Thursday 17 June 2021

Oothaw

 မြန်မာတွေ တင်တဲ့ youtube နဲ့

အင်္ဂလိပ်တင်တဲ့ youtube အဆင့်အတန်း

ကို မတူဘူး။ စခရိုက်ကို နှိပ်ပေးသွားကြ

ပါလို့ ပြောတာတော့ တူပါတယ်။ တင်ဆက်

ပုံနဲ့ caption တပ်ပုံက လုံးဝမတူဘူး။

မြန်မာတွေ caption တပ်လိုက်ရင် စောက်

ဆန်းကြီးတွေ။ အခုပဲ သေတော့မှာလိုလို၊

ချက်ချင်းကြီး ချမ်းသာသွားတော့မှာလိုလို၊

ပြူးပြူးပြဲပြဲ caption တွေတပ်တယ်။

ပြီးတော့ ဘာမှ မဟုတ်ဘူး။ caption နဲ့

တင်ဆက်တာနဲ့ တစ်ခြားစီပဲ။ 


အရင် စာအုပ်အငှားဆိုင်ခေတ်စားတုန်းက

ဂမ္ဘီရမဂ္ဂဇင်းတွေ၊ လျှိုဝှက်ဆန်းကြယ်၊

နက္ခတ္တရောင်ခြည် စတဲ့ စာအုပ်တွေကို 

ကျနော်တို့မှာ အဟုတ်ကြီးတွေ မှတ်ပြီး ဖတ်

ခဲ့ရတယ်။ တကယ်တော့ အဲဒီမဂ္ဂဇင်းတွေရဲ့

တင်ဆက်ပုံဟာ ယခုခေတ် မြန်မာတွေတင်တဲ့

Youtube တွေလိုပါပဲ။ ပိရမစ်ကို ဂြိုလ်သား

တွေ ဆောက်တာလိုလို၊ ဓမ္မရံကြီးထဲမှာ 

ပန်းကန်ပြားပျံ ရှိတာလိုလို ၊ မှိုလိုလို မျှစ်လိုလို

မဟုတ်တရုတ်တွေ နဲ့ လူစိတ်ဝင်စားအောင်

လျှောက် ရေးကြတာ ဖြစ်ပါတယ်။ 


မြန်မာ youtube မှာ ကောင်းတာတွေလည်း

ရှိပါတယ်။ ရှားတယ်။ အများစုက ပြောခဲ့

သလို အချိန်ဖြုန်းနေတာရယ်၊ ပြူးပြဲလုပ်

နေတာရယ်၊ တန်ဖိုးအစစ်မဟုတ်တာရယ်က

များနေတာပါ။ 


စာအုပ်အငှားဆိုင်ခေတ်မှာတော့ နှိုင်းယှဥ်

စရာ အခြား ဆိုဒ်တွေ များများ မရှိဘူး။

အဲတော့ ဂမ္ဘီရ ၊လျှိုဝှက်ဆန်းကြယ် ဆိုတာ

တွေကို အဟုတ်မှတ်နေခဲ့တာ။ အခု အင်တာ

နက်ခေတ်မှာတော့ နှိုင်းယှဥ်စရာ စာမျက်နှာ

တွေက အများကြီး။ အဲတော့ youtube 

မြန်မာဟာ သောက်ပေါဆိုတာ အမြန်သိနိုင်

တော့တာပဲ။ 


ဒါ တံခါးဖွင့်ထားခြင်း၊ ပြိုင်ဆိုင်စျေးကွက်

ရှိခြင်း၊ စားသုံးသူဝါဒ ဦးစားပေးခြင်း ရဲ့

ကောင်းကျိုးတွေပါ။


စစ်အစိုးရခေတ်က စာအုပ်အငှားဆိုင်မှာ

တော့ လူထု အိပ်ပျော်နေဖို့၊ စိတ်ကူးယဥ်

နေဖို့၊ ရူးနေကြဖို့သာ အရေးကြီးတယ်။ 

ဒီတော့ နှိုင်းယှဥ်စရာမပေးဘူး၊ တံခါးပိတ်

ထားတယ်။ ပုန်ကန်မယ့် စာမျိုးကို ဆင်ဆာ

ဖြတ်ထားတယ်။ 


( ၂ ) 


