Sunday 28 February 2021

 မဲလိမ်လို့ စဖြစ်တဲ့ပြဿနာ - ဗခဇော်မင်းထွန်းကဖြေလိုက်တဲ့ အချိန်မှာလည်း မဲကိစ္စအေးဆေးဖြေရှင်းဖို့ကို ယူအီးစီနဲ့ အအဒီက ဘာကြောင့် ပြင်းပြင်းထန်ထန်ရိုင်းရိုင်းစိုင်းစိုင်း တုန့်ပြန်နေလည်းဆိုတာကို သာဝကြီး စဉ်းစားရကြပ်နေချိန် - 

အဲ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးရယ် - ရုရှားကာကွယ်ရေးဟ ဝန်ကြီးရယ်ရောက်ချလာတာ - 

.

သာဝမမြင်တဲ့ အကွက်တစ်ချို့ကို ဝမ်ယီက ချပြသွားတာ - ရွှိင်ဂူကလည်း အတွင်းစည်းပေါက်နေပြီဆိုတာ အတိအကျတင်ပြသွားတာ - သူ့ဆီက ဆူ-၃၀ တွေက ငွေ အကြေမခြေရသေးဘူးလေ - စာချုပ်ပျက်သွားမှာစိုးတာကိုး -

.

အဲ့မှာ သာဝကြီး ပြာသွား - အဘရွှေကိုသွားတွေ့ - စစ်သားဟောင်းကြီးက ခြေဥရဲ့ ဂယ်ပေါက်အတွက် ဘယ်သူနဲ့တွေ့လိုက်လို့ လမ်းညွှန်ချက်းပေးတာ

.

အဲ့မှာတင် နောက်ဆုံးလွှတ်တော် ခေါ်ဖို့ပြောတာ - လွှတ်တော်ထဲ ထိန်းဖို့ပဲ - အန်အယ်ဒီက အကွက်ထဲဝင်မလာဘူး - အဲ့မှာတင် ဒုတိယ အဆင့် ပါတီနိုင်ငံရေးကင်းရှင်းတဲ့ ယာယီသမ္မတဦးမြင့်ဆွေကို တရားဝင် အာဏာလွှဲခိုင်းလိုက်တာ

.

အမေစုကများများ မကြံထားပါဘူး - လွှတ်တော် စမယ် - နေရာပြန်ယူမယ် - ပြီးတော့မှ ဦးဗန်ထီးယန်နဲ့အတူ ပြည်ပရောက်နိုင်ငံသားတွေကိုကြိုပို့လုပ်နေတဲ့ ကယ်ဆယ်ရေး လေယာဉ်နဲ့ ဆေးကုဖို့ဆိုပြီး အင်ဒိုကိုလစ်မယ် - R2P အသက်သ်င်းပြီ ယူအမ်တပ်တွေဝင်လာတဲ့အခါ ဦးဝင်းမြင့်ကိုယ်စား ဦးဗန်ထီးယမ် နိုင်ငံတော်အာဏာကို ယူအမ်တပ်တွေကိုလွှဲမယ် - တပ်မတော်ကို မတရားရအသင်းကြေညာပြီး တစ်စစီဖြုတ်ပြီးပြန်တပ်မယ်ပေါ့လေ - မကွေး ဝကခက ရွေးကောက်ပွဲအပြီး ခြေဥဖျက်မယ်တို့ ခြေဥအသစ်လုပ်မယ်တို့ဆိုတာ အလကားမဟုတ်လေ - ယူအက်စ်ဒေါ်လာ ၇-ဘီလီယံကို ပြည်ပမှာ စာရင်းဖျောက်ထားတာ အလကားမဟုတ် - ခုပြုတ်သွားတဲ့ သံတမန်တွေထဲ တရုတ် စင်ကာပူ ဆွစ်ဇာလန် က သံအမတ်ကြီးတွေပါနေတာလည်း ဒီအကွက်တွေကြောင့်ပဲ - ဒီထက် ရှည်ရှည်ဝေးဝေး မပြောလိုပါဘူး - ဉာဏ်ရှိသလိုဆက်တွေးကြပေါ့ - 

.

ဦးနေဝင်းဟာ ရတနာနတ်မယ် ကို အတော်ချစ်တာ - ၇၈ မှာ တရုတ်ပြည်ကို နိုင်ငံတော်အဆင့်ဖိတ်လို့သွားရတော့ ခေါ်သွားတာပေါ့ - လျှောက်လည်ဘာညာပွဲတက်ပေါ့လေ - နောက်ဆုံးည ညစာစားပွဲမှာ လက်ဆောင်တွေဖလှယ်ကြတော့ တရုတ်က အများကြီးပေးတာ - ဦးနေဝင်းဟာ အတော်အားနာသွားတယ် -ဒါနဲ့ သူက အဆွေတော်တို့ကို ဘယ်လို့ ပြန်ပေးရမှန်းမသိတော့ပါဘူးလို့ပြောသတဲ့ - အဲ့မှာ တရုတ် စကားပြန်က အဆွေတော်ရဲ့ ကြင်ယာတော်ဝတ်ထားတဲ့ အပေါ်ရုံက ဆွဲသီးလေးကိုပဲလိုချင်ပါတယ်လို့ ပြန်ပြောသတဲ့ - ဦးနေဝင်းလည်း ကြောင်သွားတာပေါ့ - ဒါနဲ့ ဒါလေးများယူပါဗျာလို့ပြောတဲ့ အခါ တရုတ် ထောက်လှန်းရေးက ရတနာနတ်မယ်ရဲ့ ဆွဲသီးလေးကိုဖြုတ်လိုက်တဲ့ အခါ ဝါယာကြိုးလေးပါပါလာသတဲ့ -

အပြန်လေယာဉ်ပေါ်မှာ ပါးတွေနားတွေရိုက်လိုက်တာ ဖူးယောင်ပြီး လေယာဉ်အဆင်း လာကြိုသူတွေနဲ့အတု ဓါတ်ပုံတောင် မရိုက်လိုက်ရရှာဘူး -

.

နိုင်ငံရေးမှာ တိုက်ဆိုင်တယ်ဆိုတာ မရှိဘူး ရဲဘော်တို့

.

အဲ့သမာ တစ်ကွက် ...

https://www.facebook.com/100018953265379/posts/775009009807534/

ရာဇာဓိရာဇာ

 အမှား ၃ ချက်ကိုက NLD တွေက ဖုံးထားတယ်။ ကလေးတွေက ခုထိ မသိဘူး။ ဒါနဲ့ ဒီ ဆန္ဒပြပွဲတွေ ဖြစ်လာတာပဲ။ 


၁) စစ်တပ်လက်ဝေခံ ဒီမိုကရေစီကို မက်မောမှု


မြန်မာပြည် ဒီမိုကရေစီဆိုတာက အစကတည်းက စစ်တပ်လက်ဝေခံအဖြစ် ရှိနေတာ။ ဒါကို ကျေကျေနပ်နပ်နဲ့ အဖွားကြီးက လက်ခံထားတာ။ စစချင်း ရွေးကောက်ပွဲ မဝင်ဘူး။ ဦးခင်မောင်ဆွေ ဦးသိန်းညွန့် ခွဲထွက်တယ်။ ဝင်တယ်။ ကိုပိုက်တင်နဲ့ သဘောထား ကွဲတယ်။ ဒါ ထင်ရှားတဲ့သူတွေ ပြောပြတာ။ မှားတာ မှန်တာ ပြောတာ မဟုတ်ဘူး။ နောက်ပိုင်း NLD ဝင်တယ်။ အစက ၂၀၀၈ မကြိုက်ပေမယ့် အဖွားကြီးက အာဏာကို ခုံမင်သွားတယ်။ အခု We want democracy ဘာညာက ယောင်ပြပဲ။ တကယ်လိုချင်တာက We want the previous privileges. ပဲ။ အဲဒီ privileges တွေကို သူတို့ချည်း မောင်ပိုင်စီးထားလို့ တိုင်းရင်းသားတွေနဲ့တောင် မတည့်ဘူး။ ဦးခွန်ထွန်ဦး တို့၊ ကရင်ခေါင်းဆောင်တွေတို့ မသေသေးဘူး မေးကြည့်။ 


၂) ဖက်ဒရယ်လ်တည်ဆောက်လို့ရ


ဒီမိုကရေစီအစစ်က စစ်တပ်က ဖက်ဒရယ်လ်ဖွဲ့ပြီးမှ ရမှာ။ ဖက်ဒရယ်လ်မှာ အဓိက ညှိမရတာက တပ်တွေ ကိစ္စ။ ပြည်နယ် ကိစ္စ။ တပ်တွေကိစ္စက တပ်က ညှိမှ ရမှာ။ ပြည်နယ်ကိစ္စက ပြည်နယ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမှ ရမှာ။ အဖွားကြီးက အတ္တကြီးတယ်။ တပ်က ခေါင်သူကြီးလုပ်တာကို မကြိုက်ဘူး။ ဒါ့ကြောင့် သူ့နည်းသူ့ဟန် ပင်လုံ လုပ်တယ်။ မအောင်မြင်ဘူး။ ပြည်နယ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို မပေးချင်ဘူး။ ၂၀၀၈ မှာ အာဏာရပါတီကို လုပ်ပိုင်ခွင့်တွေ မဟားဒယား ပေးထားတယ်။ စစ်အစိုးရက ကြံ့ကိုရည်ရွယ်ပေးတာမှန်ပေမယ့် NLD ကောင်းစားဖို့ ဖြစ်နေတယ်။ စစ်တပ်က ဒါကို ပြန်ရုတ်သိမ်းချင်တယ်။ NLD က မရုတ်သိမ်းချင်ဘူး။ ဒါ့ကြောင့် ၂၀၀၈ ကို တွယ်ကုပ်ထားချင်တာ။ ကိုယ်တွေလဲ အရင် ရေးဖူးတယ်။ ဂျာမန်ပုံစံ ဖက်ဒရယ်လ်ကို PR နဲ့ သွားရင် ရနိုင်တယ်လို့။ တစ်ပြည်နယ်ချင်းစီလိုက်ကလဲ အာဏာရှိတဲ့ ပုံစံကိုး။ အခုအခြေအနေမှာ စစ်ကောင်စီက ဆွဲပေးရင် ဒါကို အဓိကဦးတည်ရင် ၂၀၂၁ နိုဗဲလ်ဆုဟာ ဦးမင်းအောင်လှိုင် ရမှာ။ 


၃) NLD သည် မဲခိုးဖို့ အကြောင်းခိုင်လုံခဲ့ 


NLD ဟာ မဲခိုးစရာ မလိုဘဲ ဘာလို့ခိုးမှာလဲလို့ ပြောကြတယ်။ မလိုတာ မဟုတ်ဘူး။ လိုတယ်။ လိုလို့ စနစ်တကျ အကွက်ချ ခိုးတာ။ NLD ဟာ မဲမခိုးရင် မဲနိုင်ပြီး ရွေးကောက်ပွဲ ရှုံးနိုင်စရာ ရှိတယ်။ ၂၀၀၈ အရ စစ်တပ်က ထိုင်ခုံ ၂၅% ယူထားတယ်။ စစ်သားက ထိုင်ခုံယူတာဖြစ်တယ်၊ % ယူထားတာ မဟုတ်တော့ မဲဆန္ဒနယ်တွေ မကျင်းပဖြစ်တဲ့အချိန် % လျော့မသွားဘဲ ၂၇% အထိ တက်လာတယ်။ တည့်တည့်ပြောရရင် စစ်သားက ကြံ့ပဲ။ ကြံ့က ၁၀% ပဲ ရဦး။ ၂၇% ရနေပြီ။ တိုင်းရင်းသားနယ်တွေမှာ NLD ကို အကြိုက်နည်းနေပြီ။ ရှမ်း-ရခိုင် တိုင်းရင်းသား ပါတီ နှစ်ခုပေါင်းသာ ၂၃% ကျော်ရင် NLD က သွားပြီ။ သွားဆို သူတို့က စစ်တပ်နဲ့ ပေါင်းလိုက်ရင် NLD က ၄၉% ရလဲ မဲနိုင်ပြီး ရွေးကောက်ပွဲ ရှုံးမှာကိုး။ အဲဒီအခြေအနေက ဖြစ်လာနိုင်ခြေများနေတော့ 


(က) ရခိုင်မှာ ရှမ်းမှာ သူတို့ရှုံးနိုင်တဲ့ မဲဆန္ဒနယ်တွေ ဖျက်တယ်။ စစ်တပ်မဲရုံတွေ ရွှေ့တယ်။ 


(ခ) ကြံ့ခိုင်ရေး ၁၀% အထိ မနိုင်နိုင်အောင်၊ တောင်ပေါ်ဒေသမှ NLD တွေ အနိုင်ရ ပိုများအောင် ကြိုတင်မဲတွေ မဲမသမာမှုတွေ လုပ်တယ်။ 


(ဂ) UEC ကို သေချာချုပ်ကိုင်ပြီး ချယ်လှယ်တယ်။

https://www.facebook.com/100018953265379/posts/774993229809112/

နွေဦးတော်လှန်းရေး

 ပွိုင့် ၁၅၆၄ တိုက်တော့ ကျော်ကျော်စိုးက ဆေးတပ်သား ။လူပုသလောက် သဘောကောင်း ၊ စိတ်ဓာတ်ကောင်းတဲ့ သူ ။ ဒုတပ်ကြပ်ဆိုပေမယ့် တချို့ စောက်ပဲ့အရာရှိတွေထက်ကို အမူအကျင့် ကောင်းတဲ့ကောင် ။ဘောလုံးကန်ဆိုလည်း သိပ်ကောင်းတာ ။အရပ်ရှည်တဲ့ကောင်တွေ ပြေးတာလောက်တော့ ကျော်ကျော်စိုးတို့က သနားတာပေါ့ ။ဟေ့ကောင် ... ကျော်ကျော်စိုး ဆိုပြီးသာ ဘော်လုံးကို ဖြတ်တင်ပေးလိုက် ။တောင်ပံကနေ မရ ရအောင် ပြေးပြီး လုတဲ့ကောင် ။


၁၅၆၄ ကို တိုက်တော့ ၂ ရက်ခွဲ တိုက်ယူရတယ် ။၂၀၁၅ မတ်လ ၁၅ ရက်နေ့မှာ လောက်ကိုင်ကို ၀င်ပြီး ၁၉ ရက်နေ့ကျတော့ ၁၅၆၄ ကို စခန်းသိမ်းတိုက်ပွဲ တိုက်ရတာပဲ ။စစ်ဦးဘီလူးဆိုသလို ရန်သူနဲ့ 

သူတပြန် ကိုယ်တပြန် အပြင်းအထန် ချတဲ့ပွဲမှာ ၊ ကိုယ့်ရဲဘော်တွေ ထိတော့ စိတ်က မခံနိုင်ရှာဘူး ထင်ပါရဲ့ ။ဆေးကုနေရင်း တန်းလန်းကနေ သေနတ်ကို ဆွဲပြီး ပွိုင့်ထိ တက်သွားတာ ။ဟေ့ကောင် ... ကျော်ကျော်စိုး မတက်နဲ့ ဆိုတော့ နောက်ကျသွားပြီ ။ရန်သူ ပစ်လိုက်တဲ့ကျည်က ဆီးခုံကို ဖောက်ခနဲပဲ ။


အဲဒီအချိန် ကျော်ကျော်စိုးမိန်းမ ဝေဝေမာက နောက်တန်းမှာ ကိုယ်၀န်ကြီးနဲ့ ။ဆေးတပ်သားပီပီ သူ့ကိုယ်သူ မရတော့ဘူးဆိုတာ သိတဲ့ ကျော်ကျော်စိုးတစ်ယောက် ၊ သူ့ကို ကုပေးနေတဲ့ ဆေးဆာဂျင်ကြီးနောက်ဆုံးအနေနဲ့ စကား ၂ ခွန်းပဲ မှာပါတယ် ။


ငါတော့ တာ၀န်ကျေပြီ ။မင်းတို့ ရအောင် တိုက် တဲ့ ။

ဆရာကြီး ... ကျွန်တော် မခံနိုင်တော့လို့ မော်ဖင်း ၁ လုံး ထပ်ထိုးပေးပါလားဗျာ _ တဲ့ ။


ကျော်ကျော်စိုးဟာ သေသာသွားတယ် ။

သူ့သားလေးကိုလည်း မမြင်လိုက်ရရှာဘူး ။

သူ့ကို ပေးတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ သူရဲကောင်းလက်မှတ်ကြီးကိုလည်း ယူမသွားနိုင်ရှာဘူး ။ လူထုကလည်း သူ့ကို ဖုတ်လေငပိ ၊ ရှိတယ်လို့ကို မသိခဲ့ကြရရှာဘူး ။


အဓိကရုဏ်းတွေမှာ ရဲနဲ့တပ်က ပစ်လို့ သေကြရတဲ့သူတွေကို တွေ့တော့ စိတ်မကောင်းဘူး ။အဲဒီလူတွေကို ဒီမိုကရေစီသူရဲကောင်းတွေရယ်လို့ လူထုက အသိအမှတ်ပြုနေကြတော့ ကျော်ကျော်စိုးကို သတိရမိပြီး ပိုလို့တောင် စိတ်မကောင်းဘူး ။


ဒီတိုင်းပြည်မှာ မင်းတို့ ငိုခဲ့ရတာထက် အဆပေါင်းများစွာ ငါတို့မိသားစုတွေ ငိုခဲ့ရတာပါကွာ ။မင်းတို့ သေခဲ့ရတာထက် အဆပေါင်းများစွာ ငါတို့ရဲဘော်တွေ သေခဲ့ရတာပါကွာ။


ဆီပူအိုးထဲက ဂဏန်းကောင်တွေလို အိုးထဲကနေလွတ်ဖို့ ၊ မီးမွှေးတဲ့လက်ကို မညှပ်ပဲ တကောင်နဲ့ တကောင် ခုန်တက် ညှပ် သတ်နေကြမယ် ဆိုရင်လည်း မင်းတို့ သဘောပါပဲ ။


ငါတို့က ငရဲက လာကြတာပါ ။

ပြာပူဆိုတာ ကြောက်စရာ မဟုတ်တော့ပါဘူး ။


ဇေယျကျော်ထင်

 https://www.facebook.com/100002876826978/posts/3320353358070526/

အခုလုပ်နေတဲ့ ဆူပူဆန္ဒပြမှုတွေဟာ ဘယ်လိုနည်းနဲ့မှ အောင်မြင်မှာ မဟုတ်ပါဘူး။ ထိခိုက်မှုတွေပဲ ပိုများလာပါလိမ့်မယ်...


ထိခိုက်မှုဆိုတာကတော့ ဆူပူအကြမ်းဖက်နေသူနဲ့ ဖြိုခွဲသူထိပ်တိုက်တွေ့ရင် side effect of clash ဖြစ်တာ သဘာဝပါပဲ။ ဒါဟာရှောင်လွှဲလို့မရပါဘူး...


ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ဆူပူအကြမ်းဖက်မှုကိုဖြိုခွဲရင် သွေးထွက်သံယို ထိခိုက်မှုတွေဖြစ်မှာပါပဲ။ အခုမှ သွေးထွက်သံယိုတွေ ဘာကြောင့်များလာရသလဲမေးရင် ဆန္ဒပြနေသူတွေဟာ ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်တွေဖြစ်လာလို့ လုံခြုံရေးအဖွဲ့တွေက ဖြိုခွဲလို့ဖြစ်ရတာပါ...


ဥပဒေရဲ့ပြင်ပကိုရောက်နေတဲ့ ဥပဒေနဲ့ဆန့်ကျင်တဲ့လူစုလူဝေး (Unlawful Assembly) ကိုကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ သွေးထွက်သံယိုဖြစ်လို့ အာဏာရှင်ဆန်တယ်ပြောမယ်ဆိုရင်တော့ ဒီမိုကရေစီဘိုးအေနိုင်ငံကြီးတွေမှာ ဥပဒေနဲ့ဆန်ကျင်တဲ့ လူစုလူဝေးကို ဘယ်လိုထိန်းချုပ်လဲ လေ့လာကြည့်ပါ...


ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့နေရာမှာ လူ (၅)ဦးထက် ပိုပြီးစုဝေးရင်တော့ လုံခြုံရေးတပ်ဖွဲ့များက လိုအပ်သလို လုပ်သင့်တာ အကုန်လုပ်ပါလိမ့်မယ်...


မီးပုလင်းပစ်တာ၊ ဂဲနဲ့ထုတာ၊ လေးဂွနဲ့ပစ်တာ စတဲ့ အကြမ်းဖက်မှုတွေလုပ်ပြီး လုံခြုံရေးတပ်ဖွဲ့ကို အန္တရာယ်ပြုရင်တော့ လုံခြုံရေးတပ်ဖွဲ့တွေက ဥပဒေနဲ့အညီတုန့်ပြန်ပါလိမ့်မယ်။ လုံခြံရေး တပ်ဖွဲ့ဝင်တွေဟာ သောတာပန်တည်နေသူတွေမဟုတ်ပါဘူး။ ခန္တီပါရမီပြည့်နေသူတွေမဟုတ်ပါဘူး။ တုန့်ပြန်တဲ့နေရာမှာ ပိုမိုကြမ်းတမ်းရင် ကြမ်းတမ်းပါလိမ့်မယ်။ အပြစ်မပြောချင်ပါနဲ့၊ ကိုယ့်အသားနာရင်လူတိုင်းစိတ်တိုတတ်ပါတယ်....

(အသားနာလို့ စိတ်မတိုဘူးဆိုတဲ့သူရှိရင်ခေါ်ခဲ့ပါ၊ စခွက်ကို ဆောင့်ကန်ပြီး သက်သေပြပေးပါ့မယ်)


ရန်ပြုသူကို မျက်လွှာလေးချပြီး မေတ္တာသုတ်လေးရွတ်ပြီး စခန်းခဏလိုက်ခဲ့ပါလို့ပြောရင် အရိုးတခြား အသားတခြားဖြစ်သွားမှာပေါ့...


ဒီတော့ ဆူပူအကြမ်းဖက်မှုတွေရဲ့အဆုံးသတ်ကို သိနေကြတာပဲ။ ဗကပရဲ့လမ်းစဉ်ကိုမလိုက်ပါနဲ့။ UG တွေရဲ့ဝါဒမှိုင်းမှာ မစီးမျောကြပါနဲ့။ ကီးဘုတ်ဖိုက်တာတွေမြှောက်ပေးတိုင်း နားမယောင်ပါနဲ့....


သွေးထွက်သံယိုများလာလို့ အမေရိကန်တပ်လည်း ဝင်ကူမယ် မထင်ပါနဲ့။ လုံးဝ မကူပါဘူး။ ပထဝီဝင်နိုင်ငံရေးအရ ဘယ်တော့မှကူမှာမဟုတ်ပါဘူး...


ပြောချင်တာကတော့ သပိတ်တိုက်ပွဲက မအောင်မြင်နိုင်ပါဘူး။ မထွက်ပါနဲ့တော့။ ဒေါ်လာစား UG တွေလုပ်စားနေတာကို ခင်ဗျားတို့က စတေးခံနေရတာပါ...


ဒီထက်ပိုပြီးဇွတ်တိုးလဲ ခင်ဗျားတို့ထိုက်နဲ့ ခင်ဗျားတို့ကံပဲလို့ပြောရပါလိမ့်မယ်။ ဘယ်အစိုးရမဆို တိုင်းပြည်တွင်း ဆူပူအကြမ်းဖက်တွေကို ရအောင်ထိန်းချုပ်မှာပါ...


