@အဓိပတိကမ္မ

Friday 5 January 2024

 နယ်ခံတပ်က လက်နက်ချတာမပြောနဲ့ စစ်တပ်မယ် ယင်းနယ်ကို စစ်ထိုးမယ်ဆိုရင် နယ်မြေခံတပ်က်ို မသုံးကြတာ သာမန် လူတောင် သိလောက်ပါတယ် 

လောက်ကိုင်ဒကစ က ၂၃၉ တပ် အကုန်လက်နက်ချ တယ်တဲ့ အေးလေ ချတော့ ဘာဖြစ်လဲ နယ်ခံတပ်က ရဲဘော်တွေ အတော်များများ နယ်ခံမိန်းမတွေညားထားတော့ ယင်းနယ်က မိန်းမသောက်မျိုး ကိုယ့်အမျိုး ဖြစ်တာမို့ 


#ငါ့အားနိုင်ငံတော်မှပေးအပ်တဲ့အမိန့်နဲ့တာဝန်ကိုထမ်းဆောင်ရန်အတွက်_ငါ့မိန်းမနဲ့ #ပြန်တိုင်ပင်လိုက်အုံးမယ်ဆိုပြီး သစ္စာဆိုခဲ့တဲ့ ကောင်တွေ နေမှာပေါ့ 


သက်ဆိုင်ရာဒေသခံတပ်တွေဟာဆိုရင်ဖြင့် အထိုင်ရှိရာနယ်မှ EAOs များနဲ့ သမီးယောက်ဖလို့ အတူသွား အတူစား အတူနေ အတူတူပိုက်ဆံရှာကြတာက မြန်မာနိုင်ငံမယ် 90% မကဘူး ဗျ


ဖရဲသီးပေါတယ် ဖရဲသီးပေါတယ် စစ်တပ်မှာ အင်အားမရှိတော့ဘူး ဆိုတာက ဖဆပလခေတ် လွတ်လပ်ရေးရစ အခါသမယကို ဘယ်မှီမလဲ ဗိုလ်လက်ျာ။ ဗိုလ်ဇေယျ ။ ဗိုလ်ကျော်ဇော ။ ဗိုလ်ရန်အောင် တို့လို ရဲဘော်သုံးချိပ် ဗမာ့သေနတ်ကိုင်တပ်ရင်းမှူး စစ်တိုင်း စစ်ဒေသမှုးတွေသာမက အင်အား ၆၀၀၀၀ လောက်ရှိတဲ့ ပြည်သူ့ရဲဘော် အကုန်လုံးလဲ ဖရဲသီး ဗြိတိသျှစစ်သား ကာချုပ်စမွန်ဒွန်းလည်း ဖရဲသီး....


လူလေး ၅၃၀၀ တပ်မယ် တောအလျှိုအလျှို ခိုလိုက်ကြတာများကွာ ရင်း ၂ က စစ်သား အနည်းငယ် ရင်း ၄ က စစ်သား နောက် ရခိုင်ကို စစ် နယ်ကျွံနေတဲ့ ရင်း ၅ က သတင်းမသိ ဘာမသိညာမသိ စစ်သား အကုန်ပေါင်းမှ လူလေး ရှိလှ ၂၀၀၀ ပေါ့ ဟိုဖက်အခြမ်းက လူပေါင်း သိန်းဂဏန်းလောက် 


တောခိုပွဲကြီး ကျင်းပတာများဗျာ ကာကွယ်ရေးဝန်လေး #ဗိုလ်စိန်မှန် တောင် ထွက်တိုက်ရတာမျိုး....  


စစ်သားရှိလား မရှိလားဆိုတာ က အပျော်တမ်းရေတပ်က စစ်သား က အစ တက္ကသိုလ်ကျောင်းသား အပျော်တမ်းတပ်က တက္ကသိုလ်ကျောင်းသားတွေပါ စစ်ဝင်တိုက်ရတာဗျိုး 


