Wednesday 31 January 2024

 လက်နက်ကိုင်တို့နဲ့

အုပ်ချုပ်သူတို့ဟာ


အရပ်သားတွေအပေါ်မှာ 

သခင်ကျင့် မကျင့်ရဘူး။


ထိုနည်းတူစွာ-

အရပ်သားတွေကလည်း ကျွန်ကျင့် မကျင့်ရပါဘူး။


===


ဂါရဝ, နိဝါတ မူရင်းအဓိပ္ပါယ်နဲ့

အနှစ်သာရ ပျက်ပါမယ်။


ပြီးတော့

စနစ် ပျက်မယ်။


===


အရပ်သားဟာ 

သီလကောင်းရုံ, ပညာတတ်ရုံလေးနဲ့

လေးစားမှုကို ခံယူပိုင်ခွင့် ရှိရပါမယ်။


ပြီးတော့ အခွင့်အလမ်းတွေလည်း ရှိရပါလိမ့်မယ်...


နိုင်ငံတိုးတက်မှုဟာ

အရပ်သားတို့က ဘယ်လိုကျင့်ကြံကြသလဲ?

အရပ်သားတို့အပေါ်မှာ ဘယ်လိုကျင့်ကြံကြသလဲ?


အဲဒီအပေါ်မှ မူတည်နေပါတယ်။


အပ္ပမာဒေန သမ္မာဒေထ - အရပ်သားတို့ရဲ့ အခန်းကဏ္ဍကို မမေ့ကြဖို့ပါ။

No comments:

Post a Comment

 #HappyType ပျော်ပျော်နေတတ်တဲ့ လူတစ်ယောက်ရင်မှာ စုတ်ပြတ်သတ်နေတဲ့ ဒဏ်ရာတွေ အချက်ပေါင်းများစွာ ရှိတယ်ဆိုတာ ကိုယ်ကလွဲပြီး ဘယ်သူက သိနိုင်ပါ့မလဲ ...