ဦးပြည့်

 လက်နက်ရဖို့လွယ်ခဲ့သလား (1)

=================


        မြန်မာ့တပ်မတော်တွက် လက်နက်ကြီးငယ်တွေ ရရှိဖို့ ဘယ်လို ရုန်းကန်ခဲ့ကြရသလဲ ဆိုတာ ကြွားဝါခြင်း ကင်းတဲ့ သတင်းထုတ်ပြန်ချက်များ နဲ့ လျှို့ဝှက်အပ်သော အကြောင်းအရာတွေကြောင့် လူငယ်တွေ မသိခဲ့ကြသေးပါဘူး။


       တခါက ရေးခဲ့ဖူးတဲ့ ဦးသန်းရွှေ ရဲ့ မြေအောက်လှိုင်ခေါင်း နဲ့ လက်နက်စက်ရုံများ ရယ် ညူကလီးယားတပ် ဒုံးပျံနည်ပညာများ ရယူရန် ကြိုးပမ်းမှုတွေရယ် အကြောင်း အတော်များများ သိပြီး ဖြစ်ပါတယ် ။ 


      ယခု ရေးပြချင်တာက မြန်မာ့တပ်မတော် ( ကြည်းတပ် )အတွက် အသက်သွေးကြော ဖြစ်တဲ့ လက်နက်ငယ်များ အတွက်ပင်လျှင် ခဲရာခက်ဆစ် ကြိုးပမ်းခဲ့ပုံတွေကို တင်ပြချင်ပါတယ် ။ 


      အင်္ဂလိပ်တွေဟာ မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် ၁၀ နှစ်ကြာ အပြင်းအထန် နှိမ်နင်းယူခဲ့ရတဲ့ တော်လှန်ရေးသမားများကြောင့် မြန်မာများကို စစ်ပညာ လက်နက် ခဲယမ်း များနဲ့ ပါတ်သက်ပြီး သင်းသတ်ခဲ့ပါတယ် ။ 


      ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်ရောက်လာချိန်မှာတော့ တချိန်က အရှေ့တောင်အာရှရဲ့ လျှမ်းလျှမ်းတောက် မြန်မာ့တပ်မတော် မျိုးဆက်များဟာ ဘယ်ညာဘယ်ညာတောင် မှန်အောင် မနင်းတတ်တော့ပါဘူး။ ဒါကြောင့် ဂျပန်ကို ဆရာတင်ပြီး စစ်ပညာကို မူလတန်းအဆင့်ကနေ ပြန်သင်ခဲ့ပြရပါတယ် ။ 


     ဒီလိုနဲ့ ဂျပန်ခေါ်ပြီး အင်္ဂလိပ်ကို တိုက် တယ် နောက်တော့ အင်္ဂလိပ်ခေါ်ပြီး ဂျပန်ကို ပြန်တိုက်ရင်း အတွေ့အကြုံလေး ရလာပါပြီ ။ ၁၉၄၈ မှာ လွတ်လပ်ရေး ပေးတော့ အင်္ဂလိပ်တွေ ပေးခဲ့တဲ့ မီးကျိုးမောင်းပျက် လက်နက်အစုတ်လေးတွေရယ် အစုတ်ထဲက အကောင်းတွေက ကရင်လူမျိုးတွေ လက်ထဲမှာ ရောက်နေတာရယ် ကြုံရပါပြီ ။


     နိုင်ငံရေး သမားတွေ စားခွက်လုရင်း ပြဿနာပေါင်းစုံ တက်လာပြီး ဗကပ နဲ့ ကရင် အပါအဝင် တက်မတော် တပ်ရင်းတွေပါ တောခို ကုန်ကြပါတယ် ။ 


      ဦးနေဝင်းဟာ လက်ကျန်တပ်ရင်း ၁၀ ရင်းလောက်နဲ့ ဆက်လက်တိုက်ပွဲဝင်ခဲ့ရပါတယ် ။ လက်နက်ခဲယမ်းအတွက် အနောက်နိုင်ငံတွေက ရောင်းချမပေးခဲ့သလို တရုတ်ကတော့ ဗကပကို မြေတောင်မြောက်ပံ့နေလို့ မြန်မာ့ တပ်မတော်ဟာ ယိုင်နဲ့နဲ့ပဲ ရှိပါတော့တယ် ။ 


     ငွေပေးဝယ်တာတောင် မရောင်းကြလို့ အထီးကျန်နေတဲ့ မြန်မာ့တပ်မတော်ကို အိန္ဒိယကနေ လက်နက်ခဲယမ်း ကူညီခဲ့လို့ အသက်ရှူပေါက် ချောင်ခဲ့ရပါပြီ ။ ရလာတဲ့ လက်နက်ခဲယမ်းတွေ နဲ့ ပြည်တွင်းသူပုန်သာမက ပြည်ပက တရုတ်ဖြူတွေကိုပါ ထိရောက်အောင် ခက်ခဲစွာ တိုက်ခိုက်ခဲ့ရပါတယ် ။ 


       လက်နက်ခဲယမ်းကို သူတပါးအား မှီခိုနေရင် တနေ့ ငါးပါးမှောက်မှာပဲလို့ ဦးနေဝင်းက ရှင်းရှင်းပြတ်ပြတ် စဉ်းစားပြီး ကိုယ်တိုင် ထုတ်လုပ်နိုင်အောင် ကြိုးစားပါတော့တယ် ။ 


      ပထမဆုံး အီတလီထုတ် 9 mm 1245 ဆပ်မရှင်းဂန်းတွေကို BA 52 (နေဝင်းစတင်း) ဆိုပြီး စက်ရုံလိုက်ဝယ်ပြီး ရန်ကုန်အင်းယားကန်အနီးမှာ ထုတ်လုပ်ခဲ့ပါတယ် ။ 


      အဲဒီနောက် ယိုယွင်းနေတဲ့ ပြည်တွင်း နိုင်ငံရေး စီးပွါးရေး လူမျိုးရေး ကိစ္စတွေကို ရှင်းလင်းဆောင်ရွက်ပြီး အခြေကျပြီ ဆိုတာ နဲ့ ဦးနေဝင်းဟာ ၁၉၇၀ မှာ သူရဲ့ လက်နက်စီမံကိန်း ပြန်စခဲ့ပါတယ် ။ 

        

      ဦးနေဝင်းဟာ အီတလီထက်ကောင်းတဲ့ အစီအစဉ်တွေကို ကြိတ်ပြီး ဆောင်ရွက်ခဲ့ပါတယ် ။ သူဟာ အနောက်ဂျာမဏီကို လူသူမသိအောင် ၁၉၇၀ မှာ သွားပြီး အစိုးရနဲ့ ညှိနှိုင်းပါတယ် ။ ဒုတိယကမ္ဘာစစ်ကြောင့် အမေရိကန်နဲ့ ဥရောပကို အခဲမကျေသေးတဲ့ ဂျာမဏီကလည်း ဦးနေဝင်းကို ကူညီခဲ့ပါတယ် ။


        ဂျာမဏီအစိုးရဟာ သူ့နိုင်ရဲ့ ကမ္ဘာကျော် လက်နက်ကုမ္ပဏီ Heckler & Koch နဲ့ ဆက်သွယ်ပြီး စာချုပ် ချုပ်ဆိုပေးခဲ့ပါတယ် ။ လက်နက်စက်ရုံများအား လှို့ဝှက်စွာ တည်ဆောက်ပေးရန် ဒေါ်လာ 419 သန်းတန် စာချုပ် ချုပ်ဆိုခဲ့ပါတယ် ။ 


     77•4 သန်းကို လက်ငင်းပေးချေပြီး 342•3 သန်းကိုတော့ ဂျာမန်အစိုးရထံမှ ချေးယူပြီး ချုပ်ဆိုနိုင်ခဲ့ပါတယ် ။ ဦးနေဝင်းရဲ့ သံတမန်စွမ်းရည်ကြောင့် ဆိုရင် ငြင်းစရာ လိုမယ် မထင်ပါဘူး ။ 


       Heckler & Koch ကုမ္ပဏီကြီးဟာ နာမည်ကျော် M 16 ၊ M 203 grenage Lanche များနဲ့ အခြားနာမည်ကျော် ရိုင်ဖယ်များ ၊ ဆပ်မရှင်းဂန်းများ ၊ အတွဲလိုက်ပစ်လောင်ချာများ နဲ့ မြန်မာ့တပ်မတော်ရဲ့ လက်စွဲတော် G2 G3 G4 တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးဖြစ်ပါတယ် ။ 


     ဦးနေဝင်းဟာ GDP ကျဆင်းနေတဲ့ ကြားထဲက ယခုလို လက်နက်တွေ မဖြစ်မနေဝယ်ခဲ့တဲ့ အကြောင်းတွေကတော့ အိမ်နီးခြင်းဖြစ်တဲ့ ဘင်္ဂလားကတောင် တရုတ်ထုတ် M 21 M23 အသစ်တွေ ဝယ်သုံးနေလို့ ဖြစ်ပါတယ် ။ 


   (ဦးနေဝင်းဟာ တိုင်းပြည်ရဲ့ နိုင်ငံရေး လှုပ်ခတ်စပြုလာတဲ့ ၁၉၈၇ တနှစ်တည်းမှာပဲ သွင်းကုန်တန်ဖိုး ဒေါ်လာသန်းပေါင်း 54022 သန်းရှိရာမှာ အများစုက စစ်လက်နက်စက်ရုံတွေအတွက် ဖြစ်နေပါတယ် ။)


       ၁၉၇၀ ခုနှစ်က ဂျမဏီမှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ Heckler & Koch မှ စေလွတ်လိုက်တဲ့ Fritz Werner ကနေ ပထမဆုံး စက်ရုံအဖြစ် နာမည်ကျော် G3 စက်ရုံ လာတည်ပါတော့တယ် ။ 


     နောက် ဒုတိယစက်ရုံအဖြစ် F 62 ကျည်သုံးရိုင်ဖယ်စက်ရုံ နဲ့ 9mm သုံး စက်ရုံတွေကို ပြည်မြို့မှာ တည်ဆောက်ခဲ့ပါတယ် ။ ဆက်တိုက်ဆိုသလိုပဲ ၁၉၇၀ မှ ၁၉၈၀ အတွင်း TNT အကြီးစားပေါက်ကွဲမှု စက်ရုံအပါအဝင် ကပစ ပိုင် စက်ရုံပေါင်း ၁၂ ရုံကို Fritz Werner ကနေ လှို့ဝှက် ဆောပ်လုပ်ပေးခဲ့ပါတယ် ။ 


     ပြည် ၊ ဆင်တဲ ၊ ထုံးဘို ၊ ပန်းတောင်း ၊ ညောင်ခြေထောက် ၊ မကွေး စတဲ့ နေရာတွေမှာ တပ်မတော်ရဲ့ လက်နက်ငယ် စက်ရုံတွေ အများအပြားကို ကမ္ဘာက လုံးဝ မသိအောင် တည်ဆောက်နိုင်ခဲ့ပါတယ် ။ 


      ဂျာမဏီပညာရှင်တွေ ဒီလေါက်ဝင်ထွက်နေပြီး လှုပ်ရှားနေကြတာကို ကမ္ဘာက မသိအောင် မြန်မာအစိုးရကရော Fritz Werner ကရော ပိရိသေသပ်စွာ လှည့်စားဆောင်ရွက်ခဲ့တာ တွေ့ရပါတယ် ။ 


     ကြောင်လက်ဝှက်လိုလူစားလို့ တင်စားခဲ့ကြရတဲ့ ဥာဏ်ကြီးရှင် ဦးသန်းရွှေရဲ့ ဆရာ ဦးနေဝင်းရဲ့ လှည့်စားပုံကလဲ အလွန်လှပ သေသပ်ပြီး လောင်းကစားသမားလို ပြောရမယ်ဆိုရင် ၂ ကျပ်ကွက် နင်းနိုင်ခဲ့တယ်လို့ ပြောရမှာပါပဲ ။ 


      ဦးနေဝင်းက Fritz Werner ကုမ္ပဏီကို ဒီလို လှည့်စားခိုင်းလိုက်ပါတယ် ။ Fritz Werner ကုမ္ပဏီသည် မြန်မာပြည်အတွက် အရေးတကြီး လိုအပ်နေသောသော လုပ်ငန်းများဖြစ်တဲ့ အုတ်လုပ်ငန်း ၊ အရက်ချက်လုပ်ငန်း ၊ မောင်ဗမာစက်ဘီးစက်ရုံ ၊ တာယာစက်ရုံ ၊ ဘော့ပင်စက်ရုံ စတဲ့ လုပ်ငန်းတွေကို ဗန်းပြအနေနဲ့ လုပ်ပေးပါဆိုပြီး တောင်းဆိုပါတယ် ။ 


    ကုမ္ပဏီကလည်း သဘောတူပြီး လုပ်ပေးတော့ တိုင်းပြည်အတွက် အဲဒီခေတ်အခါက များစွာအထောက်အကူပြုခဲ့ပါတယ် ။ မြန်မာအစိုးရနဲ့ Fritz Werner တို့ဟာ စီးပွါးဖက် အဆင့်ထက် ကျော်လွန်တဲ့ ခင်မင်ရင်းနှီးမှုများ တည်ဆောက်နိုင်ခဲ့ပါတယ် ။ မြန်မာအစိုးရကလည်း ကုမ္ပဏီကို သူတိူ့ တသက်တာ ဂုဏ်ယူစေရမယ့် လက်ဆောင်တခု ပြန်လည်ပေးအပ်လိုက်ပါတယ် ။ အဲဒီ အထူးလက်ဆောင်ကတော့ ,........?

crd #####


လက်နက်ရဖို့ လွယ်ခဲ့သလား (2)

=====================


         Fritz Werner ကုမ္ပဏီရဲ့ ရုံးချုပ်ဟာ လိုင်ဆန်ဟိုင်မြို့မှာ တည်ရှိပါတယ် ။ ကုမ္ပဏီ ရုံးချုပ်ရှိ အဝင်လမ်းမကြီးမှာ ရုံးချုပ်အတွက် ဥရောပမှာ လုံးဝမရှိနိုင်တဲ့ မန္တလေး နန်းတော်ရဲ့ ပုံစံတူကို ဗိသုကာအနုစိတ်လက်ရာ နဲ့ ခမ်းနားကြီးကျယ်စွာ တည်ဆောက်ပေးခဲ့ပြီး Fritz Werner အတွက် ရင်သပ်ရှုမော ဂုဏ်ယူဖွယ်လက်ဆောင်ပေးအပ်ခဲ့ပါတယ် ။ 


         ဦးနေဝင်း နဲ့ Fritz Werner ကုမ္ပဏီတို့ဟာ အကျိုးအမြတ် အတွက် ပေါင်းသင်းနေကြခြင်းထက် အများကြီး ပိုမိုနက်ရှိုင်းတဲ့ သံယောဇဉ်တွေ နဲ့ ရစ်ပါတ်မိသွားကြပါပြီ ။ 


       Fritz Werner ကုမ္ပဏီကလည်း ဦးနေဝင်း လက်ဆောင်ပေးလိုက်တဲ့ ဂုဏ်ယူဖွယ် မန္တလေးနန်းတော် ပုံစံတူ အနုစိတ်အဆောက်အဦးကို ဝမ်းမြောက်ဝမ်းသာ လက်ခံပြီးနောက် ခေတ်နောက်ကျနေတဲ့ မြန်မာနိုင်ငံ အတွက် အဖက်ဖက်မှ ကူညီပါတော့တယ် ။ 


     Fritz Werner ဟာ မြန်မာပြည်မှာ အဆင့်မှီ ဓာတ်မြေသြဇာစက်ရုံ ၊ ဓာတ်ငွေ့တူးဖော်ရေး စက်များ ၊ အထည်ချုပ်စက်ရုံ ၊ ဝါဇီငွေစက္ကူစက်ရုံ ၊ ငွေဒင်္ဂါးစက်ရုံ အစရှိတဲ့ စက်ရုံတွေကို ငွေကြေး အကျိုးမြတ် မရယူပဲ တည်ဆောက်ပေးလိုက်ပါတယ် ။ 


       မဆလ ခေတ်ရဲ့ အကြီးစား စက်မှုလုပ်ငန်း အားလုံးနီးပါးဟာ Fritz Werner က တည်ဆောက်ပေးခဲ့တာတွေ ချည်းပဲ ဖြစ်ပါတယ် ။ အဲဒါကြောင့် ကစလ ထုတ် ပစ္စည်းတွေရဲ့ အရည်အသွေးဟာ တန်းမှီလမ်းမှီ ရှိခဲ့တာ သိမှီသူတွေ အများကြီး ရှိပါသေးတယ် ။ 


   ၈၈ အရေးအခင်း ဖြစ်သွားတဲ့ အတွက် ဂျာမဏီမှ ကားစက်ရုံများ မြန်မာပြည်သို့ လာရောက်တည်ဆောက်မယ့် စီမံချက် ပျက်သွားရတာကတော့ တိုင်းပြည်အတွက် နစ်နာလှပါတယ် ။ 


         Fritz Werner က မြန်မာပြည်တွက် အဖိုးတန်သတ္တုများ ရှာဖွေရေး လုပ်ငန်းကိုလည်း ဆောင်ရွက်ပေးခဲ့ကြပါတယ် ။ အနောက်ရိုးမ တောင်တန်းပေါ်ကို ဂျာမန် ဘူမိပညာရှင်များ ရွှေ နဲ့ သတ္တု သွားရှာကြပါတယ် ။ 


        ဒေသခံ အလုပ်သမားခေါင်းဆောင်က မိုင်းတွင်းဟောင်း တခုကို ခေါ်သွားလို့ ကျောက်နမူနာများကို ယူသွားကြပါတယ် ။ ဂျာမန်ပညာရှင် အမျိုးသမီးက ဒေသခံ အလုပ်သမား ခေါင်းဆောင်ကို နမူနာ ကျောက်တွေပေးခဲ့ပြီး နောက်တခေါက် ပြန်လာရင် မင်းတို့မိသားစု ချမ်းသာအောင် လုပ်ပေးမယ်လို့ ပြောသွားပါတယ် ။ 


       ဒါပေမယ့် ၈၈ အရေးအခင်း ဖြစ်ပြီးနောက် ပြန်မလာကြတော့ပါဘူး ။ ဒေသခံအလုပ်သမားကလည်း နမူနာ ကျောက်အနည်းငယ်ကို သံငရုပ်ဆုံနဲ့ ထောင်းပြီး ရွှေကျင်ယူကြည့်ရာ သမီးအတွက် နားကပ်တရံရသည်အထိ ရွှေပါဝင်ခဲ့တာ တွေ့ရပါတယ် ။ 


        အရေးအခင်းပြီးတော့ တာဝန်ကျလာတဲ့ အရာရှိကို အဲဒီအကြောင်း ပြောပြတော့ အရမ်းစိတ်ဝင်စားတာ နဲ့ လက်ကျန် နမူနာကျောက်ကို တောင်းယူပြီး ဓာတ်ခွဲ စစ်ဆေးကြည့်ကြပါတယ် ။ 


      အဲဒီအခါ လက်ပတောင်းတောင်ထက် အဆင့်မြင့်တဲ့ ကြေးနီ နဲ့ ရွှေရာခိုင်နှုံး အတော်များများ ပါဝင်နေတာ တွေ့ရပါတယ် ။ 


      အဖြေရတာနဲ့ ချက်ခြင်းပဲ ဘူမိပညာရှင်ပါ တွဲဖက်ပြီး မိုင်းတွင်းဟောင်းဆီ ကိုယ်တိုင်သွားရောက်၍ ကျောက်နမူနာ ယူရန် စေခိုင်းပါတယ် ။ မိုးမပြတ်သေးတဲ့ ကာလမှာ ကားလမ်းမကနေ တောင် ၂ လုံး ၃ လုံး ကျော်အောင် ခက်ခဲစွာ သွားရပါတယ် ။ 


    ဘူမိပညာရှင်ကတော့ လမ်းဆုံးအောင် မလိုက်နိုင်တော့လို့ ထားခဲ့ရပါတယ် ။ မိုင်းတွင်းဟောင်းကို ရောက်တော့ တွင်းက သဘာဝမိုးဒဏ်ကြောင့် ပြိုကျနေပါပြီ ။ အတွင်းပိုင်းကို ဝင်မရတော့ပါဘူး ။ 


     မြွေပေါတယ်ဆိုလို့ လက်နက်ကို သတိနဲ့ ကိုင်ပြီး တွင်းဝက ကျောက်နမူနာပဲ ယူပြီး ပြန်လာကြရပါတယ် ။ ယင်းတွင်းဝက နမူနာအရပင် စီးပွါးဖြစ် ထုတ်လုပ်နိုင်ကြောင်း စမ်းသပ်အဖြေထွက်လာလို့ တူးဖော်ဖို့ စိတ်ကူးကြပါတယ် ။ 


    အဲဒီအချိန်မှာပဲ လက်ပန်းတောင်းတောင် ပြဿနာကြီးက အမျှင်မပြတ် ကြီးထွားလာနေလို့ ဆိုင်းငံ့ထားကြတာ ယနေ့ထိပဲ ဖြစ်ပါတယ် ။ 


       Fritz Werner နဲ့ မြန်မာအစိုးရဟာ လက်နက်ငယ် စက်ရုံကိစ္စများသာ မကပဲ မြန်မာ့တပ်မတော် ရဲ့ လေ့ကျင့်ရေး ကိစ္စများအထိ သိုသိပ်စွာ ပူးပေါင်းဆောင်ရွက်လာကြပါတယ် ။ 


      ဦးနေဝင်းဟာ သူစိတ်ကူးထားတဲ့ ပထမ ခြေလှမ်းအပြီးမှာ ဒုတိယခြေလှမ်းအတွက် စတင်ပြင်ဆင်လိုက်ပါတယ် ။ အဲဒါကတော့ လက်နက်ကြီးများကို ပြည်တွင်းမှာ ထုတ်လုပ်နိုင်ရန် Fritz Werner နဲ့ စတင်ဆွေးနွေးပါတယ် ။ 


       နှစ်ပေါင်းများစွာ ကမ္ဘာ့စပိုင်များရဲ့ မျက်စေ့အောက်မှာ သိုသိပ်စွာ တည်ဆောက်ခဲ့တဲ့ စစ်လက်နက်ငယ် စက်ရုံများနဲ့ လက်နက်ကြီးထုတ်မယ့် အစီအစဉ်တွေဟာ ထုံးစဲအတိုင်း ပြည်တွင်း သစ္စာဖောက်များကြောင့် ပေါက်ကြားသွားရပြန်ပါပြီ ။ 


      မြန်မာ့တပ်မတော် နဲ့ Fritz Werner တို့ရဲ့ စစ်ရေးဆက်ဆံနေမှုတွေ အပေါ် ဂျာမဏီ သတင်းသမား တဦးကနေ မြန်မာ့တပ်မတော်ဟာ ဓာတုလက်နက်တွေ သုံးနေပြီဆိုပြီး အလန့်တကြား ပုံကြီးချဲ့ ရေးသားလိုက်ပါတော့တယ် ။ 


     ဒီတော့ မြန်မာကို အမြဲတမ်း ဒုက္ခပေးနေတဲ့ အမေရိကန် နဲ့ သြစတေးသျှတို့ကလည်း သံယောင်လိုက်ပြီး အော်လာကြပါတယ် ။ ဆက်ဒမ်ဟူစိန်သဲုးခဲ့တဲ့ Mustard Gas တွေကို မြန်မာတွေ ထုတ်နေပြီတဲ့ ။


      Fritz Werner နဲ့ ပေါင်းပြီး အီတလီက ဆာလ်ဖာ ကုန်ကြမ်းဝယ်ယူကာ အခြားကုန်ကြမ်းတွေကို ပြည်တွင်းမှာ ထုတ်လုပ်ပြီး CW လက်နက်တွေ ထုတ်လုပ်နေတာ ပိုင်ဆိုင်တော့မယ် ဆိုပြီး စွပ်စွဲကြပါတယ် ။


      1985 မှ 1987 အထိ Fritz Werner ကို အင်္ကြးအကျယ် ရှုံ့ချကြပြီး မြန်မာဟာ အနာဂါတ်မှာ ဓာတုလက်နက်တွေ ပိုင်လာမှာ သေချာတယ် ဆိုပြီး အမေရိကန် နဲ့ အင်္ဂလန် အပါအဝင် ဥရောပနိုင်ငံတွေက ပြောဆိုကြပါတယ် ။ 


    ဆက်ဒမ်ဟူစိန်ကို ဓာတုဗေဒပစ္စည်းတွေ ရောင်းပေးခဲ့တဲ့ အမေရိကန် နဲ့ အင်္ဂလန်တို့ဟာ မျက်နှာပြောင်စွာပဲ မြန်မာနဲ့ Fritz Werner တို့ရဲ့ ဆက်ဆံရေး ပြတ်တောက်အောင် တိုက်တွန်းနေကြတာ ရီစရာပါပဲ ။ ကနောင်မင်းသားခေတ် အနှောက်အယှက်တွေကို သတိရဖွယ် ဖြစ်နေပါတယ် ။ 


     အဲဒီပြဿနာတွေ တက်နေတုန်းမှာပဲ မြွေပူရာ ကင်းမှောက်ဆိုသလို ပြည်တွင်းက အနှောက်အယှက်လည်း ပေါ်လာပြီး ပြည်ပအဖျက်သမားတွေကို အားဖြည့်ပေးတဲ့ အကွက် ဖန်တီးလာပြန်ပါတယ် ။ 


     ပြည်တွင်းက ဖန်တီးတဲ့ ပြဿနာကတော့ ...........?