ရတနာပုံမန္တလေး မြို့တည်တော့ မြို့ရိုး

ထောင့်တွေမှာ လူကို စတေးတယ်ဆိုတဲ့

စကား ကြားခဲ့ရဖူးတယ်။ 


အချို့ကလည်း ဟုတ်တယ်လို့ ပြောကြတယ်။

အချို့က မဟုတ်ဘူးလို့လည်း ပြောကြတယ်။ 


လက်တွေ့တူးဖော်မကြည့်သေးပဲ အတွေးနဲ့

ကောက်ချက်ဆွဲကြည့်ရအောင်။ 


အာဏာရှင်ခေတ်မှာ လူကို စတေးခြင်းကိစ္စ

မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ 


ဆူမားရီးယန်းခေတ်၊ အီဂျစ်ပိရမစ်ခေတ်၊

မာယာခေတ် တွေမှာ လူကို စတေးတာ ရှိ

နေတာပဲ။ လူရဲ့ သွေး၊ နှလုံး၊ ဦးခေါင်းတို့

ဖြင့် ဆိုင်ရာနတ်တွေ၊ ဘုရားတွေ ကျေနပ်

စေရန် ယဇ်ပူဇော်တာ ရှိနေပါတယ်။ 

ပြီးတော့ သူဌေးတွေ၊ ဘုရင်တွေ သေတဲ့

အခါ နောက်ဘဝထိ သူ့စည်းစိမ်တွေပါသွား

အောင် ကျွန်တွေ၊ နွားတွေ၊ မယားတွေ၊

ရွှေငွေတွေပါ ထို သူဌေးမသာနဲ့ အတူ

ရောသွင်း မြှုပ်နှံတာတွေ ရှိပါတယ်။ 


အိန္ဒိယတောင် ဗြိတိသျှ အုပ်စိုးတဲ့ခေတ်ထိ

လင်သေရင် မယားပါ ထည့်ပြီး သဂြိုဟ်တာ

ရှိနေပါတယ်။ 


ဒါ အာဏာရှင်ရဲ့ သဘောသဘာဝတွေပါပဲ။

ငြင်းလို့ ရမယ်များ ထင်နေကြသလား။

ပြေးလို့ လွတ်မယ်များ ယူဆနေကြသလား။

ရေမြေလည်း ပိုင်တယ်၊ အသက်ကိုလည်း

ပိုင်တယ်ဆိုမှတော့ သေဆိုသေ၊ရှင်ဆိုရှင်ပေါ့။

ဘုရင်ရူးရင် ရူးသလို ထိုဘုရင်အောက်က

လူတွေဟာ အရာရာ စတေးခံဘဝ ဖြစ်ရ

တော့တာပါပဲ။ 


ဒုတိယ တစ်နည်း တွေးကြည့်မယ်။

တိုက်ရိုက်တော့ စတေးတာမဟုတ်ဘူးထား။

ဘုရင်နန်းတက်တော့ ထိုဘုရင်ကို သဘော

မကျသူတွေက ဆန္ဒပြမယ်။ ပုန်ကန်မယ်။

အဲဒီအခါ ဘုရင်က ထိုသူတွေကို နှိမ်နင်း

မယ်။ ရှင်းထုတ်မယ်။ သတ်ဖြတ်မယ်ပေါ့။ 


အဲဒီလို ရှင်းထုတ် သတ်ဖြတ်ရတာကို 

အခြားအကြောင်းပြမယ်။ ဘုရင်တည်တဲ့

မြို့ ငြိမ်းချမ်းအောင်၊ နှစ်ထောင်များစွာ

တည်တံ့အောင် အစီအမံတွေအရ လူကို

စတေးလိုက်ရတာပါ၊ ဗလိနတ်စာ ကျွေးလိုက်

ရတာပါ ဟု အကြောင်းပြမယ်။ 


ဒါ ဖြစ်နိုင်တာပဲ။ 


အခု မအလ အာဏာတည်သွားမယ်။

ပြီးရင် သူက မြို့တော်တစ်ခု တည်မယ်။

နောက် အနှစ်ငါးရာ ကြာသွားမယ်။

အဲဒီအခါ ယခု ဆန္ဒပြလို့ အသက်ပေးလိုက်

ရတဲ့သူတွေက မအလ တည်တဲ့မြို့အတွက်

စတေးလိုက်ရတဲ့ လူတွေဆိုပြီး တင်စားညွှန်းဆို

ပုံစံနဲ့ နောက်လူတွေကို နားလည်သွားစေမယ်။

ဒါ ဖြစ်နိုင်တာပဲ။ 


( ၃) 


