@အဓိပတိကမ္မ

Thursday, 4 March 2021

 နိုင်ငံရေးတော့ မရေးပါဘူး။ အချက်အလက်လေးတွေတစ်ချို့ကို အမြင်လွဲနေကြလို့ ရှင်းပြရုံတင်ပါ။


ပထမဆုံး ရှင်းပြမှာက UN ပါ။ UN သည် အာဏာပ်ိုင်အဖွဲ့အစည်း မဟုတ်ပါဘူး။ ကမ္ဘာ့အကြီးဆုံး NGO ပါ။ သူ့မှာ လုပ်ပိုင်ခွင့် mandate မရှိပါဘူး။ 


UN ကို ရွာသူကြီးတွေ တွေ့ဆုံဆွေးနွေးကြတဲ့ ဇရပ်ကြီးလို့ မြင်ကြည့်လိုက်ပါ။ 


နောက်ထပ်ပြောမှာက R2P ပါ။ R2P ဆိုတာ တပ်ဖွဲ့မဟုတ်ပါဘူး။ သဘောတူညီမှု တစ်ခုသာ ဖြစ်ပါတယ်။ Responsibility to Protect လို့ ခေါ်ပါတယ်။ သမိုင်းတွေ ရှင်းမပြတော့ပါဘူး။ သဘောတရားကိုပဲ ရှင်းပြပါမယ်။ 


ခင်ဗျားတို့ရပ်ကွက်ထဲမှာ အိမ်တစ်အိမ်မှာ အိမ်ထောင်ဦးစီးက မူးရမ်းပြီး မိန်းမတွေ ကလေးတွေကိုနှိပ်စက်နေတယ် ထားပါတော့။ ဒါကို အရင်ကတော့ သူတို့ပြဿနာပဲကွာလို့ လက်ပိုက်ကြည့်နေခဲ့ကြတယ်။ စိတ်မကောင်းပေမယ့် ဝင်မပါခဲ့ကြဘူး။ 


ဒီအခြေအနေမှာ ရပ်ကွက်က လူတွေဝိုင်းတိုင်ပင်ပြီး နောင်ဆို ငါတို့ရပ်ကြည့်မနေဘဲ ဝင်ပါရအောင်လို့ သဘောတူလိုက်တာက R2P ပဲ။ R2P ဆိုတာ လူမှုရေးအရ ဝင်ရောက်စွက်ဖက်မှု လို့ နားလည်ပါ။


ဆိုတော့ ဘယ်အချိန် R2P ဝင်မလဲ? R2P က ဟူတူနဲ့ တွတ်ဆီ လူမျိုးတုန်းသတ်ဖြတ်မှုကို အခြေခံထားတာဆိုတော့ အစိုးရတွေက လူမျိုးစုငယ်တွေကို၊ အတိုက်အခံတွေကို genocide (လူမျိုးတုန်းသတ်ဖြတ်မှု) လုပ်နေရင်၊ massacre (အစုအပြုံလိုက်သတ်ဖြတ်မှု) တွေလုပ်ရင် ဝင်မှာပါ။ တော်တော်တန်တန်ကတော့ မဝင်ပါဘူး။


R2P ဆိုတာမှာကလဲ အဆင့်ဆင့်ရှိတယ်။ ခင်ဗျားရပ်ကွက်ထဲမှာ ယောက်ျားက မိန်းမကို ကြမ်းနေရင် ဘေးကလူတွေက ဖြန်ဖြေတာမျိုး၊ ဆုံးမစကားပြောတာမျိုး၊ ဖိဟောက်တာမျိုး ဒါတွေက အများဆုံးပေါ့။ ဒီလိုပါပဲ။ R2P ဆိုတာကလဲ ဒီလို အဆင့်တွေက များပါတယ်။ ရပ်ကွက်ထဲမှာ နောက်ဆုံးမနိုင်လွန်းရင်တော့လဲ ဝင်ဆွဲကြရမ်းကြပေါ့။ R2P မှာတော့ UN တပ် ဝင်ပါတယ်။ 


ဒါ့အပြင် R2P က အရေးပေါ်အခြေအနေဆိုလဲ ဝင်လို့ရတယ်။ ယောက်ျားက အရက်မူးပြီး မိန်းမကို သတ်မယ်လို့ ဓားကြီးကိုင် အိမ်ပေါ်တက်သွားရင်တော့ ရပ်ကွက်ကလူတွေကလဲ တုတ်တွေဆွဲ ဝင်ဟန့်ရတာမျိုးပေါ့။ 


