@အဓိပတိကမ္မ

Thursday, 28 January 2021

အောင်ခင်

 အချိန်ရမှဖတ်ပါ။


အကြောင်းမသိရင် ကပ္ပိယတောင် သူခိုးအထင်ခံရနိုင် ဆိုသလိုပဲ ကျွန်တော် ၂၀၁၅ တုန်းက တစ်လ ၁၅ သိန်းရပြီး အိမ်ခန်းငှားကိစ္စ ဒုက္ခဝေတဲ့အကြောင်း ဒီမှာ လာရေးတော့ ကွကိုပဲ ပရိုမုတ်လုပ်နေတာလား။ ဂရုမှားရေးနေတာလား။ ငကြွား မြန်မာပေါကားဖတ်ရသလို ဘာညာအတော်လေး အပြောခံလိုက်ရပါတယ်။ ပို့စ်ကိုဖျက်လိုက်ပါပြီ။ အဆိုးထဲက အကောင်းကိုပဲ အမြဲယူတတ်တာ ကျွန်တော့အကျင့်ပါ။ ၂၀၁၅ ကတည်းက ဝင်ငွေကောင်းနေတာ ဘာကြောင့်လဲ နည်းလမ်းပြပါဆိုတဲ့ comment ကို သွားတွေ့တယ်။ 


ဆိုတော့ နည်းလမ်းမေးသူကို ကျွန်တော် ဘယ်လိုရှာသလဲဆိုတာ ၂၀၁၃ တုန်းက စာအုပ်ထုတ်ဖို့ရေးခဲ့ဖူးတဲ့ ကျွန်တော့ အကြောင်း မာတိကာလေး မျှဝေလိုက်ပါတယ်။ ဇော်ဂျီနဲ့ ရေးထားတဲ့ pdf ကို ပြန်ကူးထည့်တာကြောင့် space bar တွေကို backspace ဆုပ်ပြီး ပြင်ထားပေမယ့် သဝေထိုး space-bar ရှိနေတာ လိုက်မပြင်နိုင်တော့ပါဘူး။ ဒါကြောင့် လုံးဝလုံးဝ ပြင်ခြင်းဖြည့်စွက်ခြင်း ဖျက်ခြင်းများ မလုပ်ပဲ ဒီတိုင်း paste ပြီး တင်လိုက်ပါတယ်။ 


ခေါင်းစဉ်ရှာရခက်သော မြန်မာ့လူငယ် တစ်ယောက် အ ကြောင်း


မှတ်ချက် - ကျနော် ဒီစာကို ရေးတုန်းက ၂၀၁၃ ဇူလိုင်လလောက်က ဖြစ်ပါတယ်။ ကျွန်တော့မှာ အသိတွေ၊

ရင့်ကျက်မှုတွေက ယနေ့နဲ့ စာရင် တစ်ဝက်သာသာလောက်ပဲ ရှိသေးတဲ့ အချိန်ကာလ တစ်ခုပါ။ ကျွန်တော့ရဲ့အတ္တတွေ၊ မာနတွေ၊ ကြွားဝါလိုစိတ်တွေကို ြ မင်တွေ့ရပါလိမ့်မယ်။ ြ ပန်လည်း မပြင်ချင်တော့ပါဘူး။

ကျွန်တော့ရဲ့ ကိုယ်တိုင်ရေးခဲ့ဖူးတဲ့ သူများဖတ်ဖို့ ခွင့်ပြုတဲ့ ဒိုင်ယာရီလေး တစ်ခုလိုပဲ ကျွန်တော်

သဘောထားလိုက်ပါတယ်။ ဒီစာကို စာအုပ်ထုတ်ဖို့လည်း ရည်ရွယ်ချက် မရှိပါဘူး။ ယနေ့ကျွန်တော့လက်ရှိ

လျှောက်လှမ်းနေတဲ့ ဘဝက အဲ့ဒီစာရေးတဲ့အချိန်နဲ့စာရင် အတော်လေး Stable ဖြစ်ပြီး လမ်းကြောင်းမှန်

တစ်ခုရောက်နေပါပြီလို့ ယူဆမိပါတယ်။ အဲ့ဒီစာရေးတုန်းက လမ်းကြောင်းမှန်ဟာ ဒါဘာလားလို့ စတင်တွေ့ရှိစအချိန်လေးပါ။ အသက် ၂၀ ေ ကျာ် လူငယ်လေးတစ်ယောက်ရေးထားတဲ့ စာလေးတစ်ခုအနေနဲ့ပဲ

မြင်ပေးပါနော်။ ဒီအချိန်ခံစားချက်နဲ့ ကွာဟမှုများစွာ ရှိလာပြီမို့ပါ။ ကျေးဇူးတင်ပါတယ်

အောင်ခမ်း ၁၀ ရက်၊ သြဂုတ်၊ ၂၀၁၅

...........................................................................................................................................................


အောင်ခမ်း


ပထမဦး ဒီစာကို ရေးဖြစ်ပုံ နဲ့ ရည်ရွယ်ချက်ကို အရင် တင်ပြပါရစေ။ ရေးဖြစ်တာကတော့ ရေးချင်လို့ပါ။ ရည်ရွယ် ချက်ကတော့ လက်ရှိမြန်မာပြည်က လူငယ်တွေ တွေ့ကြုံခံစားရနေတဲ့ ဒုက္ခအခက်အခဲတွေကို အားလုံးသိမြင်စေဖို့ ဖြစ်ပြီး လူငယ်တွေတင် မက၊ အရွယ်စုံ မြန်မာတစ်နိုင်ငံလုံးကမြန်မာလူမျိုးအားလုံးအတွက်လည်း အနည်းဆုံး တစ်ခုခုတော့ ရစေဖို့ ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ အသက် ၂၁ နှစ်ကျော် လူငယ်တစ်ယောက်ရဲ့ လေသံမှာ နုတာလဲ ပါမယ်၊ ရင့်တာလဲ ပါမယ်။ ရိုင်းတာလည်း ပါမယ်။ ကိုင်းရှိုင်းတာလည်း ပါမယ်။ နားလည်တာလဲ ပါမယ်။ နားမလည်တာလဲ ပါမယ်။ အကယ်၍ အမှားတွေများ ပါရင် ဒီကလေး လူကြီးကို မရိုမသေ ဆက်ဆံတယ်လို့ သဘောမထားပဲ လူမူရေးနားမလည်တဲ့ အရိုင်းအစိုင်းလေး တစ်ယောက်မို့ နားလည်ခွင့်လွတ်ပေးစေလိုပါကြောင်း ဂါရဝပြု ေ တာင်းဆိုအပ်ပါတယ်။ ဒီတော့ စာကို ေ ရးမယ့်ပုံစံက Story line လည်းပါမယ်။ Point of view တွေကို တစ်ချက်ချင်းစီ ခွဲပြတဲ့ Chapter တွေလည်းပါဖို့ စာရေးသူ စိတ်ကူးထားပါတယ်။ ဒီတော့ Story line လေးကို အရင်ဆုံးချရမယ်ဆိုရင် -


(အော်.. ဒါနဲ့၊ ကျနော်ကိုယ်တိုင်လည်း ဒီဘောင်ထဲကနေကို မထွက်နိုင်သေးဘူး။ စာအုပ်တစ်အုပ်ကို စရေးတဲ့အခါ စာရေးသူရဲ့ အမှာစာ၊ စာရေးသူရဲ့ ကိုယ်ရေးအကျဉ်း အစရှိသဖြင့် သတမတ်တည်း သွားနေကြတာ။ ကျနော်ကတော့ ပျင်းနေပြီ။ သို့ပေမယ့် ဒီထပ်ပိုကောင်းတဲ့ တင်ဆက်ပုံကို ကျနော်လည်း မဖန်တီးနိုင်တော့ ပုံစံအဟောင်းတိုင်းပဲ ဆက်သွားတာပေါ့)


လောလောဆယ် နိဒါန်းနဲ့တင် စာဖတ်သူအများစု စိတ်ပျက်သွားမှာစိုးလို့၊ စိတ်ဝင်စားအောင် အမှန်တရား Information တစ်ခု ပေးပါအုံးမယ်။ လက်ရှိ ကျနော် အသက် ၂၀ ေ ကျာ်က တစ်လဝင်ငွေ ၁၀ သိန်းအထပ်ကို အလုပ်ကနေ ရှာဖွေ ေ နသူပါ။ ဒီတော့

ဘယ်လိုရှာသလဲ၊ ဘယ်လို အခက်အခဲတွေကျော်ဖြတ်သလဲ သိရအောင်၊ ကျနော့ဘဝတစ်ခုလုံးကိုလေ့လာဖို့အတွက် ရွယ်သူ လူငယ်တွေကို အစအဆုံး ဖတ်စေလိုကြောင်း လေးစားစွာတိုက်တွန်းလိုက်ရ ပါတယ်။


အောင်ခမ်း ဆိုတာ


အမည်ရင်းက အောင်ခမ်းကျော်ပါ။ မှတ်ပုံတင်မှာ ခွန်အောင်ခမ်းကျော် (သို့မဟုတ်) ေ အာင်ခမ်းကျော်ဆိုပြီးတော့ နာမည် ၂ လုံး ဖြစ်သွားတယ်။ ပအိုဝ်းလူမျိုး ြ ဖစ်တာမို့ ေ ရှ့မှာ ခွန်ထည့်ရင်း မှတ်ပုံတင်မှာ ပါလာခြင်း ြ ဖစ်ပါတယ်။ အိမ်ထောင်စု စာရင်းမှာက

အောင်ခမ်းကျော်၊ ၁၃ နှ စ်ပြည့် မှတ်ပုံတင်လုပ်တော့ ေ မာင်ခွန်အောင်ခမ်းကျော်ဖြစ်လေတော့ ကလော လဝကနဲ့ ေ မာင်အောင်ခမ်းတို့ ထိပ်တိုက်တွေ့ပါလေရော။ ချက်ချင်းမတွေ့ပါဘူး။ အသက် ၁၈ နှ စ်ပြည့် မှတ်ပုံတင်ကို ေ ကာက်ခါ၊ ငင်ခါ စလုပ်မှ အဲ့ဒုက္ခ စတွေ့ရပြီး

ကလောကို သွားလိုက်ပြန်လိုက်နဲ့ ဒုက္ခရောက်ဖူးတယ်။ မှတ်ပုံတင်အတွက် လူမရောက်ပဲ ရန်ကုန်ကနေ လက်ဗွေနှိပ်လို့အောင် ခေတ်ကောင်းခဲ့ပေမယ့် ကျနော်တို့က ငွေမနိုင်တော့ အလုပ်အပျက်ခံပြီး သွားရတာပေ့ါ။ ထားလိုက်ပါ။


မွေးသက္ကရာဇ်က ၄ ရက်နေ့၊ ဇွန်လ၊ ၁၉၉၂ ခုနှစ်။ မွေးချင်း ဒုတိယမြောက် သား၊ အောက်မှာ ညီမလေး ၂ ယောက်၊ အထပ်မှာ အစ်ကို ၁ ေ ယာက်၊ ေ တာင်ကြီးမှားဖွားပြီး ေ အာင်ပန်းမှာ ကြီးတယ်။ ၈ တန်းနွေရာသီ ေ ကျာင်းပိတ်မှာ ရန်ကုန်ကို ြေ ပာင်းပြီး Life style ကို

ပြောင်းလဲ လိုက်ပါတော့တယ်။ ြေ ပာင်းလဲဆိုလို့ အအေးပိုင်းက အနွေးထည်ကိုချွတ်ပြီး အပူပိုင်းက စွတ်ကျယ် ဝတ်ရတဲ့ အရသာကို

ခံစားတာပါ။ အဖေက အောင်ပန်းသား။ အောင်ပန်းက စွန့်ဦးတီထွင် ပညာရှင်တစ်ယောက်ဖြစ်ကြောင်း ကျနော်လည်း ဟိုတလောကမှ သူပြောလို့ တဖြည်းဖြည်း နားလည် သိရှိလာတာ။ အမှန်ပါပဲ။ လုပ်ငန်းပေါင်းစုံကို ကျနော့အဖေ အရင်ဆုံး စလုပ်ပေမယ့် အကြံတူ နောက်လူ သမားတွေကြောင့် အဖေ့ခမျာ စီးပွားရေးတွေ တစ်ခုပြီးတစ်ခုလုပ်လို့ ခရီးတွေဆက်လိုက်တာ ေ နာက်ဆုံးတော့ ရန်ကုန်မှာ ရှမ်းပြည်ငြိမ်းချမ်းရေးအဖွဲ့ တစ်ခုရဲ့ ကိုယ်စားပြု စီးပွားရေး တာဝန်ခံ ြ ဖစ်သွားရပါလေရော။ သိပ်မကြာပါဘူးဗျား။ ကျနော် ၁၀ တန်းပြီးချိန် အဖေ့အလုပ်တွေ ပျက်ပြီး မိသားစုဘဝ ဒုက္ခနဲ့ လှလှကို ေ တွ့ပါလေရာ။ ဒုက္ခဆိုတဲ့ စကားလုံးကို သုံးမိလို့ ေ ဆာရီးဗျာ။


အဖေ့ကို ြေ ပာတာပါ။ အမှန်တော့ အဲ့လောက် ဒုက္ခမရောက်ဘူး။ အဖေတစ်ယောက်တည်း တစ်မိသားစုလုံးရဲ့ တာဝန်ကို တစ်ယောက်တည်း ထမ်းပိုး ကြိုးစား ရုန်းကန် ြ ပခဲ့တာက ကျနော်ယူတဲ့ စံနမူနာပါပဲ။ (ဒီစာက ကျနော့အဖေလည်း ဖတ်မှာမို့၊ အဖေ့အကြောင်း အကောင်းပဲ အသားပေးရေးမယ်နော်၊ နောက်တာပါ)


သူငယ်တန်းကနေ သုံးတန်းအထိ အဆင့် ၁ ကနေ ၃ ကြား အမြဲရတယ်လို့ ေ ရးရေးလေး မှတ်မိတယ်။ ဟင့်အင်း။ အဆင့် ၁ ကို အမြဲရသူက တစ်ယောက်ပါ။ ကျနော်ကတော့ ေ ယာင်ချာချာ ၃ ေ လာက်ပေါ့။ ေ လးတန်းကနေ ၈ တန်းအထိ ဂျလေဘီ ဘဝကစတော့တာပဲ။ မလေပါဘူး။ ကျူရှင်တက်မှ အဆင့်ကောင်းမယ်လို့ စွဲနေတဲ့ ကလေးအတွေးဆိုတော့ မိဘတို့ ကျူရှင်ထားမပေးနိုင်တဲ့အခါ စာမေးပွဲကျတဲ့အထိဖြစ်ခဲ့တာ ၅ တန်းနှစ်ပေါ့။ ၆ တန်းကနေ ၈ တန်းအထိကတော့ ပညာရေးမှာ အလယ်အလတ်လောက်နဲ့ပဲခရီးသွားဖြစ်ခဲ့ ပါတယ်။