(ဒီအကြောင်းအရာများနဲ့ အချက်အလက်များကို မြန်မာပြည်သား Star Shinster ACC မှ မှီငြမ်းထားပါတယ် ။ ပထမပိုင်းမှာ ဖော်ပြရန် မေ့သွားသလို မူရင်းပို့စ်ကိုလည်း ဆက်သွယ်မရလို့ ခွင့်မတောင်းနိုင်တော့ပဲ ဒီအတိုင်း ရေးလိုက်ရပါတယ် ။ )


         မျိုးဝင်း

crd ####


လက်နက်ရဖို့ လွယ်ခဲ့သလား (3)

=====================


           ကမ္ဘာ့မီဒီယာတွေမှာ မြန်မာ့တပ်မတော် နဲ့ CW လက်နက်ကိစ္စ ဖောင်းပွလာချိန်မှာ ဇောင်းထလာခဲ့တာက ထိုင်းနယ်စပ်က KNLA အဖွဲ့ပဲ ဖြစ်ပါတယ် ။ 


      KNLA အဖွဲ့က ကြေငြာလိုက်ပါတယ် မြန်မာ့လေတပ်က CW နဲ့ တိုက်ခိုက်ခဲ့လို့ ပြင်းထန်တဲ့ ရောဂါလက္ခဏါတွေ ခံစားနေရပါတယ် ဆိုပြီး လုပ်ကြံသတင်း ထပ်ဆင့် လွှင့်ကြပါတယ် ။ 


      ၈၈ အရေးခင်းဖြစ်တော့ ဆူပူသောင်းကျန်းတဲ့ သူတွေကို ပစ်ခတ်နှိမ်နင်းရာမှာ G3 G4 တွေ ပွေ့ဖက် ပစ်ခတ်နေတဲ့ မြန်မာ့တပ်မတော်သားတွေရဲ့ ဓာတ်ပုံတွေကို မီဒီယာအသီးသီးက မျက်နှာဖုံးသတင်းအဖြစ် ဝေဝေဆာဆာ တက်ညီလက်ညီ ဖော်ပြကြပြီး ရှုံ့ချကြပါတယ် ။ 


      သူတို့ရဲ့ပစ်မှတ်က မြန်မာ့တပ်မတော် အင်အားချိနဲ့စေရေးအတွက် Friz Werner နဲ့ ခွါပြဲအောင် တမင် လုပ်နေကြတာပါပဲ ။ Fritz Werner အနေနဲ့လည်း လက်နက်ကြီး ကဏ္ဍ အထိ တက်လှန်းဖို့ ဆွေးနွေးထားပေမယ့် ရှေ့ဆက်တိုးဖို့ ခက်ခဲနေရပါပြီ ။ 


           1991 မှာ အမေရိကန် နဲ့ အင်္ဂလန်တို့က မြန်မာ့တပ်မတော်အတွက် လက်နက်ခဲယမ်းနဲ့ ကုန်ကြမ်းများ လုံးဝပြတ်တောက်သွားစေရန် အတွက် ယုတ်မာစွာနဲ့ unoffilicl ကုန်ကူးသန်းမှုနဲ့ လက်နက်ရောင်းချမှုကို ပိတ်ပင်လိုက်ပါတယ် ။ 


      1992 မှာတော့ ဥရောပသမဂ္ဂမှ UN ရီဗော်လူးရှင်း ချမှတ်၍ ထပ်မံပြီး တင်းကျပ်တဲ့ ပိတ်ဆို့မှုတွေ ချမှတ်ကာ မြန်မာ့တပ်မတော်ကို အင်အားချိနဲ့ သေဆုံးပျက်ဆီးရန် သင်းသတ်ဖို့ အားသွန်ခွန်စိုက် ယုတ်မာကောက်ကျစ်စွာ လုပ်ဆောင်ခဲ့ကြပါတယ် ။


       ဂျမဏီ အစိုးရ နဲ့ Fritz Werner ကုမ္ပဏီအပေါ်ကိုလည်း ဖိအားအမျိုးမျိုးပေးပြီး မြန်မာကို ဆက်လက်မကူညီဖို့ တောင်းဆိုကြပါတယ် ။ မြန်မာ့နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲမှု ၊ ဦးနေဝင်းအနားယူသွားမှု နဲ့ ဖိအားအမျိုးမျိုးတို့ကြောင့် Fritz Werner ကုမ္ပဏီဟာ သူသံယောကြီးတဲ့ မြန်မာပြည်ကနေ ဆုတ်ခွါသွားကြပါတယ် ။ 


      ၈၈ မတိုင်မှီအထိ မြန်မာ့တပ်မတော် ရဲ့ တခုတည်းသော စစ်လက်နက် နဲ့ နည်းပညာများ ထောက်ပံ့ပေးနေသူ ဖြစ်တဲ့ ဂျာမဏီ ရှိ Fritz Werner ရဲ့ လမ်းခွဲမှုဟာ မြန်မာပြည်အတွက်တော့ ကံဆိုးခြင်းပါပဲ ။ ပြည်တွင်း သစ္စာဖောက်များ နဲ့ ပြည်ပ မိစ္ဆာများတို့ ရီမောသံများ သောသော ညံနေကြပါပြီ ကော ။ 


        မြန်မာ့တပ်မတော်အတွက် ဦးနေဝင်းရဲ့ plan အတိုင်း အလိုက်သင့် စီးမျှောလိုက်ပါခဲ့ရာမှ မထင်မှတ်ပဲ နိုင်ငံရေး တဆစ်ချိုးကွေ့သွားတဲ့ အခိုက်အတန့်မှာ ပြည်တွင်း ပြည်ပ ပယောဂများကြောင့် မိမိတို့ရဲ့ ရည်မှန်းချက်ကို လက်မြောက် အရှုံးပေးပြီး စွန့်ပစ်မယ် ထင်ကြပါသလား ? ။ 


       ဘယ်ပေးမလဲဗျာ နိုင်ငံတော် ကာကွယ်ရေး အတွက် အလွန်လိုအပ်နေတဲ့ ခေတ်မှီ လက်နက်နဲ့ နည်းပညာတွေကို ရရှိနိုင်ဖို့ PLAN A B C မက ရေးဆွဲပြီးသားမို့ ကမ္ဘာကို မျက်လှည့်ပြပြီး ဆက်လက်ဆောင်ရွက်ခဲ့တာပေါ့ ဗျာ ။ 


      မြန်မာရဲ့ Plan B ဟာ ဘယ်သူမှ ထင်မှတ်မထားတဲ့ စင်္ကာပူပဲ ဖြစ်ပါတယ် ။ သူ့ရဲ့ သမိုင်းကြောင်းကလည်း ရှိခဲ့တာကိုး ဗျ ။ ၁၉၈၄ တုန်းက စင်္ကာပူဟာ မြန်မာနဲ့ ကုန်သွယ်ခဲ့ရာမှာ ဂျပန် နဲ့ ဂျာမဏီ ပြီးရင် 15 % နဲ့ တတိယနေရာမှာ ရှိခဲ့ပါတယ် ။ 


      လက်နက်ဝယ်ယူခွင့် ပိတ်ပင်ထားတဲ့ မြန်မာနိုင်ငံကို မဟာမိတ်လက်နက်ခဲယမ်းများ စင်္ကာပူ ဆိုတဲ့ စာတမ်းထိုးထားတဲ့ သေတ္တာ ရာပေါင်းများစွာဟာ မြန်မာပိုင် ကြယ်ငါးပွင့် သင်္ဘော ၂ စီး အပြည့် ရောက်လာပါတယ် ။ မင်္ဂလာဒုံ တပ်မတော် သိုလှောင်ရုံများသို့ ညဖက် အမှောင်ချပြီး လူသူမသိအောင် ရွှေ့ပြောင်းခဲ့ကြပါတယ် ။


     ပစ္စည်းတွေက မြန်မာ့တပ်မတော်အတွက် လိုအပ်နေတဲ့ ကိုယ်တိုင်မထုတ်နိုင်သေးသော အရေးကြီး စစ်လက်နက်တွေဖြစ်ပါတယ် ။


     ဆွီဒင် နိုင်ငံ FFV လိုင်စင်နဲ့ စင်္ကာပူ CIS မှ ထုတ်လုပ်တဲ့ သောင်းကျန်းသူတွေ ဖင်တုန်အောင် ကြောက်ရတဲ့ 84 mm Carlgusgv နောက်ပွင့် နှင့် ခဲယမ်းများ ၊ ဘယ်လ်ဂျီယံ နှင့် အစ္စရေးထုတ် 40 mm RPG 2 လောင်ချာများ နဲ့ 57 mm သေနတ်များ ပါဝင်ပါတယ် ။ 


(လက်ဘနွံကနေ အစ္စရေးတွေ သိမ်းပိုက်ထဲက ပါလာတဲ့ လက်နက်တွေကို စင်္ကာပူကတဆင့် မြန်မာပြည်ရောက်လာတယ်လို့ မီဒီယာတွေက ဖွကြပါသေးတယ် )


      စင်္ကာပူနဲ့ အဲလို လက်တွဲခဲ့ဖူးတော့ PLAN B အရ သူ့ကိုပဲ ယာယီဦးစားအနေနဲ့ ရွေးချယ်ခဲ့ပါတယ် ။ 


       ၈၈ နောက်ပိုင်း စျေးကွက်စီးပွါးရေးစနစ် ပြောင်းလဲလိုက်တဲ့ အတွက် စင်္ကာပူအတွက်လည်း မြန်မာဟာ ကုန်သွယ်မှု အရင်းအမြစ် နိုင်ငံ ဖြစ်လာခဲ့ရပါတယ် ။ 


      လီကွမ်ယူနဲ့ဦးနေဝင်းဟာ ရင်းနှီးတဲ့ ဆက်ဆံရေးရှိကြပြီး မြန်မာပြည်ပေါက် တရုတ်သံအမတ် မစ္စချန်ဘောင်လီ ကြောင့် ပိုမိုနွေးထွေးတဲ့ ဆက်ဆံရေးကောင်း ဖြစ်ထွန်းလာပါတယ် ။ 


      မစ္စချောင်ဘောင်လူနဲ့ လီကွမ်ယူတို့ ပူးပေါင်းပြီး မြန်မာပြည်ကို ကူညီကယ်တင်ခဲ့တဲ့ သမိုင်းဖြစ်ရပ်မှန်လည်း ရှိခဲ့ဖူးပါတယ် ။ ( ယခင် အသေးစိတ် ရေးသားခဲ့ဖူးပေမယ့် ယခု အနည်းငယ် ထပ်မံ တင်ပြပါ့မယ်)


      ၈၈ အရေးအခင်း အပြီးမှာ တပ်မတော်က အာဏာအရပ်ရပ်ကို တာဝန်ယူပြီးနောက် ပြည်တွင်းနိုင်ငံရေး အကြပ်အတည်းကို အခွင့်ကောင်းယူပြီး ဗကပ များက မိုင်းယန်း နဲ့ KNU များက မဲသဝေါမှာ ထိုးစစ်အကြီးကြီးတွေ ဆင်နွဲကြပါတယ် ။ 


     မြန်မာ့တပ်မတော်ဟာ တရုတ်ရဲ့ အကူအညီနဲ့ ခေတ်မှီလက်ခဲယမ်းများအား ဖောချင်းသောချင်း သုံးပြီး မိုင်းယန်းကို တိုက်ခိုက်နေတဲ့ ဗကပ များနဲ့ အနောက်အုပ်စုရဲ့ ထောက်ပံ့မှုများနဲ့ ပေါများနေတဲ့ ခေတ်မှီလက်နက်ခဲယမ်းတွေကို အလျှံပယ်သုံးနေတဲ့ KNU တို့ ကို အပြင်းအထန် ကာကွယ်နေရပါတယ် ။ 


    နိုင်ငံရဲ့ မြေပုံ ပြောင်းလဲသွားနိုင်တဲ့ အဆိုပါ တိုက်ပွဲကြီးများအတွက် မြန်မာ့တပ်မတော်မှာ လက်နက်ငယ်တွေ ပဲ ပြည်တွင်းထုတ်မို့ အလုံလောက်ရှိခဲ့ပေမယ် လက်နက်ကြီး ခဲယမ်းတွေ ကုန်သလောက် ရှိသွားပါပြီ ။ 


    အဲဒါကို သိသွားတဲ့ မစ္စချန်ဘောင်လီဟာ စင်္ကာပူကို ချက်ခြင်းသွားပြီး လီကွမ်ယူနဲ့ ညှိနှိုင်းကာ ရက်လွန် ခဲယမ်းများအား ဖျက်ဆီးရန် မြန်မာအား ကံထရိုက်ပေးလိုက်သည် ဆိုပြီး 81 mm ဗုံးသီး တသိန်း နဲ့ ဖျက်ဆီးခ ဒေါ်လာ တသိန်းကို အမြန်ပေးပို့လိုက်ပါတယ် ။ 


   အချိန်မှီရောက်လာတဲ့ စင်္ကာပူ 81 mm များနဲ့ ဗုံးမိုးရွာခဲ့ရာ ဗကပရော KNU ရော ဆုတ်ခွါသွားကြရပါတယ် ။ မြန်မာပြည်မြေပုံ အပျိုစင်အတိုင်းကျန်နေသေးတာ လီကွမ်ယူ နဲ့ မစ္စချန်ဘောင်လူတို့ ကျေးဇူးကြောင့်ပါပဲ ။ 


     တက်မတော်ရဲ့ ရွေးချယ်မှု မှန်ကန်ခဲ့ကြောင်းကို စင်္ကာပူဟာ နောက်ထပ်ကြီးမားတဲ့ အထောက်အကူများနဲ့ သက်သေပြခဲ့ကြပြန်ပါတယ် ။ အဲဒီလုပ်ဆောင်ချက်တွေကတော့.............?

crd #####


လက်နက်ရဖို့ လွယ်ခဲ့သလား (4)

====================


          1990 မှာ ရွေးကောက်ပွဲ နဲ့ ပါတ်သက်ပြီး ဆွီဒင်က ဦးဆောင်ကာ မြန်မာနိုင်ငံကို အပြင်းအထန် ရှုံ့ချရန် ကုလသမဂ္ဂသို့ အဆိုမူကြမ်းတင်သွင်းရေးဆွဲရာတွင် စင်္ကကာပူက မြန်မာ့ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရန် ပြင်းပြင်းထန်ထန် ကန့်ကွက်ပေးခဲ့ပါတယ် ။ 


    ထို့အပြင် လီကွမ်ယူက ဒေါ်စုကြည်ရဲ့ အရည်အချင်းနဲ့ မြန်မာနိုင်ငံကို နိုင်နင်းအောင် ကိုင်တွယ်နိုင်စွမ်းမရှိသဖြင့် ဒီမိုကရေစီရဲ့ ပြယုတ်အနေနဲ့သာ နေသင့်ကြောင်း ပြင်းထန်မှန်ကန် တိကျစွာ ဝေဖန်ခဲ့ပါတယ် ။ 


      1991 မှာ တရုတ်ထံမှ ဝယ်ယူခဲ့တဲ့ လက်နက်ဖိုး US$ 400 သန်းအား စင်္ကာပူဘဏ်မှ တဆင့် ပေးချေခဲ့ပါတယ် ။ ဒါကြောင့် ဥရောပနိုင်ငံများမှ စင်္ကာပူသည် မြန်မာအား လက်နက်များ တိုက်ရိုက်ရောင်းချပေးရုံ မကဘူး တဆင့်ခံ Gray Maret အဖြစ်ပါ ဆောင်ရွက်ပေးနေတယ်လို့ ဝေဖန်ခဲ့ပေမယ့် ဇီးရွက်လောက် စင်္ကာပူက သောက်ရေးတောင် မလုပ်ခဲ့ပါဘူး ။


       ၈၈ နောက်ပိုင်း စျေးကွက်စီးပွါးရေးစနစ် ပြောင်းလဲကျင့်သုံးခဲ့ရာမှာ ပြည်ပ ရင်ူနှီးမြှပ်မှုများ အလုံးအရင်း နဲ့ ဝင်လာကြရာ တိုင်းပြည်လည်း ချက်ခြင်းဖွံ့ဖြိုးလာပါတယ် ။ 


      ပြည်သူတွေအတွက် အလုပ်အကိုင် ဝင်ငွေ များပြားလာပြီး လူသုံးကုန်ပစ္စည်းများ ပေါများလာခြင်းတို့ကြောင့် အာဏာသိမ်း စစ်အစိုးရ ၊ 1990 ရွေးကောက်ပွဲကို အာဏာမလွှဲတဲ့ စစ်အစိုးရဆိုတဲ့ အမြင်တွေ မရှိကြတော့ပါဘူး ။ 


    ရိုးသားတဲ့ ပြည်သူတွေ တိုးတက်ပျော်ရွှင်နေကြပြီး စစ်အစိုးရကို အပြစ်မမြင်တော့တာကို မရှုစိမ့်တဲ့ ဒေါ်စုကြည်ဟာ မြန်မာပြည်ကို စီးပွါးရေး ပိတ်ဆို့ပေးဖို့ ယုတ်မာစွာ တောင်းဆိုလိုက်ပါတယ် ။ 


    အညွှန့်တလူလူ တက်နေတဲ့ မြန်မာ့စီးပွါးရေးဟာ ဒေါ်စုကြည်ရဲ့ ယုတ်မာမှုကြောင့် ပြန်လည်ရုတ်သိမ်းသွားတဲ့ စက်ရုံလုပ်ရုံတွေနဲ့ အတူ လျောကျနိမ့်ဆင်း သွားရပြန်ပါတယ် ။ ဗိုလ်ချုပ်တွေ ခိုးလို့ တိုင်းပြည်ဆင်းရဲနေတာ မဟုတ်ပါဘူး ဒေါ်စုကြည် ယုတ်မာလို့ ဆင်းရဲခဲ့ရတာပါ ။ 


        စီပွါးရေး ပိတိဆို့လိုက်လို့ မြန်မာတွေ ရုတ်ချည်း အခြေပျက်သွားချိန်မှာ စင်္ကာပူဟာ 1997 မှာ US$ 1•1 ဘီလီယံ ရင်းနှီးမြှပ်နှံပြီး မြန်မာ့စီးပွါးရေးကို ကျားကန်ပေးခဲ့ပါတယ် ။ 


    ပရောဂျက်ပေါင်း 50 ကျော်အနက် ဒေါ်လာ 166 သန်း ရင်းနှီးမြှပ်နှံခဲ့တဲ့ သံလျှင် ကျောက်တန်း စက်မှုဇုံစီမံကိန်း နဲ့ ဒေါ်လာ သန်း 50 ရင်နှီးမြှပ်နှံခဲ့တဲ့ သီလဝါဆိပ်ကမ်း တည်ဆောက်ရေးတို့ဟာ ထင်ရှားလှပါတယ် ။ 


      ဥရောပ အုပ်စုက ပိတိဆို့ထားတဲ့ လက်နက်ရောင်းဝယ်မှုကို မြန်မာက စင်္ကာပူကတဆင့် ရရှိအောင် ဆောင်ရွက်ခဲ့ရာမှာ တဆင့်ခံဖြစ်နေလို့ စျေးနှုံးမြင့်မားကောင်း မြင့်မားနေမှာ ဖြစ်ပေမယ့် မြန်မာ့တပ်မတော်အတွက် မရှိမဖြစ် လိုအပ်လှတဲ့ လက်နက်ခဲယမ်း ကွင်းဆက်ပျက်မသွားအောင် စီမံနိုင်တာကိုက ချီးမွှမ်းဖို့ ထိာက်တန်ပါတယ် ။ 


     ထိုအချိန်က စင်္ကာပူမှတဆင့် အရေးကြီးလက်နက်တွေ အဖြစ် M 16 နဲ့ 7•62 ကျည်ဆံများ ၊ ဆက်သွယ်ရေးကရိယာများ ၊ 120 mm ၊ 81 mm ၊ 60 mm တို့လို အကြီးစား အလတ်စား အပေါ့စား မော်တာများ နဲ့ ကျည်ဆံများ ၊ မြေမြှပ်မိုင်းများ ၊ တင့်ဖျက်မိုင်းများ တဆင့်ခံ ဝယ်ခဲ့ရပါတယ် ။ 


       1991 ထုတ် Asian Aviation ဂျာနယ်ကတော့ စင်္ကာပူကနေ BAe ဒိုင်းနမိုက် Bloodhound MK 2 SUM မြေပြင်မှဝေဟင်ပစ်လက်နက် အများအပြားနဲ့ ဒုံးပျံပစ်မှတ်များကို အထောက်အကူပြု ထင်ရှားစေသော စကော်ပီယွန် ရေဒါ ၃ ခုကို ပေးခဲ့တယ် လို့ ဖော်ပြထားပါတယ် ။ 


      ထောက်လှမ်းရေးနည်းပညာများ ၊ အထူးစစ်ရေးလေ့ကျင့်မှုများ ၊ ကာကွယယ်ရေးနည်းပညာများ ကူညီပေးခဲ့ပါတယ် ။ ဒီ့အပြင် Bilateral ဆက်ဆံရေးမျိုး တည်ဆောက်ပြီး စင်္ကာပူစစ်တက္ကသိုလ်မှာ မြန်မာအရာရှိတွေ သင်တန်းတက်ခွင့်ပေးခဲ့ပါတယ် ။ 


   လေတပ်အရာရှိများ နဲ့ လေထီးတပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေးခဲ့ပါတယ် ။ ထို့နောက် မြန်မာပြည်သို့ စင်္ကာပူ စသ်တက္ကသိုလ်မှ နည်းပြများလာရောက်ပြီး မြန်မာ့အမြှောက်တပ်ကို ပစ်ခတ်လေ့ကျင့်မှုများ ပေးကြရာမှာတော့ မြန်မာ့အမြောက်တပ်ရဲ့ အတွေ့အကြုံ နဲ့ စွမ်းရည်ကို စင်္ကာပူတွေ လေးစားသွားကြပါတယ် ။


       စင်္ကာပူဟာ ဖော်ကာ 50 သို့မဟုတ် C 130 လေယာဉ်တွေနဲ့ မြန်မာပြည်ကို ပုံမှန်လာရောက်ပြီး Navigationcl training နဲ့ လှို့ဝှက်သတင်းအချက်အလက် စုဆောင်းခြင်း Intelligence Collection များ ပုံမှန်ဆောင်ရွက်ခဲ့ကြပါတယ် ။


     အဲဒီနောက် စင်္ကာပူဟာ ကာကွယ်ရေးဝန်ပြီးဌာနရဲ့ ကွန်ပြူတာများကို အဆင့်မြှင့်တင်ပေးပြီး Regional Military Command 12 ခုကို အဆင့်မြင့် ဆက်သွယ်ရေးစနစ်များနဲ့ လဲလှယ် တပ်ဆင်ပေးခဲ့ပါတယ် ။ 


     တပ်မတော်အတွက် သူတို့ အကျွမ်းကျင်ဆုံးနယ်ပယ်ဖြစ်တဲ့ Ministary 's Cyber War Center ကို ဖွင့်လှစ်ပေးခဲ့ပါတယ် ။ ဒီတော့ သောင်းကျန်းသူတွေ ရဲ့ အချင်းချင်း ဆက်သွယ်မှုတွေကို ထောက်လှမ်းသိရှိနိုင်ခဲ့ပါတယ် ။ 


     ဒီလိုနဲ့ ခေတ်မမှီတော့တဲ့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စနစ်ဟောင်းများကို ပြေင်းပြန်လှန်ပြီး စနစ်သစ်နဲ့ လဲလှယ်ပေးလိုက်တဲ့ စင်္ကာပူရဲ့ ကူညီမှုကြောင့် ကာကွယ်ရေးဝန်ကြီး ဌာနဟာ ကီးပတ်ဖုန်း ကနေ နောက်ဆုံးပေါ် I phone ပြောင်းကိုင်ရသလို ပြောင်းလဲ တိုးတက်သွားပါတယ် ။ 


      ဦးသန်းရွှေက ဦးနေဝင်းရဲ့ မိတ်ဆွေကောင်း Fritz Wsrner နေရာမှာ စင်္ကာပူကိုရွေးချယ်နိုင်ခဲ့ကြတာဟာ အလွန်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ကြောင်း ချီးကျူးကြရမှာဖြစ်ပါတယ် ။ 


    1997 မှာ စင်္ကာပူဟာ မြန်မာအတွက် အင်မတန် အဖိုးတန်တဲ့ လက်ဆောင်မွန်တခု ပေးပ်ဖို့ စီစဉ်ခဲ့ပါတယ် ။ စင်္ကာပူနိုင်ငံပိုင် Chartered Industries Of Singapore ကုမ္ပဏီက အစ္စရေးပညာရှင်များ အကူအညီနဲ့ ထုတ်လုပ်ရန် အသင့်ဖြစ်နေတဲ့ လက်နက်စက်ရုံ အသစ်တခုကို တည်ဆောက်ခဲ့ပါတယ် ။


   စင်္ကာပူမှာ လက်နက်စက်ရုံ သစ်ကို စမ်းသပ်လည်ပတ်ပြီး 37mm Calibre လက်နက်နဲ့ ခဲယမ်းတွေကို ထုတ်လုပ်ပါတယ် ။ အားလုံးအဆင်ပြေပြီ ဆိုတာ နဲ့ စက်ရုံကို အလုံးလိုက် မြန်မာပြည်ကို ရွှေ့ပြောင်းပြီး လွှဲအပ်လိုက်ပါတော့တယ် ။ 


    မြန်မာ့တပ်မတော်တွက်တော့ Modular စက်ရုံ အသစ်စက်စက်ကို လက်ခံရရှိလိုက်တာဟာ အနာဂါတ် အတွက် လက်နက်ကြီးများ ကိုယ်ပိုင်ထုတ်လုပ်ရန် အတွက် အရေးပါတဲ့ အထောက်အကူကြီး ဖြစ်ခဲ့ရပါတယ် ။ 


      ဒါတင်မကပါဘူး မေမြို့ရှိ ကာကွယ်ရေးနည်းပညာတက္ကသိုလ်အတွက် ခေတ်မှီစက်ကရိယာများ ပံ့ပိုးပေးပြီး အနာဂါတ် ခဲယမ်းကျွမကျင်သူများ မွေးထုတ်နိုင်ရန် ထောက်ပံ့ခဲ့ပါတယ် ။ 