နောက်တစ်ခု UN တပ်ဆိုတာ ပြောရအောင်။ UN တပ်ဆိုတာ အမြဲတမ်းတပ်မဟုတ်ဘူး။ အာဖရိကမှာ၊ မငြိမ်းချမ်းတဲ့ဒေသတွေမှာ လက်နက်ကိုင်တပ်တွေ တိုက်ပွဲဖြစ်ကြရင် အရပ်သားတွေ သေကြလွန်းလို့ သူတို့ကိုကာကွယ်ဖို့ UN ငြိမ်းချမ်းရေးတပ်ကို လွှတ်ထားရတယ်။ စစ်သားတွေ အလုပ်မရှိတဲ့နိုင်ငံတွေ UN တပ်ထဲ ထည့်ထားလေ့ရှိတယ်။ များသောအားဖြင့် ဘင်္ဂလားဒေ့ရ်ှပေါ့။ လက်နက်တွေကလဲ မကောင်းပါဘူး။ တိုက်ခိုက်ရေးစွမ်းရည်ကတော့ ခပ်ညံ့ညံ့ရယ်။ အာဖရိကမှာတော့ UN တပ်ထက် AMISOM အာဖရိကတပ်ကို ပိုအားကိုးကြတယ်။ AMISOM က တိုက်ရည်ခိုက်ရည် ကောင်းတယ်။ 


နောက်တစ်ခုက လစ်ဗျားကိုတိုက်တာ၊ အီရတ်ကိုတိုက်တာ R2P လား? UN တပ်လား? ပြောရအောင်။ အဖြေကတော့ နှစ်ခုလုံး မဟုတ်ဘူး။ လစ်ဗျားကို တိုက်တာက အမေရိကန်နဲ့ NATO မဟာမိတ်တွေ။ အီရတ်ကို တိုက်တာက အမေရိကန်။ R2P နဲ့လဲ မပတ်သက်သလို UN ဆုံးဖြတ်ချက်လဲ မဟုတ်ဘူး။ အမေရိကန်က သူ့အကျိုးစီးပွားအတွက် သူတိုက်တာ။ 


ကဒါဖီရော ဟူစိန်ရောက အမေရိကန်ကို ကန့်လန့်တိုက်နေလို့ အမေရိကန်က ရေနံအတွက် စစ်ဆင်နွှဲတာ။ 


တကယ်တမ်းမှာ နိုင်ငံတကာဥပဒေအရဆို ဒါတွေက မလုပ်ရဘူး။ ဘိုင်ဒန်တက်လာပြီးချင်း အီရတ် အာဘေးမှ အမေရိကန်စစ်စခန်း တိုက်ခံရလို့ ဆီးရီးယားက အီရန်ထောက်ခံပြည်သူ့စစ်တွေကို လက်တုံ့ပြန်တယ်။ ဒါပေမယ့် ဒါဟာ နိုင်ငံတကာဥပဒေနဲ့မညီဘူးလို့ ဝိုင်းထောက်ကြလို့ ဘိုင်ဒန်ငြိမ်နေရတယ်။ အမေရိကန်က အဲလိုပဲ။ သူများကို ဥပဒေအကြောင်းပြောပြီး သူကတော့ ဥပဒေကို ခဏခဏ ဖောက်တတ်တယ်။


နိုင်ငံတွေချင်း အကာအကွယ်ပေးတာ ရှိလားဆိုတာ ပြောရအောင်။ သိပ်ရှိပါတယ်။ ပထမဆုံးက ကမ္ဘာမှာ အုပ်စုကြီး နှစ်ခုရှိတယ်။ ရုရှအုပ်စု။ အမေရိကန်အုပ်စု။ ၁၉၉၀ ကျော်တွေတုန်းကတော့ ရုရှက အင်းအားချိသွားတော့ အမေရိကန်က ထင်ရာစိုင်းတယ်။ ဘော်လကန်ကိစ္စလို။ ဒါပေမယ့် ပူတင်ခေတ် ရုရှအင်အားကြီးလာတော့ အမေရိကန်လဲ မလုပ်ရဲတော့ဘူး။ ဥပမာ - ယူကရိန်းခွဲထွက်နယ်မြေတွေကိစ္စ။ အမေရိကန်က သူနဲ့ သူ့မဟာမိတ်တွေကို ထိခိုက်ရင် သည်းမခံဘူးလို့ အစဉ်အဆက် ပြောခဲ့ကြတယ်။ ရုရှကလဲ အင်အားကြီးချိန် ဒီလို ပြောပြန်တယ်။ ရုရှပါတနာတွေက အီရန်၊ မြောက်ကိုးရီးယား၊ မြန်မာ။ 


နောက်ဆုံး ပထဝီနိုင်ငံရေးကို ပြောရအောင်။ မြန်မာက ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြားမှာ ရှိတာ။ မြန်မာကို ထိရင် သူ့တို့နိုင်ငံတွေရဲ့ နယ်နမိတ်ကို ချဉ်းနင်းလာတာနဲ့ အတူတူပဲ။ ဒါ့ကြောင့် မြန်မာကို ထိခိုက်မယ့်ကိစ္စကို တရုတ် အိန္ဒိယက လက်ခံလို့ မရဘူး။ 


အချက်အလက်တွေပဲ ပြောပြတာပါ။ ကျန်တာကတော့ ကိုယ်ဟာကိုယ် ဖြည့်စဉ်းစား။https://www.facebook.com/100028766406898/posts/524260011876208/

No comments:

Post a Comment