ရန်ကုန်လည်း ေ ရာက်ရော၊ တာမွေ အ.ထ.က ၃ ေ ကျာင်းကို တက်ဖြစ်တယ်။ မသိချိန်ကတော့ ေ ကျာင်းကလူတွေ ကိုယ့်ထက်ပိုတော်မယ်လို့ ထင်ထားတာပေါ့။ ဘယ်လိုပဲ ြ ဖစ်ဖြစ် အတန်းထဲမှာအဆင့် ၁ ကနေ ၁၀ ကြား ဝင်ရမယ်ဆိုတဲ့ ခံချက် ကလေးတော့ အရှိသား။ ဒါနဲ့ပဲ ကြိုးစားလိုက်တာ ပထမဆုံး လပတ်စာမေးပွဲမှာ အဆင့် ၂၀ လောက်ရသွားပြီး အထှာကို နှက်သွားတော့ နောက်ပိုင်းကျအဆင့် ၁ ကနေ လက်မလွတ်တဲ့ သူတစ်ယောက်ဖြစ်လာတယ်။ ကိုးတန်းတုန်းကပေါ့။ ကျောင်းပြောင်းစ ဆိုတော့ နောက်ဆုံးခန်းရဲ့ရှေ့ခန်းကိုပဲ ေ ရွးလိုက်တယ်လေ။ ဘိုင်အို မလိုချင်၊ အီကိုယူမယ်လို့ရွေးလိုက်တာပေါ့။ အဲ့မှာ သိလိုက်ရတာ တစ်ခုက ကလေးအများစုဝင်နေတဲ့ အတွေးက စာတော်ရင် ဘိုင်အိုယူမယ်။ စာညံ့ရင် အီကိုယူမယ်ဆိုတဲ့ ေ လာဂျစ်ပေါ့။ ကျနော်ကတော့ ဆရာဝန် မလုပ်ဘူးဆိုတဲ့ အကြောင်းပြချက် တစ်ခုတည်းနဲ့ အီကိုကို ေ ရွးဖြစ်ခဲ့တယ်။ ေ ဆာရီး။ စာတွေအကြောင်း အရာတွေ ခွဲမထားဘူး။ ေ တာရောက်တောင်ရောက်ဖြစ်ကုန်တယ်။ စီမံခန့်ခွဲမĆှု အားနည်းနေသေးတဲ့ ကျနော်ကလည်း Arrangement အတော်လေး ညံ့တယ်ဆိုတော့။ Story မှာကိုမှ Timeline လေးနဲ့ ခွဲရအောင်။


၉ တန်း၊ ၁၀ တန်း ( ၂၀၀၆-၂၀၀၈)


ရန်ကုန်ဆိုတဲ့ ြ မို့ကြီးမှာ ရှိတဲ့ လူတွေကို ေ လ့လာဖို့ အခွင့်အရေးကြီးပေါ့။ အထူးသဖြင့် ကျူရှင်ဆရာ၊ ေ ကျာင်းဆရာ၊ ကျူရင် သူငယ်ချင်း၊ ကျောင်း သူငယ်ချင်း တို့က ဘဝကြီးတစ်ခု ဖြစ်လိုပေါ့။ အထူးသဖြင့် ကျူရှင်ဆရာတွေဆီကနေ ဘဝအကြောင်း၊ ဒဿနအကြောင်းတွေ ေ ကာင်းကောင်းလေ့လာခွင့်ရတယ်။ သူတို့ရဲ့နိုင်ငံရေးအမြင်တွေ၊ ေ ရှးဖြစ်၊နှောင်းဖြစ်တွေကြားရတော့ ပညာမှာကျောင်းပညာမှာသာမက နို င်ငံရေးနဲ့ ဘဝဆိုင်ရာ ဒဿန ေ တွပါ အတော်လေးရတယ်။ Motivation မှာအတော်လေးတော်တဲ့

ဆရာတွေလို့ပြောလို့ရတယ်။ တစ်နေ့တစ်နေ့ ကြားလိုက်တဲ့ စကားများကြောင့် အားမာန် ဟုန်းဟုန်းတက်ပြီး မရေရာတဲ့အနာဂတ်တွေကို အိပ်မက်ထဲမှာ ထုဆစ်နေမိ လေရဲ့။ ဘာဖြစ်ချင်လဲ မေးရင် အင်ဂျင်နီယာက လွဲလို့ ကျနော်တို့ မဖြေနိုင်ဘူးလေ။ ၁၀တ န်းေ ရာ က်ေ တာ့ အ င် ဂျ င် နီ ယာ ဆို တာ အ မှ တ် န ည်း သူ သွား တဲ့ လို င်း ြ ဖ စ် တ ယ် လို့ အ မှ တ် များ သူ သွား တဲ့

ရေကြောင်းတက္ကသိုလ်ဆိုတာကြီးကို ေ မျာ်လင့်ပါတော့တယ်။ ဆရာတွေ စာသင်တာ အင်မတန်ကောင်းတယ်။ သို့ပေမယ့် ကျော င်း သားေ တွ စိ တ် ဓာ တ် ထဲ မှာ စိ တ် ဝ င် စား မ ယ့် အ ရာ ဝ တ္ထု တ စ် ခု ကို မ ဖ န် တီးေ ပးနို င် လို က် ဘူး ။ ဒါ က လ ည်း

သူတို့အပြစ်မဟုတ်ဘူးလေ။ သူတို့အလုပ်က ေ ကျာင်းသား အမှတ်များများနဲ့ စာမေးပွဲအောင်ဖို့က အဓိကပဲ။ ေ နာက်ပိုင်းကိစ္စ ကိုယ့်ဘာကိုယ်ရှင်း။ မိဘဘက်ပြန်ကြည့်တော့လည်း ထိုနည်းတူစွာပေါ့။ ပညာရေး မျက်စိ ရှိပေမယ့် အသေးစိတ် မမြင်နိုင်လေတော့

အမှတ်ကောင်းနဲ့အောင်ဖို့ တိုက်တွန်းပေမယ့် အနာဂတ်ကို ဘယ်လို ထုဆစ်ပါလို့ သေချာ မပြောပြ နိုင်ဘူး။


ဒီကြားထဲ ေ ဘ်ာဒါလိုမနေရင် စာမေးပွဲအမှတ်နည်းမယ်ဘာညာ ပရက်ရှာတွေကြောင့် သီတင်းကျွတ်အမှီ ေ နာက်ထပ် ကျူရှင်တစ်ခုကိုထပ်ပြောင်းရတယ်။ ၁၀ တန်းနှစ်တုန်းကပေါ့။ အမှတ်တရ တစ်ခုပါပဲ။ စာမေးပွဲနီးလို့ ေ ကျာင်းမှာ လူတိုင်း စာကုန်းကျက်နေချိန်

ကိုယ်တွေက ကျောင်းဆရာမ တိုက်တွန်းလို့ ထူးချွန်တောင် သွားဖြေဖြစ်လိုက်ပါသေးတယ်။ ဘောဂဗေဒ ထူးချွန်ကို တစ်ဝက်တစ်ပြတ် ရထားတဲ့ စာနဲ့ ၃ ရက်တာ ကျက်လို့ ဝင်ဖြေဖြစ်ခဲ့ပြီး မြို့နယ် အဆင့် တတိယတောင် ရလိုက် ပါသေးတယ်။ ဒီလိုနဲ့ ကြိုးစားလိုက်တာ

၁၀ တန်းစာမေးပွဲဖြေတော့ ဂုဏ်ထူးတွေအများကြီးနဲ့အောင်မယ်လို့ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်ခဲ့တယ်။ တကယ်လည်းဂုဏ်ထူးများခဲ့တယ်။


တက္ကသိုလ်ကျောင်းသားဘဝ ( ၂၀၀၉-၂၀၁၁)


၁၀တန်းမှာ မြန်မာ၊ အင်္ဂလိပ်က လွဲလို့ ကျန်တာ ဂုဏ်ထူး ပါပြီး၊ အမှတ်ပေါင်း ၄၅၄ နဲ့ ဟိုမရောက်ဒီမရောက်ဖြစ်ခဲ့ရတယ်။ သို့ပေမယ့်ကျေနပ် တယ်လေ။ ကိုယ်တွေ တစ်နှစ်လုံး စိတ်လေပြီး ၈ လပိုင်းလောက်မှ ြ ဖစ်ဖြစ်မြောက်မြောက် စာစလုပ်ဖြစ်တာ ဂုဏ်ထူး

လေးဘာသာ ဂုဏ်ပုဒ်နဲ့တင် အတော်ဟုတ်နေပြီ။ ငါသာ နှစ်စကတည်းက သေချာ ကြိုးစားရင် သဟိုးဘားမား ဖြစ်ကိုဖြစ်တယ်လို့တောင်စိတ်ထဲက ြေ ပာနေမိတယ်။ (အဲ့လိုပဲ အရာကိစ္စတစ်ခုမှ ဒါငါလုပ်နိုင်တယ်လို့ ြ ပန်ပြောတတ်တာ ကျနော့ရဲ့ များစွာထဲက မကောင်းတဲ့

အကျင့်တစ်ခု) အဲ့လိုမျိုးကို Over confidence ေ ပါ့။ ဒီလိုနဲ့ ေ ရကြောင်း တက္ကသိုလ်ကို ဦးစားပေး ေ လျှာက်ဖြစ်တာပေါ့။ အမှတ်ကမှီဘူးလေ။ ဒါနဲ့ပဲ ေ လကြောင်းကို ကျရော။ ေ လကြောင်းဆိုတာ လူကြီးသားသမီးတွေသာတက်ပြီး၊ သာမန်လူတွေက ဟိုမရောက်ဒီမရောက် ြ ဖစ်ကုန်တာ။ နင်အဲဒါကို မိတ္ထီလာအထိ သွားတက်ရင် အသားပဲမဲလာလိမ့်မယ်။ ဘဝကရဲမသွားဘူးဆိုပြီးတော့ပေါ့။ ဒါနဲ့ပဲဂျီတီစီက ေ ဆဗဲလ်ကို ြေ ပာင်းလျှောက်လိုက်ရတယ်။ သို့ပေမယ့် အဲဒါက အရန်လေ။ ကိုယ်တွေက ေ ရကြောင်း သိပ္ပံကိုခြေတစ်လှမ်းလှမ်းထားပြီးသား။


ရေကြောင်း သိပ္ပံက ဘွဲ့မပေးပေမယ့် ဒီပလိုမာပေးတယ်။ သင်္ဘောစောစောလိုက်ပြီး ရာထူးမြန်မြန်တက်တယ်။ ပိုက်ဆံ မြန်မြန် ရတယ်။ အစရှိသဖြင့် မိဘနဲ့ ပတ်ဝန်းကျင်က ေ ပးတဲ့ အားဆေးတွေကြောင့်ပေါ့။ ကိုယ်တွေတစ်ခု သန်ဘက်ရစ်ထားတဲ့ ေ အ်ာတို Motivator ဖြစ်နေတော့ ေ ရကြောင်းသိပ္ပံမှာ အတော်ဆုံးဖြစ်ရမယ့်သူကွ၊ ဘာကွနဲ့ တစ်ဆင့်ပြီးတစ်ဆင့် အရွေးခံ၊ အလျှောက်ခံလိုက်တာ ကျောင်းဝင်ခွင့် ရလိုက်ပါလေရော။


ကျောင်းက စစ်တပ်ဆန်တယ်။ ပင်စင်စား ဗိုလ်ဟောင်းတွေ အုပ်ချုပ်ပြီး စစ်တပ်ထဲကလို ကတုံးတုံးရတယ်။ ယူနီဖောင်း ဝတ်ရတယ်။ ဘွတ်ဝတ်ရတယ်။ ေ ဒါင်ကျကျ၊ ြ ပားကျကျ ေ နရတယ်။ သန့်ရှင်းရေးလုပ်ရတယ်။ တစ်သွေးတစ်သန် တစ်မိန့်စနစ်တွေ ကြားရ၊ သိရ၊မြင်ရ၊ ထိတွေ့ရတယ်။ အဲဒါကို ကျောင်းက လူတွေများ ငြီးငြူနေလိုက်ကြတာ ကျနော့အတွက်ကတော့ ဘာမှ ကြီးကြီးမားမား ထူးခြား

မသွားတဲ့ ဖြစ်စဉ် တစ်ခုပဲ။ သို့ပေမယ့် Life style ကိုတော့ လုံးဝ ပြောင်းလဲပေးတယ်။ ကိုယ့်အခန်း ကိုယ် သန့်ရှင်းရေးလုပ်တာက စလို့၊ အများသုံး အိမ်သာ ေ ဆးပေးရတဲ့အထိ ဖွတ်ဖွတ်ကျေတဲ့ ေ လ့ကျင့်သင်ကြားမĆှုကြောင့် တာဝန်ကျေပွန်လိုတဲ့စိတ်၊ အလုပ်ပြီးမြောက်စေတဲ့ စိတ်တွေတော့ အပြည့်ဝင်သွားတယ်။


ကျောင်းမှာ ြ ပတဲ့ ေ ကျာင်းဆင်းပွဲ ဗီဒီယိုမှတ်တမ်းမှာ စာတော်တဲ့ သူတွေက ဆုတွေထွက်ယူတယ်။ ငါလည်း ယူချင်တယ်။ တစ်နေ့ ငါရကို ရရမယ်ဆိုတဲ့စိတ် အဲ့ဒီမှာ စ ကိန်းပါလေရော။ အဲ့မှာတင် ပစ်မှတ်ကို စဦးတည်လိုက်ပြီ။ ပထမနှစ် ေ ရကြောင်းကောလိပ်

အင်ဂျင်နီယာ ဒီပလိုမာ ဘာသာရပ်မှာ အရာရှိလောင်း အောင်ခမ်းကျော်ဟာ စာဂျဘိုး တစ်ယောက်ပမာ ပြောစမတ်ပြုကြ ပါတော့တယ်။ ပထမ ဆုံးစာမေးပွဲမှာ အဆင့် ၁၆ ပဲရလိုက်တယ်။ အရာရှိလောင်း ၁၅၀ ကျော်မှာ အဆင့် ၁၆ ဆိုတာ တော်တော်လေးကောင်းပေမယ့်

အပေါ်ကိုပဲ ေ သချာကြည့်တတ်တဲ့ ကျနော်က အတော်လေးဝမ်းနည်းသွားတယ်။ ဒါနဲ့ ငါဘာကြောင့် အဆင့် ၁ မရတာလဲ ဆိုတာကိုသေချာ အဖြေရှာရင်း ဒုတိယ အကြိမ်စာမေးပွဲမှာ အဆင့် ၂၀ ြ ဖစ်သွားတယ်။ စိတ်ဓာတ်က အတော်လေး ကျနေပြီ။ စိတ်ဓာတ်ကမကျဘူး။ သူတို့တွေ အဆင့်ကောင်းရချိန်မှာ။ ငါဘာလို့ အဆင့်ကောင်းမရနိုင်တာလဲဆိုတာကို အဖြေရှာတယ်။ ေ သချာမတွေ့ဘူး။