     အနောက်နိုင်ငံများရဲ့ ဝေဖန်မှုတွေကို ဆတ်ဆတ်ထိမခံ တုန့်ပြန်တတ်တဲ့ စင်္ကာပူရဲ့ သတ္တိကတော့ နေရာတကာခေါင်းငုံ့ခံနေရတဲ့ လက်ရှိမြန်မာအစိုးရအတွက် ရှက်စရာပါပဲ ။ 


      စစ်အစိုးရဟာ အချိန်နဲ့အမျှ အင်အားတည်ဆောက်ခဲ့ရာ ၈၈ မတိုင်မှီက အင်အား

တသိန်းရှစ်သောင်း ရှိရာမှ ၁၉၉၇ မှာ အင်အား လေးသိန်း ကျော်ရှိလာပြီး ငါးသိန်းအထိ တိုးချဲ့ဖို့ ဆောင်ရွက်နေပါတယ် ။ 


     စစ်လေယာဉ် ၁၄၀ ၊ ရေယာဉ် ၃၀ ၊ တင့်ကားအများအပြား ၊ သံချပ်ကာ အများအပြား ၊ Multiple Lanch ရော့ကတ်များ ၊ အမြောက်ကြီးများ ကို ကိုယ်တိုင် ထုတ်နိုင်လာပါပြီ ။ 


    အခက်အခဲများကြားထဲကနေ တပ်မတော်ဟာ ကြည်း ရေ လေ အင်အားစုတွေကို တိုးတက်လာအောင် ကျားကုတ်ကျားခဲ ဆောင်ရွက်လာခဲ့ရာမှ စစ်အင်အား လက်နက်အင်အားဟာ ထိုက်အလျှောက် ဖြစ်ထွန်းလာခဲ့ရပါပြီ ။ 


     စင်္ကာပူဟာ မြန်မာကို တရုတ်လက်အောက်ခိုဝင်မှာ မလိုလားသလို သူနဲ့ ဆက်ဆံတဲ့နေရာမှာ မည်သည့် နိုင်ငံရေးဖိအား စီးပွါးရေးဖိအားကြောင့်မှ မဟုတ်ပဲ မိတ်ဆွေပီသစွာ ကူညီခြင်းဖြစ်ကြောင်း သိစေလိုဟန် ရှိပါတယ် ။


    စင်္ကာပူ တွက်ဆတာကလည်း မြန်မာသည် တနေ့နေ့ တချိန်ချိန်မှာ အရှေ့တောင်အာရှရဲ့ စစ်အင်အားကြီး နိုင်ငံတခု မလွဲမသေ ဖြစ်လာမှာပဲ လို့ တွက်ဆထားပါတယ် ။ ဒါကြောင့် မြန်မာနဲ့ ကျောခြင်းကပ်ပြီး မိတ်ဆွေကောင်းလုပ်ထားရင် အခြေအနေကောင်းနိုင်ကြောင်း ယူဆခဲ့ပါတယ် ။ 


   မြန်မာကတော့ စင်္ကာပူရဲ့ ကူညီမှုအတွက် တရုတ်နဲ့တန်းတူသဘောထားပြီး အထူးအလေးပေး ဆက်ဆံခဲ့ကြပါတယ် ။ ဒါပေမယ့် ဦးသန်းရွှေရဲ့ မျှော်မှန်းချက်ဟာ အဆမတန်မြင့်မားလွန်းလှပါတယ် ။ မိတ်ဆွေ စင်္ကာပူရဲ့ ကူညီနိုင်စွမ်းဟာ အစွမ်းကုန်နေပါပြီ ။ ဦးသန်းရွှေက ဒီထက်မက အဆင့်မြှင့်ဖို့ ရည်ရွယ်ထားတော့ နောက်ထပ် မိတ်ဆွေကောင်း ရွေးချယ်ပြန်ရပါတယ် ။


    ဦးသန်းရွှေ နောက်ထပ် ရွေးချယ်တဲ့ မိတ်ဆွေက မြောက်ကိုးရီးယားလို့ မပြောနဲ့နော် မဟုတ်ဖူးဗျ သူရွေးလိုက်တာက ......?


           မျိုးဝင်း

crd #####


လက်နက်ရဖို့ လွယ်ခဲ့သလား (5)

====================


         ဦးသန်းရွှေရဲ့ စစ်ဘက်မိတ်ဆွေ ရှာဖွေတဲ့ နေရာမှာ အင်မတန်ဆရာကျလှတာကို တွေ့ရပါပြီ ။ အများထင်ထားတဲ့ ရုရှားမဟုတ်ပါဘူး ။ အဲဒီအချိန်က ရုရှားကို ပညာတော်သင်များ အုပ်စုလိုက် တသုတ်ပြီး တသုတ် စေလွှတ်ပေးခဲ့တာ မှန်ပေမယ့် ဦးသန်းရေ ဒီအဆင့် တိုးမြှင့်ရေးလောက်ကို မျှော်မှန်းပြီး လုပ်ခဲ့တာ မဟုတ်ပါဘူး ။ 


      ယခု ဦးနေဝင်းလွန်ကာလ အတွက် ကြိုးပမ်းနေတာက လက်နက်ကြီး အများအပြား ထုတ်လုပ်ပိုငိဆိုင်နိုင်ပဲ ဖြစ်ပါတယ် ။ ရုရှားကို စေလွှတ်ရတာက ဒီထက် ကြီးမားလှတဲ့ ရည်မှန်းချက်ကြီး အတွက် စေလွှတ်ထားခဲ့တာပါ ။ ဆင်ကို လယ်ထွန်ခိုင်းဖို့ ဦးသန်းရွှေ စိတ်ကူးမှာ မဟုတ်ပါဘူး ဗျာ ။ 


        ဦးသန်းရွှေ ရွေးချယ်လိုက်တဲ့ တတိယမြောက် ပါတနာကတော့ မြန်မာရဲ့ အဓိကရန်သူ အမေရိကန်ရဲ့ မဟာမိတ် အစ္စရေးပဲ ဖြစ်ပါတယ် ။ အစ္စရေးကို ဦးသန်းရွှေ ဘာကြောင့် ရွေးခဲ့ရသလဲ ဆိုတော့ အစ္စရေး နဲ့ မြန်မာတို့ရဲ့ လှပရဲ့ အတိတ်ဇာတ်လမ်း နဲ့ ကျေးဇူးခံ ကျေးဇူးစား ရှိခဲ့လို့ပါပဲ ။ 


      ဒီနေရာမှာ အစ္စရေးရဲ့ အတိတ်သမိုင်းကြောင်းကို အကျဉ်းမျှ သိထားမှသာ နာလည်ကြမှာဖြစ်လို့ မသိသေးသူများ အတွက် ရေးခွင့်ပြုပါဗျာ ။ သိပြီးသားဆရာများ အတွက် တောင်းပန်ပါတယ် ။ 


   အစ္စရေးလို့ ခေါ်တဲ့ ဂျူးလူမျိုးတွေဟာ မူလတုန်းက ယခု ဂျေရုဆလင်မှာ နေခဲ့ကြတဲ့ တိုင်းရင်းသားတွေ ဖြစ်ပါတယ် ။ ခရစ်တော်ပေါ်လာတော့ ခရစ်တော်ကို အရေးယူဖို့ လိုက်ရှာကြတဲ့ စစ်သားတွေက ခရစ်တော်ကို မမြင်ဖူးတော့ ဖမ်းမရဖြစ်နေခဲ့ပါတယ် ။


     ဂျူးလူမျိုးတယောက်က သူ့ကို ပြား ၆၀ ပေးရင် ခရစ်တော်ကို လိုက်ပြမယ်ဆိုပြီး ခရစ်ယန်ဘုရား ကို ဂျူးလူမျိုးက ပြား ၆၀ နဲ့ ရောင်းစားသတဲ့ ။ အဲဒီအကုသိုလ်ကံကြောင့်ပဲလား မသိဘူး သူတို့ရဲ့ ဂျေရုဆလင်ကို အာရပ် (ပါလက်စတိုင်း) တွေက သိမ်းပိုက်ပြီး နှင်ထုတ်လိုက်တော့ ဂျူးတွေဟာ ဥရောပတိုက်မှာ ခြေသလုံးအိမ်တိုင် နိုင်ငံမဲ့တွေ အဖြစ် နေခဲ့ရပါတယ် ။ 


    ဂျေရုဆလင်ကိုတော့ အာရပ် (ပါလက်စတိုင်း) တွေလက်ထဲကနေ အင်္ဂလိပ်က သိမ်းပိုက်ထားပြန်ပါတယ် ။


     ဒုတိယ ကမ္ဘာစစ်အပြီးမှာ ဟစ်တလာမသတ်နိုင်လို့ ကျန်နေတဲ့ ဥရောပက ဂျူးတွေကို စုပေါင်းပြီး အင်္ဂလိပ်တွေက သူတို့ သိမ်းထားတဲ့ ဂျူးတွေရဲ့ မူလဇာတိ ဂျေရုဆလင်မှာ နေရာချထားပေးခဲ့ပါတယ် ။ 


     အာရပ်တွေက ပူညံပူညံလုပ်နေကြပေမယ့် အင်္ဂလိပ် အရှိန်အဝါကြောင့် ရန်မပြုနိုင်သေးပါဘူး ။ အတ္တလန်တာ ချာတာ စာချုပ်အရ ကိုလိုနီ နယ်တွေကို လွတ်လပ်ရေး ပေးတော့ အင်္ဂလိပ်တွေက ဂျေရုဆလင်ကို ဘယ်သူ့ပေးရမှန်း မသိဘူး ဖြစ်ပုံရပါတယ် ။ ဒီတော့ နိုင်တဲ့ကောင် နေပေတော့ ဆိုပြီး ဒီအတိုင်း ထားသွားတယ် ဗျာ ။ 


     အဲဒီမှာပဲ ပါလက်စတိုင်း နဲ့ အစ္စရေး စစ်ပွဲတွေဖြစ်နေခဲ့တာ အခုထိပဲ ။ လူဦးရေ ၃ သန်းလောက်ရှိတဲ့ အစ္စရေးကို လူဦးရေသန်း ၁၀၀၀ လောက်ရှိတဲ့ အာရပ်တွေက အစိမ်းလိုက်ဝါးစားဖို့ ကြိုးစားကြပေမယ့် သူတို့ပဲ သေခြင်းဆိုးနဲ့ သေကုန်ရတဲ့အထိ အစ္စရေးက အံ့မခန်းတိုက်ခိုက်ပြီး ခုခံနိုင်ခဲ့ပါတယ် ။ 


       ဒီလိုနဲ့ 7-12-1949 မှာ အစ္စရေး နိုင်ငံထူထောင်ကြောင်း ကြေငြာတော့ ပါလက်စတိုင်းနဲ့ အာရပ်နိုင်ငံများက ကန့်ကွက်ကြပါတယ် ။ ကုလသမဂ္ဂမှာ မဲခွဲဆုံးဖြတ်တဲ့ အဆင့်ရောက်လာတော့ အစ္စရေးအတွက် အာရှတိုက်က မဲ မမျှော်လင့်ရဲတဲ့ အနေအထား ရှိနေလို့ စိုးရိမ်ဖွယ် ဖြစ်ခဲ့ရပါတယ် ။ 


     အဲဒီမဲပေးပွဲမှာ အစ္စရေးနိုင်ငံထူထောင်နိုင်ဖို့ အရေးပါတဲ့ အာရှတိုက်ရဲ့ ပထမဆုံးထောက်ခံမဲကို မြန်မာက စပြီးပေးလိုက်ပါတယ် ( ယခင်ကတော့ နောက်ဆုံး ဆုံးဖြတ်ပေးမယ့် မဲ လို့ ကြားဖူးပါတယ်) ။ အစ္စရေးအတွက်တော့ မြန်မာပြည်ဟာ သူ့အတွက် အလွန်ရေးပါတဲ့ မိတ်ဆွေအဖြစ် ရင်ထဲ ထည့်သွင်းသွားပြီ ဖြစ်ပါတယ် ။ 


           နောက် အစ္စရေးနဲ့မြန်မာတို့ရဲ့ သံတမန် ဆက်ဆံရေးကို 1953 မှာ ထူထောင်လိုက်တော့ မိတ်ဆွေစစ်ငတ်နေရှာတဲ့ အစ္စရေးအတွက် လွန်စွာ အားတက်ဖွယ် နိုင်ငံရေးအားဆေးကြီး ဖြစ်သွားပါတော့တယ် ။ အစ္စရေးရှိ လမ်းတခုအား Burma Road ဆိုပြီး မှည့်ခေါ်တဲ့အထိ ဂုဏ်ပြုခဲ့ကြပါတယ် ။ 


       1954 မှာ မြန်မာတို့ရဲ့ စစ်မစ်ရှင်တဖွဲ့ဟာ အစ္စရေးသို့ သွားရောက်ပြီး ကာကွယ်ရေးဗျူဟာများနဲ့ အရံတပ်များ ဖွဲ့စည်းပုံ အမျိုးသမီးစစ်သည်များ အကြောင်း လေ့လာခဲ့ကြပါတယ် ။ အစ္စရေးတွေကလည်း မြန်မာတို့ သိလိုတဲ့ အကြောင်းတွေကို ဝမ်းသားအားရ ရှင်းပြခဲ့ကြပါတယ် ။ 


        ရှမ်းပြည်တောင်ပိုင်း အင်တောကျောက်ဂူ ဒေသရှိ ဘသိန်းတင်တို့ရဲ့ ဗကပ အခြေခံစခန်းများအား ပြည်သူ့စစ်များနဲ့ ဝန်းရံပိတ်ဆို့ ချေမှုန်းခြင်း ၊ ဧရာဝတီတိုင်း၌ ပြည်သူစစ်ဗျူဟာ နဲ့ ဖြတ်လေးဖြတ် စနစ်သုံးကာ အမြစ်ဖြတ်နိုင်ခဲ့ခြင်းတွေဟာ အစ္စရေးဆီက ဗျူဟာတွေနဲ့ ပေါင်းစပ်ထားတာ ဖြစ်ပါတယ် ။


      1954 မှာပဲ အစ္စရေးက အင်အားနည်းနေတဲ့ မြန်မာ့လေတပ်အတွက် စပစ်ဖိုင်းယား တပတ်ရစ်တွေကို လက်နက်ခဲယမ်းများ ၊ အင်ဂျင်အပိုများနဲ့ အစီးရေ ၃၀ ရောင်းချပေးခဲ့ပါတယ် ။ မြန်မာလေယာဉ်မှူး ၆ ဦးကိုလည်း အစ္စရေးမှာပဲ လေ့ကျင့်ပေးခဲ့ပါတယ် ။


     1955 မှာတော့ ဖြစ်တည်စ အစ္စရေးနိုင်ငံအတွက် သမိုင်းသစ်တခု ဦးနုက ရေးထိုးခဲ့ပြန်ပါတယ် ။ ဦးနုဟာ နိုင်ငံတော်ဝန်ကြီးချုပ်ရာထူး နဲ့ အစ္စရေးကို လည်သွားခဲ့ပါတယ် ။ အစ္စရေးနိုင်ငံကို တရားဝင်ဝန်ကြီးချုပ်တယောက်က တရားဝင်အလည်အပတ် လာခဲ့တာဟာ ကမ္ဘာမှာ ဦးနုက ပထမဆုံးပါပဲ ။ 


      အစ္စရေး နိုင်ငံကို အသိအမှတ်မပြုဖို့ ကြိုးစားနေကြတဲ့ အာရပ်ကမ္ဘာအတွက် ကျိတ်မနိုင် ခဲမရ ဖြစ်ရသလောက် အစ္စရေးအတွက်တော့ ဦးနုဟာ တန်ဖိုးဖြတ်မရတဲ့ လူတယောက်ဖြစ်ခဲ့ရပါပြီ ။ 


     စီးပွါးရေးစာချုပ် အများအပြား ရေးထိုးနိုင်ခဲ့ပါတယ် ။ အစ္စရေးတို့ရဲ့ စိုက်ပျိုးရေး နည်းစနစ်များ နဲ့ သမဝါယမ ဘုံ လယ်ယာစနစ်တွေကို လေ့လာပြီး မြန်မာပြည်မှာ စမ်းသပ်စိုက်ပျိုးခဲ့ကြပါတယ် ။


      မြန်မာ့တပ်မတော်ကတော့ ပြည်သူစစ်မဟာချမှတ်ခြင်း ၊ အမျိုးသမီးစစ်သည်များ ဖွဲ့စည်းခြင်း တို့ကို အစ္စရေးပုံစံအတိုင်း ဆောင်ရွက်ခဲ့ပါတယ် ။ တပ်မတော်အတွက် 1951 ကတည်းက ကာကွယ်ရေးဘက်ဂျက်ကို ဖြည့်စွက်နိုင်ရန် ရည်ရွယ်ပြီး Defence Services Institute (DSI) ကို ဖွဲ့စည်းပြီးဖြစ်ပါတယ် ။


( ယနေ့ နိုင်ငံရေး သမားများ ရန်ရှာနေသော ဦးပိုင် နဲ့ MEC ရဲ့ မူရင်း အဖွဲ့ကြီးကို ဒီမိုကရေစီခေတ် 1951 ကတည်းက ထူထောင်ခဲ့တာကို ဘယ်နိုင်ငံရေးသမား အချောင်သမားတွေကမှ ထုတ်ဖော်ပြောခဲ့ခြင်း မရှိပါဘူး)


    အစ္စရေး ဆောက်လုပ်ရေး ကုမ္ပဏီများနဲ့ တပ်မတော်ရဲ့ DSI တို့ ပူးပေါင်းပြီး ဆောက်လုပ်ရေး ပရောဂျက်များစွာကို တည်ဆောက်ခဲ့ကြပါတယ် ။ 


       အစ္စရေးဟာ မြန်မာ့တပ်မတော်အတွက် လိုအပ်နေတဲ့ ရိုင်ဖယ် အလက် ငါးသောင်းကို ရောင်းချပေးခဲ့ပါတယ် ။ တပ်မတော်ထောက်လှမ်းရေး အဖွဲ့ကိုလည်း မော့ဆက်က နည်းပညာနဲ့ အကူညီများပေးခဲ့တယ်လို့ ဆိုပါတယ် ။ 


      ဒါတွေအပြင် မြန်မာ့တပ်မတော် ဗိုလ်သင်တန်းအား နည်းပညာများ မျှဝေပေးနိုင်ရန် အစ္စရေး ဗိုလ်သင်တန်းကျောင်းမှ ပညာရှင်များအား စေလွှတ်၍ ကူညီစေခဲ့ပြန်ပါတယ် ။ 


     နှစ်နိုင်ငံ တပ်မတော်ခြင်း ဆက်ဆံရေးဟာ အင်မတန် အဆင်ပြေလှတဲ့ အတွက် အစ္စရေးရဲ့ ကမ္ဘာကျော် စစ်ဦးစီးချုပ် မိုရှေဒါယမ်း နဲ့ ကာကွယယ်ရေး ဝန်ကြီး ရှီမွန်ပီယက်တို့ မြန်မာပြည်ကို ဦးနေဝင်းက အိမ်စောင့်အစိုးရအဖြစ် တာဝန်ယူထားရတဲ့ 1958 မှာ အလည်ရောက်လာခဲ့ပါတယ် ။ 


    1958 မှာပဲ ဦးနေဝင်းဟာ အိမ်စောင့်အစိုးရရဲ့ ခေါင်းဆောင်အနေနဲ့ အစ္စရေးကို သွားရောက် လည်ပတ်ခဲ့ပြီး 1959 မှာ အစ္စရေး သမ္မတ ယက်ဇစ်ဗန်ဇီဗီ အလည်ထပ်လာပါတယ် ။ 


     ဦးနုလက်ထက် 1961 မှာ အစ္စရေး ဝန်င်္ကြးချုပ် ဒေးဗစ်ဘင်ဂူရီယံ အလည်လာပါတယ် ။ အစ္စရေးတွေကတော့ 


"အစ္စရေးအတွက် မြန်မာနဲ့ မိတ်ဆွေဖွဲ့နိုင်ခဲ့တာဟာ သူ့ရဲ့ အိပ်မက်တခု ကောင်အထည်ပေါ်လာတာ ဖြစ်ပြီး အာရပ်အသိုင်းအဝိုင်းကို ကျော်လွန်ကာ တတိယကမ္ဘာရဲ့ လက်ခံမှုကို ရရှိခြင်း ဖြစ်ပါတယ် " 


     လို့ ပြောကြပါတယ် ။ 


      အဲဒီလို သမိုင်းနဲ့ချီပြီး ဆက်ဆံရေးကောင်းခဲ့တဲ့ အစ္စရေးဟာ သူ့ရဲ့ အဓိက မဟာမိတ် အမေရိကန်ရဲ့ သဘောထားကြောင့် မြန်မာကို ခပ်လှမ်းလှမ်းကသာ စောင့်ကြည့်နေရတဲ့ အခြေအနေ တခုဖြစ်ပေါ်ခဲ့ရပါတယ် ။


     မြန်မာပြည်အတွက် အလွန်အမင်း အကျပ်အတည်း ကြုံခဲ့ရတဲ့ ၈၈ အရေးအခင်း အပြီး မိုင်းယမ်း မဲသဝေါ တိုက်ပွဲများ ဖြစ်နေတော့ မိတ်ဆွေအစ္စရေးတို့ဟာ လက်ပိုက်ကြည့် မနေနိုင်တော့ပဲ သူ့မိတ်ဆွေ အမေရိကန် နဲ့ ကမ္ဘာကို လှည့်စားပြီး မြန်မာပြည်ကို ကူညီမှု အကြီးကြီး ပေးခဲ့ပြန်ပါတယ် ။ 


     အစ္စရေးတွေကူညီခဲ့တာကတော့.......?


