ဒေသက မွဲခြောက်နေတယ်။
တော၊တောင်၊မြစ်ချောင်း မရှိလို့လည်း ခရီးသွားကို
မြူဆွယ်မရဘူး။ ဒီတော့ ဒေသဖွံ့ဖြိုးအောင်၊ ခရီးသွား
တွေလာအောင် စေတီအကြီးကြီး တည်လိုက်တယ်။
အတောင် တစ်ရာပြည့်၊ တစ်ထောင်ပြည့် ။
ပြီးတော့ ထိုစေတီဟာ ဗျာဒိပ်အရ ဖြစ်ပေါ်လာတယ်။
ဘယ် ဆရာတော်ကြီးရဲ့ အိမ်မက်အရ ဖြစ်လာ
တယ်ဆိုပြီး ထိုးဇာတ်ခင်းမယ်။
အခွင့်ရှိသေးရင် ဒီတော၊ဒီဒေသကို ဂေါတမဗုဒ္ဓ
သက်တော်ထင်ရှား ရှိတုန်းက ဒေသစာရီကြွလာ
ပြီး ဤစကား ထိုစကား မိန့်သွားဖူးတယ် ၊ ပြောသွား
ဖူးတယ်ဆိုပြီး အရပ်စကား၊ သဘင်သည်စကား
ဖြန့်လိုက်မယ်။
ထပ်ဖြည့်လို့ရသေးရင် ဆုတစ်ခုထဲကိုပဲ ဒီဘုရားမှာ
တစ်ပတ်တိတိ ဆုတောင်းရင် အမှန်ပြည့်လာတယ်
ဆိုပြီး ဝါဒဖြန့်မယ်။ ပြည့်ဖူးတဲ့ လူတွေက ဆော့ပင်
နဲ့ မှတ်တမ်းတင်သွားတာမျိုး ရေးစေမယ်။
(ရွှေတိဂုံစေတီရဲ့ ရာဟုထောင့်မှာ ရှင်စောပုဘုရား
ဆိုပြီး ရှိတယ်။ အဲဘုရားရှေ့ ပုတီးစိပ် ဆုတောင်းရင်
ပြည့်တယ်တဲ့။ ပြည့်ဖူးတဲ့လူတွေကလည်း မှတ်တမ်း
အနေနဲ့ ထိုဘုရားဘေးနားက အမဲရောင်ကျောက်
တစ်ခုအပေါ် ဆော့ပင်နဲ့ ရေးသွားကြပါတယ်။
ဘာဆုပန်တာ ပြည့်ဖူးတယ်ပေါ့။ ကျနော့်ကိုယ်တွေ့
အရတော့ မပြည့်ဖူးဘူး 😁။ဘယ်ပြည့်မလဲ
မင်းက သီလမှ မလုံတာ ခ်ခ်ခ် ၊ဒါပဲ ပြောမှာ
မဟုတ်လား ။)
___________________•••________________
ဘာသာရေး၊ ယုံကြည်မှု ဆိုင်ရာတွေအပေါ် အမှား၊
အမှန် ဝေဖန်တာ လွယ်ပါတယ်။ ယထာဘူတအသိ၊
သိပ္ပံအသိ ရှိလာရင် ဘယ်အရာကမှားနေပြီး၊
ဘယ်အရာက မှန်သလဲ ဆိုတာ ဝေဖန်သုံးသပ်နိုင်ပါ
ပြီ။
ဒါပေမဲ့ လူလောကထဲက တကယ့် ဝေဖန်ရေးမှာ
တော့ အမှားအမှန် ပြောပြတာတခုထဲနဲ့ ကိစ္စပြတ်
မသွားပါဘူး။
အစိုးရပညာရေး ဆုံးခန်းမတိုင်လို့ ဝန်ထမ်းအဆင့်
လည်း မရဘူး။ မိဘအမွေ မြေယာ ကိုင်းကျွန်းမရှိ
လိုလည်း စိုက်ပျိုးရေးမလုပ်နိုင်ဘူး။ အဲဒီမှာ ကြံရာ
မသိ ဘုရားမှီစားတယ်၊ နတ်မှီစားတယ်၊ နဂါးမှီ စား
တယ် အခြေအနေဖြင့် ရှာကြံ အသက်မွေးရတော့
တာ ဖြစ်ပါတယ်။
ရွံ့မီးတောင်ကို နဂါးပွက်တောင်ဆိုပြီး နဂါးစာ
ရောင်းတယ်။ ပုဂံရွှေစည်းဂုံစေတီရဲ့ မြောက်ဘက်မှာ
လည်း နဂါးမယ်တော်ဆိုပြီး မြေသားမတ်မတ်
ထောင်ထောင်ကို နဂါးသဘော ပညတ်တယ်။
ပြီး နဂါးစာ ၊ နတ်စာ ရောင်းတယ်။ အလှူခံပုံးတွေ
ချထားတယ်။ နတ်ဝတ်စား နတ်ပန်းလှူလို့ ရသေး
တယ်။ ပုပ္ပါး၊ မန်းစက်တော်ရာ စသည်ဖြင့်
နာမည်ကြီးနေရာတိုင်းမှာ နတ်စာ၊ နဂါးစာ၊
နတ်ဝေယျာဝစ္စ အတွက် လုပ်ကြံ ၊ရှာကြံ ရောင်း