မည်သို့ပင်ဆိုစေကာမူ စစ်ပွဲဆိုတာ ကျည်ဆံရှိမှ နိုင်တာဗျ...ဗိုလ်မှူးအေးချို တို့ ကျည် ၅ တောင့်လောက်ကို ချွေပစ်နေရချိန်ကနေ ဦးနု တိုင်းပြည်အေးချမ်းစေဖို့ ဗုဒ္ဓဂါယာကို ဘုရားဖူးထွက်ပြီး ဆုတောင်းတာ တောင်းဆုပြည့်တယ်ထင်ပါ့ဗျာ.. ဘုရားပွင့်ရာအရပ် ဘုရားပွင့်ရာ ညောင်ပင်က မျိုးပွားထားတဲ့ တတောင်သာသာ ဗောဓိညောင်ပင်လေးကို ပင်လယ်ကူးသဘော်ကြီးနဲ့ သယ်လာတာ ဦးနုလည်း ငါဟဲ့ ဥက္ကလာပ မင်း ဖြစ်တော့သည်လို့ ကြွေးကြော်လို့ ဗိုလ်တထောင်ဆိပ်ကမ်းမယ် ဒေဝါဝင်းရာဇာဝင်း (ဝင်းခင်းလို့ကြို) ရန်ကုန် အစိုးရ ဆိုတော့ ယခင် ရန်ကုန်က ဥက္ကလာပ မြို့ နန်းတည်ရာလေ ရန်ကုန်မင်းက ဥက္ကလာပ မင်း ဘွဲ့ခံတာ ဘာမှမထူးပါဘူး ဟီးဟီး......


ဗောဓိညောင်ပင်နှင့်အတူ ဒုတိယကမ္ဘာစစ်ကို ဂျပန်ကို တိုက်ဖို့ရာအတွက် 303 ရိုက်ဖယ်ကျည်များနှင့် အသစ်အသစ်သော ရိုင်ဖယ် သေနတ်တွေက်ို ၂ နှစ်စာ အဂ်လိပ်နဲ့အမေရိကန်တို့ ဦးစီးတဲ့ မဟာမိတ်တပ်တွေက အိန္ဒိယမယ် ဒန်ပင်ပုံထားတဲ့ ဟာတွေ သဘော်အစီးလိုက် သွားမပြီး နယ်မြေနဲ့ပတ်သတ်တဲ့ နေရူးတောင်းဆိုတဲ့ Treaty ကို ချုပ်ပေးခဲ့ရတယ် ကျည်နဲ့နယ် လဲသလိုပေါ့ဗျာ အာသံမဏိပူရ် အဒ္ဒမန် ဘာညာသာရကာပေါ့ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ဆရာအကို ကိုကြီးနုကလည်း ပင်လုံစာချုပ်လိုပဲ နေရူးကို အနဲ ဘာတွေ လျောက်ရေးနေမှာ ဒီမှာက ကွိုင်က အကြီးကြီးတက်နေတာ ရန်ကုန်ကို ဗကပ က သိမ်းသွားရင် ဗကပ က အနဲအခုတောင်းဆိုတာ တွေ လက်ခံမှာမဟုတ်ဘူး လာလာ နှစ်ဦးသဘောတူ အမြန်ချုပ်ကြမယ် ဗကပ ကို အရင်တိုက်မယ် ကျည်ဆံနဲ့သေနတ်ပေး လို့ ဆိုကာ #ဒူမက်ဂျားလေ_ဒူမက်ဂျာလေး_ဒူ__ဒူ ဆိုသော အဓိပါယ်က တွေ့သွားပြီဆိုသော သီချင်းအား သီဆို၍ ဘာညာဘာညာ အဆင်ပြေ အော... ဖိန်း အောဂွတ် နုအက်တလီအတိုင်း ဆိုးဖိုင်း... အိုး အရူးအမူးပဲ ဆိုပြီး ထိုးပြေးလေး ပြေးခဲ့လားမသိ.... #မိုဒီကြီးလက်ထက် အသဲအသန် ထိုးကြမယ်လေ ထိုးရအောင် ထိုးလိုက်ပါတော့ ဆိုကာ သံဘီးမိုဒီတယောက် ဒိုတီကို ကတောင်းကျိုက်လို့ နောက်မယ်အမြဲပြေးလိုက် မျက်နှာချိုသွေး ကလားဆေး ဇာတ်ခင်းနေတာ ကျုပ်မယ် ရယ်လိုက်ရတာဗျာ


ရှိတဲ့လူလေး အနည်းငယ်နဲ့ ရခဲ့တဲ့ကျည်ဆံအလျှံအပါယ်နဲ့ 3502 ကြီး ဘယ်လို ကျုန်းလိုက်လဲဆိုတာ သိချင်ရင် Google ခေါက် 


ဒါပဲ


#ထူးဥာဏ်

No comments:

Post a Comment