ဥရောပနဲ့ အမေရိကပြည်သူတွေ သတ်မှတ်တဲ့

အစိုးရကောင်းဆိုတာ ဖိနှိပ်မှု အနည်းဆုံး

အစိုးရမှ အစိုးရကောင်းပါပဲ။ ထိုထက်ပိုရင်

အစိုးရ ရှိမှန်းပင် မသိရတဲ့ အစိုးရမျိုးပါပဲ။ 


အာရှက ပညာတတ်ဆိုသူတွေကလည်း

နည်းနည်းတော့ ဖင်ခေါင်းကျယ်တာ အမှန်ပဲ။

အနောက်က အဖြူကောင်တွေက မနေ့တစ်နေ့

ကမှ ပညာတွေတတ်၊ ပွင့်လင်းလူ့အဖွဲ့အစည်း

ဖြစ်၊ စက်မှုဖွံ့ဖြိုးလာလို့ ကမ္ဘာ့ဇာတ်ခုံပေါ်

ရှေ့တန်းရောက်လာရတာ။ ငါတို့ အာရှရဲ့

ယဥ်ကျေးမှုက သူတို့ထက် စောတယ်။ 

ငါတို့က I Kiss my umbrella ကိုယ့်ထီးကိုယ့်

နန်း ကိုယ့်ကြငှာန်းနဲ့ ခမ်းခမ်းနားနား နေလာ

တာ အတီတေကြာညောင်းလှပြီ။ ငါတို့

ယဥ်ကျေးတာ ကြာလှပြီ။ ငါတို့က လူယဥ်

ကျေးတွေ အဖြစ်နေကြတုန်း အနောက်က

ကောင်တွေက အချင်းချင်း သတ်ဖြတ်

နယ်လုတုန်း ရှိသေးတယ်။ 


စသည့်ဖြင့် အာရှသားတွေ ဖင်ခေါင်းကျယ်

ကြတယ်။ ဂရိတ်ဝေါကြီး လက်ညိုးထိုးပြီး၊

အန်ကောဝတ်ကျောင်းတော်ကြီး လက်ညိုး

ထိုးပြပြီး ဂုဏ်ဆာကြတယ်။ 


လူလူချင်း ဖင်ကုန်းဦးချ ဘုရားထူးနေ

ရတဲ့ ၊ သေဆိုသေ ရှင်ဆိုရှင် ဖြစ်နေရတဲ့၊

အာဏာရှိသူကို အမြဲကြောက်နေရတဲ့၊

ဖိုဝါဒ ၊ အားရှိသူကို အမြဲကြောက်နေရတဲ့၊

အာဏာရှိသူထက် သာလွန်သွားရင် ဆွေခုနစ်

ဆက် မျိုးခုနစ်ဆက် အသတ်ခံရနေရတဲ့

ယဥ်ကျေးမှုမျိုးက ဘယ်နေရာမှာ ဂုဏ်ဆာ

စရာ ရှိနေလို့လဲ။ 


နားအုံးမယ်ဗျာ ။

စာလည်း ရှည်သွားပြီ။oothaw

No comments:

Post a Comment

 #HappyType ပျော်ပျော်နေတတ်တဲ့ လူတစ်ယောက်ရင်မှာ စုတ်ပြတ်သတ်နေတဲ့ ဒဏ်ရာတွေ အချက်ပေါင်းများစွာ ရှိတယ်ဆိုတာ ကိုယ်ကလွဲပြီး ဘယ်သူက သိနိုင်ပါ့မလဲ ...