက်တွေ

ဆက်လက်မစတေး မကျဆုံးစေချင်တော့ပါဘူး။

ပြတ်သားတဲ့လိုင်းကိုဖောက် ၂၀၂၀ ကို မေ့လိုက်ပါတော့။

နိုင်ငံရေးအခင်းအကျင်းတွေဟာ အားလုံးအသစ်ဖြစ်နေပါပြီ။


လူငယ်မျိုးဆက်တွေကိုပြောချင်တယ်။

ခေတ်ကပြိုပျက်တဲ့အခါ ရွေးစရာက ၃ လမ်း။

ခေတ်ပျက်ထဲအသားကျအောင်နေကြမလား

ခေတ်ကိုဆန်လို့ ကူးခတ်ကြမလား

လွတ်ရာရှောင်လို့ ဘဝသစ်ထောင်ကြမလား။

ကိုယ်ရွေးချယ်တဲ့လမ်းဟာ ကိုယ့်အနာဂတ်ပါ။


https://www.facebook.com/744769315/posts/10159982191214316/

Monday 1 March 2021

Unခေါ်မနေနဲ့

 ကမ္ဘာမှာ တော်တော်ဆိုးဆိုး ပဋိပက္ခတွေက CAR, DR ကွန်ဂို၊ ယီမင်၊ နိုင်ဂျီးရီးယား၊ အီသီယိုးပီးယားမှာ ဖြစ်နေတာ။ 


မြန်မာက စောင့်ကြည့်အဆင့်ပဲ ရှိပါသေးတယ်။ စောင့်ကြည့်ဆိုတာက ဖြစ်ထွန်းမှုအခြေအနေကို စောင့်ကြည့်တာပါ။ အဆိုးအကောင်း ပြောတဲ့အဆင့်မဟုတ်။ 


အီသီယိုးပီးယား၊ တီဂရေးမှာ အီသီယိုပီးယားအစိုးရတပ်တွေနဲ့ အီရီထရီးယားအစိုးရတပ်တွေက တီဂရေးနယ်သားတွေကို သတ်သွားတာ ရာကြီးဂဏန်း ရှိခဲ့တယ်။ ခုလဲ ဆက်ဖြစ်နေဆဲ။


ခုထိ UN က ဒီကိစ္စ လေပဲ အသံထွက်တယ်။ 


CAR ကတော့ သိကြမှာပါ။ နိုင်ငံက မူဆလင်-ခရစ်ယာန် နှစ်ပိုင်းကွဲပြီး ခရစ်ယာန်အစိုးရတက်ရင် မူဆလင်က ပုန်ကန်။ မူဆလင်တွေတက်လာရင် ခရစ်ယာန်က ပုန်ကန်နဲ့ divided society ဖြစ်ပြီး ပြည်တွင်းစစ်ဖြစ်နေတာ။ ခုထိ မပြီးသေးဘူး။ 


ကွန်ဂိုက အစ္စလမ္မစ်သူပုန်တွေက အရပ်သားတွေကို သတ်ဖြတ်နေတာ။ ဟိုရွာဝင် မီးရှို့လိုက်၊ ဒီရွာဝင် တစ်ရွာလုံးသတ်သွားလိုက်နဲ့။ ဒီကြားထဲ အီဘိုလာက ပြန်တကျော့ဖြစ်သေးတယ်။ 


ယီမင်က ရှီးဟိုက်ဟူသီသူပုန်တွေက ဆွန်နီအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်တာ။ ဆွန်နီက ဆော်ဒီနဲ့ ဆွန်နီအင်အားကြီးတွေ အကူအညီနဲ့ အာဏာပြန်ယူ။ ဟူသီဖက်က အီရန်က proxy ပြန်တိုက်။ ရှီးဟိုက်-ဆွန်နီ proxy war ဖြစ်နေတာ။ ၆ နှစ်ရှိပြီ။ အဖြေမပေါ်သေးဘူး။ အငတ်ဘေးတော့ စနေပြီ။


နိုင်ဂျီးရီးယားကတော့ အဓိက က ဘိုကိုဟာရာမ် အစ္စလမ္မစ်တွေပါပဲ။ အစ္စလမ္မစ် ဓားပြတွေ လူဆိုးတွေလဲ ရှိသေးတယ်။ လတ်တလောတင် ဘိုကိုဟာရာမ်က ကျောင်းသူ ၃၀၀ ကျော်ကို ပြန်ပေးဆွဲထားတယ်။


ဒီအနေအထားတွေတောင် UN က မလာသေးတာ။ မြန်မာ မစဉ်းစားပါနဲ့။ 


မြန်မာက ဒီနိုင်ငံတွေနဲ့စာရင် အကင်းရှိပါသေးတယ်။ ဒါပေမယ့် ဆန္ဒပြသတင်းတွေမှာတော့ ထိပ်ဆုံးက ရှိပါတယ်။ သတင်းသမားတွေအကြိုက်အနေအထား လောက်ပါပဲ။ မြန်မာနောက်မှာ ချဒ် နဲ့ အာမေးနီးယား သတင်းတွေ ရှိတယ်။


https://m.facebook.com/story.php?story_fbid=775198073121961&id=100018953265379

 #HappyType ပျော်ပျော်နေတတ်တဲ့ လူတစ်ယောက်ရင်မှာ စုတ်ပြတ်သတ်နေတဲ့ ဒဏ်ရာတွေ အချက်ပေါင်းများစွာ ရှိတယ်ဆိုတာ ကိုယ်ကလွဲပြီး ဘယ်သူက သိနိုင်ပါ့မလဲ ...