နေကြတဲ့ ဘဝဝမ်းစာရှာ ဆင်းရဲသားတွေ ရှိပါတယ်။
ဆိုခဲ့သလို ဒီနတ်ရုပ်၊နဂါးရုပ်၊ တစ်ခုခု တန်ခိုးကြီး
အရုပ်တွေကို ဒါတွေ အတုအယောင်တွေပဲ ၊စီးပွား
ရေးလုပ်နေကြတာပဲ၊ အမှန်အကန် မဟုတ်ဘူးပဲ၊
သဘာဝ မကျတာတွေပဲ လို့ ဝေဖန်လို့ လွယ်ပါတယ်။
ဝေဖန်ရတာ မခက်ပါဘူး။
ဒါပေမဲ့ ထိုအရာတွေအပေါ် အုပ်ကြားမြက်လို
မှီခိုကပ်ရပ် စားသောက်နေရတဲ့ ဆင်းရဲသားတွေ
အတွက်ကြတော့ သူတို့ ထမင်းလုပ်ကို ပုတ်ချသလို
ဖြစ်နေမှာ အမှန်ပဲ။
တကယ်တော့လည်း အမှန်တရားပြောသူဘက်က
ခေါင်းမာလို့ ရပါတယ်။သူတို့ ထမင်းငတ် မငတ်
ငါနဲ့ မဆိုင်ဘူးလေ။ ငါက ဘယ်ဟာက အမှန်၊
ဘယ်ဟာက အမှားလို့သာ ခွဲပြဖို့ တာဝန်ရှိတာ ဆိုပြီး။
___________________•••________________
အရင်းစစ်လိုက်ရင် အစိုးရဲ့ စီမံခန့်ခွဲမှု နည်းမမှန်
တာပဲ။ ခေါင်းဆောင်မှု ကောင်းကောင်း မပေးတတ်
တာပဲ။ ပညာနဲ့ ခေါင်းဆောင်ဖြစ်နေတာမဟုတ်ပဲ၊
အာဏာနဲ့ ခေါင်းဆောင်လုပ်နေကြတာရဲ့ ရလာဒ်ပဲ။
ထိုထက် ပိုပြောရရင် ပြည်သူတွေအပေါ် စေတနာ
မရှိတာပါပဲ။
စီမံပုံမမှန်ဘူးဆိုတာက ပြောခဲ့တဲ့ နတ်၊ နဂါး၊
ဘုရား စတဲ့ အရာတွေအပေါ် မှီခိုအသက်မွေး
ကြတဲ့ လူတစ်စုမှာကိုပဲ မဟားဒရာငွေတွေဝင်ပြီး
ချမ်းသာနေတဲ့လူက ချမ်းသာနေကြပြီး၊ တစ်နေ့
ရောင်း တစ်နေ့ထမင်းစားဖို့ပင် ခက်နေတဲ့ မွဲပြာ
နုံချာနေတဲ့ လူက ချာနေကြပါတယ်။
ဆိုလိုတာက နတ်၊ နဂါး၊ ဘုရား မှီစားကြတာ
တောင် လယ်တဲ့သူ နပ်တဲ့သူက ဂွင်ကြီးကြီးရ
ချမ်းတွေသာပြီး၊ မနပ် မလယ် အချိပ်အဆက်မရှိသူ
ချာတူးတွေကြတော့ မွဲမြဲ မွဲ ၊ပင်းပမ်းမြဲ ပင်ပမ်းနေ
ကြတာ ဖြစ်ပါတယ်။
ထိုလံကြုပ်ဇာတ်တွေ၊ အတုအယောင်တွေနဲ့
ချမ်းသာ ဂွင်ကောင်းမိနေတဲ့ လူတွေမြင်တိုင်း
ထိုအတုအယောင်တွေကို အမြစ်က လှန် ဝေဖန်လိုပေ
မယ့်၊ ထိုအတုအယောင်တွေကိုပဲ ရှာကြံမှီခိုနေရပြီး
အသက်ဆက်နေရတဲ့ အခြားအလုပ်မရှိတဲ့
၁၀၉၊၁၁၀ နဂါးစာရောင်း၊ နတ်ပန်းရောင်းတဲ့
ဆင်းရဲသားတွေမြင်တိုင်း ဝေဖန်ရေးလုပ်ဖို့
ဆွံ့အ အ သွားမိတာ အမှန်ပါပဲ။
ကျနော့် သဘောကတော့ မှန်တာ မှားတာ ထားအုံးဗျာ။
ထို အတုအယောင် စိတ်ထင်ရာအဟုတ်မှတ်
ကိုးကွယ်ရာတွေနဲ့ လုပ်စားကြတဲ့အပေါ် လယ်သူ
စားစတမ်း၊ နပ်သူ ပိုရစတမ်း မဖြစ်စေလိုပဲ
ညီတူ မျှတူ စားခွင့်ရစေချင်ပါတယ်။
လယ်သူစားစတမ်း၊ နပ်သူ ကျိကျိတက်ချမ်းသာ
စတမ်း စနစ်ကြီး မထွန်းကားစေပဲ ညီတူမျှတူ
စားခွင့် ရနိုင်ကြဖို့ တာဝန်ရှိသူတွေအနေနဲ့ စီစဉ်ပေး
ပေးနိုင်ရင် ကောင်းမှာပဲ။
Oo thaw
No comments:
Post a Comment