           မျိုးဝင်း

crd #####

လက်နက်ရဖို့ လွယ်ခဲ့သလား (6)

====================


          အစ္စရေးတို့ဟာ မြန်မာကို ကူညီဖို့ အတွက် စဉ်းစားတဲ့ နေရာမှာ သူတို့စက်ရုံတွေ လက်နက်ခဲယမ်းတွေ နဲ့ ကူညီမယ် ဆိုရင် အမေရိကန် နဲ့ ဥရောပက ကန့်ကွက်ကြမှာကို သိနေပါတယ် ။ 


       ဒါပေမယ့် မြန်မာအတွက် ရေကန်အသင့် ကြာအသင့် ဖြစ်နေတာ တခုလည်း ရှိနေပါတယ် ။ အဲဒါကတော့ အစ္စရေး နဲ့ လက်ဘနွန်တိုက်ပွဲ ဖြစ်သွားပြီးနောက် အစ္စရေးတို့ လက်ရသိမ်းပိုက်မိထားတဲ့ လက်နက်ခဲယမ်းတွေ အများအပြား ရှိနေခြင်းပဲ ဖြစ်ပါတယ် ။ 


     အဲဒီလက်နက်ခဲယမ်းတွေကို စင်္ကာပူသို့ လိပ်မူပြီး စင်္ကာပူမှ တဆင့် မြန်မာသို့ အခပေးဖျက်ဆီးရန် အကြောင်းပြချက်နဲ့ ပေးပို့ခဲ့တဲ့ 81 mm များနဲ့ ရောနှောပြီး အရောက်ပို့ပေးခဲ့ပါတယ် ။ 


         ပြည်တွင်း နိုင်ငံရေး စစ်ရေးပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေရပြီး အားအင်ချိနဲ့နေတဲ့ တပ်မတော်အတွက် စင်္ကာပူ နဲ့ အစ္စရေးတို့ ပေးပို့လိုက်တဲ့ လက်နက်ခဲယမ်းများဟာ ငှက်သိုက် နဲ့ ကျောက်သွေး ရောတိုက်လိုက်သလို အားအင်ပြည့်ဖြိုးလာခဲ့ရပါတယ် ။ 


    ဘာတေးလစ်တနာက လက်ဘနွန်စစ်ပွဲရဲ့ လက်နက်ခဲယမ်း မှောင်ခိုစျေးကွက်ကြီးဟာ ကြီးမားများပြားသလောက် အဆုံးသတ်ပန်းတိုင်ဟာ မြန်မာနိုင်ငံဖြစ်နေပါလား ဆိုပြီး ရေးသားခဲ့ပါသေးတယ် ။ 


      1991 မှာတော့ အစ္စရေးပညာရှင်တွေ မြန်မာပြည်ကို ရောက်လာပါတယ် ။ မြန်မာ့တပ်မတော် အထူးတပ်ဖွဲ့အတွက် အသုံးပြုမယ့် 9 mm Uzi Submachine guns များ ရောင်းချရန် သို့မဟုတ် ထုတ်လုပ်ရန် အတွက် အကူအညီလာပေးတယ်လို့ ဝေဖန်ခဲ့ကြပါတယ် ။ အစ္စရေးတွေလာပြီး မကြာခင်မှာပဲ BA 94 အမျိုးအစားကို မြန်မာက ထုတ်လုပ်ခဲ့တာ တိုက်ဆိုင်မှုလားတော့ မဆိုနိုင်ပါဘူး ။ 


       Fritz Werner က ထုတ်လုပ်ခဲ့တဲ့ 7•62 mm ကျည်သုံး G3 G4 အစား 5•56 mm ကျည်သုံး Infantry Assault Rifle များထုတ်လုပ်နိုင်ရန် အစ္စရေးက ထပ်မံလာရောက်ပြီး ကူညီပံ့ပိုးပေးခဲ့ပါတယ် ။ မြန်မာနဲ့အစ္စရေးတို့က ငြင်းဆိုခြင်း ဝန်ခံခြင်း မပြုပဲ ဦးသန်းရွှေရဲ့ ထုံးစံအတိုင်း ဘာသိဘာသာပဲ နေပြလိုက်ပါတယ် ။


      သို့သော် မြန်မာ့တပ်မတော်အတွက် MA စီးရီး လက်နက်ငယ်များ ဝံ့ကြွားစွာ ထွက်ပေါ်လာချိန်မှာတော့ စင်္ကာပူကနေ ဝယ်လာပါတယ်ဆိုတဲ့ လက်နက်စက်ရုံဟာ အစ္စရေးတို့ရဲ့ ကမ္ဘာကျော် Uzi နဲ့ Galil Asault များထုတ်လုပ်တဲ့ Israeli Military Industries (IMI) ရဲ့ နည်းစနစ်တွေ များစွာပါနေတာကို တွေ့ရပါတယ် ။ 


     ဒီလို လက်စလက်နတွေ နဲ့ နှစ်နိုင်ငံရဲ့ ဆက်ဆံရေးသမိုင်းကြောင့် အစ္စရေးသည် မြန်မာ့တပ်မတော်ထောက်လှမ်းရေးကိုလည်း Mossad ရဲ့ အကြံဥာဏ်များ ၊ နည်းပညာများ နဲ့ လျှို့ဝှက်စွာ ထောက်လှမ်းရေးသင်တန်းများ ပေးခဲ့မယ်လို့လဲ ထင်ကြေးပေးသူတွေ မနည်းလှပါဘူး ။ 


        ဦးသန်းရွှေဟာ ဦးနေဝင်းရဲ့ အိပ်မက်ဖြစ်တဲ့ အမြှောက်တပ်ဖွဲ့ ကြီးတွေ ဖွဲ့စည်းဖို့ကိုလည်း အားသွန်ခွန်စိုက် ပြုလုပ်ခဲ့ပါတယ် ။ ဒေသတွင်းမှာ လူရိုသေခန့်ညားလောက်တဲ့ ပမာဏအထိ အမြှောက်တပ်ကြီးကို ခေတိမှီအမြှောက်တွေနဲ့ တပ်ဆင် ဖွဲ့စည်းဖို့ အားထုတ်ပါတယ် ။ 


     ဦးစွာ နိုင်ငံအသီးသီးက အမြှောက်ကုမ္ပဏီ ၃၇ ခုမှ အမြှောက်ကြီးများကို ဝယ်ယူစုဆောင်းပါတယ် ။ ထုတ်လုပ်တဲ့ နိုင်ငံတွေက အမေရိကန် ၊ ဗြိတိန် ၊ အစ္စရေး ၊ ယူကရိန်း ၊ ရုရှား ၊ တရုတ် စတဲ့ နိုင်ငံတွေက နည်းပညာတွေ အားလုံးဝယ်ခဲ့ပါတယ် ။ 


    ယင်းတို့ထဲကမှ အကောင်းဆုံး အားသာချက်များကို ပြန်လည်ပေါင်းစပ်ပြီး မြန်မာတပ်မတော်ကနေ ကိုယ်တိုင် အမြှောက်ကြီးတွေ ထုတ်လုပ်ခဲ့ကြပါတယ် ။ 


     ယခင်က ခနော်လီ ခနော်နဲ့ အမြှောက်များနဲ့ တပ်ရင်း ၇ ရင်းသာ ရှိခဲ့ရာမှ ၁၉၉၈ မှာ အမြှောက်တပ်ရင်းပေါင်း ရာကျော်ထိ တိုးချဲ့နိုင်ခဲ့ပါတယ် ။ 


     ဦးသန်းရွှေဟာ ဦးနေဝင်းရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ပြီးနောက် ပြောင်းလဲလာမယ့် စစ်ရေးအခြေအနေအရ သူ့ရဲ့ ပိုမိုကြီးကျယ်ခမ်းနားလှတဲ့ အိပ်မက်ကြီးကို ပထမအဆင့်အနေနဲ့ စတင် အကောင်အထည်ဖော်ခဲ့ပါတယ် ။ 


     အနာဂါတ် စစ်ပွဲများအတွက် တရုတ်လုပ် 122 ဟောင်ဝစ်ဇာများ ၊ တင့်ပစ် အမြှောက်များ ၊ 57 mm ယာဉ်တင်အမြှောက်များ ၊ 37 mm တင့်ပစ်နဲ့ 107 mm ရောကတ်လောင်ချာများ ၊ တရုတ်ကတဆင့် မြောက်ကိုရီးယားရဲ့ 20130 (Soviet 1946 ) တို့ကို ဝယ်ပြီး လေ့လာပြန်ပါတယ် ။ 


     အဲဒီလေါက်နဲ့ အားမရသေးပဲ အစ္စရေး တပ်မတော်သုံး Solton 15 mm နောက်ဆုံးပေါ် အမြှောက် 16 လက်ကို 1998 မှာ ထပ်မံဝယ်ယူပြီး လုံးဝ အသစ်စက်စက် ခေတ်မှီ အမြှောက်တပ်ရင်းအသစ်တခု စတင် ဖွဲ့စည်းခဲ့ပါတယ် ။ ယင်းအမြှောက်တွေအတွက် လိုအပ်တဲ့ ခဲယမ်း နဲ့ ဖော့စ်ပါးရပ် များကိုတော့ ပါကစ္စတန်က ဝယ်ခဲ့ပါတယ် ။ 


      1998 က စပြီး ဦးသန်းရွှေရဲ့ စီမံချက်နဲ့ ခေတ်မှီ အမြှောက်တပ်ကို စတင်ဖွဲ့စည်းခဲ့ပြီး နောက် ထပ်မံဝယ်ယူခြင်း ကိုယ်တိုင်ထုတ်လုပ်ခြင်းများနဲ့ ဒလကြမ်း ဆောင်ရွက်ခဲ့ကြပါတယ် ။ ယခုဆိုလျှင် တချိန်က မြန်မာ့တပ်မတော်ရဲ့ အားကိုးခဲ့ရဆုံး လက်စွဲတော် 105 မြှောက်ကြီးတွေထက် စွမ်းရည်များစွာ သာလွန်နေတဲ့ ခေတ်မှီအမြှောက်တပ်ရင်း ပေါင်း မည်မျှပိုင်ဆိုင်နေပြီလဲဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်အောင် ဖြစ်ထွန်းခဲ့ရပါပြီ ။ 


       မြန်မာ့ လေတပ်အတွက် အစ္စရေးတွေ ကူညီခဲ့တာလည်း အတော်လေး ထိရောက်တာကို တွေ့ရပါတယ် ။ မြန်မာတပ်မတော်ဟာ 1999 မှာ Elhit System အနေနဲ့ တရုတ်ထံမှ F7 နဲ့ FT 7 တို့ကို ဝယ်ခဲ့ကြပါတယ် ။ 


     F7 နဲ့ FT 7 ဆိုတာက ရုရှားတို့ရဲ့ MIG 21 နဲ့ MIG 21 Molgel B အမျိုးအစားတွေရဲ့ ကော်ပီပါ ။ ကော်ပီတောင် ပြည်ပရောင်းဖို့ ထုတ်ထားတာမို့ အဆင့်နိမ့်လှပါတယ် ။ 


     အဲဒါကို သိနေတဲ့ အစ္စရေးတွေက မြန်မာ့လေတပ်အတွက် 350 PL 2 A (Air to Air) ဒုံးကျည် AAM များနဲ့ ပိုမိုကောင်းမွန်သော PL 5 AAM များ များပြားစွာ ထောက်ပံ့ကူညီခဲ့ပါတယ် ။ 


    ထို့အပြင် စျေးပေါတဲ့ F7 များဟာ ကြားဖြတ်တိုက်ခိုက်ရန်သာ ထုတ်ထားတဲ့ အတွက် မြေပြင်ကို တိုက်ခိုက်ရာမှာ အဆင်မပြေကြပါဘူး ။ ဒါကြောင့် F7 36 စင်းကို Elbit မှ Aerostar ကုမ္ပဏီရဲ့ Lancer ပရိုဂရမ် နဲ့ Upgrade လုပ်နိုင်ခဲ့ကြပါတယ် ။


     F7 တွေကို Elta E1/M (Air to Air ) Missile များ နဲ့ Laser Designator pods များ ပြောင်းလဲတပ်ဆင်ခဲ့ပြီး လေဆာလမ်းညွှန် ဗုံးများပါ တပ်ဆင်နိုင်ခဲ့ပါတယ် ။ 


    အစ္စရေးတို့ အနေနဲ့လည်း ပိတ်ဆို့မှုတွေကို လှည့်စားရင်း ကြည်းတပ် လေတပ်အတွက် ကူညီပေးခဲ့ရုံမက ရေတပ်အတွက်လည်း ကြီးမားလှသော ကူညီမှုကြီးတွေ ပေးပြီး မြန်မာ့ရေတပ်အတွက် ဂုဏ်ယူနိုင်လောက်တဲ့ ကိစ္စတွေကို အကောင်အထည် ဖော်နိုင်ခဲ့ပြန်ပါတယ် ။ 


      မြန်မာ့ရေတပ်ဟာ ထင်မှတ်မထားနိုင်လောက်အောင်ပဲ ဖရီးဂိတ်သင်္ဘောကို တည်ဆောက်နိုင်တဲ့ အရှေ့တောင်အာရှရဲ့ တခုတည်းသော တပ်မတော်အဖြစ် ဂုဏ်ယူနိုင်ခဲ့ပါတယ် ။ 


     ဖရီးဂိတ်အဆင့် စစ်သင်္ဘောတည်ဆောက်ဖို့ဆို အင်မတန်ခက်ခဲလှပါတယ် ။ နည်းပညာမဆိုထားနဲ့ လိုအပ်တဲ့ အဆင့်မြင့်စနစ် ကရိယာများအား ဝယ်ယူဖို့ပင် မြန်မာအတွက် ခက်ခဲလွန်းလှပါတယယ် ။ လက်နက်ရောင်းဝယ်ခွင့် ပိတ်ပင်ထားလို့ မလွယ်ကူတဲ့ ကြားထဲက အစ္စရေးရဲ့ အကူအညီနဲ့ မြန်မာ့တပ်မတော်ဟာ အဆင့်တခုထိ တက်လှမ်းနိုင်ခဲ့ပါတယ် ။ 


     ဖရီးဂိတ်သင်္ဘောတွေအတွက် အလွန်အရေးကြီးလှတဲ့ မီးထိမ်းစနစ် ၊ အာရုံခံကရိယာများ ၊ စောင့်ကြည့်ထောက်လှမ်းရေးစနစ်များ ၊ ရေကြောင်းထိမ်းသိမ်းရေးစနစ် ၊ လေကြောင်းရန်ရှာဖွေရေးစနစ် ၊ ဆိုနာစနစ် 76mm OTO Melara Compact စနစ် စသည်များကို ပစ္စည်းလည်း ရရှိအောင် ကူညီခဲ့ပြီး နည်းပညာလည်း လိုအပ်သည်ကို ကူညီပေးခဲ့ပါတယ် ။ 


    ဒါနဲ့ မြန်မာ့ရေတပ်မတော်ဟာ ဖရီးဂိတ် ၃ စင်းအထိ ကိုယ်တိုင်ထုတ်လုပ်နိုင်ခဲ့တဲ့ အဆင့်ထိ ဝံ့ကြွားနိုင်ခဲ့ပါတယ် ။ 


     အမေရိကန် နဲ့ ဥရောပနိုင်ငံများဟာ မြန်မာပြည်ကို သူတို့ရဲ့ သြဇာခံ နိုင်ငံအဖြစ် ထားရှိချင်ပေမယ့် နိုင်ငံရေးသမား သစ္စာဖောက်တွေကို အာဏာရအောင် မွေးမြူရတာ လွယ်ပေမယ့် 2008 ခြေ / ဥ အရ တပ်မတော်က အရပ်သား အစိုးရများအနေနဲ့ တိုင်းပြည်ကို စိတ်ထင်တိုင်း ရောင်းမစားနိုင်အောင် ဟန့်တားပိုင်ခွင့် ပေးထားပါတယ် ။ 


   အဲဒါတွေကြောင့် မြန်မာ့တပ်မတော်ကို အမျိုးမျိုး အပုပ်ချပြီး တပ်မတော်နဲ့ပြည်သူကို ရန်တိုက်ပေးခြင်း ၊ တပ်တွင်းစည်းလုံးမှု ပြိုကွဲပြီး တပ်မတော်ပျက်ဆီးစေခြင်း များ အတွက် တစိုက်မတ်မတ် လုပ်ဆောင်လျှက် ရှိနေပါတယ် ။ 


    ဦးသန်းရွှေဟာ အခက်အခဲများကြားထဲကနေ 1999 ထိ တပ်မတော်ကို အခြေခိုင်အောင် တည်ဆောက်ပေးနိုင်ခဲ့ပြီး သူ့ရဲ့ ဒုတိယ အဆင့် အိပ်မက်ကိုတော့ 2000 ခုနှစ်နောက်ပိုင်းမှာ ရင်သပ်ရှုမောဖွယ် အကောင်အထည်ဖော်ခဲ့ပါတယ် ။ 


(ပြုံယမ်းမှနေပြည်တော်၏အနာဂါတ် သို့ ဆိုပြီး ၁၀ ပိုင်း ရေးသားခဲ့ပြီး ဖြစ်ပါတယ် ။ အမှန်က ယခု အကြောင်းအရာတွေ ဖတ်ပြီး မှ ပြုံယမ်းကို ဖတ်ရတာ ပိုပြီး အဓိပ္ပါယ်ရှိမယ်ဗျ )


    ရေးချင်နေတာတွေက ယနေ့ခေတ်စားနေတဲ့ ဒရုန်း နဲ့ မြန်မာ့တပ်မတော် ၊ MA စီးရီး ၊ ရေတပ်ရဲ့ အိပ်မက် ၊ ရုရှားပြန်တို့ရဲ့ အသီးအပွင့် စတဲ့ အကြောင်းအရာတွေကို စုဆောင်းလိုက်ပါအုံးမယ်ဗျာ ။ 


    ဦးသန်းရွှေ အုတ်မြစ်ချခဲ့တာကို ယခု တပ်ချုပ်ကြီး အကောင်အထည်ဆက်ဖော်နေတာ ဘယ်အဆင့်ရောက်ပြီလဲ ဆိုတာ လေ့လာသိရှိတာနဲ့ သိသင့်သိထိုက်သော ကိစ္စများအား ဆက်လက်တင်ပြပေးပါမယ်ဗျာ ။ 


       အားပေးသူအပေါင်း ချမ်းမြေ့သာယာကြပါစေ ။


     မျိုးဝင်း

 လက်ရှိ UEC က မဲမသမာမှုဆိုင်ရာ တွေ့ရှိချက်တွေကို အထောက်အထားနဲ့ ထုတ်ပြန်နေတာကြာပြီ


၂၀၁၆-၂၀၂၁ အစိုးရတာဝန်အပြင်

ကိုယ်တိုင်ခန့်အပ်ထားတဲ့ ရွေးကော်အဖွဲ့နဲ့

၂၀၂၀ ရွေးကောက်ပွဲကျင်းပဖို့ 

အစိိုးရတာဝန်ယူခဲ့တဲ့ ရွေးကောက်ပွဲမှာသမ္မတကအစ ခြေဥကိုဖောက်ဖျက်ပြီး မဲဆွယ်ခဲ့တဲ့

NLD ပါတီက ဘာတစ်ခုမှ ငြင်းချက်မထုတ်ရဲကြပါ့လား


တပ်မတော်ထုတ်ပြန််လို့ ဘာမှမဆိုင်ဘူးဆိုပြီး

ဖျင်ပိတ်ငြင်းခဲ့ရင်တောင်


လက်ရှိ မဲမသမာမှုစာရင်းထုတ်ပြန်နေတဲ့

ရွေးကော်က ၂၀၂၂ ရွေးကောက်ပွဲကို

ဦးဆောင်ကျင်းပပေးမဲ့ အဖွဲ့အစည်းနော်


ပါတီအဖျက်မခံရရင် သူ့လက်အောက်က ဝင်ပြိုင်ရမှာ


မင်းတို့မှန်တယ်ဆို နစကရဲ့ ရွေးကော်ထုတ်ပြန်ချက်

မှားနေကြောင်း အခု ကြေညာပေးကြ


နစက ခန့်ထားလို့ သူ့စိတ်ကြိုက်လုပ်နေတာ

ငါ့လာပြောမယ်ဆိုရင်

NLD ခန့်ထားတဲ့ ၂၀၂၀ ရွေးကောက်ပွဲကလည်း

NLD စိတ်ကြိုက်လုပ်ခဲ့တာလို့ ငါပြန်ပြောမှာပဲ


ငါက Data သမား


အမေရိကန်အထိ မှတ်ပုံတင်နဲ့ ပေါက်ကြားထားတဲ့

NLD အစိုးရလက်ထက်ရွေးကောက်ပွဲစာရင်းနဲ့

တပ်မတော်ရဲ့ မဲစိစစ်ချက်

လက်ရှိ နစကလက်ထက် ရွေးကော်ရဲ့

မဲမသမာမှုထုတ်ပြန်ချက်


မှားလား မှန်လားဆိုတာ Data နဲ့ပဲ လက်ခံမယ်


ဘာတစ်ခုမှ မထုတ်ပြန်ရဲဘဲ မရှင်းရဲဘဲ

မဲမဲမြင်ရာ မသမာဘူးပြောနေတာ အမှန်မဟုတ်ဘူး


မင်းတို့ မစိစစ်တတ်ရင် မင်းတို့လုပ်ခဲ့တဲ့ မဲစာရင်း

အမေရိကန်အထိ သိသွားတဲ့မဲစာရင်းကို

တစ်ကမ္ဘာလုံးသိအောင်ထုတ်ပြန်လိုက်


တစ်ကမ္ဘာလုံးနဲ့ ငါတို့ကိုယ်တိုင်


NLD လုပ်ခဲ့တဲ့ 

မဲစာရင်း အခြေအနေ

တပ်က စိစစ်တဲ့ အခြေအနေနဲ့

နစကထုတ်ပြန်တဲ့ မဲစာရင်းအခြေအနေ

ဒီသုံးခုတိုက်ဆိုင်စစ်ဆေးမယ်


ဘာတစ်ခုမှ အစစ်ဆေးမခံရဲဘဲ မဲမသမာမှုအကြောင်းပြ

အာဏာသိမ်းပါတယ်လို့တော့ ဖင်မယားနဲ့

https://www.facebook.com/100055720461378/posts/203693728164641/

မင်းတို့မှန်ခဲ့ရင် ထုတ်ပြန်စိစစ်လိုက်

 ၂၈ ရက်ဟာ ခင်ဗျားတို့ ပထမတကြိမ်လုပ်ခဲ့တဲ့ ၂၂ ရက်နဲ့ တူမှာမဟုတ်ပါဘူး....


ဘာကြောင့်လဲဆိုတော့ အစိုးရဟာ မနေ့က ကြေညာခဲ့ပြီးသားပါ...


သည်းခံခဲ့ပြီ့းပြီ၊ ခွင့်လွှတ်ပေးခဲ့ပြီးပြီ၊ နားလည်ပေးခဲ့ပြီးပြီ၊ အခုချိန်မှာ ဆူပူမှုတွေကို စတင်ကိုင်တွယ်ဖြေရှင်းနေတာ အားလုံးမျက်မြင်ပဲ...


ဒီနေရာမှာ ပြောချင်တာက ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးတဲ့အခြေအနေမှာတောင် အစိုးရဘက်က အတော်သည်းခံခဲ့ပြီးပြီ...


ဆိုတော့ သည်းခံတဲ့ကာလပြီးပြီ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို စော်ကားသမျှလည်း သည်းခံခဲ့ပြိးပြီ။ ဘယ်အစိုးရပဲ ဖြစ်ဖြစ် တိုင်းပြည်ဆူပူနေရင် ရအောင်ထျိန်းချုပ်မှာပါပဲ...


ဘယ်တော့မှအောင်မြင်လာမှာ မဟုတ်တဲ့ အရေးတော်ပံုံဆိုတဲ့ခေါင်းစဉ်အောက်က နယ်ရုပ်လေးတွေကိုသနုားမိတယ်။ ထိုးကျွေးခံနေရတဲ့ ကလေးတွေဟာ မနက်ဖြန်မှာ လုံခြုံရေးကို ထိခိုက်ပြီး မိုက်ဖို့မကြိုးစားကြပါနဲ့လို့စေတနာနဲ့ စကားပါးပါရစေ...


တကယ်ရင်ဆိုင်ရရင် လူထုကို ဝါဒမှိုင်းတိုက်ပြီး လမ်းပေါ်ဆွဲတင်တဲ့သူတွေရင်ဆိုင်ရမှာမဟုတ်ပါဘူး၊ လမ်းပေါ်ကလူထုက ရင်ဆိုင်ရမှာပါ။ ဒီတော့ အမိုက်ခံပြီး မစတေးကြပါနဲ့...


ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့ကိုမြှောက်ပေးနေတဲ့သူတွေက ခင်ဗျားတို့ရှေ့မှာရပ်တည်ပေးနေတာမဟုတ်ဘူး။ ခင်ဗျားတို့ရဲ့နောက်ကနေ သွေးဆူအောင်ဆွပြီး ခင်ဗျားတို့ကို ထိပ်တိုက်ရင်ဆိုင်နည်းနဲ့ ဒုက္ခတွင်းကိုရောက်အောင် ပို့နေတာပါ...


ဒါမှလည်းသူတို့အိတ်ကပ်ထဲ ဒေါ်လာရောက်မှာကို...