အဆင့် ၁ ရချင်တာပဲ သိတယ်။ ဘာတွေပြင်ရမယ်ဆိုတာ မသိဘူး။ ေ သသေသပ်သပ်မလုပ်တတ်တဲ့ အကျင့်ဆိုးလေးတစ်ခုကိုတော့သွားတွေ့လိုက်တယ်။ စာကိုကျက်ပေမယ့် သည်၊၏ မလွဲမကျက်တာတွေ၊ ေ သချာမှတ်၊တွက် မလုပ်တာတွေ၊ ပုံသေချာ

မဆွဲနိုင်တာတွေပေါ့။ ဒါတွေကို အကောင်းဆုံးဖြစ်အောင်လုပ်ပြီး အဆင့်ကောင်းလာအောင် လုပ်ပါမယ်လေ ဆိုတဲ့ စိတ်ကလေးပဲရှိတော့တယ်။ အကြောင်းကတော့ ဒုတိယ နှ စ်မှာလည်း အခွင့်အရေးရှိသေးတယ် ဆိုတဲ့ စိတ်တစ်ခုနဲ့ပေါ့။ ကံကောင်းပါတယ်။


အလုပ်ကောင်းတာကိုး။ ပနှစ် နှစ်ဝက် စာမေးပွဲအောင်လို့ အောင်စာရင်းထွက်ချိန် အဆင့် ၃ လိုက်တယ်။ ဒါနဲ့ ငါဟာ မညံ့သေးပါလားလို့တွေ့ရှိ၊ သိရှိခဲ့ပြိး ပိုပြီး ကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်စေခဲ့တယ်။


ပနှစ်က အဆောင်နေလေ။ သူများတွေ အပြင်ထွက်ချိန်၊ ကိုယ်လည်း အားလပ်ရပ် အပြင်ထွက်ခွင့်ရချိန်တောင် မထွက်ပဲ စာလုပ်တယ်။ အထူးသဖြင့် ကိုယ်ညံ့တာက ပုံဆွဲတဲ့ Drawing ဆိုတဲ့ ဘာသာရပ်။ ဒါကိုသိလိုက်တော့ သူများတွေ တစ်ပုံဆွဲချိန်ကိုယ်ကအနည်းဆုံး ၂ပုံဆွဲတယ်။ စာမေးပွဲမှာပါမယ့်ပုံ ဆိုရင် အနည်းဆုံး ၄ ပုံဆွဲတယ်။ တစ်ပုံအတွက် အကြမ်းဖျင်း ေ ပးရတဲ့ အချိန်က အနည်းဆုံး ၃နာရီလေ။ အချို့ဆို တစ်ရက်တောင်ကြာတယ်။ ဒါကို အချိန်တိုတိုနဲ့ အကောင်းဆုံးပုံထွက်လာအောင် ကိုယ့်ဘာကိုယ် ေ သချာ Research လုပ်လို့ ဆွဲတယ်။ သူများတွေဆွဲတဲ့ ေ ဖ်ာမြူလာနဲ့မတူဘူး။ ကျနော့ဖော်မြူလာတစ်ခုနဲ့ဆွဲတာ။ သင်္ချာ ြေ မာက်တာ

တစ်ခုသိရင်ရပြီ။ ေ ပါင်း၊နĆှုတ်စရာ ေ တာင် မလိုဘူး။ Scale တွက်တာကိုပေါ့။ သူများတွေ အဲဒါအတွက် ေ ခါင်းစားနေချိန်ကျနော်ကစာရွက်မှာ အပေအစွန်း မဖြစ်ဖို့အတော်လေးခေါင်းစားနေပြီ။ သပ်သပ်ရပ်ရပ် မလုပ်တတ်တဲ့အကျင့်ကြောင့်ကိုး။ ပနှစ် Final ကို အဆင့်

၂ နဲ့ပဲ ကျေနပ်လိုက်ရတယ်။ စိတ်ထဲမှာတော့ အင်တင်တင်ပေါ့။ သို့ပေမယ့် ကျေနပ်လိုက်တယ်။


ဒုတိယနှစ် (နောက်ဆုံးနှစ်) ေ ရာက်လာပြီ။ အဆင့် ၂ နဲ့ ြ ပီးခဲ့တဲ့ ပနှစ်က စွမ်းဆောင်ချက်အတွက် မကျေပွဲနွဲဖို့ စိတ်ခွန်အားဖြည့်ခဲ့ပြီးအဆင့် ၁ ရရေးတို့အရေး ကြိုးစားပြန်ပါတော့တယ်။ တာမွေမှာနေတာမို့ ဘတ်စ်ကားနဲ့ ဘုရင့်နောင်လမ်းမပေါ်မှာရှိတဲ့ ေ ရကြောင်း

ကောလိပ်ကို သွားရတယ်လေ။ အဆင့် ၁ ရရေးတို့အရေးပဲ။ သို့ပေမယ့် နှ စ်ဝက်စာမေးပွဲ ရလဒ်ကို ကိုယ့်ကိုတုန်လှုပ်ခြောက်ခြားသွားစေ ခဲ့တယ်။ အကြောင်းကတော့ အဆင့် ၄ ြ ဖစ်သွားလို့လေ။ ငါဖြစ်ကောဖြစ်နိုင်ပါတော့မလား။ ပို့ဆောင်ရေး ဝန်ကြီးကိုယ်တိုင်

ပေးတဲ့ ဆုကို ထွက်ယူတဲ့ အရာရှိ လောင်းက ငါကော ဖြစ်နိုင်ပါတော့မလား ဆိုတဲ့ စိုးရိမ်စိတ်တွေ အတော်လေး ဝင်လာပြီး စာကြိုးစားဖို့ပိုမိုပြီး အားဖြစ်စေခဲ့ တယ်။ စိတ်ထဲမှာ ဆုရချင်တာ တစ်ခုထဲသိတယ်။ အဲ့ဒီစိတ်ကပဲ လူကို Drive လုပ်ပြီး အိပ်ယာထချိန်၊ ကျောင်းသွားချိန်၊ ကျောင်းပြန်ချိန်၊ စာလုပ်ချိန် အစရှိသဖြင့် Daily routine ကို သူ့ပါသူ ခွဲခြားသွားတယ်။


ဘတ်စ်ကားစီးရင်း ကားပေါ်မှာ ခင်တဲ့ သူနာပြု ေ ကျာင်းသူတွေကို ကျနော် အဆင့် ၁ ပါလို့ မရသေးတဲ့ ေ နရာတစ်ခုအတွက် ကြိုပြင်စရံသပ် ကြွားထားလိုက်မိတယ်။ (အဲဒါ ကျနော့ရဲ့မကောင်းတဲ့ အကျင့်တစ်ခုပေါ့) ကမ္ဘာက ကျဉ်းတယ်လေ။ အောင်ခမ်းကျော် အဆင့်

၁ ပါလို့ အခြားကျောင်းသူတွေကို ရွှီးပြီး ကြွားနေတယ်လို့ သတင်းလည်းပြန့်ရော ေ ကျာင်းမှာ Troll လုပ်စရာလူက ကျနော်ဖြစ်လာတယ်။ Troll ဆိုတာ စတာပေါ့။ တွေ့တိုင်း roll 1 လို့အစခံရပေမယ့် ကျနော်စိတ်ထဲ မထားပါဘူး။ အဲ့လိုစလေလေ၊ အဆင့် ၁ မရရင် အရှက်ကွဲ တော့မယ်ဆိုတာကို ပိုသိလေလေမို့ ပုံမှန်ကြိုးစားနေတာထပ်ကို ပိုသွားစေခဲ့တယ်လို့ထင်တယ်။ သေချာတာကတော့အိပ်ချိန်ကို ထိခိုက် ေ လာက်အောင်တော့ မလုပ်ပါဘူး။ အိပ်ချိန်၊ စာချိန်တွေကိုလည်း ကျန်းမာရေးအတွက် ေ သချာ အချိန်ပေးတယ်။စာလုပ်ချိန်မှာ စာကို သေချာလုပ်တယ်။ ဒီလောက်ပါပဲ။


ဒီလိုနဲ့ ဒုတိယနှစ် စာမေးပွဲက ြ ပီးပါလေရော။ အဆင့်ကို မကြေညာသေးပဲ စစ်ရေးလေ့ကျင့်မĆှုကို အရင်လုပ်တယ်။ ေ ကျာင်းဆင်းပွဲအတွက်လေ။ ကျောင်းဆင်းပွဲကို စစ်ရေးပြဆင်းနေကျမို့လို့ပေါ့။ ဆုရဖို့ စံကာတင် ၁၀ ဦးစာရင်းထဲမှာ ကျနော်ပါလာတော့ ပျော်ရပေမယ့်တိတိကျကျ မဟုတ်သေးတာမို့။ ေ သချာ မပျော်ရသေးဘူး။ သို့ပေမယ့် ေ နာက်ဆုံးတော့ အဆင့် ၁ ဟာ ကျနော်ဖြစ်ကြောင်းသိလိုက်ရတော့ ကမ္ဘာမှာ ဝမ်းအသာဆုံး လူသားက ကျနော်ပါပဲ။ အဆင့် အတွက် အမှတ်ပေးမĆှုကို Training နဲ့ Academic မှတ် ၂

ခုပေါင်းလို့လေ။ ကျနော်က ဒုတိယ နှ စ်စကတည်းက ေ ကျာင်းကို မနက် ေ ရာက်တိုင်း ၁၀ မိနစ်စာလောက် စည်းကမ်းထိန်းသိမ်းရေးဆရာတို့ အခန်းကို သွားလို့ သန့်ရှင်းရေးပုံမှန်လုပ်ပေးဖြစ်တယ်။ အဲဒါဖားတာ မဟုတ်ဘူး။ ငါတို့ကို စည်းကမ်းထိန်းသိမ်းပေးတဲ့ဆရာတွေ ကိုယ့်ခွက်ကိုဆေး၊ ကိုယ့်အခန်းကို သန့်ရှင်းရေးလုပ်နေရတာ မကောင်းလို့ ဒါတွေကို ငါပုံမှန်လုပ်လို့ ကုသိုလ်ယူမယ်လို့ဆုံးဖြတ် ခဲ့မိတာပါ။ အဲဒါကြောင့် နောက်ဆုံးအမှတ်ပေးမĆှုမှာ စည်းကမ်းထိန်းသိမ်းရေးဆရာများ ပေးတဲ့ အမှတ်ပြည့်ကို ရရှိခဲ့ ပါတယ်။


ကဲ။ ဒီလိုနဲ့ ေ ကျာင်းဆင်းပွဲမှာ ဆုထွက်ယူရတယ် ဆိုပါတော့။ လူတကာ ဝိုင်းငေးပြီး၊ အလေးစားခံရတဲ့ စံပြအရာရှိလောင်း ဆိုတဲ့ဆုတံဆိပ်ကိုရရှိခဲ့တယ်။ ေ မျာ်မှန်းထားသလို တီဗီမှာလည်း ပါတယ်။ ရုပ်သံလိုင်းတစ်ခုက အင်တာဗျူးတယ်။ သတင်းစာထဲမှာလည်း

ဓာတ်ပုံပါတယ်။ ေ ပျာ်တာပေါ့။ ေ မျှာ်မှန်း သလို ြ ဖစ်လာတော့။ ကျနော့ကိုမမေးကြလို့ ကျနော်မပြောဖြစ်လိုက်တဲ့ အဆင့် ၁ ရအောင်ကြိုးစားတဲ့ နည်းလမ်းက ဒီလိုပါ။ Practicing ပါ။ ကျနော် ေ ရကြောင်း အင်ဂျင်နီယာ ဘာသာရပ်မှာ အမှန်အတိုင်းပြောရင်

စိ တ် ဝ င် စား မĆှု က သိ ပ် မ ရှိ ဘူး ဗျ ။ ဆ င်း ရဲ တွ င်း က လွ တ်နို င် တဲ့ ထ မ င်း စား လ က် မှ တ် တ စ် ခု လို့ ပဲ သိ ထား ခဲ့ တာ မို့အရောက်နိုင်ဆုံးပန်းတိုင်အထိတော့ မှန်းထားခဲ့ပါတယ်။ အင်ဂျင်နီယာချုပ် ဘာညာပေါ့။ သို့ပေမယ့် စိတ်ပါဝင်စားတဲ့ အားက

သိပ်မရှိတာမို့ အသုံးပြုခဲ့တဲ့ ကြိုးစားနည်းလမ်းက ထပ်ခါထပ်ခါ ေ လ့ကျင့် ြ ခင်းပါပဲ။ သူများတွေ တစ်ကြိမ်ပဲ ြ ပင်ဆင်ချိန်ကျနော်ကအနည်းဆုံး ၄ ကြိမ်ပြင်တယ်။ အဲ့နည်းလမ်းက ဆုရသွားစေတာပါ။


အလုပ်သမား ဘဝ


ရေကြောင်းကောလိပ်မှာ ဒီပလိုမာပဲ ရခဲ့တာ။ ေ ခတ်က သိတဲ့အတိုင်း သင်္ဘောကျင်းမှာ အလုပ်သင်ဆင်းဖို့ တစ်နှစ်ပေးရမယ်ဆို တာေ ြ ကာ င့် ြ ကား မှာ အ လု ပ် လ က် မဲ့ ြ ဖ စ် မေ နေ အာ င် အို င် တီ ကု မ ္မ ဏီ တ စ် ခု မှာ အ လု ပ် ဝ င် လု ပ်ြ ဖ စ် ခဲ့ တ ယ် ။

အလုပ်ဝင်ဖြစ်အောင်ဖိအားပေးတာကလဲ မိဘတွေ ပါပဲ။ အလုပ်လုပ်ပါလို့တော့ မပြောပါဘူး။ သို့ပေမယ့် ေ ငွကြေး အသုံးပြုမှုနဲ့ပက်သက်လို့ Block လုပ်လာတာ များလာတော့ ကိုယ်စားဖို့ အတွက် ကိုယ့်ငွေကိုယ်ရှာမယ်ဆိုတဲ့ စိတ်တစ်ခု ကြိမ်းသေဝင်ခဲ့တယ်။ အဲ့ဒီစိတ်က ဒုတိယနှစ် ေ ကျာင်းတက်ကတည်းက ရှိပြီးသား၊ ေ ရကျော်စျေးက အင်တာနက်ဆိုင် ၃၊၄ ခုကိုတောင် ညအိပ်အလုပ်ရမလား သွားစုံစမ်းဖူးခဲ့တာ အမှတ်တရပဲ။ အဲဒါနဲ့ ကြုံရာလုပ်မယ်ဆိုပြီး ဝင်လျှောက်လိုက်ခါမှ ကုမ္မဏီမှာ သတင်းဆိုဒ် တစ်ခုအတွက်

