Thursday 8 September 2022

Htunaungkyaw

 

ကျွန်တော်က ဦးသိန်းစိန် အပေါ်မှာ သူ သမ္မတ သက်တမ်းတလျောက် တစ်ခါမှ အကောင်း မပြောခဲ့ဖူးပါဘူး။ အဲဒီအချိန်ကာလက ကျွန်တော့် Wall ကို ပြန်ကြည့်လို့ ရပါတယ်။


အထင်လည်း မကြီးခဲ့ဖူးဘူး။


နောက်ပြီး ကျွန်တော်က USDP ကို မထောက်ခံခဲ့သလို ဘယ်တုန်းကမှ မဲဆန္ဒမပေးခဲ့ဖူးဘူး။


ဒါပေမယ့် ကျွန်တော့် သက်တမ်းတစ်လျောက်မှာ နိုင်ငံ့အပေါ် သူ့လောက် စိတ်စေတနာမှန်တဲ့ သမ္မတ၊ သူ့လောက် အရည်အချင်ရှိတဲ့ သမ္မတ မတွေ့ခဲ့ဖူးဘူး။ မရှိခဲ့ဘူး။


သူ Singapore ကို သွားတယ်။ Lee Shang Loon ရဲ့ ရုံးခန်းမှာ တစ်နာရီလာက် ထိုင်ပြီး စောင့်ခဲ့ရသတဲ့။


သူ Japan နိုင်ငံကိုသွားတော့ မျက်နှာငယ်ငယ်နဲ့ သွားခဲ့ရသတဲ့။


အဲဒါတွေက သူ့အကျိုးစီးပွားအတွက် သူ့မိသားစုအတွက် သူ့ Party အတွက် သူအာဏာမြဲဖို့အတွက် မျက်နှာအောက်ချပြီး ဆက်ဆံခဲ့တာဆို အဲဒီလူဟာ အရှက်နည်းတဲ့လူပေါ့။ ခပ်ရိုင်းရိုင်း ပြောရရင် အဲဒီလူဟာ သောက်ရှက်မရှိတဲ့ လူပေါ့။


ဒါပေမယ့် သမ္မတတစ်ယောက်ရဲ့ အရှက်သိက္ခာကို ဘေးဖယ်ပြီး မျက်နှာငယ်လေးနဲ့ အောက်ကျနောက်ကျခံပြီး ဆက်ဆံခဲ့တာ သူ့အကျိုးအတွက် မဟုတ်ခဲ့ဘူး။


Obama နဲ့ တွေ့တော့ ရန်ကုန်တက္ကသိုလ်ကို အဆင့်မြှင့်ပေးဖို့ ပြောတယ်။ လူအသေအပျောက်များနေတဲ့ အမြန်လမ်းမကြီးကို အဆင့်မြှင့်ပေးဖို့ အသနားခံတယ်။ Project K ကို လေ့ကျင့်ပေးဖို့ သူ မပြောဘူး။


Japan ရောက်တော့ နိုင်ငံ့ကြွေးမြိးတွေ လျော်ပေးဖို့ တောင်းဆိုတယ်။


Singapore ရောက်တော့ သူ့ Party မဲရအောင် အနှစ်-၂၀ အတွင်း blah blah တွေ ပြောပြီး အလကား အချိန်ကုန်မခံဘူး။ Lee Shang Loon ရဲ့ ရုံးခန်းရှေ့မှာ ရှက်ရှက်နဲ့ ထိုင်စောင့်ပြီး FDI ကိစ္စတွေ ပြောတယ်။


တကယ်ဆို ဘာလို့ အောက်ကျခံနေမလဲဗျာ။ မအားဘူးလား။ မတွေ့ဘူးပေါ့။ မတွေ့ရလို့ သူ့မှာ ဘာတွေအရေအရောင် လျော့သွားစရာရှိလဲ။


အဲဒါကို နီပေါတွေ အပြောင်အလှောင်ခံပြီး သိက္ခာအကျခံပြီး သူ့မိုလို့ ထိုင်စောင့်နေတယ်။


အဲဒီအချက်က နီပေါတွေအနေနဲ့ ရယ်စရာ လှောင်စရာ အချက်ကြီး ဖြစ်နေပေမယ့် သူ့ကို အထင်သေးတဲ့ ပြောင်ခဲ့ လှောင်ခဲ့တဲ့ ကျွန်တော့်အဖို့ လေးစားစရာ အချက်ကြီး ဖြစ်နေတယ်။


အဲဒီအချိန်က စ,ပြီး သူ့အပေါ် ကျွန်တော် အမြင်ပြောင်းသွားတာ။ ကျွန်တော် လေးစားသွားခဲ့တာ။


နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ဟာ ဘယ်သူတွေက လေးလေးစားစား ကြိုဆိုခံရတယ်၊ ဘယ်သူတွေနဲ့ လက်ဆွဲနှုတ်ဆက်တယ် ဆိုတာထက် နိုင်ငံအတွက် ဘယ်လိုအကျိုးတရားတွေ ဆောင်ကျဉ်းနိုင်သလဲ ဆိုတာက အရေးကြီးပါတယ်။


သူဟာ ရုပ်သေးသမ္မတ မဟုတ်သလို Popular နိုင်ငံရေးသမား မဟုတ်ဘူး။


စစ်အစိုးရဆိုတဲ့ အရိပ်မဲကြီးအောက်မှာ၊ ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ ထိန်းချုပ်မှုအောက်မှာ သူ လုပ်နိုင်သမျှ သူ တတ်စွမ်းသမျှ လုပ်ခဲ့တယ်။ လုပ်နိုင်တယ်။


ကျွန်တော့်အတွက်တော့ တကယ့်သမ္မတကြီးပါဘဲ။


လှောင်ခဲ့ ပြောင်ခဲ့ ဆဲခဲ့ ဆိုခဲ့သမျှအတွက် အားနာပါတယ် သမ္မတကြီးခင်ဗျား။


.

No comments:

Post a Comment

 #HappyType ပျော်ပျော်နေတတ်တဲ့ လူတစ်ယောက်ရင်မှာ စုတ်ပြတ်သတ်နေတဲ့ ဒဏ်ရာတွေ အချက်ပေါင်းများစွာ ရှိတယ်ဆိုတာ ကိုယ်ကလွဲပြီး ဘယ်သူက သိနိုင်ပါ့မလဲ ...