အနှစ်ချုပ်ကတော့ မနက်ဖြန်ကို ခင်ဗျားတို့တွေ ဥပဒေအညီနေထိုင်ခြင်းဟာ အန္တရာယ်အကင်းဆုံးဖြစ်ပါလိမ့်မယ်...

https://www.facebook.com/100002876826978/posts/3317889198316942/

ဦးပြည့်

 အာဏာထိန်းသိမ်းတဲ့ တစ်လပြည့်တဲ့ ဒီနေ့ဟာ

တစ်နိုင်ငံလုံးမှာ သေကြေမှု၊ ဖမ်းဆီးခံရမှု

ဇာတ်ရှိန်အမြင့်ဆုံးနေ့ပဲ

အနည်းဆုံး လူငယ် ၂၀ ပတ်လည် သေတယ်

၄၀၀ ပတ်လည်လောက် ဒါမှမဟုတ် ဒီ့ထက်များများ

ပိုအဖမ်းခံရတဲ့ နေ့လည်း ဖြစ်နိုင်တယ်


ဖြစ်သင့်တာကတော့

အခုအချိန်ဟာ ကလေးတွေကို လမ်းပေါ်ထွက်ဖို့

အသေခံခိုင်းဖို့ မြှောက်ပေးနေတာထက် 

တပ်မတော်နဲ့ တွေ့ဆုံညှိနှိုင်းရမဲ့အချိန်ပဲ


တပ်မတော်ဆီက ကတိတည်ဖို့ အပစ်ရပ်ဖို့

တောင်းဆိုရတော့မဲ့ အချိန်ပဲ


ပြဿနာက မြန်မာ့နိုင်ငံရေးပဲ


တပ်မတော်နဲ့ တွေ့ဆုံညှိနှိုင်းနိုင်တဲ့ 

Political Power ရှိသူက မြန်မာနိုင်ငံမှာ မရှိဘူး


မရှိတဲ့အထဲက အနည်းစုကျန်နေသူတချို့ကလည်း 

နစက နဲ့ တွဲအလုပ်လုပ်နေတာနဲ့ 

ကလေးတွေကို မြှောက်ပေးနေတာနဲ့ ဖြစ်နေတာ

အဓိက ပြဿနာ


ပိုဆိုးတာက တချို့က နိုင်ငံရေးသာလုပ်နေတာ 

ရှေ့မထွက်ရဲဘူး စစ်တပ်နဲ့ ညှိတယ်လုပ်နေတယ်ဆို

အဆဲခံရမှာ အရမ်းကြောက်နေတယ်


တချို့နီပေါတွေက ဦးသန်းရွှေကို တမ်းတပြီး

သူ့သားမက်နဲ့ သူ့မြေးကို ဘောမနေကြတယ်


တပ်မတော်နဲ့ ကင်းကွာနေတာ ဆယ်စုနှစ်တစ်ခုရှိလာတဲ့ဦးသန်းရွှေဟာ ဘယ်လိုပဲ Play Maker ဖြစ်ဦးတော့

သူ့ကို အပြင်မှာမမြင်ဖူးတဲ့လူ မသိတဲ့သူက 

၅၄ သန်းလောက်ရှိမယ်

ဒီနေ့ဒီအချိန်အထိ သေ မသေတောင် ငြင်းရမဲ့ပုံစံ


ဆိုလိုချင်တာကတော့ တချို့လူတွေ မျှော်လင့်နေတဲ့

Political Dialogue ကို 

လက်ရှိမှာ ဦးဆောင်နိုင်တာ ဦးသိန်းစိန်ပဲရှိတယ်


ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကို 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်ချိန်မှာ

ဒုသမ္မတ (၁) သီဟသူရဦးတင်အောင်မြင့်ဦးနဲ့

တပ်ချုပ်ကြားမှာ ပြဿနာရှိခဲ့လို့ 

ဦးတင်အောင်မြင့်ဦး နုတ်ထွက်ခဲ့ရတယ်ဆိုတဲ့

ဖြစ်စဥ် ကြားသိခဲ့ရဖူးတယ်

တပ်ချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဘဝကနေ

တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဖြစ်လာတဲ့အထိ လက်တွဲလုပ်ခဲ့သလို

တပ်ချုပ်ကို မဟာသရေစည်သူဘွဲ့ကို ပေးခဲ့တာလည်း

သမ္မတ(ငြိမ်း) ဦးသိန်းစိန်ပဲ

အဲဒီဘွဲ့ပြီးကတည်းက တပ်ချုပ်က ဘာဘွဲ့မှ

သမ္မတဆီကရဖို့ မလုပ်တာ ပြီးခဲ့တဲ့ငါးနှစ်လုံးပဲ။


ဆိုလိုချင်တာက 


ဒီအတိုင်း လူငယ်တွေ လမ်းပေါ်အသေခံနေလို့လည်း

ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။

NLD အာဏာပြန်ရရင်လည်း ခြေဥအောက်ပဲ

ပြန်ပြေးဝင်မှာ။ ၇၅ ကျပ်သား ဒီမိုကရေစီပဲပြန်ရမှာပဲ။

UN တပ်တွေ နိုင်ငံတကာတပ်တွေလည်း 

ဝင်လာမှာမဟုတ်ဘူး။

ဘာတွေဆက်ဖြစ်ဖြစ် တပ်မတော်က အာဏာသုံးရပ်

ပြန်အပ်မှာလည်းမဟုတ်ဘူး။


အဲဒီတော့ 


လူငယ်တွေနဲ့ ပြည်သူတွေ ဆက် မသေဖို့

တပ်ချုပ်အပေါ် ညီရင်းအကိုလို စောင့်ရှောက်ရင်း

ဒီမိုကရေစီခေတ်ဦးကာလမှာ အတူတူအလုပ်လုပ်ဖူးတဲ့

သမ္မတ(ငြိမ်း) ဦးသိန်းစိန်ကနေတစ်ဆင့် တပ်ချုပ်ကို လက်ရှိပစ်ခတ်မှုတွေရပ်စဲရေးတောင်းဆိုဖို့


NLD ပါတီက ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ပတ်သက်ပြီး

ပွင့်လင်းမြင်သာတဲ့ဖြေရှင်းချက်နဲ့ 

ဆက်လက်လုပ်ဆောင်မှာ အမြန်ဆုံးဖြေရှင်းထုတ်ပြန်ဖို့


ကျောင်းသားလူငယ်တွေ ဆရာ/ဆရာမတွေ 

အစိုးရဝန်ထမ်းတွေကို ဖမ်းဆီးထားတာတွေနဲ့

ဝရမ်းထုတ်ပေးထားတာတွေ ပြန်ရုတ်သိမ်းဖို့


မဲမသမာမှုရှိတယ်ဆိုတဲ့

UEC ရလာဒ်တွေ အမြန်ဆုံးနဲ့ အရှင်းလင်းဆုံး

ထုတ်ပြန်ပေးဖို့


တစ်နှစ်အတွင်း ရွေးကောက်ပွဲပြန်လုပ်ပေးမယ်လို့

တပ်ချုပ်ပေးထားတဲ့ ကတိတည်ဖို့


စတာတွေ တောင်းဆိုသင့်တယ်လို့ မြင်တယ်


ဒီလိုအချိန်ကတောင်းဆိုရင်တောင် ခေါင်းဆောင်သူမရှိ

ညှိမဲ့သူမရှိဘဲနဲ့ နောက်လကုန်သွားဦးမှာပဲ


ဒါပေမဲ့ ပြည်သူ့ဘက်မှာ လမ်းပေါ်တိုက်ပွဲအပြင်

နိုင်ငံရေးဆိုင်ရာတိုက်ပွဲဆိုတာ ရှိသင့်သလို

ဦးသန်းရွှေ မြေးအဖိုးကို ကူပါကယ်ပါလာပါ

ပြန်တောင်းဆိုနေတာထက် ပို ကူညီနိုင်တာ

ပို လ​က်တွေ့ကျနိုင်တာ ဦးသိန်းစိန်ပဲ ရှိတယ်

https://www.facebook.com/100055720461378/posts/203628724837808/

#ပိုကောင်းတဲ့အကြံပြုချက်မရှိဘဲ_အောက်ကလိအာ_လာမကိုက်ပါနဲ့

 မီးတုတ်မရှို့ဘဲ သပိတ်မှောက်ကြမည့်သူများသို့

******************************************

ကျွန်တော်တို့ရဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက တိုင်တဲ့ ကြွေးကြော်သံထဲမှာ “မီးတုတ် မီးတုတ် ရှို့ ရှို့” ဆိုတဲ့ ကြွေးကြော်သံ ပါပါတယ်။

မနေ့က တက္ကသိုလ်ထဲက ကမ္ဗည်းကျောက်တိုင်စိုက်အပြီး ထွက်လာတဲ့ အချိန်မှာ ဦးလေးတယောက်က ဒီ ကြွေးကြော်သံကို မတိုင်ဖို့ ၊ဒီကြွေးကြော်သံက အကြမ်းဖက်တဲ့သဘောဆန်ကြောင်း သူတို့အကွက်ထဲ ဝင်သွားမည်ဖြစ်ကြောင်း ရှင်းပြပါတယ်။


ညနေပိုင်းမှာပဲ အဲ့ဒီကြွေးကြော်သံ မတိုင်ဖို့ဆိုတဲ့ post တွေလည်း ခပ်စိတ်စိတ်တွေ့လာရလို့ ဒီကြွေးကြော်သံ အကြောင်းသိသလောက် ပြောပြချင်ပါတယ်။


ဒီကြွေးကြော်သံကို တို့ဗမာအစည်းအရုံးက စပြီးသုံးခဲ့တာပါ။၁၃၀၀ ပြည့်အရေးတော်ပုံ မှာလည်း ကြွေးကြော်ခဲ့ကြပါတယ်။ အဓိပ္ပါယ်ကတော့ ပညာဆိုတဲ့ မီးရှူးတန်ဆောင်ကြီးကို ရှို့ပြီး အရင်းရှင် ဓနရှင်တွေကို တော်လှန်ဖို့ နယ်ချဲ့တွေကို အမြစ်ပြတ်ချေမှုန်းဖို့ လုံးဝ လွတ်လပ်ဖို့ ပါ။တို့ဗမာအစည်းအရုံးရဲ့ တံဆိပ်မှာလည်း မီးရှူးကြီးကို ကိုင်ပြီး ချီတက်နေတဲ့ လူပုံကို ထင်ထင်ရှားရှားတွေ့ရမှာပါ။ဒိုင်အာခီနဲ့ ကျေနပ်မနေဘဲ “လုံးဝ လွတ်လပ်ရေးသာ ပထမ၊လုံးဝ လွတ်လပ်ရေးသာ ဒုတိယ၊ လုံးဝ လွတ်လပ်ရေးသာ အစစ” ဆိုပြီး ကြွေးကြော်ခဲ့တဲ့ တို့ဗမာအစည်းအရုံးရဲ့ နယ်ချဲ့ တော်လှန်ရေးနဲ့ အခု ၂၀၀၈ အောက်ကနေ ရွှေရည်စိမ် ဒီမိုကရေစီနဲ့ သာယာခဲ့ရာက လန့်နိုးပြီး ဖယ်ဒရယ်ဒီမိုကရေစီ စစ်စစ်ကို ရရှိဖို့၊အာဏာရှင်ကို မဟုတ်ဘဲ “အာဏာရှင်စနစ် “တခုလုံးကို အမြစ်ဖြတ်ဖို့ လှုပ်ရှားလာကြတဲ့ နွေဦးတော်လှန်ရေး သခင်များရဲ့ ရည်ရွယ်ချက်ဟာ ဆင်တူနေပါတယ်။ဒါကြောင့် ဒီကြွေးကြော်သံ ဟာ သုံးကို သုံးသင့်ပါတယ်။


ဝိုင်အမ်ဘီ သခင်တင် ရေးခဲ့တဲ့ “မီးဒုတ်သီချင်း” စာသားတွေကို ကြည့်ရင်လည်း ဒီမီးတုတ်ဟာ အရင်းရှင် ဓနရှင်တွေကို ရှို့မယ့် မီးတုတ် ၊အခုဆိုရင် အာဏာရှင်တွေကို ပြာဖြစ်အောင် ရှို့မယ့် မီးတုတ် လို့ အဓိပ္ပါယ်ရပါတယ်။ ဒီပညာဆိုတဲ့မီးတုတ်ကို ရှို့ပြီး “အလင်းဆောင်ကြ။အမှောင်ကို ခွင်းကြ။အာဏာရှင်စနစ်ကို ပြာချကြ။အာဏာရှင်စနစ်အမှောင်တိုက်က တိုးထွက်ကြ။ရွှေရည်စိမ်ဒီမိုကရေစီနဲ့ မရောင့်ရဲဘဲ ဖယ်ဒရယ်ဒီမိုကရေစီ စစ်စစ်ရတဲ့အထိ မီးရှူးတန်ဆောင်ကို ထွန်းညှိထားကြ” ဆိုတဲ့ များပြားလှတဲ့ အဓိပ္ပါယ်တွေကို စိတ်ကမှတ်ပြီး “မီးတုတ် မီးတုတ် ရှို့ ရှို့” ဆိုတဲ့ ကြွေးကြော်သံကို ကျွန်တော်တို့ ကြွေးကို ကြွေးကြော်ရပါမယ်။


မီးတုတ်မရှို့ဘဲ သပိတ်ချည်း ဆွတ်မှောက်နေသရွေ့တော့ ကျွန်တော်တို့ဟာ ဖယ်ဒရယ်ဒီမိုကရေစီ နဲ့ အလှမ်းဝေးနေဦးမှာပါ။ တလက်စတည်း တို့ဗမာ အစည်းအရုံး သခင်တွေ ကြွေးကြော်ခဲ့တဲ့ “သူပုန် သူပုန် ထ ထ” ဆိုတဲ့ ကြွေးကြော်သံကိုပါ ဆက်ရှင်းချင်ပါတယ်။အခုဆို တရားမဝင်တဲ့ အာဏာသိမ်း စစ်ကောင်စီကို “စစ်သူပုန်” လို့ခေါ်နေကြသူတွေကို တွေ့ရပါတယ်။

ဒါက သိပ်ကို မှားပါတယ်။ သူပုန်ဆိုတာ မတရားမှုကို တော်လှန်ပုန်ကန်တဲ့ သဘောနဲ့ ခေတ်အဆက်ဆက် သုံးခဲ့ကြပါတယ်။ဆရာစံ ဟာ သူပုန် ပါ။သခင်အောင်ဆန်း ဟာလည်း သူပုန်ပါ။ သပိတ်မှောက်ကျောင်းသား သူပုန် ကျောင်းသား စတဲ့ အသုံးအနှုန်းတွေကို ကြည့်ရင်လည်း သိနိုင်ပါတယ်။ဒါပေမဲ့ စစ်ကျွန်ပညာရေးစနစ်ရဲ့ အလိမ်အညာအောက်မှ ကြီးပြင်းခဲ့ရတဲ့ မျိုးဆက်တခုအနေနဲ့ သူပုန်ဆိုတာ “ပြည်သူ့အစိုးရကို တော်လှန်နေတဲ့သူ ၊မတရားတဲ့သူ”တွေ အနေနဲ့ ရှူမြင်ပြီး အောက်တန်းစား အာဏာသိမ်းစစ်ကောင်စီကို “စစ်သူပုန်”လို့ မှားယွင်းခေါ်ဝေါ်နေကြပါတယ်။ပညာရေးစနစ်အမှားအောက်က ကြီးပြင်းခဲ့သူတွများပြီး သူပုန် ရဲ့ အဓိပ္ပါယ်တောင် မသိတဲ့သူတွေကြားမှာ “သူပုန် သူပုန် ထ ထ “ဆိုတဲ့ ကြွေးကြော်သံကိုတော့ ကျွန်တော် မကြွေးကြော်ရဲသေးပါ။


အဆုံးသတ်အနေနဲ့ 


“ရန်မလိုလျှင် ရန်ပိုသည် ရန်လိုမှ ရန်ပြိုသည်။” လို့ အစဉ်အလာကို တော်လှန်ပြီး ရဲရင့်ခဲ့ကြတဲ့ နောင်တော်ကြီးများရဲ့ အရှက်ကို မခွဲဘဲ၊


“လာမဲ့ဘေး ပြေးတွေ့” “သခင်ပေါက်စ ထောင်ခြောက်လ” “မြင်းခွါတချက်ပေါက်ရင် ဗမာပြည်ကြီး မီးဟုန်းဟုန်းတောက်ရမည်” လို့ မကြောက်မရွံ့ ပြောဆိုသွားကြတဲ့ နောင်တော်ကျောင်းသားတွေ သခင်တွေရဲ့ မျက်နှာကို အိုးမဲ မသုတ်ဘဲ


“သပိတ် သပိတ် မှောက် မှောက်”


“မီးတုတ် မီးတုတ် ရှို့ ရှို့”


“သူပုန် သူပုန် ထ ထ “


“အရေးတော်ပုံ အောင်ပါစေ”


ဆိုတဲ့ ကြွေးကြော်သံများကို ရဲရဲဝံ့ဝံ့ ကြွေးကြော်ပြီး “သူတို့အကွက်” များကို ပညာဟူသော မီးတုတ်ကြီးကို ရှို့ ၊သပိတ်ကိုမှောက်၍ သူပုန် ထ ကာ ရှောင်ရှားနိုင်ကြပါစေကြောင်း.........ကြွေးကြော်သံတွေကို အဓိပ္ပါယ် ပြည့်ပြည့်ဝဝသိပြီး ရဲရဲကြွေးကြော်စေချင်တာကြောင့် အဆင်ပြေရင် share ပေးကြပါဗျ။


#သပိတ်မှောက်

#မီးတုတ်ရှို့

#သူပုန်ထ

#အရေးတော်ပုံအောင်ပါစေ

#day28

 G-Z တွေ သိဖို့ ....


ဒဲ့ ပြောမှ ရတော့မယ့် အခြေအနေဆိုတော့ ဒဲ့ ပြောရတော့မှာပေါ့။ 


နောက်ကွယ်က နေသူတွေမှာ လူ ၅ မျိုး ရှိသကွ။ 


၁) NLD 


ဒီကောင်တွေက မင်းတို့အားကိုးပြီး နိုင်ငံရေး ဆက်ရှင်သန်ချင်တာ။ အဖွားကြီးက OIC ငွေတွေ ယူထားတာ၊ ပါတီ မဲခိုးတာနဲ့တင် ပါတီက နိဋ္ဌိတံ တော့မှာ။ ဒီအခြေအနေမှာ မင်းတို့ကောင်တွေကို NLD ကို ထောက်ခံသူ အမာခံ cell တွေ အဖြစ် စာရင်းပြပြီး နစအ အလွန် နိုင်ငံရေးမှာ တိုက်ပွဲဝင်မှာ။


မင်းတို့သေလေ ပြောလို့ကောင်းလေ ပဲ။ UN ကို မမျှော်ဘူး။ UN လာရင် တပ်က အာဏာသိမ်းသွားမှာ။ စစ်ဆိုတာ အနည်းဆုံး ၁၀ နှစ် တိုက်ရတယ်။ အဲဒီ အချိန် အဖွားကြီးလဲ သေပြီ။ မင်းအောင်လှိုင်လဲ သေပြီ။ ဒါကို မမျှော်ဘူး။ သူတို့လိုချင်တာက မင်းတို့ သေစာရင်းကို ချပြပြီး နိုင်ငံတကာမှာ အဖွားကြီးဟာ ဒီမိုကရက်တိုက်ဇေးရှင်းလုပ်နေပါတယ် ပြချင်တာ။ 


၂) ခေါကြီး မင်းကိုနိုင်လိုကောင်တွေ 


ဒီကောင်တွေက လုပ်စားပဲ။ မင်းတို့ကို မြှောက်ပေးပြီး ပြည်ပက ဒေါ်လာဝါးနေတာ။ အလကားကောင် စစ်စစ်။ UN မလာမှန်းလဲ သိတယ်။ စစ်တပ်က ပစ်မှာမှန်းလဲ သိတယ်။ ဒီ အခြေအနေကို မရောက်ရောက်အောင် တွန်းပြီး ဒေါ်လာဖန်တဲ့ကောင်တွေ။ 


၃) စစ်တပ်ကို မုန်းစေချင်သူတွေ 


ပထဝီနိုင်ငံရေးဆိုတာ ရှိတယ်။ အီရန်၊ ဗင်နီဇွဲလား၊ မြန်မာ၊ မြောက်ကိုးရီးယား၊ ကျူးဘားဟာ ဘယ်အချိန်နေနေ ကမ္ဘာမှာ အမုန်းခံရတယ်။ ရုရှ ဖက်က နေလို့။ ရုရှအုပ်စုကို အမေရိကန်က နှိပ်ကွပ်နေတာပဲ။ မဟာဗျူဟာပါ ချထားတာ။ မြန်မာမှာ စစ်တပ်က ရုရှလူဆိုတော့ အခွင့်ပေါ်တုန်း ခွေလိုက်တဲ့ သဘော။ အမေရိကန်ရဲ့ ဗျူဟာတွင်းမှာ စီးပွားရေးလုပ်ငန်းရှင်မှသည် သူတောင်းစားအထိ အသုံးချခံနေရတယ်။ 


၄) celebrity တွေ follower အားကိုးနဲ့ trend ဖြစ်နေတဲ့ အကြောင်းအရာကို လိုက်မြှောက်ပေးတာပါ။ သူသူငါငါ အပြိုင်ဖြစ်လာရင်းနဲ့ များလာတယ်။ 


၅) NLD ပြုတ်တော့ အထိနာတဲ့ လော်ဘီတွေ 


သူတို့အဖို့က ရေလယ်ရောက်နေပြီ။ ကူးမှ ရတော့မှာ။ သူတို့ချည်း မတတ်နိုင်လို့ ကလေးတွေလူများရင် တိုးနိုင်မလားဆိုပြီး မြှောက်တိုးခိုင်းတာ။ ဘာမဟာဗျူဟာမှ မရှိဘူး။ 


မင်းတို့ကောင်တွေ လူ အယောက် ၁၀၀ ကျော် သေတောင် UN တပ်မလာဘူး။ UN တပ်လာပြီး NLD ပြန်တက်သည်ထားဦး။ နောက်က မြှောက်ပေးနေတဲ့ကောင်တွေ တက်လာပြီး မင်းတို့ကို အမှတ်ရမှာတောင် မဟုတ်ဘူး။ 


မင်းတို့က စောက် အ ရယ်။ အသုံးချခံတွေ။ မယုံရင် မြှောက်နေတဲ့ကောင်တွေ ရှေ့ထွက်တက်ခိုင်းကြည့်။ ဘယ်ကောင်မှ ထွက်မလာဘူး။ 


ငါတို့က ခံခဲ့ရပြီးပြီ။ မသေခဲ့လို့ ခုလိုပြောပြနိုင်တာ။ မင်းတို့လဲ ငါ့အသက်အရွယ် ရောက်လာရင် မင်းအရွယ် လူငယ်တွေကို ဒီလိုပြန်ပြောရဦးမှာပဲ။


https://www.facebook.com/100018953265379/posts/774646499843785/

Tuesday 23 February 2021

 https://m.facebook.com/story.php?story_fbid=771745806800521&id=100018953265379ဓမ္မ - အဓမ္မ ဆိုတဲ့ကြား ကွဲလွဲချက်ကို ရှာဖွေကြတာ ဗုဒ္ဓမတိုင်ခင်ကတည်းက ရှိခဲ့တယ်။ ဓမ္မ ကို ဟောပြောခဲ့သူတွေဟာလည်း ဗုဒ္ဓမတိုင်ခင်ကတည်းက ရှိခဲ့တယ်။ ဟောပြောတဲ့သူရဲ့ အဘိဓမ္မာအပေါ် မူတည်ပြီး ဓမ္မဆိုတဲ့အပေါ် သူတို့ သာဝကများရဲ့ ခံယူချက်တော့ မတူကြဘူး။ 


ဒါပေမယ့် ဓမ္မဟောကြားတဲ့ ဘယ်ပုဂ္ဂိုလ်ကမှ ငါနဲ့အမြင်မတူသူကို အဓမ္မလို့ သတ်မှတ်ကြ၊ ဖခင်အဖြစ်က စွန့်လွှတ်ကြလို့ မဟောပြောဘူး။ 


ဗုဒ္ဓဆို ပိုမဟောပြောဘူး။ ဗုဒ္ဓက မိဘရဲ့ကျေးဇူးကို အထူးအထွတ်အမြတ်ထားသူ ဟာကိုး။ 


သုဒေါဓန မင်းကြီးဟာ ဗုဒ္ဓအယူဝါဒကို လက်ခံသူ မဟုတ်ဘူး။ ဒါပေမယ့် ဗုဒ္ဓဟာ သူဘုရားဖြစ်ချိန်မှာလဲ ဖခင်ကျေးဇူးဆပ်ဖို့ နန်းတော်ကို ကြွခဲ့တာပဲ။ အဓမ္မဝါဒီ သုဒေါဓန ကို ဖခင်အဖြစ် မသတ်မှတ်တော့ဘူးလို့ မကြေငြာခဲ့ပါဘူး။ 


အခု ဖြစ်နေတာတွေက ဘာသာတရားအားနည်းပြီး ကွန်မြူနစ်အတွေးတွေ ဝင်လာကြတာ။ 


တရုတ်ကိုသာ ဆဲနေကြတာ။ အခု NLD ထောက်ခံသူတွေက မော်စီတုန်းခေတ် ယဉ်ကျေးမှုတော်လှန်ရေးတုန်းက mindset တွေနဲ့ တထေရာထည်းတွေပဲ။

Monday 22 February 2021

 နိုင်ငံရေးသမားဆိုတာ လမ်းပေါ်မှာ မသေဘူး။ သေပေးမယ့်သူကိုပဲ လမ်းပေါ်တွန်းတင်တယ်။ 


A politician will never die on the street but con others into taking to the streets to die for him.


ဒီမိုကရေစီမှာ ငတုံးတွေလူများစု ဖြစ်တဲ့အချိန် ခြိမ်းခြောက်အနိုင်ကျင့်ဗိုလ်ကျမှုတွေ ဖြစ်လာတာပဲ။ 


In democracy, hectorism comes to exist when morons are majority.


ခင်ဗျားက လူတစ်ယောက်ကို သုံးစားမရဘူးလို့ မြင်နိုင်တယ်။ ဒါပေမယ့် အခြားတစ်ယောက်အမြင်မှာလည်း ခင်ဗျားက နှစ်ပြားမတန်တဲ့ လူတစ်ယောက် ဖြစ်နေလိမ့်မယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။


you may feel worthless to one person. but, never forget that you will always be priceless to another.r.


အားပေးတတ်သူတစ်ယောက်သာ လုပ်စမ်းပါ။ ကမ္ဘာကြီးမှာက ဝေဖန်ရေးသမားတွေ ရိုက်သတ်မကုန်အောင် ရှိနေပြီပဲ။ 


Be an encourager. The world has plenty of critics already.