ဘာသာပြန် လိုအပ်တယ်ဆိုလို့ တစ်လ ငွေ ၅ သောင်းနဲ့ ဘာသာပြန် စလုပ်ဖြစ်ခဲ့တယ်။ အဲ့အချိန်မှာ ၁၀ တန်းကလေးတစ်ယောက်ကိုဂိုက်သင်ရမယ်လို့ အကမ်းလှမ်းခံရတော့ ၇ ေ သာင်းနဲ့ သဘောတူပြီး တစ်လကိုဝင်ငွေ ၁ သိန်း ၂ ေ သာင်းနဲ့ အလုပ်သမား ဘဝကို

စဖြစ်ခဲ့တယ်။ ေ ကျာင်းဆင်းပွဲက ၂၀၁၁ ခုနှစ် မတ်လ၊ အလုပ်စဝင်တာက ၂၀၁၁ ခုနှစ် ဇူလိုင်လ ြ ဖစ်မယ် ထင်ပါတယ်။ ေ အာ်။ အရေးကြီးဆုံး ပြောဖို့မေ့နေတာလေး တစ်ခုက ဘာသာရေးပါ။


ဘာသာရေး လိုက်စားမှု


ရေကြောင်းကောလိပ် ပနှစ်ကုန် သင်္ကြန်မှာကတည်းက သူငယ်ချင်းနဲ့ တရားစခန်း ဝင်ဖြစ်တယ်။ ဝင်ဖို့အတွက် ရည်ရွယ်ချက်မရှိခဲ့ပေမယ့် စူးစမ်းချင်စိတ်ကြောင့် တရားစခန်း စဝင်ဖြစ်လိုက်တယ်။ အဲ့ဒီမှာ ဘာသာရေးအပေါ် ေ လ့လာလိုက်စားတဲ့ ပိုးက စဝင်တော့တာ ပါပဲ။ အကိုတစ်ယောက်နဲ့ မိတ်ဆွေဖြစ်ရပြီး သူ့ဆီကနေ ဘာသာရေးအသိအမြင်တွေရတယ်။ အဲ့အချိန်မှာ

မိသားစုနဲ့ကလည်း သိပ်အဆင်မပြေတော့ တိုင်ပင်ဖော်လိုဖြစ်ရပြီး ပိုလို့ ရင်းနှီးသွားတယ်။ ကျနော့ကို အရွယ်နဲ့ မလိုက်အောင်ရင့်ကျက်လို့ပါတဲ့။ ဒီလိုနဲ့ ပနှစ် ကုန် တရားစခန်းပြန်၊ final ကိုလည်း တက်ရော၊ တရားထိုင်တဲ့ ပိုးက ဝင်သွားတာမို့၊ အပတ်စဉ် တနင်္ဂနွေတိုင်း ေ ရွှတိဂုံမြောက်ဘက်မုဒ်က ဓမ္မာရုံတစ်ခုမှာ မိုးကုတ်ဝိပဿနာ ပုံမှန်သွားကျင့်ဖြစ်ခဲ့တယ်။ ေ ကျာင်း စာ တစ်ဖက်

ရှိပေမယ့် ဒါဟာ ပညာရေးအတွက်လည်း အထောက်အပံ့ ြ ဖစ်တယ်လို့ ယုံကြည်ထားတော့ ၂ လလောက် စွဲစွဲမြဲမြဲ သွားဖြစ် ခဲ့တယ်။ စားမေပွဲနီးတော့ မသွားဖြစ် တော့ဘူးလေ။


ကျောင်းလည်းပြီး အလုပ်လည်းဝင်ချိန်မှာ တရားလေ့လာဖို့ အချိန်ပိုလာပြီဆိုတာကို သိလိုက်တော့ အိမ်နီးနားက အဘိဓမ္မာ သင်တန်းတစ်ခုကို ဘုမသိ၊ ဘမသိ သွားတက်မိတယ်။ စိတ်ဝင်စားလို့ပါ။ ဝိပဿနာ ကျင့်စဉ်တောင်ခက်ခဲတာ။ ဘုရားစာတွေဘယ်လောက်ခက်မလဲ၊ ငါဘယ်လောက်လေ့လာနိုင်မလဲ သိချင်တာကြောင့် စတက်ဖြစ်ပြီး စာမေးပွဲဝင်ဖြေတဲ့အထိ ဖြစ်ခဲ့တယ်။ မစိုးရိမ်အဘိဓမ္မာ ပထမ အဆင့်ကို ြေ ဖဆိုအောင်မြင်ပြီး သာသနာ ဝန်ကြီးဌာနရဲ့ အဘိဓမ္မာ စာမေးပွဲကိုတော့ နှ စ်ချင်းပေါက် ၃ ဆင့် စလုံး

ဖြေဆို အောင်မြင်ခဲ့ပါတယ်။ အိုကေ အလုပ်အကြောင်းလေး ဆက်ပါရစေ။


အလုပ်သမား ဘဝ အဆက်


ဘာသာပြန်လုပ်ရင်း ကုမ္မဏီက ဖိအားတွေကို ခံစားရတယ်။ ေ ပျာ်စရာပဲ။ သူများတကာ ဖိအားတွေကြောင့် စိတ်ညစ်၊ဝမ်းနည်းနေချိန်ကျနော်က စိတ်ထဲမှာ ကြိတ်ပျော်နေတယ်။ ကိုယ့်အတွက် အသစ်တွေချည်းပဲ။ အဆဲခံရတာလဲ ပညာအသစ်၊ အဆုံးမ ခံရတာလည်း

ပညာ အသစ်၊ အလုပ်ဖိခိုင်းခံရတာလဲ အတွေ့အကြုံ အသစ်။ အသစ်အသစ်ပေါင်း များစွာနဲ့ ဘဝမှာ မမေ့နိုင်တဲ့ အလုပ်ပညာ၊ ဘဝပညာ၊ လူမှုဆက်ဆံရေး ပညာတွေကို ေ လ့လာခွင့်ရခဲ့တယ်။ သိပ်မကြာပါဘူး။ ကုမ္မဏီမှာ ၆ လလောက်လုပ်ပြီးထွက်လိုက်ပါတယ်။

၂၀၁၁ ခုနှစ် စက်တင်ဘာလလောက်မှာ ကိုယ်ပိုင် Facebook Page တစ်ခုက လက်ကမျဉ်းပြီး စလုပ်လိုက်မိတယ်။


www.facebook.com/Internationalnewsformyanmar . ထွက်ချင်လို့တော့ မဟုတ်ပါဘူး။ အကြောင်းပြချက်က သင်္ဘောကျင်း

ဆ င်ြး ပီး အ လု ပ် သ င် ဝ င် ရ တဲ့ စ န စ် ကို အ စိုး ရ က ပ ယ် ဖျ က် လို့ ေ ရေ ြ ကာ င်း ဆ င်း များ ဝ ပ်ေ ရှာ့ေ လ့ ကျ င့်ေ ရး ၆ လယူရမယ်ဆိုတာကြောင့်ပါ။ ဒီအတွက် လိုအပ်တဲ့ ငွေကြေးပမာ များစွာကို အဖေ့ဆီကပဲ ဖျစ်ညစ်တောင်းလို့ သင်တန်းတက်ခဲ့ ရပါတယ်။

အလုပ်က နေ့ဆင်းဆိုတော့ ဖျက်လိုက်ရတာပါ။ ညဘက်မှာ အဘိဓမ္မာ တက်နေဆဲ။


ဝပ်ရှော့ဆင်းစဉ် ကာလက အလုပ်တစ်ခု ရတယ်။ အမေရိကန်အခြေဆိုက်ပြီး မြန်မာပြည်အရေး သတင်းဆိုဒ်လုပ်ထားတဲ့ မြန်မာ လူမျိုးတစ်ဦးက အလုပ်ခန့်လို့ပါ။ သတင်းတွေကို ဘာသာပြန်လို့ တင်ပေးတာနဲ့ လစာ ၁ သိန်းရတာကြောင့် အိမ်မှာ အင်တာနက် တပ်ပြီး

ကျကျနန လုပ်ဖြစ်တယ်။ လပ်တော့က ရေကြောင်းမှာ အဆင့် ၁ ရတဲ့အတွက် အဖေ့သူငယ်ချင်းများက စုပြီး ဝယ်ပေးထားတာလေ။ ၁၀ တန်းဖြေမယ့် ကလေးကိုလည်း စာသင်နေဆဲ။ ဝင်ငွေက ၁သိန်း ၇ သောင်း ဖြစ်နေပြီ။ ၆ လလည်းပြည့် ဝပ်ရှော့သင်တန်းလည်း ပြီး၊ ၁၀

တန်းကလေးလည်း စာမေးပွဲဖြေအပြီး၊ အမေရိကန်က အလုပ်ကလည်း ေ ငွကြေးမခိုင်မာတာကြောင့် ရပ်နား တာမို့ အလုပ်လက်မဲ့ဘဝကို ရောက်သွားပါလေရော။


ဒုက္ခပင်လယ် စဝေခြင်း


အလုပ်က လက်မဲ့ ဖြစ်သွားပါပြီ။ ပိုပြီးကံဆိုးတာ တစ်ခုက ဘာအလုပ်မှ မလုပ်နိုင်တော့တဲ့ မိဘ ၂ ပါးဟာ သားသမီး ပညာရေးအတွက် အိမ်အပိုင်ကနေ အိမ်အငှားဘဝ၊ အိမ်အငှားကနေ လုံးဝမနေနိုင်တော့တဲ့အဆင့်အထိ ရောက်သွားပြီး အောင်ပန်းကို ပြန်မယ်ဆိုတဲ့အထိ

ဖြစ်သွားတယ်။ အဲ့ဒီမှာ စသွားတာပဲ။ အသက်က ၁၉ နှ စ်ကျော် လူငယ် တစ်ယောက် ရန်ကုန်မှာ စပြီး ဒုက္ခပင်လယ်ဝေပြီ။


လှည်းတန်းမှာပဲ အဆောင်နေဖို့ ေ ရွးချယ် လိုက်တယ်။ ကံကောင်းချင်တော့ ၇ တန်းကလေးတွေကို စာသင်ဖုိ့အတွက် ေ အ်ာဒါရပြီးတစ်လ ဝင်ငွေ ၅ သောင်းတော့ အနည်းဆုံး ကျန်ခဲ့တယ်။ ၅ သောင်းက အဆောင် တစ်လစာ ၂သောင်းခွဲပေးရင်ဘာမှ မကျန်ဘူးလေ။


စရံကလည်း ပေးရတော့ ငွေက ဘယ်လိုမှ မလောက်ဘူးဖြစ်ရော။ နီးစပ်ရာ သူငယ်ချင်းတွေဆီက ချေးငှားရင်း ဘဝကိုဖြစ်အောင် ၁၅ ရက်လောက် ကျောင်းခဲ့ ရတယ်။ အဆိုးဆုံး ကတာ့ မနက်စာ လွတ်ခံရင် နေ့လည်စာနဲ့ ညစာ စားနိုင်ပြီး မနက်စာမလွတ်ရင် နေ့လည်စာ

အလွတ်ခံရတဲ့အထိ အခြေအနေ ဆိုးခဲ့တယ်။ ဒါတောင် ေ ချးငှားထားတဲ့ ပိုက်ဆံနဲ့ ေ နထိုင် စားသောက်တာ။ အဲ့ ၁၅ ရက်အတွင်းအလုပ်တစ်ခု မြန်မြန် ရှာရတယ်။ အလုပ်အကိုင် အခွင့်အလမ်း ဂျာနယ်ကို ဝယ်ဖတ်ရတယ်။


နောက်တော့ ကုမ္မဏီတစ်ခုက ဘာသာပြန်ခေါ်နေတာ ေ တွ့ပါလေရော။ အမေရိကန် အလုပ်ကလည်း International news for

myanmar Facebook Page ေ ကြာင့် ရခဲ့တာ။ ယခု အလုပ်လည်း အရင်က background ေ တွကို ြ ပန်ပြတော့ကောင်းကောင်းကြီးလက်ခံပြီး လစာ ၁သိန်းခွဲနဲ့ ဝင်လုပ်ရပါတယ်။ ကားလေလံဝဘ်ဆိုဒ်လုပ်ပြီး ယင်းဆိုဒ်မှာ သတင်းတွေတင်ဖုိ့အတွက်သတင်း ကဏ္ဍအားလုံးကို တာဝန်ယူရခြင်း ဖြစ်ပါတယ်။ ဒီအတွက် ၁သိန်းခွဲတောင်းတာ များပါဘူးလေ။


ဒုတိယပိုင်း (အပြီး) ကို အောက်က link မှာ ဖတ်နိုင်ပါတယ်ခမျာ။ https://m.facebook.com/groups/2001239446861643/permalink/2865229193795993/


အချိန်ရမှဖတ်ပါ


Part 1 ဖတ်ရန် - https://m.facebook.com/groups/2001239446861643/permalink/2865215973797315/

 


အပေါ်က limk ကိုဖတ်ပြီးမှာ အောက်က စာအဆက်ကိုနားလည်မှာပါ။ အရမ်းရှည်လို့ Facebook က လက်မခံလို့ပါ။


ကံကောင်းခြင်းတို့ ရောက်ရှိလာခြင်း


အမှန်တော့ ကံကောင်းခြင်းက သူ့အလိုသူ မရောက်ရှိပါဘူး။ အကြောင်းရှိလုိ့ အကျိုးဖြစ်တာ ေ လာကကြီးမှာ ေ ကာင်းသောအလုပ်ကြောင့် ကောင်းသော ကံတွေ ဖြစ်လာခဲ့တယ်။ အလုပ်မှာ အင်တာနက်က အတော်လေး ကောင်းတယ်ဗျ။ တစ်ရက်ကို သတင်း

၁၀ ပုဒ်တင်ဖို့အတွက် အစပိုင်းပဲ အတော်လေး အချိန်ပေးရတယ်။ ေ ရးကျင့်၊ ဘာသာပြန်ကျင့် အတော်လေးရလာတော့ အချိန်ပိုလာတယ်။ မနက်တစ်ပိုင်းမှာ ရုံးအလုပ်လုပ်ပြီးညနေ တစ်ပိုင်း အင်တာနက် သုံးချိန်က အခမဲ့လို ဖြစ်လာတယ်။ ဒါကို ကိုယ်ကသိပေမယ့် တိတ်တိတ်ကလေးနေရတယ်။ ကုမ္မဏီက သိရင်မကောင်းဘူးလေ။ ဒါနဲ့ပဲ အားတဲ့အချိန်လေးမှာ ကိုယ့် Facebook Page အတွက် ဘာသာပြန်တွေ၊အတွေးအမြင်ရသတွေ တင်ရင်း အချိန်တွေကုန်ခဲ့တယ်။ သူများ တကာ ပေ့တွေ ဝင်ဖတ်တယ်။ နောက်တော့

