ကျနော်စပြီး ဘုရားမရှိခိုးတော့ တခုခုလိုသလိုစိတ်ထဲဖြစ်တယ်။
မရှိခိုးတဲ့ညဆို နေလို့မကောင်းဘူး လိပ်ပြာမသန့်ဘူးပေါ့။
စဉ်းစားကြည့်တော့ ဒါဟာမဖြစ်သင့်ဘူးပေါ့။ ရှိခိုးလို့လဲဘာမှထူးမကောင်းဘူး။ မရှိခိုးဘဲနေရင် ပိုတောင်ဆိုးဆိုတော့။ တခုခုလွဲနေပြီဆိုတာသိလိုက်တယ်။
အဲ့ဒီကစပြီး မရှိခိုးဘဲ ပေကပ်နေလိုက်ထာ ပုံမှန်ပြန်ဖြစ်သွားတယ်။ ဘုရားရှိခိုးရတဲ့အလုပ်လဲ လျော့သွားတယ်။
ဘာသာရေး နဲ့ကင်းအောင်နေတယ်။
ကျနော့်ကိုယ်တွေ့တော့ ဘာသာရေးနဲ့ကင်းလေ စိတ်ချမ်းသာလေပဲ။
တချို့ကပြောလာနိုင်တယ် ကိုယ်ကျင့်တရား စံနှုန်း တွေကဘယ်ကယူမလဲပေါ့။
အဓိကက ကိုယ်ချင်းစာတရားပါ။
ကံကိုအခြေမခံတော့ လုပ်သင့်တာကို တိတိကျကျသိလာတယ်။
အကြောက်တရားကင်းလာတယ်။
ကုသိုလ်ရချင်ဇောနဲ့ ပေါက်ကရာတွေမလုပ်တော့ဘူး။ တကယ်အကျိုးဖြစ်တဲ့ဟာရွေးလုပ်တယ်။ နောက်ဘဝ ဘာရမယ်ဆိုတာမျိုးရှောင်တယ်။
အကုသိုလ်ဖြစ်မှာစိုးလို့ လုပ်သင့်တာကို မလုပ်ဘဲ မနေတော့ဘူး။
မင်ဂလသုတ်နဲ့ဝိပသနာတော့ သဘောကျတယ်။
ဝိပသနာဟာ စိတ်အကြောင်းကိုသိအောင် လုပ်ပေးတယ်။
တခြားသူတွေလိုပဲ ကျနော့်မှာမေးခွန်းတွေရှိတယ်။ သေချာတဲ့အဖြေမပေးနိုင်ဘူး။
ငယ်ငယ်တုန်းက ဘုန်းကြီးကျောင်းထဲ ဖိနပ်စီးရင် ငရဲကြီးမယ်ဆိုပြီး လူကြီးတွေကပြောထားတယ်။ တနေ့တော့မေ့ပြီးစီးမိတယ်။ အရမ်းကြောက်သွားတယ်။ ငါ့လာဖမ်းပြီး အိုးထဲထည့်ကြော်မလားပေါ့။
မိဘတွေက ဘုရားစာတွေသင်ပေးတယ်။ ဒါရွတ်ရင် သရဲ/ဘီလူး နိုင်တယ်ပေါ့။ ကိုယ့်မှာပြသနာတက်လာတယ်။ သူရဲ/ဘီလူး ကြောက် လာတယ်။ အကြောက်ပြေအောင် ဂါထာရွတ်လာရတယ်။ ကြုံတုန်းပြောရအုံးမယ် ခုထိသရဲ အခြောက်မခံရဖူးဘူး။ တသက်လုံးကြောက်လာတာ ငါ့နှယ်မတန်ဘူးပေါ့။ အနဲဆုံးတော့လာခြောက်မှကြောက်သင့်တာ။
ဒွိဟဖြစ်နေရင် အကြံပေးလိုက်ပါမယ်။
ဘာသာရေးကခွာချင်ရင် ခွာလိုက်ပါ။ အရှုံးမရှိပါဘူး။ အိုရှိုးကတော့ သင့်စီက ဘာသာရေးမဟုတ်တဲ့အပိုင်းတွေ ဖယ်လိုက်ရင် ဘာသာရေးကျန်ပါမယ်တဲ့။
နောက်မှဆက်ပြောတာပေါ့။
Waagyi
No comments:
Post a Comment