SayarThant

 22022021

Sunday 14 February 2021

 ▪️ကာချုပ်ကြီးသိပါစေ🇲🇲

နိူင်ငံတော် စီမံအုပ်ချုပ်မှု ကောင်စီကို ဉာဏ်မီသလောက် ပြောချင်ပါသေးတယ် ။


 အခုလိုပြောလို့ စစ်တပ်ထောက်ခံသူတွေ နှစ်သက်မှာ မဟုတ်သလို စစ်တပ်ကို မုန်းတဲ့လူတွေကလည်း ကြိုက်ကြမှာ မဟုတ်ပါဘူး ။


ဒါပေမယ့် ပြောသင့်တယ် ထင်လို့ ပြောပါမယ် ။

လက်ခံတာ လက်မခံတာက နောက်တစ်ပိုင်း ြဖစ်ပါတယ်။


CDMလှုပ်ရှားမှု လုပ်နေသော ဝန်ထမ်းတွေကို စော်ကားတာ မဟုတ်ပါ၊

တပ်မတော်ရဲ့အမှားကို ထောက်ပြဝေဖန်ချင်တာပါ ။


တပ်မတော်သားတွေ စစ်သားတွေကို အရပ်ဖက်လွှတ်ပြီး တာဝန်ပေးနေမယ့်အစား အရပ်ဘက်ထဲက ပြည်သူတွေ အလုပ်မရှိ‌ေသးသူတွေကို ဦးစားပေးပြီးနေရာပေး ဝန်ထမ်းခန့်သင့်ပါတယ်။


ပထမ အစဆုံး အလုပ်ခေါ်လိုက်ပါ 

မလျှောက်တာ လျှောက်တာက ပြည်သူတွေဘက်က အပိုင်းပါ ။


အလုပ်လက်မဲ့လူဦးရေ အ‌ေရှ့တောင်အာရှမှ အလွန်များတဲ့ ဒီနိူင်ငံမှာ အလုပ်လျှောက်ပြီး အလုပ်လုပ်ချင်နေကြသော ပြည်သူတွေ အမြှောက်အများ ရှိနေပါတယ် ။

ဒါကို တပ်မတော်အနေနဲ့ သိထားသင့်ပါတယ် ။


ပြည်သူဘက်ကို ကြည့်သော အစိုးရသာဆိုရင် စစ်သားမှ စစ်ဗိုလ်မှ အရပ်သားမခိုင်းဘူး အရပ်သားတွေကို မယုံကြည်ဘူး ဆိုတဲ့ စတိုင်နဲ့

 ပြည်သူကို မျက်ကွယ်ထားမယ်ဆိုရင် ပြည်သူက စစ်တပ်ကို ထပ်မုန်းပါလိမ့်မယ် ။

ပြည်သူအလုပ်မ‌ေလှျာက် အလုပ်မလုပ်နိူင်သော နေရာဒေသတွေကို လိုအပ်လာခဲ့ရင် တပ်မတော်သားတွေကို ခန့်ပြလိုက်ပါ 

အားလုံးကျေနပ်‌ေနကြမှာ အသေအခြာပါ ။

ယနေ့ခေတ်မှာ

စစ်အစိုးရတက်လာရင် စစ်သားတွေကိုပဲ နေရာချပေးမယ် ဆိုတာချည်းကို လက်ကိုင်ထားမနေသင့်တော့ပါဘူး 

 စဉ်းစားတာကြည့်ပါ


တချို့ပြည်သူတွေစစ်တပ်ကုိမုန်းလို့  

လမ်းပေါ်ထွက်နေသူတွေ ရှိသလို 

CDM လှုပ်ရှားမှု လုပ်နေသော ဝန်ထမ်းတွေကို စစ်တပ်ကအလုပ်ဖြုတ်ပြီး ဝန်ထမ်းခေါ်ယူခြင်းမျိုးတွေကို စောင့်နေသော ပြည်သူတွေ အမြှောက်အများကြီးရှိနေမှာ အသေအခြာပါပဲ ။


တပ်မတော်အစိုးရ နိူင်ငံတော်အုပ်ချုပ်စီမံကောင်စီတက်လာလို့ အလုပ်ရသော အလုပ်လက်မဲ့တွေက ဝမ်းသာကျေနပ်နေမှာ ဖြစ်သလို အလုပ်ပြုတ်ရသော CDMတွေကလည်း သူတို့အပြစ် သူတို့သိပြီး အလုပ်ပြန်လျှောက်လာသော ကျွမ်းကျင် ဝန်ထမ်းတွေလည်း လုပ်ငန်းခွင်ထဲ အနည်းနဲ့အများ ဝင်လာမှာ အသေအချာပါပဲ ။


ဒီလိုမဟုတ်ပဲ စစ်တပ်က စစ်သားကိုပဲ အရပ်ဘက်မှာ ခန့်မယ် ဆိုတာကြီးကတော့ ပြည်သူအမုန်းကို စစ်တပ်က 

ပိုခံရမှာဖြစ်ပါတယ် 


 နိုင်ငံရေး‌ေလာကမှာ စစ်သားတွေ ဝင်လာပြီး သူတို့အကျိုးစီးပွားအတွက်လုပ်တယ်ဆိုတဲ့ အနေအထား‌ေတွကို 

ပြီးခဲ့သော ထောက်လှမ်းရေးခေတ် တစ်ခုလုံး နဲ့ နဝတ နအဖ ခေတ်တစ်လျှောက်က ဒါဟာအမြင်သာစေသော အနီးဆုံးသမိုင်းဖြစ်သလို အမြင်သာဆုံးသော 

နောက်ခံပဲ ြဖစ်သည်။


ကာချုပ်အာဏာထိမ်းတာ ကောင်းတယ်တော်တယ် အချိန်မှန်တယ် ရွေးချယ်လျှောက်တဲ့‌လမ်းတွေ ကြည့်ပြီး လေးစားနေရ‌သလို နိူင်ငံ‌ေရးမှာ ကိုင်တွယ်တာ ညင်သာတယ် နူးညံ့တယ် ဆိုပြီး တိတ်တိတ်လေး လေးစားနေရပါတယ် ။


ကောင်စီစပြီး ဖွဲ့တော့ တပ်ဘက်က ၈ယောက် အရပ်ဘက်က ၈ယောက်ဆိုတော့ လေးစားခဲ့ရတယ် 

 လူမှန်‌ေတွ လူတော်တွေနဲ့ ဖွဲ့တယ်‌ေပါ့။


 ဒါပေမယ့် လက်ရှိစီမံမှုတွေ နည်းနည်း လွဲလာနေပြီလို့ ထင်မြင်လာပါတယ်။ 

 


အားလုံးကျေးဇူးတင်ပါတယ်

Pyaephyoaungkm blogspot

@အဓိပတိကမ်မ

Saturday 13 February 2021

အတူတူပါပဲ

 ခုတော့ အစိုးရ နှစ်ရပ်လုံးပြုတ်ပြီဆိုတော့ ခုခေတ်စကား သောက်ဖောင်းထုလိုက်ပြီ။ 


တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်တွေဆိုတာ သိန်းပေါင်းသိန်းချီ ချမ်းသာတယ်။ ဝင်ငွေရပေါက်ရလမ်းတစ်ခုကို ဥပမာပြမယ်။ 


ဦးသိန်းစိန်ခေတ်က လက်ယက်တွင်းတွေဆီကနေ ရေနံစိမ်းတွေကို ရေနံချက်ဖိုတွေဆီ တင်ပို့တဲ့အခါ အစိုးရက ရေနံတစ်စည် (တစ်ပေပါ) ကို ၃၀၀ ကျပ်နှုန်း တရားဝင် တောင်းတယ်။ 


ဒါကို ဝန်ကြီးချုပ်က ၃၀၀၀ တောင်းတယ်။ 


ရေနံတင်ကား (ဘောင်ဆာ) တစ်စီးမှာ ၁၄၅ ပေပါမှသည် ၁၅၅ ကြား ပါလေ့ရှိတယ်။ ပျမ်းမျှ ၁၅၀ ဆိုပါတော့ ချက်ဖိုတွေဆီရောက်တဲ့ကားက မိုးတွင်း ရေနံထွက်နည်းတဲ့ရာသီတောင် တစ်လကို ကားအစင်း ၂၀၀ ကနေ ၃၀၀ ကြား ရှိတယ်။ ရေနံအထွက်များတဲ့လ၊ လျှံတွင်းတွေပေါက်ကြချိန်ဆို ကားအစင်း ၅၀၀ ကနေ ၇၀၀ ကြားရှိတယ်။ 


ကိုယ့်တိုင်းက ဖြတ်သွားတဲ့ကား ၁၀၀ ပဲ ထားဦး။ (၂၇၀၀ × ၁၅၀) × ၁၀၀ = ၄၀၅၀၀၀၀၀


ဦးသိန်းစိန်ခေတ် ဝန်ကြီးချုပ်တစ်ဦးက တစ်လကို သိန်း ၄၀၀ ဝင်ငွေ ရှိတယ်။ 


၂၀၀ က ဂိတ်တွေကို ပြန်ပေးရတယ် ထားဦး။ တစ်လ သိန်း ၂၀၀ ဝင်နေတာပဲ။ 


ဒါကို NLD ခေတ်ကျ ရေနံသမားတွေက လက်ထောက်ချတော့ အရင်ဝန်ကြီးချုပ်ကို တရားစွဲတယ်။ ဘယ်လိုပြီးတယ်တော့ မသိဘူး။ 


သေချာတာက တိုင်းဒေသကြီးရန်ပုံငွေဆိုပြီး အရင် တစ်ပေပါကို ၃၀၀ ပေးနေရာက ၃၀၀၀ လို့ တရားဝင်ဖြစ်သွားတယ်။ 


ဒါနဲ့ NLD ခေတ်မှာ ဆီဘောင်ဆာကားသမားတွေကို မေးကြည့်တယ်။ "မင်းတို့ ဒုန်းရင်း ဒုန်းရင်း ပေါ့။ အရင် ၃၀၀၀ အခု ၃၀၀၀ ?" 


ကားသမားတွေက ပြန်ဖြေတယ်။ "ရနေပါဦးမယ် ၃၀၀၀ ။ အခု စာရင်းပြက ၃၀၀၀ ။ ကောက်တော့ ၇၀၀၀" တဲ့။ 


နောက်ဘုန်းကြီးက နှစ်ချက်ခေါက် ဆိုတဲ့စကားသာ အမှတ်ရမိတော့တယ်။ 


ဒါတောင် ဝန်ကြီးချုပ်ခမျာ ဘာမှ မစုမိရှာဘူးတဲ့။ အိုင်ဖုန်းလေးတစ်ခုပဲ ချမ်းသာတယ် ဆိုလားပဲ။


SayarThant

ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ

 "ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး" လို့ အော်သံကြား။ 


Fact check လုပ်ကြည့်တော့ တော်တော်လွဲနေတယ်။ 


၁) သတ်မှ မသတ်ဘဲ။ အဓိကရုဏ်း နှိမ်နင်းနေတာ။ 


၂) ရဲတွေ။ စစ်သားမဟုတ်။ 


၃) ဗိုလ်ချုပ်က ဘာစစ်ပညာသင်ပေးခဲ့လို့တုန်း? သူကိုယ်တိုင်တောင် ယောင်ဝါးဝါး ဂျပန်မှာ ထရိန်နင် ခဏ ဆင်းခဲ့ရတာ။ 


၄) စစ်ပညာနဲ့ အဓိကရုဏ်း နှိမ်နင်းရေး ဘာဆိုင်သလဲ? 


၅) ရဲက ဗိုလ်ချုပ်ရှိတုန်းက ရှိတာ မဟုတ်ဘူး။ ရှိတဲ့ ရဲကလဲ ဗိုလ်ချုပ်နဲ့ ဘာမှ ဆက်စပ်တာ မဟုတ်ဘူး။ 


၆) ခု ရဲတွေလုပ်ဆောင်နေတာ ၂၁ ရာစု နိုင်ငံတကာ အဓိကရုဏ်းနှိမ်နင်းရေး စနစ်တွေ။ ၂၀ ရာစုခေတ်က မရှိသေးဘူး။


SayarThant


" ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ .... ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး " အော်ကြတယ်နော်...


အေးဗျ! 


" ဗိုလ်ချုပ်ပေးတဲ့ လယ်ကွက်ဟာ... အနောက်ဆီမှာကုန်းဖို့မဟုတ်ဘူး " ပြန်အော်မှ စိတ်မဆိုးနဲ့ဗျ....


အတုံ့အလှည်ဆိုတာရှိတယ်...


ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာပြောနေလို့ သမိုင်းမှာ ကိုအောင်ဆန်း ရွပ်ရွပ်ချွန်ချွန် သက်စွန့်ဆံဖျားတိုက်ခဲ့တဲ့တိုက်ပွဲအကြောင်းရှိရင် လာပြောကြပါဦး...


ကျုပ်ရှာနေတာ ၄ ရက်လောက်ရှိပြီ၊ အခုထိ မတွေ့သေးလို့...


ကျုပ်တွေ့တာတော့ အင်္ဂလိပ်က ဖမ်းဝရမ်းထုတ်ပြီး ဆုငွေ ၅ ကျပ်ထုတ်တာပဲတွေ့တယ်...


၅ ကျပ်တန်ရီးလို့တော့ မပြောရဲပါဘူး 


😁😁😁


ဦးပြည့် 

https://www.facebook.com/100063704881351/posts/102185251914971/



SayarThant

 Pakokku Myanmar Burma

ညတုန်းက ၉ နာရီနဲ့ ၁၀ နာရီကြား ကိုယ်တွေနေတဲ့မြို့တစ်ခုလုံး ဆူညံပွက်လောရိုက်သွားတယ်။ 


တကယ်တော့ နေ့ခင်းကတည်းက ဆူညံနေခဲ့တာ။ ရဲတွေက ဆေးရုံထဲဝင်ပြီး ဆေးရုံအုပ်ကြီးကို ဖမ်းလို့ တဲ့။ Live လွှင့်ရာက လူတွေ ဆိုင်ကယ်ဟွန်းသံ ဆူဆူညံလျက် သံကြောင်ဟစ်အော် ကြွေးကြော်သံပြင်း ဆေးရုံဝင်းသို့ တုန်ဟီလှစွာ ချီတက်လာကြသည် တဲ့။ ဟို ရောက်တော့လဲ ရဲတွေလဲ ပြန်ပါပြီ။ ဆေးရုံအုပ်လဲ အေးဆေးပါ။ ရဲတွေဆိုတာက မှုခင်းနဲ့ဆက်စပ်ပြီး ဆေးရုံထဲကိုက အဝင်အထွက် လုပ်နေကြပါ။ အခုအနေအထားကတော့ ကာယကံရှင်တွေမှ အဖြေမှန် သိမယ်။ ရဲတွေကပဲ တကယ်လာဖမ်းတာလား? ဆေးရုံအုပ်ကပဲ "ကယ်တော်မူကြပါ" အကဲပိုတာလား? လူတွေကပဲ "စောက်တတ်" လွန်တာလား? ကိုယ်တွေကတော့ အဖြေမသိ။ 


အဲဒီ နေ့ခင်းက ပြဿနာက ညဖက်ပြဿနာရဲ့ အခြေခံပဲ။ ညနေဖက် လက်ဖက်ရည်ဆိုင် သွားထိုင်မိလိုက်ပါတယ်။ ရွာနောက်ပိုင်း ခလုပ်တိုက်တယ်၊ ရွာလယ် ဖားပြုတ်ကိုက်တယ်၊ ရွာထိပ် တရုတ်ရိုက်တယ် ကောလဟာလ ပြန့်သွားသလို။ ဆေးရုံအုပ် ဖမ်းတဲ့ ကောလဟာလက သူတို့စကားအရ UN အထိ ရောက်နေပြီ။ နည်းနည်းတော့ လျှော့ကြပါဦး ပြောချင်တာ။ ပြောမိရင် ကိုယ့်ဝိုင်းရိုက်မှာက ကြောက်ရသေးတယ်။ တစ်ချို့လဲ ညနေ မှောင်ရီဖျိုးဖျ ၆ နာရီလောက်အထိ ဆေးရုံရှေ့မှာ ရှိကြတုန်း။ 


ည ၉ နာရီ မတ်တင်းလောက်မှာ လူတွေ အုံလိုက်ခဲလိုက် ထွက်လာ၊ ဟွန်းတွေတီး၊ ပိုဆိုးတာက သံချောင်းပါခေါက်တဲ့ရပ်ကွက်တွေရှိလာ။ ဘယ်ပြောကောင်းမလဲ ရဲစခန်းကို လူ ၁၀၀၀ လောက် သွားဝိုင်းတယ်။ ဘာဖြစ်တာတုန်းမေးကြည့်တော့ လမ်းမထက်က မုန့်ဟင်းခါးဆိုင်က လူတစ်ယောက်ကို ရဲက ဖမ်းသွားလို့ တဲ့။ မုန့်ဟင်းခါးဆိုင်က Live လွှင့်လိုက်တာမှာ ပြန့်သွားတယ် ဆိုတယ်။ ဒီကနေ ကောလဟာလက ကားသည်ထက် ကားလာ၊ လူအုပ်က ကြီးသည်ထက်ကြီးလာပြီး နောက်ဆုံး လူအုပ်ကြီးက အမြန်လမ်းမကြီးထက်က ဆေးရုံဝန်ထမ်းအိမ်ယာကို ချီတက်သွားကြတယ်။ 


အဲဒီမှာ ရဲကလဲ လူအုပ်ကြောက်တာနဲ့ အစောင့်ချ။ တပ်ကပါ ရောက်လာ။ လူအုပ်ကလဲ ရဲ/စစ်တပ်က ဆရာဝန်တွေ၊ သူနာပြုတွေကို ဝင်စီးဖို့ ကြံစည်နေတာမှာ သူတို့က လူအုပ်နဲ့ ဝင်တားလိုက်နိုင်ပါပြီဆိုပြီး သူရဲကောင်းစတိုင်နဲ့ မူးမူးပြဲပြဲ စကားဝူးဝူးဝါးဝါး live တွေလွှင့်။ ပိုပြီး publicity stunt ထွင်ချင်သူက ရဲကို ခဲတွေနဲ့ပေါက်။ တော်တော်နဲ့ မပြီးဘူး။ 


ကိုယ်တွေလဲ ညအိပ်သာအိပ်ရတယ်။ တထိတ်ထိတ်နဲ့။


မနက်လင်းတော့ ညက ရဲက အရပ်သားကို အကြောင်းမဲ့ ကုပ်သွားတာလား စုံစမ်းကြည့်တော့ မဟုတ်ပါဘူး တဲ့၊ ပတ်တရောင် ရဲတစ်ယောက် ဗိုက်ဆာလို့ မုန့်ဟင်းခါးဆိုင်မှာ ဝင်စားနေတာကို စောင့်ခေါ်သွားတာပါ တဲ့။ လမ်းမှာတွေ့တဲ့သူတွေ ခေါ်သွားတယ်ဆိုတာလဲ တစ်ဖွဲ့တည်းသား ရဲတွေပါပဲ တဲ့။ 


FUCK! 


ကိုယ်တွေလဲ စစ်အစိုးရကြောက်ရမှာလား? ပြည်သူကြောက်ရမှာလား? ကို မဝေခွဲတတ်တော့ဘူး။

 တချိန်က သစ်ပင်တွေ၊ သစ်တောတွေကြားထဲ နေထိုင်ပြီး လွတ်လွတ်လပ်လပ်ရှာဖွေစားသောက်ခဲ့တဲ့ ဘိုးဘွားတွေကို အားကျမိတယ်။

Wednesday 10 February 2021

နန်းမြမီမီဇော်

 သို့/

ဗိုလ်ချုပ်မှူ းကြီးမင်းအောင်လှိုင်

ဥက္ကဋ္ဌ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ


အဘဗိုလ်ချုပ်မှူ းကြီး သိသာပါရန်လေးစားစွာ တင်ပြအပ်ပါတယ်ရှင့်။

ယခင်အာဏာရပါတီထာက်ခံသူများ ပါတီဝင်များ ရပ်စည်းမှူ းများ|ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် 

အဓိကနေရာမှ လူထုဆူပူအုံကြွမှုကို လုပ်ဆောင်နေပါသည်။အချိန်မှီတားဆီးပေးပါရှင့်။


CDM အောင်မြင်သည်ဟုပြောဆိုနေခြင်းသည် အစစ်အမှန်လူထုထောက်ခံမှု မဟုတ်ပါ။မိဘပြည်သူကို ခြိမ်းခြောက်အကျပ်ကိုင်ပြီး လုပ်ဆောင်နေတာပါ။ရလဒ်ပါ။

CDM.ရည်ရွယ်ချက်က အစိုးရ ပြု တ်ကျအောင်လို့ အတိအလင်းစိန်ခေါ်ထားပါတယ်။အစိုးရယန္တယားရပ်ဆိုင်းပါက ပြည်သူလူထုသာလျှင် နစ်နာသူဖြစ်ပါလိမ့်မယ်။ယခုဆူပူလှုံ့ဆော်နေသူများသည် ၅နှစ်တာကာလ အခွင့်ထူးခံ လူတန်းစားများဖြစ်သည့်အလျှောက် အခြေခံလူထုလူတန်စားများကို နားလည်စာနာနိုင်စွမ်းမရှိပါ။အန်အယ်ဒီ လူ့အဖွဲ့အစည်းသည် ၅ နှစ်တာကာလတွင် အကျင့်ပျက်ခြစားမှုကို အထူးတလည် လုပ်ဆောင်ခဲ့တယ်။သမ္မတဟောင်းကခန့်အပ်ထားသော အကျင့်ပျက်ခြစားမှုကော်မရှင်သည်လည်း အရေးယူခြင်းမရှိပါ။


ယခုအခါတွင် အန်အယ်ဒီလက်ကိုင်တုတ်များ၏ အတင်းအကျပ်ခိုင်းစေနေသည့် CDM ကို မလုပ်ဆောင်ပါကလူမှုရေးပြစ်ဒဏ်ဟုဆိုကာ social punishment ဟု ဆိုကာ ပြည်သူကို အကြီးအကျယ်ထိုးနှက်ချေမှုန်းနေပါတယ်။

ဒါကြောင့် သာသနာရေးအဖွဲ့အစည်းများ|နိုင်ငံဝန်ထမ်းများ

မိဘပြည်သူများကို ဖိနှိပ်စော်ကားလျက်ရှိသည်။

ရိုးသားသည့်ပြည်သူကို လိမ်ညာလျက်ရှိသည်။

မည်သည့်အဖွဲ့အစည်း မည်သည့်ပုဂ္ဂိုလ်များကမှ 

ကူညီကာကွယ်ပေးနိုင်ခြင်းမရှိပါဘူး။ဝမ်းနည်းစိတ်မကောင်းစွာ တွေ့မြင်နေရပါတယ်။


ရဟန်းရှင်လူ မိဘပြည်သူတို့သည်အန်အယ်ဒီဖိနှိပ်သည့်အတိုင်း ရပ်တည်နေရပါတယ်။အန်အယ်ဒီမှနေ့စဉ်စော်ကားနေပါတယ်။ကူရာကယ်ရာမဲ့လျက် စ်ိတ်နှလုံးညှိုးနွမ်းလျက်ရှိနေကြပါတယ်။


ရဟန်းတော်များသည် လက်သုံးချောင်း ကို

ထောင်ပြရပါသည်။ နေ့စဉ်ဆွမ်းကွမ်းဆေးကိစ္စများဖြင့် အကျပ်ကိုင်ထားပါသည်။ရဟန်းတော်တို့ကို စော်ကားပြောဆိုလျက်ရှိပါတယ်။


ဒီမိုကရေစီဆက်လက်ရှင်သန်ဖို့ရာတရားဥပဒေစိုးမိုးရေးက အဓိကကျပါတယ်။


အခုမြန်မာ့လူ့အဖွဲ့အစည်းတွင် အန်အယ်ဒီပါတီ ထောက်ခံသူပဲရှိနေတာမဟုတ်ပါဘူး။တနိုင်ငံလုံး လူဦးရေ ၅၄ သန်းကျော်ရှိတယ်။အန်အယ်ဒီဖက်ကနေ ဆန္ဒပြနေတာ ၃သန်းပါ။ကျန်တဲ့လူသန်း၅၀ က ဆန္ဒမပြတဲ့သူတွေပါ။


အခုဖြစ်နေတာက ဆန္ဒမပြတဲ့သူတွေကို အတင်းအဓမ္မ 

ဆဲဆိုမိုက်ရိုင်း ခွဲခြားဆက်ဆံတယ်။

အလုပ်မဆင်းတဲ့သူCDM.ကိုငြင်းတဲ့သူတွေကို လူမှုရေးဖိအားပေးခြင်း| အရှက်ခွဲခြင်း|အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာစော်ကားခြင်းများကို လုပ်ဆောင်နေပါတယ်။


 ပြည်သူလူထုနှင့်နိုင်ငံဝန်ထမ်းများတို့ကိုအန်အယ်ဒီအကြမ်းဖက်သမားများ၏စော်ကားပြောဆိုလုပ်ဆောင်မှုများမှ ကာကွယ်ပေးပါရန် အလေးအနက် မေတ္တာရပ်ခံပါတယ်ရှင့်။


ရပ်ကွက်မြို့ရွာများတွင် ရိုးသားအေးဆေးစွာ နေထိုင်လုပ်ကိုင်နေသောပြည်သူများကိုလူမှုကွန်ယက်မီဒီယာများမှလည်းကောင်း|တိုက်ရိုက်သော်လည်းကောင်း |လူမှုအကြမ်းဖက်စော်ကားမှုကိုပြု လုပ်နေသော အကြမ်းဖက်သမားများကို ဥပဒေများနှင့်အညီ နောင်ကျဉ်သောပြစ်မှု ပြစ်ဒဏ်များ ချမှတ်နိုင်ရန် |အရေးယူဆောင်ရွက်ပေးပါရန်| လေးစားစွာတင်ပြတောင်းဆိုပါတယ်ရှင့်။


လေးစားလျက်

နန်းမြမြမီမီဇော်

၁၁ .၂. ၂၀၂၁.