နည်းပညာ ဂျာနယ်တစ်ခုရဲ့ မအောင်မြင်သေးတဲ့ Facebook Page တစ်ခုကို ေ တွ့ခဲ့ပြီး ေ အာင်မြင်ရန် လုပ်ပေးပါမည်ကြောင်းအစရှိသဖြင့် စာရေးပို့လိုက်တာ ေ ကြးစား သဘောမျိုးနဲ့ စတင်အလုပ်ခဲ့တယ်။ တစ်ပတ်အတွင်း Like ဘယ်လောက်တက်ရမယ်ဆိုတဲ့

Target မျိုးနဲ့ စတာပေ့ါ။ လက်သွေးဆာနေတာ၊ သွေးသား အကျင့်ရနေတာ အတော်လေးများလာတော့ စပြီး သတင်းတွေဘာသာပြန်၊ အတွေးအမြင် ဆောင်းပါးတွေ တင်တာက စလို့ Facebook Like တွေအတော်လေး ထိုးတက် ပါတော့တယ်။


ဒါနဲ့ပဲ တစ်လ ၁သိန်း ၂ သောင်းနဲ့ တစ်ရက်ကို Post ၃ ခု Facebook နဲ့ Blog မှာတင်ရမယ်လို့ တာဝန်ရလိုပြီး ကိုယ်ပိုင် INM Page ကိုလည်း Blogspot လေး စလုပ်ဖြစ်ပါတော့တယ်။ www.innewsmyanmar.com ဖြစ်လာအောင် ဒိုမိန်းကို မြန်မာငွေ တစ်သောင်းကျပ်

နဲ့တောင် ဝယ်ဖြစ်လိုက်ပါသေးတယ်။ နည်းပညာ ဂျာနယ် အွန်လိုင်းမှာ ေ ရးတယ်ဆိုတာ အရင်က အိုင်တီ ကုမ္မဏီမှာလည်းလုပ်ဖြစ်ခဲ့သေးတာကိုး။ အိုင်တီ ဗဟုသုတ နည်းပေမယ့် ေ ပးချင်တဲ့ ေ စတနာ များတာကြောင့် ဘာတင်တင် ေ အာင်မြင်သလိုဖြစ်ခဲ့တယ်။ ဒ်ီလိုနဲ့ သူဌေးက သဘောကျတဲ့အထိ ဖြစ်ခဲ့တာပေါ့။ ကားကုမ္မဏီက အလုပ်ကိုလည်း လုပ်နေတုန်းပဲ။ နည်းပညာ ဂျာနယ်အတွက်က တိတ်တိတ်လေး လုပ်တာပေါ့။ ကိုယ်ပိုင် မီဒီယာအတွက်လည်း လုပ်တယ်။


သင်္ဘေားသားဘဝ ပြန်မှန်းဆခြင်း


ဒီလိုနဲ့လုပ်နေတုန်း သင်္ဘောသားဖြစ်ရန် သင်တန်း ၃ ခုသာ တက်ရန်ကျန်သည်ဆိုတဲ့ သတင်းကြောင့် ပထမဆုံး ေ စျးသက်သာတဲ့တစ်ခုကို ေ ချးငွေနဲ့ စတက်ဖြစ်ခဲ့တယ်။ ကားကုမ္မဏီကလည်း ညှိယူလို့ရတော့ ရုံးဆင်း ညနေ ၄ နာရီမှာ သွားလုပ်လဲ လက်ခံခဲ့ကြတယ်။ နေ့ဘက် ထမင်းစားချိန်မှာ နည်းပညာ ဂျာနယ် Facebook Page မှာ တင်ပေးတာပေါ့။ ဒီလိုနဲ့ ၁လခွဲပဲ ကြာမယ် ထင်ပါတယ်။ သင်္ဘောသား ဘဝအတွက် ြ ပန်မှန်းဆပေမယ့် တက်ခဲ့တဲ့ ေ ကျာင်းနဲ့ ရခဲ့တဲ့ ဆုတံဆိပ်အတွက် နှေ မျာလို့ဗျ။ အဆင့် ၁ မို့လို့ ဘယ်

ကုမ္မဏီက အလကားလာပင့်မလဲ ေ စာင့်နေတာ ကိုယ်တွေသာ လိုက်မယ်ဆိုရင် သိန်း ၂၀ အထပ်ကုန်မယ့် အပြင်၊ အိမ်ဂရန်ပါပေါင်ရကိန်း ရှိတဲ့အခြေအနေ တစ်ခု။ အဲလို ဒုက္ခတွေက ကိုယ့်ရဲ့ပညာမာနကို ပိုလို့ ထိခိုက်သွားစေတယ်။ ပညာမှာ မာန ထားရင်


မှားတယ်လို့ ဆိုကြတယ်။ သို့ပေမယ့် ထိုက်တန်တဲ့ ရလဒ်တစ်ခု မရတာကျ ခေါင်းငုံ့မခံချင်ဘူး။ သတင်းဘာသာပြန်တာကနေ အွန်လိုင်းအယ်ဒီတာအခန့်ခံရတဲ့အထိ အခြားမှာအောင်မြင်ခဲ့တယ်။ ဒီတော့ တစ်လခွဲ သင်တန်းလည်း ြ ပီးရော သင်္ဘောလိုက်မယ့်အကြောင်းအရာကို ယာယီမေ့ထားလိုက်ပြန် ပါတယ်။


အလုပ်အသစ်ရခြင်း


လက်ရှိက ကားကုမ္မဏီမှာ တစ်ခု၊ နည်းပညာ ဂျာနယ်မှာတစ်ခု၊ ၇ တန်းကလေးတွေကလည်း ၈ တန်းတက်ပေမယ့် ဆက်ခေါ်ဆဲမို့ဂိုက်ကလည်း သင်သေး။ အလုပ်က ၃ ခုရှိပြီ။ အဲ့တုန်းကပေါ့။ အစက သင်္ဘောတက်မယ်ယောင်ယောင်ကြောင့် မတက်တော့ဘူးလို့

ဆုံးဖြတ်ခဲ့မိတဲ့ အဘိဓမ္မာ ဂုဏ်ထူးဆောင်တန်းကို ရုံးပိတ်ရက် တနင်္ဂနွေနေ့လေးမှာ သွားတက်ဖြစ်လိုက်သေးတယ်။ တက်တာကရွှေတိဂုံ ြေ မာက်ဘက်နဲ့ရှေ့ဘက်မုဒ်ကြားက ဓမ္မာရုံ တစ်ခုမှာပါ။ အလုပ်ကလည်း ၃ ခုရှိပြီ။ ဘာသာရေး စာပေ သင်တန်းလည်း

တက်နေပေမယ့် ရလာတဲ့အခွင့်အလမ်းတွေရှိရင် လက်အလွတ်ကလည်း မခံချင်ဆိုတော့ ကိုယ့်ဆီကို ဂျာမနီ ကုမ္မဏီကုမ္မဏီတစ်ခုလာဆက်သွယ်တာ ေ တွ့လိုက်ရပါတယ်။ ဂျာမနီ ကုမ္မဏိဆိုတာ ဒီလိုပါ။ အင်တာနက်၊ ဝဘ်ဆိုဒ် ကုမ္မဏီတစ်ခုဖြစ်ပြီး ြ ပည်တွင်းမှာအွန်လိုင်းဝန်ဆောင်မှုစနစ် တစ်ခုကို ဖန်တီးနေကြတာပါ။ ကျနော့ရဲ့ INM Page ဆီကို စာပို့ပြီး စာတင်ချင်ပါတယ် ဘာညာ ပို့လာတော့ကိုယ်တိုင်တွေ့ပြီး လာရှင်းပြချင်တယ် ဘာညာပြောလိုက်တာ။ ရုံးမှာ ခေါ်အတွေ့ခံရပါလေရော။


ဒတ်ခ်ျလူမျိုး ၂ ဦးနဲ့ မန်နေဂျာ အဆင့် အရာရှိ ၆ ဦး ပါဝင်တဲ့ ရုံးခန်းထဲမှာ သူတို့ ဝဘ်ဆိုဒ်ကို အွန်လိုင်းမှာ ၊ ကျနော့ဝဘ်ဆိုဒ်မှာ ဘယ်လိုကြော်ငြာရင် ဘယ်လိုဖြစ်တယ်။ ေ အာင်မြင်တယ် ဆိုတာကို အာပေါင်အာရင်းနဲ့ ြေ ပာလိုက်တာ အင်္ဂလိပ်လိုကော၊ ြ မန်မာလိုကော

အားလုံး ေ ရာညှပ်ပြောပြစ်တယ်။ ဘယ်နေရာမှာမဆို First Impression က အရေးကြီးတယ်။ ကျနော် အဲ့ဒီနေရာမှာ တစ်ကွက်သာသွား တယ်။ ပြောလိုက်တဲ့ အလုံးတွေကြောင့် တစ်ပတ်အတွင်း ပြန်ချိန်းပြီး သူတို့ဆီမှာ အလုပ်လာလုပ်ဘာလား ဘာညာ အချိန်းဆို

ပြောဆို ခံရ ပါတယ်။ ကျနော်က ကျနော့ဆိုဒ်မှာ သတင်း၊ကြော်ငြာတင်ပေးမယ်ပဲ ြေ ပာတာလေ။ သူတို့က ကျနော့ကို သူတို့ဆီမှာလုပ်ချင်တယ် ဆိုတော့ ရပိုင်ခွင့် အကျိုးခံစားခွင့်က ဘယ်လောက်လဲ တိုင်ပင်ညှိနိုင်းကြတော့ တစ်ရက်စာအတွက် ေ ဒ်ါလာ ၃၀ ပါ။

မြန်မာငွေနဲ့ ၃ သောင်းလို့ပဲ ရှင်းရှင်းတွက်လိုက်ကြ ပါတယ်။ ဒါနဲ့ တစ်ပတ်မှာ တနင်္လာ ညနေပိုင်း၊ သောကြာ ညနေပိုင်း ရုံးကို ပုံမှန်ဆင်းပေးဖို့ သဘောတူလိုက်ပြီး တစ်ပတ်ကို ၃ သောင်းရတဲ့ အလုပ်တစ်ခု ဖြစ်ခဲ့ရပါတယ်။


ဒီတော့ ကားကုမ္မဏီကို စရွှီးရပြီ။ သင်္ဘောသား သင်တန်းတစ်ခုတက်ရလို့ အပတ်စဉ် တနင်္လာနေ့တစ်ပိုင်းနဲ့ သောကြာ နေ့တစ်ပိုင်းတော့ပျက်ပါရစေ။ ဘာညာပေ့ါ။ ဒါတောင် ကားရုံးကို မနက် ၁၁ နာရီမှ ပုံမှန်ရောက်သလို ြ ဖစ်နေတာ။ မနက်ပိုင်းက တာမွေမှာကလေးစာသွားသင်ရတာကိုး။ ရုံးက အလုံမှာ။ နိုင်ငံခြား ကုမ္မဏီကျတော့မြို့ထဲမှာ။ ခရီးက သုံးခု ဖြစ်နေပါလေရော။ ဒါပဲလား ဆိုတော့မဟုတ်သေးဘူး။ မတော်သေးဘူး။ ရုပ်သံဌာန တစ်ခုက ရုပ်သံလမ်းညွှန် မဂ္ဂဇင်း တစ်ခုထုတ်တယ်။ ဘယ်နေ့မှာ ဘယ်ဇာတ်ကား ပြမယ်၊ ဘာညာဆိုတာတွေပေါ့။ အဲဒါတွေကို ဖတ်ပြီး သူတို့ရေးတာထပ် ငါက ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းအောင် ရေးနိုင်တယ်လို့ယုံကြည်တော့ သူတို့ Facebook Page ကို စာပို့ ကြည့်လိုက်မိတယ်။ ေ ရးချင်ပါတယ် ဘာညာနဲ့ ကျနော်လုပ်နေတာလေးတွေကိုပြလိုက် တာပေါ့။ နောက်တော့ သူတို့ ဌာနကို လာဖို့ခေါ်ပြီး ဆွေးနွေးကြရာမှာ အပြင်ကနေ Package လိုက်၊ ဂျာနယ် အစောင်တိုင်းမှာ

ရေးပေးဖို့ သဘောတူညီ ခဲ့ကြ ပါတယ်။


ရေးတာက အနည်းဆုံး ချယ်နယ် ၁၂ ခု ရှိမယ်ထင်တယ်။ ေ ဆာင်းပါးကလည်း ပါလိုက်သေး။ ၂ ပတ်တစ်ခါထုတ်တဲ့ ဂျာနယ်မို့တော်သေးတယ်။ သို့ပေမယ့် တစ်စောင်ကို ၃ သောင်းကျပ်ပဲ ရတယ်။ သို့ပေမယ့် ကိုယ်ကလည်း ရေးချင်နေသူဆိုတော့ ၃ သောင်းလဲ

မငြင်းပဲ စရေးတယ်။ တစ်လကို ၆ သောင်းတော့ ရတာပေါ့လေ။ ကဲ ဒါဆို စုစုပေါင်းကြည့်မယ်။ ကားကုမ္မဏီက ၁သိန်းခွဲ၊ နည်းပညာဂျာနယ်က ၁သိန်းခွဲ (စာမူခ ဘာညာပေါင်း အဲ့လောက်တော့ ရှိပါတယ်)။ နို င်ငံခြားကုမ္မဏီက ၁ သိန်းခွဲ၊ စာသင်တာက ၆ ေ သာင်း၊

ရုပ်သံလမ်းညွန်မှာက ၆ သောင်း။ ပြီးပြီလားဆို မပြီးသေးဘူး။ နိုင်ငံခြားကုမ္မဏီအလုပ်၊ ရုပ်သံဂျာနယ် အလုပ်ရပြီး ရက်ပိုင်း အတွင်းပဲနောက်အလုပ် တစ်ခု ထပ်ရတယ်။ ပြည်တွင်းက သတင်းစုံတင်တဲ့ ဝဘ်ဆိုဒ်တစ်ခုမှာပေါ့။ အဲ့တုန်းက ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ဖြစ်မယ်


ထင်ပါတယ်။ တစ်လကို လစာ ၁ သိန်းခွဲနဲ့ တစ်ရက်ကို သတင်း ၃ ပုဒ်- Facebook Page နဲ့ ဆိုဒ်မှာ တင်ပေးဖို့ သဘောတူလေတော့ ၁သိန်းခွဲတန် နောက်အလုပ်တစ်ခု ထပ်ရပါတယ်။ အဲဒါကလည်း ရုံးတက်စရာမလိုဘူးလေ။ ထုံးစံအတိုင်း အလုပ်အားလုံးကို ကားကုမ္မဏီ

ရုံးထဲကနေပဲ မသိမသာ လုပ်ရတာပေ့ါ။ သိလည်းသိနေကြပါတယ်။ ဒီကောင်လေး တို့အလုပ်ကို နည်းနည်းလုပ်ပြီး သူများ အလုပ်တွေလုပ်ပေးနေတယ်ဆိုတာကို ရိပ်မိကြပေမယ့် ဘာမှမပြောပဲ လွတ်ပေးထားတယ်။ သူတို့ အလုပ်လည်း တာဝန်ကျေတဲ့အပြင် စိတ်ပါ

ဝင်စားစွာ ကြိုးစားလုပ်ပေးတာကိုး။


ဒီတော့ လစာ အားလုံး ေ ပါင်းလိုက်ရင် ဝင်ငွေက တစ်လကို ၈ သိန်း ေ ကျာ်နေပြီ။ အခြားဂျာနယ်တိုက်၊ မဂ္ဂဇင်းတိုက်တွေကလည်းတောင်းတော့ စာမူတွေလည်း ပို့ဖြစ်တာကိုး။ အဲ့ဒီအချိန်မှာ ြ မန်မာပြည်မှာ လူငယ်တစ်ဦး လုပ်ငန်းရှင်ဖြစ်ဖို့ဆိုတာ ဆိုတဲ့ ေ ခါင်းစဉ်နဲ့

ဆောင်းပါး တစ်ပုဒ် ရေးဖြစ်လိုက်တယ်။ အောင်ခမ်းဆိုတာကိုလည်း အတော်များများ သိသွားကြတယ်။


မိသားစုဘဝ ပြန်စခြင်း


ကျနော်က မိဘတွေ ြ ပန်ကတည်းက တစ်ကောင်ကြွက်လိုဖြစ်သွားတာ။ အလုပ်ခပ်များများ လုပ်ချိန် အိပ်ချိန် နည်းသွားတာတော့အမှန်ပါပဲ။ တစ်ရက်ကို အနည်းဆုံး ၆ နာရီအိပ်ရဖို့တော့ ကျနော် ကြိုးစားပါတယ်။ အမှန်တော့ အချိန်ရရဲ့သားနဲ့ လပ်တော့နဲ့ အိပ်ခါနီးရုပ်ရှင် ကြည့်ကြည့်နေတာ။ ကားကုမ္မဏီမှာ စဝင်လုပ်တဲ့အချိန်ကစလို့ ေ ရကြောင်းက ေ ကျာင်းနေဖက် ၃ ေ ယာက်နဲ့

တိုက်ခန်းစုငှားနေတာလေ။ ၆ လပြည့်ချိန်မှာ အားလုံးဆင်းကြပါလေရော။ ကျနော်က ေ ငွ ဝင်ကောင်းချိန် ဆိုတော့ သူတို့ဆင်းလဲအိမ်စာချုပ်ကို မပြည့်ပြည့်အောင် ကြိုးစားချုပ်လိုက်တယ်။ အဲ့ဒီမှာစပြီ။ ကျနော် ေ မ့ထားပစ်လိုက်တာ မိသားစု တစ်ခုလုံးကိုပါပဲ။ ညီမ

လေး ၂ ယောက်၊ အစ်ကို အပြင်၊ အောင်ပန်းက မိဘတွေကိုပါ မေ့ထားခဲ့တာပါ။ လုံးဝ မေ့တာတော့ မဟုတ်ဘူးနော်။ ညီမငယ်ကိုတော့အလုပ်စ အဆင်ပြေတဲ့ သြဂုတ်လ ၂၀၁၂ က စလို့ တစ်လ ေ ငွ ၇ ေ သာင်းတော့ ပို့ဖြစ်မယ်ထင်တယ်။ မိဘကိုတော့

မပို့ဖြစ်သလောက်ပေါ့။ ညီမကြီး တစ်ယောက်က ရန်ကုန်မှာ ေ ဆးဘက်ဆိုင်ရာ တက္ကသိုလ်တက်နေတာလေ။ သူကလည်းလေးဘာသာဂုဏ်ထူးနဲ့ ေ ဆးကျောင်းမမှီတာကြောင့် ေ ဆးဘက်ဆိုင်ရာကို ေ ရွးထားတဲ့သူ။ မိသားစုနဲ့ ေ ဝး၊ ကူသူကမဲ့။

ကျနော်ကလည်း မကြည့်ဖြစ်တော့ ညီမလေး စိတ်ဓာတ်တွေကျလို့ Depression ဝင်ပါလေရော။ ဒုတိယနှစ် စာမေးပွဲကို ကျပြီးကျောင်းဆက်မတက်တော့ဘူး ဘာညာလုပ်တော့။ ၆ လပြည့်လို့ ြေ ပာင်းသွားကြတဲ့ သူငယ်ချင်းများ ေ ကာင်းမĆှုကြောင့် ငှားထားတဲ့

တိုက်ခန်းမှာ ေ ခ်ါထားဖြစ်တယ်။ လှည်းတန်းမှာပါ။ အရင်ဆုံး ညီမကြီးက ေ အာင်ပန်းပြန်သေးတယ်။ ေ အာင်ပန်းမှာ မနေချင်တာနဲ့ရန်ကုန် ပြန်လာချိန် ကျနော်ခေါ်ထားဖြစ်တာပါ။ ကျနော်နဲ့ နှစ်ယောက်တည်းလည်း မဖြစ်နိုင်တော့ အမေ့ကိုပါ ခေါ်လိုက်တယ်။


ဒါဆို အိမ်မှာ အမေ၊ ညီမကြီးနဲ့ ၂ ေ ယာက်တောင်တိုးသွားပြီ။ သူတို့အတွက်လည်း လစာကနေ ကျနော် ေ ကြွးထားနိုင်သေးတယ်။ ညီမငယ်ကိုလည်း ပို့ပေးတယ်။


ပညာရေးလမ်း ပြန်စခြင်း


ကျနော် အရာအားလုံးကို ေ မ့ထားသလို ြ ဖစ်သွားတယ်ဗျ။ သို့ပေမယ့် စာကျက်ဖို့ အချိန်မပေးနိုင်ခဲ့သည်တိုင် နီးမှကျက် ေ ဖ်ာမြူလာနဲ့

အဘိဓမ္မာ ဂုဏ်ထူးဆောင်စာမေးပွဲကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှာ ဝင်ဖြေဖြစ်ခဲ့သေးတယ်။ အဲ့ဒါပြီးမှ အမေနဲ့ ညီမကရောက်လာတာလေ။ မိသားစု အခက်အခဲ၊ အလုပ်ဝန်ပိမĆှုတွေကြောင့် လူအတော်များများ ပညာရေးကို ရွေ့ထားကြပေမယ့် ကျနော် ရွှေ့

မထား နို င်ဘူး။ ငါ ပညာဆက်သင်ရမယ်ဆိုတဲ့ ခံယူချက်နဲ့ ဘယ်ကျောင်းတက်ရမလဲ အမြဲတမ်း ေ စာင့်ဆိုင်းရှာဖွေတယ်။ ပိုက်ဆံအပိုမရှိလည်း ေ ငွစု၊ငွေချေးပြီးတက်မယ်ဆိုတဲ့အထိပေါ့။ အလုပ်ကလည်းလုပ်အုံးမယ်ဆိုတော့ ရုံးပိတ်ရက်လေးတွေမှာ


တက်မယ် ဆိုပြီးတော့လေ။ အဲ့ဒီမှာ နည်းပညာ ဂျာနယ်က သူဌေးနဲ့ ေ ရစက်က စုံပါလေရော။ သူကလည်း လူငယ်ဗျ။ အသက် ၃၀မပြည့်သေးဘူး။ ေ ငွကြေးအရ၊ ရာထူးအရ ချမ်းသာတဲ့ မိသားစုက ေ ပါက်ဖွားပေမယ့် ေ နာက်ခံ အင်အားကို ဖုံးကွယ်လို့ ကိုယ်ပိုင်

အရည်အချင်းနဲ့ ရပ်တည်နေတဲ့ သူပါ။ ကျနော်ကလည်း သူ့ဂျာနယ်ကို Facebook မှာ ပေါက်အောင်ရေပေးနေဆဲ ကာလ တစ်ပတ်မှာ စနေနေ မနက်ပိုင်း အပတ်စဉ် သွားထိုင် စကားပြောဖြစ်တယ်။ အလုပ်အကြောင်းက အဓိကပါ။ အိမ်စာချုပ်ချုပ်ဖို့ငွေလိုနေတဲ့အချိန်တောင် သူ့ဆီက ေ ချးယူရတဲ့အထိ ရင်းနှီးခဲ့တယ်။ အစုံးအစွန်ဆုံးအဖြစ် ဒစ်ဂျစ်တယ်ဖုန်းကိုင်ပြီး နည်းပညာစာရေးနေရတဲ့ ကျနော့ကို Samsung Galaxy Note 2 တစ်လုံး အကြွေးနဲ့ ဝယ်ပေးရလောက်တဲ့အထိ သူရက်ရောခဲ့တယ်။


ကျနော်လည်း ဝမ်းသာတာပေါ့ဗျာ။ ကိုယ်တိုင်ဆိုရင် ဘယ်ကိုင်နိုင်မလဲ။ ေ ငွ ၆ သိန်းလောက်ကုန်သွားတယ်။ အဲဒီအတွက်က။ အိမ်စာချုပ် အတွက် ေ ချးငွေကလည်းရှိ၊ ဖုန်းအတွက်လည်း ေ ငွချေးထားတဲ့အပြင် အားမနာတမ်း ေ ကျာင်းတက်ဖို့ ကျနော်

ငွေဆက်ချေးမိလိုက်တယ်။ သင်္ကြန်မတိုင်ခင်က ြေ ပာလိုက်တာပေါ့။ ကွန်ပြူတာ သင်တန်းတစ်ခုမှာ B.sc (Hons) တက်ဖို့အတွက်ငွေချေးပါလို့ဆိုတော့ သင်တန်းကို သွားစုံစမ်းခိုင်းတယ်။ ေ နာက်တော့မှ သူက ဟင့်အင်းတဲ့ စင်္ကာပူမှာ သွားတက်ပါတဲ့လို့ ဆိုတော့

သူ့မိတ်ဆွေ ဖွင့်တဲ့ စင်္ကာပူက ကျူရှင်တစ်ခုကို Facebook Page ကနေ စာပို့ ြ ဖစ်တယ်။ သင်္ကြန်တွင်းမှာ ထုံးစံအတိုင်း တရားစခန်းဝင်တယ်လေ။ အိမ်က သားအမိကိုလည်း တရားစခန်းပို့လိုက်တာပေါ့။ အတူတော့ မဝင်ဘူး။


တရားစခန်းက ထွက်လာတော့ မင်္ဂလာသတင်းက စကြားရ ပါလေရော။ စင်္ကာပူသွားဖို့အတွက် အမြန်ပြင်ပါ၊ ဘာညာဖြစ်လာပြီးတစ်သက်နဲ့ တစ်ကိုယ် အိပ်မက်တောင် မမက်ဖူးတဲ့ စင်္ကာပူမှာ ေ ကျာင်းတက်ရမယ်ဆိုတော့ ေ ပျာ်သွားတာပေါ့။ ပညာသင်ဆု ေ ပးတဲ့

သဘောမျိုးဖြစ်ပြီး သူ့ရုံးခန်းမှာ ေ အးဆေးရှင်းပြတယ်။ Networking ပညာရပ်ဖြစ်ပြီး CCNA စာမေးပွဲဖြေဖို့အတွက်ပါ။ အဲ့အတွက်သူဌေးက စင်္ကာပူ ေ ဒ်ါလာ ၅ ေ ထာင် မတည်လိုက်တယ်။ စာချုပ်အရ ဆိုရင်တော့ ၅ နှ စ်စာပြန်လာသင်ရမှာပေါ့။ ကျနော်ထင်ထားတာက CCNA တင်မက ေ နာက်အဆင့်အချို့ကိုလည်း ဆက်ပေးမယ်ပေါ့။ စာချုပ်တွေထပ်ချုပ်တဲ့အခါ ဒီစာချုပ်အောက်မှာပဲ ဆက်ကပ်သွားမယ်လို့လည်း ြေ ပာတော့ ထပ်ရမယ်လို့ ယုံကြည်ပြီး လက်မှတ်ထိုးလိုက်တယ်။ ဒါနဲ့ပဲ စင်္ကာပူရောက်သွားတယ်။


စင်္ကာပူ ဘဝ


စင်္ကာပူကို အလည်အပတ်ဗီဇာနဲ့ သွားပြီး အချိန်တိုအတွင်း ကျူရှင်အမြန်တက်တာပါ။ ေ ကျာင်းသား ဗီဇာနဲ့ ေ ကျာင်းကျကျနန သွားတက်တာ မဟုတ်ပါဘူး။ သို့ပေမယ့် အချိန် ၂ လတာ ရလိုက်တယ်။ တစ်လက ထပ်တိုးရ တာကိုး။ စသွားချိန်က ေ မလ ၃ရက်နေ့ထင်တယ်။ ရန်ကုန်၊ လှည်းတန်းက တိုက်ခန်းမှာ အမေနဲ့ ညီမ ၂ ေ ယာက်တည်ဖြစ်နေတော့ တာမွေမှာ ေ နတဲ့

အစ်ကိုအရင်းဖြစ်သူကို မကြာမကြာ လာလည်ဖုိ့ ေ ခ်ါရတယ်။ သူကလည်း တာမွေက အင်တာနက်ဆိုင် တစ်ခုမှာ လုပ်တယ်လေ။ အဲ့အချိန်ကပေါ့။ အစ်ကိုကတော့ ေ ကျာင်း မပြီးနိုင်ခဲ့ဘူး။ သို့ပေမယ့် ရန်ကုန်မှာ ရုန်းကန်ဖို့အတွက် စိတ်ဓာတ် ြ ပန်မြင့်တင်ပြီး

အောင်ပန်းကနေ ပြန်ချီတက်လာသူ ဖြစ်ပါတယ်။ ဒါနဲ့ပဲ ၂ ယောက်တည်းဖြစ်နေတဲ့ အမေနဲ့ညီမဆီမှာ သွားနေတာပေ့ါ။ ကျနော်လုပ်တဲ့နည်းပညာ ဂျာနယ်မှာပဲ အလုပ်ရဖို့ ကူညီ ေ ပးလိုက်တယ်။ ေ နာက်တော့ အဖေပါ လာဖြစ်ပါလေရော။ ညီမငယ်လေးသာ တောင်ကြီးမှာကျန်တယ်။ အဒေါ်၊အဖိုးတွေနဲ့ပေ့ါ။ ေ အာ်။ စင်္ကာပူအကြောင်းပြောမလို့ဆို မိသားစု အကြောင်းရောက်သွားတယ်။