Tuesday 9 February 2021

 ကိုယ်တွေက နိုင်ငံတကာသတင်းတွေနဲ့ ထိတွေ့လာတာ ၆ နှစ်/ ၇ နှစ် ရှိပြီ။ အဓိကရုဏ်းနှိမ်နင်းတာ ဘယ်လိုဆိုတာ တွေ့သိဖူးတာ များလှပြီ။


၈၈ တွေ ပြောပြီး လူတွေကို လမ်းပေါ်တင်တော့ စနစ်တကျ လေ့ကျင့်ထားတဲ့ အဓိကရုဏ်းရဲတွေနဲ့တွေ့ပြီး ရင်နာရတော့မှာပဲဆိုတာ သိခဲ့ပြီး စိတ်မကောင်းဘူး။ 


၈၈ မှာ စစ်တပ်က ပစ်တာ။ အခုကျ ရဲကပိတ်တားထားတာ။ ငါ့တို့ကို မပစ်ပါဘူးကွာ။ မပစ်ရက်/မပစ်ရဲပါဘူးကွာ။ ... ဆိုတဲ့ အတွေးတွေဝင်နေတာတွေ့ရတော့လဲ စိတ်ထဲမှာ ကြိုပြီးတော့ စိတ်မကောင်းဖြစ်မိတယ်။ 


ပြောသူတွေကြည့်လိုက်တော့ မလိမ်မိုး မလိမ်မာ အရွယ်လေးတွေ။ 


သေတတ်တယ် ဆိုတာကလွဲလို့ တခြားပြောစရာ စကားမရှိဘူး။ သူတို့ရဲ့ emotion ကို ပိတ်ပင်လို့ မရဘူးလို့ ခံယူထားသူတွေက များတယ်။ စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ ကြမ်းချင် ရမ်းချင်တယ် ပေါ့။ 


စာနာနားလည်ပေးပါတယ်။ ဒါပေမယ့် ဘာပြောပြော ခုလောက် ကြမ်းကြရမ်းကြပြီးရင် အသိဥာဏ်လဲ ဝင်ကြ။ 


ကိုယ်ဘယ်လောက် အမေစုကို ထောက်ခံမလဲ? သူ့လွှတ်တော်အမတ်တွေ လူယုံတွေကို မီမလား? ကိုယ်က မော်ကြည့်ရတဲ့ ဘဝ။ သူတို့ဆိုတာ အမေစုလာရင် ပြားပြားဝပ် ရှင်ဆိုရှင် သေဆိုသေပါမယ် ဆိုခဲ့သူတွေ။ 


ဒီလူတွေ ရှေ့ထွက်သလား? စဉ်းစားပါ။


SayarThant

Sunday 7 February 2021

Phyo wei

 အာဏာထိမ်းအစိုးရအောက်မှာ နှစ်နှစ်နေမလား

Zero Setting အောက်မှာ အကန့်အသတ်မဲ့ နေမလား


?????????????????????


၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဦးသန်းရွှေ Mandate ပေးခဲ့တဲ့ ဦးသိန်းစိန်အစိုးရနဲ့ 


NLD အစိုးရ သက်တမ်းနှစ်ဆက်ဆိုတော့ 

ဒီမိုကရေစီက ဆယ်နှစ်သားပေါ့ 


အခုတော့ တစ်နှစ်သိမ်းပြီး ရှင်ပြုခံနေရတယ် 

ခြောက်လနှစ်ကြိမ် သက်တမ်းတိုးခွင့်ရှိတော့

နှစ်ဝါဆိုရမှာပေါ့ 


ဘာလို့ နှစ်ဝါဆိုရမလဲ တွက်ကြည့်မယ်ဆိုရင်

လက်ရှိ ရွေးကောက်ပွဲကော်မရှင်အသစ်ဟာ 

မဲမသမာမှုတွေ အစက ပြန်လေ့လာရမယ်

ကော်မရှင်အဖွဲ့ဝင်ဟောင်းတွေကို ပြန်စစ်ရမယ်

အကျအပေါက်များလွန်းပြီး ပြဿနာရှိခဲ့တဲ့

မဲပေးခွင့်ရှိသူစာရင်းကို ပြန်စစ်ရမယ်

တစ်နိုင်ငံလုံး မဲပေးဖို့ အစက ပြန်လုပ်ရမယ်

ဒီအခြေအနေမှာ ဝန်ထမ်းတွေ ဆန္ဒပြနေတယ်

ပြည်သူလူထုအုံကြွနိုင်တဲ့ အခြေအနေဖြစ်တယ်

တောကြောင်တွေ လက်ခမောင်းခတ်ဖို့ 

သတင်းအတုတွေ လွှင့်နေတယ်

ဒီအခြေအနေတွေကို ကျော်ဖြတ်ဖို့ဟာ 

တစ်နှစ်နဲ့ ဘယ်လိုမှမလောက်လို့ 

နှစ်နှစ်ကြာမယ်လို့ မဖြစ်မနေတွက်ရမယ်


ပြီးတော့ လက်ရှိအခြေအနေဟာ 

အာဏာထိမ်းတာလား၊ အာဏာသိမ်းတာလား

ဘယ်လိုလုပ်ထားတာလဲဆိုတာ သိဖို့လိုတယ်

အာဏာထိမ်းထားရာက ဆူပူမှုတွေ ဖြစ်လာပြီး

အာဏာသိမ်းသွားမလား?


ကျွန်တော်ကတော့

လက်ရှိအခြေအနေဟာ အာဏာထိမ်းထားတယ်လို့

ယုံကြည်ပြီး နှစ်နှစ်လောက်နဲ့ 

ရွေးကောက်ပွဲပြန်လုပ်မဲ့လမ်းကြောင်းမှာ နေမယ်လို့

ဆုံးဖြတ်ထားပါတယ်


ဘာဖြစ်လို့လဲဆိုတော့ အချိန်မရွေးလုပ်သွားနိုင်တဲ့

Zero Setting ကို စိုးရိမ်လို့ပါ


Zero Setting ဆိုတာကို နီပေါတွေ နားလည်ပါ့မလား?


နားလည်မယ် မထင်ပါဘူး 

အဲဒါကြောင့် ဆူပူလှုပ်ရှားဖို့ တိုက်တွန်းနေတာပါ


အကျဥ်းချုံးပြောရမယ်ဆိုရင်

တပ်မတော်ဟာ ဦးသိန်းစိန်လက်ထက်မှာ 

အပြန်အလှန်ယုံကြည်မှုရယ် နေသာမှုရယ်နဲ့ 

သူတို့ကိုယ်သူတို့ Smart Army အဖြစ် နေခဲ့တယ်

ဒီလိုနေခွင့်ရအောင်လည်း ဦးသိန်းစိန်က

သူတို့ကို Respect ပေးတယ် ကာလုံခေါ်တယ် 

သူတို့ဆန္ဒမေး တလေးတစားဆက်ဆံခဲ့တယ်


NLD အစိုးရလက်ထက်မှာ 

ကာလုံတစ်ကြိမ်မှ မခေါ်ဘူး

နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ တပ်နဲ့ဆိုင်တဲ့ 

သူတို့အတွက် အရေးကြီးတဲ့ကိစ္စတွေမှာ

NLD အစိုးရအဖွဲ့ကို တူတူတန်တန်တင်ပြခွင့်မရဘဲ

နိုင်ငံ့အရေးကနေ ငါးနှစ်လုံးလုံးဖယ်ထုတ်ခံရတယ်


တစ်ခါ လွှတ်တော်တွင်းမှာလည်း 

ဒီမိုကရေစီအနိုင်ကျင့်တာ ပျက်ရယ်ပြုတာ

လှောင်ပြောင်အရေးမစိုက်လုပ်ခံရတာ

ဘတ်ဂျက်တွေပယ်ဖျက်ခံရတာ 

စတဲ့အခြေအနေတွေနဲ့ တပ်မတော်က 

ပြောင်းလဲဖို့လိုတယ်ထင်တဲ့ ဥပဒေတွေ 

ဆွေးနွေးတိုင်းလိုလိုမှာ ပယ်ချ ဖြုတ်ချခံရတာတွေ

ကြုံခဲ့ရတယ် 

ဒီအခြေအနေနှစ်ရပ်ကို တပ်မတော်က မကြိုက်ဘူး


အဲဒီအခြေအနေကို ပြီးခဲ့တဲ့ သုံးနှစ်လောက်ကတည်းက

ကျွန်တော်မြင်တယ် 

ဒီတော့ ခြေဥကို စိတ်ကြိုက်ပြင်ဖို့ 

Zero Setting သွားမလားဆိုတာကို တွေးရတယ်

အဲဒီအချိန်မှာ ထိုင်းမှာလည်း အာဏာသိမ်းပြီး

ခြေဥကို စိတ်ကြိုက်ပြင်တာ ဝန်ကြီးချုပ်လုပ်တာ

ဖြစ်ထားတယ်


နိုင်ငံရဲ့ ဖြစ်ခဲ့တဲ့ အခြေအနေတွေ

လက်ရှိအခြေအနေတွေ ပေါင်းစပ်လိုက်ချိန်မှာ 


အပေါ်က ခေါင်းစဥ်ဖြစ်တဲ့


အာဏာထိမ်းအစိုးရအောက်မှာ နှစ်နှစ်နေမလား

Zero Setting အောက်မှာ အကန့်အသတ်မဲ့ 

နေမလား ဆိုတဲ့ အခြေအနေနှစ်ရပ် ထွက်လာတယ်


လက်ရှိမှာ တပ်ချုပ်က အာဏာထိမ်းထားတယ်

အဲဒီတော့ ဆူပူလှုပ်ရှားမှုအကြောင်းပြချက်မရှိရင်

ခြေဥအရ နှစ်နှစ်အတွင်း ရွေးကောက်ပွဲပြန်လုပ်ရမယ်


အင်း 


ဆူပူလှုပ်ရှားမှုတွေကြောင့် တိုင်းရွာပြည်နှံ့

မငြိမ်းချမ်းလို့ အာဏာသိမ်း Zero Setting 

ပြန်ချရင်တော့ ရှေ့က ကြုံခဲ့ရတဲ့ 

၁၉၈၈ အမှောင်ထဲကို ပြန်သွားရလိမ့်မယ်


NLD အစိုးရလက်ထက်မှာ ကြုံခဲ့ရတဲ့

ဖိနှိပ်ခံရမှုပုံစံတွေ ပြင်ဆင်ထားတဲ့

ခြေဥအသစ် ထွက်လာလိမ့်မယ်လို့ ယူဆတယ်


ဒီလိုအခြေအနေမှာ 

ဘာခေါင်းဆောင်မှု အရည်အသွေးမှ မရှိတဲ့

NLD ပါတီကို ကျွန်တော်မယုံသလို

အဝေးကနေပဲ လေလုံးပစ် ခြိမ်းခြောက်နေတဲ့

ICC, ICJ, နိုင်ငံတကာတပ်တွေ ကုလသမဂ္ဂတွေ

အဲဒီစောက်ပေါတွေ မျှော်နေတဲ့ ဘယ်ကောင့်မှ

ကျွန်တော် မယုံကြည်ပါဘူး


နောက်တစ်ချက်က 

ငါတို့ ပြည်သူလူထုဟာ ၈၈ ကလို မဟုတ်ဘူးဆိုသလို

တပ်မတော်ကလည်း အခုအချိန်မှာ 

Global Fire Power မှာ အဆင့် ၃၀ ကျော်ပါ

နိုင်ငံ့လူဦးရေ ၅၀ ရာခိုင်နှုန်းလောက်က 

သူတို့ဘက်ကရှိနေတာပါ

NLD အစိုးရဘက်မှာ ဗုဒ္ဓဘာသာကို ဖိနှိပ်ခဲ့ 

သံဃာကိုစော်ကားခဲ့ 

ဘာသာရေးက နိုင်ငံရေးဝင်မပါနဲ့

ဘုန်းကြီးက ဘုန်းကြီးလိုနေဆိုပြီး

ဆဲဆိုအောက်တန်းကျတဲ့ နီပေါတွေကြောင့်

သံဃာတွေကလည်း ဒီတစ်ကြိမ်မှာ 

ဘုန်းကြီးက ဘုန်းကြီးလိုနေနေပြီး

ဝင်မပါတော့ပါဘူး


ငါးရက်အတွင်းမှာ သေနတ်သံတစ်ချက်မဖောက်

ကြားဖြတ်အစိုးရအသစ်ဖွဲ့ 

ကုလရဲ့ ထုတ်ပြန်ချက်မှာ အာဏာသိမ်းတာကို

ရှုတ်ချပြစ်တင်ကန့်ကွက်တဲ့စကားလုံးမပါအောင်

လုပ်ထားခဲ့တဲ့ တပ်မတော်က

လက်ရှိမှာလည်း နိုင်ငံတကာကို

NLD အစိုးရရဲ့ ခြေဥကို လေးစားလိုက်နာမှုမရှိတာ

UEC က မဖြေတာ၊ လွှတ်တော်ခေါ်မပေးတာ

စတဲ့အချက်တွေအားလုံးကို သိမ်သိမ်မွေ့မွေ့ကို

တရစပ်လုပ်နေတာကြောင့်

နိုင်ငံတကာက သေချာစောင့်ကြည့်ဆဲပါ


ခင်ဗျားတို့ အမေရိကန်ကို အားပေးမယ်ကြံလား

မကြံပါနဲ့ သူ့ရဲ့ KFC တို့ Chubb တို့တောင်မှ

မြန်မာနိုင်ငံက လက်ရှိအထိ ထွက်မဲ့အသံမဟပါဘူး

ဒါတောင်သူတို့က အာဏာသိမ်းတယ်လို့

သတ်မှတ်ထားတယ်

ဒီလိုအချိန်မှာ အမေရိကန်ရဲ့လုပ်ငန်းကြီးတချို့က

ပြန်မထွက်ဘူးဆိုတော့

သူတို့ ဒီဖြစ်စဥ်ကို လက်ခံလို့ဆိုတာ တွေးလို့ရပါတယ်


ဆိုရမယ်ဆိုရင် 

လူထုအစိုးရကို အာဏာအပ်ရမယ်ဆိုပြီး

လုပ်နေတဲ့ Movement တွေ

ကြားနေပြည်သူလူထုကို နားညီးစေမှုတွေ

သူတို့ဘက်မပါရင် ရန်သူထင်ပြီး လိုက်ဆဲမှုတွေဟာ

အာဏာထိမ်းမှုကို အာဏာသိမ်းမှုလို့သုံးနေတဲ့အတိုင်း

တကယ်ဖြစ်သွားနိုင်တကာကလွဲရင် ဘာမှဖြစ်လာမှာမဟုတ်ပါဘူး


ဒါကြောင့် ကျွန်တော်ကတော့ 

တပ်မတော်အနေနဲ့ ခြေဥကို လေးစားလိုက်နာပြီး

နှစ်နှစ်အတွင်း လွတ်လပ်သန့်ရှင်းတဲ့ 

ရွေးကောက်ပွဲပြန်လုပ်ဖို့ သတင်းစာပညာအရ

မျှတတဲ့တိုက်တွန်းမှုလုပ်ဆောင်သူအဖြစ် နေမယ်


ဆက်ရေးရရင် အများကြီးကျန်သေးတဲ့

ဒီလိုပို့စ်ရေးတာ အဖမ်းခံရနိုင်တာကလွဲရင်

ကျွန်တော့်အတွက် ဘာအကျိုးမှမရှိဘူး

ဒီလိုပို့စ်မျိုးကို တပ်မတော်ကလည်း မကြိုက်ဘူး

နီပေါတွေကလည်း ဆဲမှာပဲ


ဒါပေမဲ့ ကျွန်တော့်ရဲ့ ကြားနေအမြင်ကို 

စောင့်ဖတ်နေသူတွေ ပိုတွေးနိုင်စေဖို့

တော်လှန်သွေးတကြွကြွဖြစ်နေတဲ့ 

အိမ်က အကိုလေးယောက်နဲ့ ညီငါးယောက်

တစ်ခုခုလုပ်မယ်ဆိုရင် ဒီပို့စ်ဖတ်ပြီး တွေးနိုင်ဖို့

ရေးရတာ ဖြစ်တယ်


လာဆဲရင်တော့ ပြန်ဆဲမှာပဲ

PhyoWei



Wednesday 3 February 2021

 မဲလိမ်မဲခိုးမှုတွေက အထူးသဖြင့် ရွေးကောက်ပွဲကျင်းပပြီးချိန်မှာ အရေးပါတယ်။ - မာစီဒီးစ် ရှလပ်


ရေးသားသူ၏ အလုပ်အကိုင် - ပြည်သူ့ဝန်ထမ်း

နိုင်ငံသား - အမေရိကန်

မွေးဖွားသည့်ရက်စွဲ - ဒီဇင်ဘာ ၂၇၊ ၁၉၇၂


Voter fraud especially matters when elections are close. - Mercedes Schlapp


Author Profession: Public Servant

Nationality: American

Born: December 27, 1972

 အရမ်းကောင်းလွန်းသည့်အတွက် ဦးရဲထွဋ် ရဲ့ FB မှ ကော်ပီ ယူပါသည်              မိတ်ဆွေတွေ ရန်မဖြစ်ကြပါနဲ့


နိုင်ငံရေး အခြေအနေ ရှုပ်ထွေးတင်းမာမှုတွေက လူမှု အသိုင်းအ၀န်းကြားကိုပါ ကူးစက်လာတယ်။ ပုဂ္ဂိုလ်ချင်း ဆက်ဆံရေးမှာ သူ့ဘက် ကိုယ့်ဘက် ကွဲပြီး မခေါ်နိုင်၊ မပြောနိုင် ဖြစ်တာလည်း ကြား ရတယ်။ ဖေ့စ်ဘွတ်မျက်နှာစာမှလည်း မိတ်ဆွေ စာရင်းထဲက ထုတ်ပစ်မယ်၊ ထုတ်ပစ်လိုက်ပြီ လို့ ကြွေးကြော်တာလည်းမြင်ရတယ်။ ပရိုင်ဖိုင်း မပြောင်းလို့၊ ပရိုဖိုင်းပြောင်းလိုက်လို့ ဆိုပြီး ရန်ဖြစ် နေတာလည်း တွေ့ရတယ်။  


နိုင်ငံရေးအမြင်မတူတာနဲ့ မိတ်ဆွေဖြစ်လို့မရတော့ဘူးလား၊ နိုင်ငံရေး အမြင်မတူတာနဲ့ ရန်သူ ဖြစ်ရတော့မလား။ လွတ်လပ်ရေးရပြီးထဲက ကြုံခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာအားလုံး ရဲ့ အရင်းခံ အကြောင်းတရားတွေထဲမှာ ငါ နဲ့မတူ ငါ့ရန်သူ ဆိုတဲ့ သဘောထားက အဓိက အချက် တစ်ခုအနေနဲ့ပါခဲ့တယ်ဆိုရင် မှားမယ်မထင်ဘူး။ 


ကျွန်တော့်ကတော့  ငါနဲ့မတူ ငါ့ရန်သူလို့ သဘောမထားသင့်ဘူး။  ကိုယ့်အကြောင်း အကောင်းပြောမယ့်သူ၊ ကိုယ့်အဖွဲ့အစည်း ဘာလုပ် လုပ် ထောက်ခံမယ့်သူ၊ ကိုယ်နဲ့ အယူအဆ ထပ်တူကျတဲ့သူတွေ နဲ့ပဲ မိတ်ဆွေဖွဲ့ထားမယ်၊ သူတို့နဲ့ ပဲ စကားပြောမယ်ဆိုရင် အသံလုံခန်းထဲမှာနေတဲ့သူလိုပဲ အခြားအသံတွေမကြားနိုင်တော့ဘူး။ ရှုထောင့်ပေါင်းစုံကနေ ခြုံငုံစဉ်းစားနိုင်မယ့်အခွင့်အရေးကိုလက်လွတ်သွားမယ်လို့ ခံယူတယ်။ 


ကျွန်တော်တို့ကို မျက်စိနှစ်လုံး၊ နားနှစ်ဘက်ပေးထားတာကိုက ဟိုဘက်၊ သည်ဘက် စကားတွေ၊ လုပ်ဆောင်ချက်တွေကို မြင်နိုင်၊ ကြားနိုင်ဖို့ဖြစ်ပါတယ်။  ပါးစပ်တစ်ပေါက်၊ လ ျှာတစ်ချောင်း ပဲပေးထားတာက  ဘက်စုံနားထောင်လေ့လာသုံးသပ်ပြီးရင် ကိုယ်ယုံကြည်တာကို ခိုင်ခိုင်မာမာ ပြောနိုင်ဖို့ ဖြစ်ပါတယ်။ 


ဒ့ါကြောင့် ဖေ့စ်ဘွတ်မှာရော၊ ပြင်ပမှာပါ  ကျွန်တော့်မိတ်ဆွေတွေထဲမှာ  လူတန်းစား အလွှာစုံကပါသလို လူမျိုး၊ ဘာသာ ပေါင်းစုံပါတယ်။ တပ်မတော်၊ ဌာနဆိုင်ရာ၊  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီ၊  အင်န်ဂျီအို စတဲ့ အဖွဲ့ အစည်းမျိုးစုံက မိတ်ဆွေတွေရှိတယ်။


 ဖေ့စ်ဘွတ်မှာဆိုရင်  မိတ်ဆွေအများစုက ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီပါတီကို ထောက် ခံသူတွေပါ၊ အင်န်အယ်လ်ဒီ လွှတ်တော် ကိုယ်စားလှယ်တွေတောင်ပါသေးတယ်။ ဦးသိန်းစိန်အစိုးရ နဲ့  တပ်မတော် အမျိုးမျိုးဝေဖန်ရေးသားနေသူတွေ၊ လှောင်ပြောင်သရော်သူ တွေလည်းရှိတယ်။  တစ်ချို့ ဆိုရင် စိတ် အချဉ်ပေါက်တဲ့အခါ ကျွန်တော့်ကိုတောင် ငါနဲ့ ကိုင်တုတ် ပြီး ကွန်မန့် ရေးခဲ့ ဖူးတယ်။ 


အဲဒီလို နိုင်ငံရေးအမြင်မတူပေမယ့် ကျွန်တော့်မိတ်ဆွေတိုင်းမှာ ကျွန်တော်လေးစားတဲ့အချက်၊ သူ တို့ ဆီက  လေ့လာသင်ယူနိုင်တဲ့အချက်တွေရှိတဲ့အတွက် သူတို့ နဲ့ မိတ်မပျက်ခဲ့ဘူး။ သူတို့ ယုံကြည်တာ ကို ပြောင်းလဲပစ်ဖို့မကြိုးစားသလို ကိုယ့်ယုံကြည်ချက်ကိုလည်း မပြောင်းပါဘူး။ တူတာတွဲလုပ်၊ မတူတာခွဲလုပ်လို့ပဲ သဘောထားတယ်။


ဒါ့ကြောင့် နိုင်ငံရေးအမြင်မတူတာနဲ့ လူမှုပတ်၀န်းကျင်တစ်ခုလုံးကို နှစ်ခြမ်းမခွဲလိုက်ကြပါနဲ့ ၊ တစ်နိုင်ငံလုံးမှာ ဒီမိုကရေစီထွန်းကားအောင်မလုပ်နိုင်ရင်တောင် အနည်းဆုံး ကိုယ့်ဖေ့စ်ဘွတ်  မျက်နှာစာလေးမှာတော့ ဒီမိုကရေစီရဲ့ အခြေခံသဘောတရားဖြစ်တဲ့  မတူကွဲပြားမှုတွေကို လက်ခံနိုင်အောင် ကြိုးစားကြည့်ဖို့တိုက်တွန်းချင်ပါတယ်။  


#yehtutarticle

#Politics

#StateofEmergency

SayarThant

 ကိုယ်တွေက စက်မှုဇုံ၊ ဘော်ဒီရုံ (နယ်အခေါ် ပန်းဘဲ / မာ့ဒကတ်) တွေကြားမှာ နေလာတာ။ သံပုံးထုတာလောက်တောင် ပျင်းတောင်ပျင်းသေး။ 


ခက်တာက သံပုံးထုသံတင် မကဘဲ ခွေးအူသံတွေပါ ပါပါလာတာ။ သံပုံးသံခံနိုင်ပေမယ့် ခွေးအူသံကိုတော့ နားညည်းတယ်။ 


ရပ်ကွက်ထဲကလဲ ခွေးက တော်တော်ပေါတာ။


သံပုံးက ထုလိုက်။ ခွေးက အူလိုက်။ 


ဒေါင်ဒေါင်ဒေါင် ဝူးဝူးဝူး ဒေါင်ဒေါင်ဒေါင် ဝူးဝူးဝူး 


မသိရင် ဆပ်ကပ်ပွဲအတွက် အကြိုဇာတ်တိုက်နေသလိုလို။ 


ဒါတောင် ခွေးနှစ်ကောင်က ကိုယ့်အိမ်ဖက်ခြမ်း လာအူတော့မလို့။ 


မတတ်သာတော့ ငေါက်လိုက်ရတယ်။


"တောက် ဒီခွေးတွေ တအူအူနဲ့ အူချင် ကိုယ့်နေရာကိုယ်အူ ဒီဖက် ကူးမလာနဲ့" ပေါ့။


ခွေးတွေက လိမ္မာသား။ အမှီးကုပ်ပြီး ပြန်လှည့်ပြေးတာပဲ။

 #HappyType ပျော်ပျော်နေတတ်တဲ့ လူတစ်ယောက်ရင်မှာ စုတ်ပြတ်သတ်နေတဲ့ ဒဏ်ရာတွေ အချက်ပေါင်းများစွာ ရှိတယ်ဆိုတာ ကိုယ်ကလွဲပြီး ဘယ်သူက သိနိုင်ပါ့မလဲ ...