ဆောရီး။


စင်္ကာပူရောက်တော့ ြ မန်မာပြည်နဲ့ အတော်လေး ကွာဟနေတဲ့ စီးပွားရေး၊ ပညာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နည်းပညာတွေကို ြ မင်တွေ့လိုက်ရတယ်ဗျာ။ ြ မင်မြင်သမျှက အသစ်သစ်တွေချည်းပဲ။ အင်တာနက်လိုင်းကလည်း ေ မာက်စ် ကလစ် တစ်ချက် နှိ ပ်ရုံနဲ့ လိုချင်တဲ့

target က ချက်ချင်း ကျကျနေတော့ ငါ မြန်မာပြည်မှာ မဟုတ်တာတော့ သေချာတယ်လို့ ကိုယ့်အသားကိုယ် စွဲစိတ်မိလေရဲ့။ ဆုရတဲ့hp လပ်တော့ အဟောင်းလေး သယ်လာပြီး၊ အင်တာနက် လွယ်လွယ်ရတဲ့ စင်္ကာပူမှာ ဖုန်းနဲ့လည်း သုံးတယ်။ ကွန်ပြူတာနဲ့လည်း

သုံးတယ်။ ရန်ကုန်က အလုပ်မှာ ရုပ်သံဂျာနယ် တစ်ခုနဲ့ စာသင်စာပြ အလုပ်သာ ပြတ်ပြီး ကျန်တာ လုပ်မြဲတိုင်းလုပ်တယ်။ ဒါမှ ရန်ကုန်မှာ ကျန်တဲ့မိသားစုနဲ့၊ ေ တာင်ကြီးမှာ တက်နေတဲ့ ညီမငယ်လေးကို ဆက်ထောက်နိုင်မှာလေ။ ပညာရေးတစ်ဖက်၊ အလုပ်တစ်ဖက်နဲ့

စင်္ကာပူက ဆရာတွေကို မျက်စိနှောက်စေခဲ့တယ်။


၂ လအချိန်ကာလအတွင်း CCNA နဲ့ MCSA ကို ပြီးသလောက် သင်လာခဲ့ရပြီး အမှတ်တရများစွာ ကျန်ခဲ့စေခဲ့တယ်။ နိုင်ငံခြား ခရီးစဉ်ဆိုတာ ပထမဆုံးဖြစ်ပြီး ေ ရာက်များရောက်တော့လည်း စင်္ကာပူ ြ ဖစ်နေတာကိုး။ ေ ရကူးကလည်း ဝါသနာ ထုံသူဖြစ်တာကြောင့်

ရေလည်း ပုံမှန်ကူးဖြစ်လေရဲ့။ တစ်ခါကူးမှ စင်္ကာပူ တစ်ဒေါ်လာလေ။ ေ နစရိတ်၊ စားစရိတ်ကို အတတ်နိုင်ဆုံးချွေတာ ရတယ်။ ပညာသင်ဆု အရပေးတဲ့ငွေက စားလောက်ရုံပဲလေ။ ေ လာက်ဖို့အတွက်တောင် မနည်းကြိုးစားယူရပြီး ဆရာတွေ ေ ကျွးစာ၊

ကမ်းစားတောင် စားခဲ့ရသေးတယ်။ သို့ပေမယ့် ပျော်တယ်။


နည်းပညာ ပညာရေး ခြေလှမ်း


ကျနော် စင်္ကာပူ သွားဖို့ သိရကတည်းက သင်္ဘောသားလုပ်ချင်၊ ြ ဖစ်ချင်တဲ့စိတ်ကို ြ ဖတ်ချခဲ့ပြီးပါပြီ။ နည်းပညာ ဂျာနယ် အွန်လိုင်းမှာ နည်းပညာ အကြောင်းတွေ ေ ရးနေပေမယ့် ကွန်ပြူတာတစ်လုံး အတွင်းက ပစ္စည်းတွေကို ေ သချာတောင် သိတဲ့သူ မဟုတ်ပါဘူး။

စင်္ကာပူ ေ ရာက်မှာ ြ မန်ဆန်တဲ့ အင်တာနက်လိုင်းကြောင့် ခပ်မြန်မြန်၊ ခပ်ကောင်းကောင်း ေ လ့လာဖြစ်လိုက် ပါတယ်။ Networking ဆိုတာကိုလည်း ဘာမှ မသိတာကနေ၊ နည်းနည်းသိလာတဲ့အဆင့်အထိ ရောက်လာတယ်။ ဒါနဲ့ ၂ လပြည့်တော့ မြန်မာပြည် ပြန်ရောက်ပါလေရော။


မြန်မာပြည်လည်း ြ ပန်ရောက်၊ ချုပ်ထားတဲ့ ၆ လ အိမ်စာချုပ် ကုန်တာနဲ့လည်း ကြုံလေတော့ ေ နာက်ထပ် ၆ လစာ ထပ်ချုပ်ရပြပါတယ်။ ၅ လပဲ ချုပ်လိုက်တယ်။ တစ်လ ၁ သိန်းနဲ့ ၅ လ ဆိုတော့ ၅ သိန်းပေါ့။ ဒါတောင်ငွေမလောက်လို့ ပညာသင်ဆု ေ ပးတဲ့သူဌေးဆီကနေပဲ ေ ငွချေးလိုက်ရသေးတယ်။ ြ ပန်ရောက်ရောက်ချင်း သုံးစရာငွေ မရှိလောက်အောင် ပျက်နေတာလေ။ အိမ်စာချုပ်ချုပ်လိုက်တာကိုး။ ဒါနဲ့ ြ ပန်ရောက်တဲ့ ဇူလိုင်လ အတွင်းမှာပဲ စာကျက်လို့ CCNA ဆိုတာကို ြေ ဖဖြစ်လိုက်တယ်။ CCNA လည်းဖြေပြီးရော ကျနော် ရနေတဲ့ Support က ပြတ်သွားတယ်ဗျ။ ကျနော်က Stuck ဖြစ်သွား ပါလေရာ။ ဖြစ်ပုံက ဒီလိုပါ။


၂၀၁၂ ခုနှစ် မတ်လ ေ လာက်ကတည်းက ကျနော်နဲ့ ရွယ်တူ သူငယ်ချင်း တစ်ယောက် ေ ပါင်းလို့ အဖွဲ့လေး တစ်ခုတည်ထောင်ဖြစ်တယ်။ လူငယ်တွေကို ြ ပန်ပြီးတော့ စိတ်ဓာတ်မြင့်တင်၊ ပညာသင်ကြားပေးတဲ့ အဖွဲ့ပေ့ါ။ ကျနော်ကိုယ်တိုင်က ၂၁ မပြည့်သေးဘူး။ အဲဒါက အားသန်တော့လုပ်နေပြီ။ အဲ့ဒီအလုပ်ကနေလဲ ဝဘ်ဆိုဒ်တွေထောင်တယ်လေ။ ဒ့ါအပြင် အခြားသော

အလုပ်တွေကလည်း ရှိနေတာ့ ဒါကို ြ မင်နေရတဲ့ ပညာသင်ဆုပေး သူဌေးက မကြိုက်ဘူး။ မကြိုက်ဆို သူပေး၊ သူကျွေးတဲ့လူတစ်ယောက်က သူ့အတွက် တစ်ပိုင်းတစ်စသာ အသုံးဝင်တဲ့ လူတစ်ယောက်ဖြစ်နေတာကိုး။ ကျနော်က တတ်ထားသမျှကို နယ်ပယ်စုံမှာ အကုန်အသုံးချတော့ ေ တ်ာတော်လေး ခရီးရောက်မယ်ထင်တယ်။ ဒါကို ြ မင်တဲ့ ဂျာနယ်သူဌေးက မကြိုက်တော့ပဲပညာသင်စရိတ် ထောက်ပံ့မှုကို ရပ်တန့်လိုက်ပါတယ်။ အဲ့ဒီမှာ ကျနော်က ဟိုမရောက်ဒီရောက် - အလယ်အခြေအနေ - Stuck ဖြစ်သွားတာပါ။


ထင်ထားတာက ဒီ ပညာရေး လမ်းကြောင်းတစ်လျှောက် လျှောက်လှမ်းဖို့အတွက် သူက အားလုံး ထောက်ပံ့ပေးမယ် ဆိုတဲ့ အချက်ပေါ့။ သူ့အနေနဲ့က အပြည့်အဝ အသုံးချခွင့်မရလို့ ရပ်လိုက်တာ သိတယ်။ စင်္ကာပူမသွားခင်ကတည်းက ကျနော် အခြား အလုပ်တွေ

မလုပ်ချင် ေ တာ့ပါဘူး။ အကို့အလုပ်တွေပဲ ပိုလိုပါ့မယ်။ အဲဒါ လစာလေးများ တိုးပေးရင် ဘာညာပြောတုန်း “မင်းကလစာတွေဘာတွေတောင် တိုးတောင်းနေပြီပေါ့” ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် ကျနော်ဆက်မပြောရဲ ြ ဖစ်ခဲ့ရတယ်။ ဆင်မှီပြီးကြံစုပ်တဲ့အပြင် ဆင်သားပါ ဖဲ့စားသလို ြ ဖစ်နေမလားပေ့ါ။ ကျနော်ကတော့ အခြားအလုပ်တွေကို ဆက်မလုပ်ရင် မိသားစုကို

ဆက်ကြွေးနိုင်မှာ မဟုတ်ဘူးလေ။ ဒါကြောင့်မို့ မဖြစ်မနေ လုပ်ရတာ။ သူ့အနေနဲ့ကလည်း ဝန်ထမ်းတစ်ယောက်ကို ပေးနိုင်တဲ့ လစာက


အကန့်အသတ်နဲ့ ရှိလေတော့ ကျနော့ကို လစာမတိုးတဲ့အပြင် ရှိထားတဲ့ ရာထူးပါ ဖြုတ်ပြီး အလွတ်တန်း စာရေးဆရာတစ်ယောက်အထိပြန်ဖြစ်သွားတယ်။ ပညာသင် စရိတ်လည်း ြ ဖတ်လိုက်တာပေ့ါ။ အဲဒီမှာ ေ သပါလေရော။ ကူသူမဲ့ စိတ်ညစ်နေတဲ့ ဘဝမှာ စင်္ကာပူက

ဆရာတွေကို Facebook ကနေ လှမ်းဆက်သွယ်ဖြစ်ပြီးတိုင်ပင်တယ်။ စာမေးပွဲတွေ ဖြေပြီး စင်္ကာပူလာခဲ့ပါ ဘာညာပြောတာပေါ။ ဒါနဲ့ပဲ ဆရာဖြေခိုင်းတဲ့ MCTS ကိုဖြေဖြစ်လိုက်တယ်။ Microsoft Certified Technology Specialist ဆိုတာ Windows OS တစ်ခုကို

ကုမ္မဏီကြီးတွေမှာ troubleshoot လုပ်၊ Operation လုပ်တာတွေ အကုန်လုံးပါတဲ့ ဘာသာရပ်ပါ။ မခက်ပါဘူး။ ကျနော်က Windows 7 OS ကိုပဲ ဖြေဖြစ်လိုက်တယ်။ သူများတွေက Windows 8 ကိုဖြေနေကြပေမယ့် ဒိတ်မအောက်သေးတဲ့ 7 ကိုပဲ ဖြေလိုက်တယ်။ ပထမ

တစ်ခါ ကျ တာကို ဘယ်သူ့ကိုမှ မပြောပဲ နောက်တစ်ခါ ထပ်ဖြေတော့ အောင်သွားတယ်။ အဲ့အတွက်လည်း ငွေချေးပြီး ဖြေရတောပါ။ တစ်ခါဖြေ ၈ သောင်းခွဲမို့ ၁သိန်း၇ သောင်းတော့ ကုန်သွားတယ်။ CCNA တုန်းက ၃သိန်းခွဲကို သူဌေးက ပေးခဲ့တာမို့ တော်ပါသေးတယ်။


ယောင်လည်လည် အတွေး၊ အလုပ်နှင့် ပညာရေး


စင်္ကာပူက ြ ပန်ရောက်ရောက်ချင်း အဘိဓမ္မာ ဂုဏ်ထူးဆောင် စာမေးပွဲ ေ အာင်စာရင်းသွားကြည့်တော့ ပ၊ဒု၊တ သုံးဆင့်မှာ ဒုတိယအဆင့်နဲ့ တတိယ အဆင့်အောင်မြင်ပြီး ပတမ အဆင့်တစ်ခုက ကွက်ပြီးကျခဲ့တာကို ေ တွ့ရတယ်။ တန်ပါတယ်လေ။ တစ်ပတ်မှာတနင်္ဂနွေ တစ်ရက်တောင် သွားဖြစ်အောင် မနည်းကြိုးစားယူခဲ့ရတာ။ ဒီလိုအောင်တာကို ကံကောင်းတယ်လို့ မှတ်ယူရတယ်လေ။ အခုတော့ ပအဆင့်ကို ပြန်တက်ပြီးဖြေမှာပေါ့။ အဘိဓမ္မာ စားမေးပွဲက စာမေးပွဲ။ လောလောဆယ် CCNA နဲ့ MCTS ရှိပြီ ငါဘာလုပ်မလဲ

အစရှိသဖြင့် အတွေးက ေ ယာင်လည်လည်ဖြစ်သွားတယ်။ ကံဆိုးနေချိန်မှာ ကံတစ်ခု ေ ကာင်းလာတာက ဂျာမနီ ကုမ္မဏီက Online Marketing Manger ဆိုပြီး ရာထူးတိုးပေးလို့ တစ်ပတ်ကို တနင်္လာနဲ့ သောကြာ ၂ ရက်ဆင်းပြီး တစ်ရက်ကို ၃ သောင်းနဲ့ တန်ကြေးဖြတ်

ပါတယ်။ ကျနော်ကလည်း နို င်ငံခြားပြန်သွားမယ်လို့ ြေ ပာထားတော့ သူတို့က သွားရင်လည်း ဆက်လုပ်လို့ရအောင်ဖန်တီးပေးထားတာပါတဲ့။ ကျနော်စင်္ကာပူရောက်တော့လဲ ဟိုကနေ အသေအချာ လှမ်းလုပ်ပေးတာကို။ ဒါကို သဘောကျလို့ ရာထူးကတက်သွားပြီး ဝန်ကလည်း ပိပါလေရာ။ Oline Marketing Manger ဆိုတာကို ေ သချာမသိရာကနေ ေ လ့လာ၊ သင်ကြားမိရာ ကနေ

အတော်လေး သိလာရတယ်။ SEO, SEM အစရှိသဖြင့်ပေါ့။ Search Engine Optmization နဲ့ Search Engine Marketing ကိုဆိုလိုတာပါ။ ကြားထဲမှာ ၁၀ ရက်စာလောင် အမေရိကန် အခြေဆိုက် အွန်လိုင်း အခမဲ့ ထရိန်နင် ကျောင်းတစ်ခုဖြစ်တဲ့ Codecademy

ကနေ Web Fundamental ကို ြ ပီးအောင် တက်ဖြစ်ခဲ့တယ်။ HTML နဲ့ CSS ကို အခြေခံ အကုန် ြ ပီးသွားတာပေါ့။ Web Designer လိုင်းသွားမလား၊ သို့တည်းမဟုတ် Programm တစ်ခုကို ေ ရွးချယ်လုပ်ကိုင်တဲ့ Developer လုပ်မလား ဆိုတဲ့ ေ ရွးချယ်စရာအဆင့်တစ်ခုပဲ ကျန်တော့တယ်။


သို့ပေမယ့် ရပ်လိုက်တယ်။ Networking မှာကော၊ Microsoft OS System မှာကော၊ Web Developing မှာကော သိချင်စိတ်တွေများပြီး၊ သိချင်တာ အချို့သိရပြီးတော့ ဆက်သွားဖို့ ဝန်လေးသွားပါတယ်။ အမှန်တော့ MCSA ကိုဆက်ဖြေချင် သေးတာ။ ပိုက်ဆံက

မရှိတော့လို့။ CCNP ေ တာင်ဆက်ဖြေမလို့ ြ ပင်ဖြစ်ခဲ့သေးတယ်။ သို့ပေမယ့် ေ ငွကြေး ဆက်မလိုက်နိုင်တာကြောင့် အားလုံးရပ်လိုက်တယ်။ ဒီမှာ ေ မးကြပြီ။ ပိုက်ဆံဒီလောက်ဝင်နေပြီး ေ ငွမလိုက်နိုင်ဘူးဆိုတော့ ဟုတ်ရဲ့လားပေါ့။ ဟုတ်ပါတယ်။

မလိုက်နိုင်ပါဘူး။ ၆ လ တစ်ခါ အိမ်စရိတ်၊ ေ အာင်ပန်းက အဖွား စရိတ်၊ ရန်ကုန်က မိသားစုစရိတ်၊ အထွေထွေ ကုန်ကျစရိတ်အားလုံးကို ခွဲတမ်းချလိုက်ရင် ေ ငွစီမံခန့်ခွဲမှု ညံ့တဲ့ ကျနော်က တစ်လစာ အသုံးစရိတ် ပိုတယ်လို့ မရှိ၊ တစ်ခါခါကျရင်လိုတောင်လိုနေသေးတယ်။


စိတ်ဓာတ်က မကျဘူးဆိုရင်တောင်တက်မလာခဲ့တော့တာ အမှန်ပါပဲ။ အကြောင်းက လမ်းပျောက်နေပြီလေ။ ၃ လအတွင်း ြ ပီးအောင်လုပ်ခဲ့၊ သင်ခဲ့တဲ့ Networking နဲ့ System ပညာတို့ အတော်လေးကောင်းတယ်။ Web Developing လည်း ကောင်းတယ်။ သို့ပေမယ့်

ထမင်းစားဖို့အတွက် တကယ် လုပ်ကျွေးနေတဲ့ ကီးဘုတ်ပဲဗျ။ ကျနော် စာတွေရေးနေဆဲပဲ။ စာရေးတာကနေ အဓိက ပိုက်ဆံရနေတယ်။ ဒီတော့ သင်နေတာတွေတစ်မျိုး၊ လုပ်နေရတာက တစ်မျိုး၊ ေ ပျာက်နေတာက ရည်ရွယ်ချက်၊ လမ်းကြောင်းက တစ်ခု။

ဟိုယောင်ယောင်၊ ဒီယောင်ယောင်ဆိုတာ ြ ဖစ်ဖို့အလားအလာများတော့ စိတ်မလွင့်အောင် ေ န့ရော၊ ညရော အလုပ်မှာစိတ်နစ်ဖြစ်တယ်။ အားလပ်ရက် ဆိုတာ မထားပါဘူး။ အလုပ်လုပ်တာဟာ ကျနော့အတွက် အားလပ်ရက်ကို အချိန်ကောင်းကောင်း


အသုံးချခြင်းလို့ ခံယူထားတယ်။ အလုပ်လုပ်တယ်။ သူငယ်ချင်းတွေနဲ့ ထောင်ထားတဲ့ MM Social Sky အမည်ရ ကုမ္မဏီအတွက်လည်း

အချိန်ပေးဖြစ်တယ်။


ပညာရေး လမ်းကြောင်း ပြန်လည် ရှာဖွေမှု


အစက MBA တက်ချင်စိတ် ဝင်သွားတယ်ဗျ။ ငါ့လို ဟိုစပ်စပ် ဒီစပ်စပ် စ်ိတ်ဝင်စားသူ၊ အကုန်သိချင်သူ အနေနဲ့ စီးပွားရေးကလိုက်ဖက်မလားပေ့ါ။ သို့ပေမယ့် ပြည်တွင်းမှာ တက်စရာ MBA တွေက သိန်း ၃၀ အထပ်တွေချည်းလေ။ ချက်ချင်းတောင် တက်လို့မရ Level နိမ့်တွေကနေ စတက်ပြီး စုစုပေါင်း ၃ နှစ်ကြာရင်တောင် အနည်းဆုံး သိန်း ၈၀ လောက်ကတော့ ထွက်မှာလေ။ ဘုရား၊ ဘုရား။

နိုင်ငံခြား သွားတက်မယ်ဆိုတော့လဲ သိန်း ထောင်နဲ့ချီမယ်။ လောလောဆယ် အလုပ်ကတော့ ကားရုံးနဲ့ ဂျာမနီ ရုံးမှာ လုပ်နေဆဲ။ ဒါနဲ့ပဲ ငါဘာဆက်တက်ရင်ကောင်းမလဲ၊ ငွေကဘာလို့မရှိရတာလဲ။ ဘာညာနဲ့ ကိုယ့်ကိုယ်ကို စိတ်တိုလိုက်၊ ပြန်လည် သနားလိုက်နဲ့ သင်ထား၊

သိထားတဲ့ တရားနဲ့ ကိုယ့်ကိုယ်ကို ြ ပန်နားချ ရတယ်။ ဒါနဲ့ ဗုဒ္ဓတက္ကသိုလ် တက်မယ်ကွာလို့တာင် စဉ်းစား မိလိုက်ပါသေးတယ်။ သို့ပေမယ့် အဲ့ဒါကလည်း ေ ငွကြေး အဆင်ပြေနေမှ သီးသန့်အချိန်ပေးတက်သင့်တာလေ။ တကယ် ေ လ့လာချင်တာကလည်း

အဲ့ဒါပဲဆိုတော့။ ဒါနဲ့ စဉ်းစားလိုက်တော့ အဲ့ ပညာရပ်က ဘဝ အသက်မွေးဝမ်းကျောင်းမှုအတွက် အထောက်အကူ ပြုတာ မှန်ပေမယ့်

တိုက်ရိုက်တော့ မဟုတ်သေးဘူးဆိုတာကို နားလည်လိုက်တယ်။ တရားဓမ္မလေ့လာ သင်ကြားတယ်။ အိုင်တီ ပညာရပ်မှာမျNetworking, Programming, System တို့ကို အနည်းငယ်စီ လုပ်ဖြစ်တယ်။ Hardware လည်းလေ့လာဖြစ်တယ်။ 


ေ ရကြောင်းအင်ဂျင်နီယာ ပညာ သင်လာခဲ့တယ်။ အဲ့မှာ အီလက်ထရောနစ်ကော၊ စက်မĆှု ေ ကာ ပါတယ်။ စိတ်ညစ်ရင် ကျနော်က ေ ရကူးတယ်။

အိမ်မှာ သူငယ်ချင်း ဂီတာ ငှားလာပေးရင် ဂီတာလည်း တီးတတ်တယ်။ ရုပ်ရှင်လည်း ပုံမှန်ကြည့်တဲ့ ခရေဇီ တစ်ယောက်။ သီချင်းလည်းဆိုတယ်။ စပ်မိစပ်ရာ သတင်းစုံတွေ ဖတ်တယ်။ စာအုပ်တွေ ဖတ်တယ်။ လုပ်တာတွေ အတော်လေး စုံပေမယ့် ကိုယ့်အနေနဲ့ ဘဝ ရှေ

့ရေးအတွက် ဘယ်လို ပညာ ဆက်လေ့လာရမယ်ဆိုတာ မသိတဲ့ အဖြစ်မှာ အားတဲ့အချိန်ကို အဲဒါတွေနဲ့ အသုံးချနေမိတယ်။


ဒါနဲ့ ငါဘာတက်ရမလဲ စဉ်းစားတာပေ့ါ။ ရထားတဲ့ ေ ရကြောင်းဒီပလိုမာကလည်း MBA တို့ ရန်ကုန်တက္ကသိုလ်က ဒီပလိုမာသင်တန်းတို့ကို ေ လျှာက်လို့ရဖို့က မသေချာတာ။ ဒါနဲ့ ေ ယာင်နေရာကနေ အွန်လိုင်းမှာ သိကျွမ်းတဲ့ မိတ်ဆွေ တစ်ယောက်ကို

မေးဖြစ်တယ်။ ထိုင်းနိုင်ငံမှာ ကျောင်းတက်ဖို့ အတွက် ပညာသင်ဆုတွေ ပေးတယ်ဆိုလို့လေ။ အဲဒါနဲ့ မေးလိုက်တော့ အင်တာဗျူးဝင်ဖို့၊ လျှောက်လွှာတင်ဖို့ လိပ်စာကို ညွန်လိုက်ပြီး သွားဖြစ်လိုက်တယ်။ ဒါရိုက်တာနဲ့ တိုက်ရိုက်တွေ့ရပြီး လုပ်နေတာကို

အကြမ်းဖျင်းလောက်ပဲ ပြောလိုက်တော့ “ညီလေး အရည်အချင်းနဲ့ဆို ပညာသင်ဆု ရနိုင်ပါတယ်။ ဒီလို ကြိုးစားတဲ့သူတွေကို နိုင်ငံခြား အဖွဲ့အစည်းတွေက တကယ်ပေးနေတာပါ” တဲ့။ Internatinal Development ဆိုတဲ့ ဘာသာရပ်ဆိုလားပဲ မာစတာ

အတန်းတက်လို့ရတယ်လို့ ပြောတယ်လေ။ ဝမ်းသာ သွားတာကတော့ အမှန်ပဲ။ သို့ပေမယ့် အင်္ဂလိပ်စာအတွက် ပြင်ထားလား မေးတော့ လက်ထဲမှာ TOEFL လည်းမရှိဘူး။ IELTS လည်း မရှိဘူး။ ပိုက်ဆံသာ ရှိရင် ဝင်ဖြေဖုိ့ ဝန်မလေးတဲ့ ကျနော်က အဲ့ဒီ

လက်မှတ်တွေအတွက် အချိန်မပေးဖြစ်ခဲ့ဘူး။ အကြောင်းက ေ ငွပိုမှ မရှိတာကိုး။ ဒါကြောင့်မို့ အင်္ဂလိပ်စာ လက်မှတ်တစ်ခု အရင်ရအောင်လုပ်လို့၊ နိုင်ငံခြား ပညာသင်ဆု လျှောက်ရအုံးမယ်။


န ိ ုင်ငံခြားကုမ္မဏီအလုပ်တစ်ခုက ဘယ်နေရာရောက်ရောက် လုပ်ပေးဖို့ သဘောတူပြီးသား၊ အခြား အလုပ် ၂ ခုကလည်း အိုကေဆိုတော့ နို င်ငံခြားကို ေ ကျာင်းသွားတက်ဖြစ်လဲ ကျန်ခဲ့တဲ့ မိသားစု စားဝတ်နေရေးအတွက် လစဉ် ဝင်ငွေ ၅ သိန်းကတော့

အနည်းဆုံး ရှိပြီးသား။ ဒီတော့ ငွေပိုအောင်လုပ်ပြီး အင်္ဂလိပ်စာမေးပွဲ အမြန်ဖြေဖို့သာ ကျနော်လိုပါတော့တယ်။


မောလိုက်တာဗျာ။ အလုပ်အကိုင်၊ ပညာရေး၊ မိသားစုအရေး အပြင် နေ့စဉ် လူမĆှု ပတ်ဝန်းမှာ ရှင်သန်လĆှုပ်ရှားရတဲ့ ကျနော်တစ်ယောက်အတော်လေး ပင်ပန်းတယ်။ သို့ပေမယ့် ပင်ပန်းလေလေ အလုပ်ပိုလုပ်လေလေပဲ။ ကျနော် ြေ ပာဖို့ကျန်ခဲ့တဲ့ အကြီးမားဆုံး

အားနည်းချက် တစ်ခု ရှိတယ်။ အဲဒါက -


စကားထစ်ခြင်း


ဟုတ်တယ်။ ကျနော်က စကားထစ်တယ်။ စစချင်းသိတဲ့ သူတစ်ယောက်နဲ့ ြေ ပာဆိုရင်တော့ ဘာမှ မသိသာပေမယ့် ေ နာက်တစ်ရက်တွေ့ပြီး ပြောလိုက်ရင် စကားထစ်တာ သူသိသွားလိမ့်မယ်။ စကားပြောဖို့အတွက် စိတ်လောနေပြီး လျှာမှာ တစ်နေတာလေးတစ်ခုပေါ့။

သို့ပေမယ့် ငယ်ငယ်တုန်းပဲ အဲ့ဒါအတွက် အစခံရတာပါ။ အသက်ကြီးပြီး လုပ်ငန်းခွင် ဝင်ချိန်မှာ ဒါကို ကိုယ်တိုင်လည်း မေ့ထားသလို၊ ဘယ်လုပ်ဖော်ကိုင်ဖက်မှလည်း မင်းစကားထစ်တယ်နော်လို့ တကူးတက မပြောဘူး။ အားနာလို့မပြောတာလဲ ြ ဖစ်လိမ့်မယ်လေ။

သို့ပေမယ့် Barcamp လိုပွဲမှာတက်ပြောတုန်းက ကျနော့ ေ ဟာပြောပုံက စိတ်ဝင်စားဖို့ အင်မတန်ကောင်းကြောင်း ြေ ပာ ကြတဲ့ချီးကျူးစကားကြောင့် ဝမ်းသာ သွားရ ပါတယ်။ စကားထစ်ပေမယ့် သိသိသာသာ ထစ်သူ တစ်ယောက်မဟုတ်ပဲ အရေးကြီးကိစ္စတွေမှာ၊ ေ ဟာပြောပို့ချမှု၊ စာပေ သင်ကြားပို့ချမှုတွေမှာ ပုံမှန်လေး ရှိနေတာကိုတော့ ေ ကျးဇူးတင်မိပါတယ်။ ကိုယ့်ကိုယ်ကို။ ငယ်ငယ်တုန်းကတော့ အတော်လေး စိတ်ညစ်တယ်။ အခုလည်း တစ်ခါခါ ေ ဒါသထွက်မိတယ်။ စကားထစ်တိုင်း ငါ ဒီအားနည်းချက်တစ်ခုကို ဖုံးကွယ်ဖို့အတွက် ဘယ်လိုကြိုးစားရမယ်ဆိုတဲ့ စိတ်ဝင်ပြီး

No comments:

Post a Comment