@အဓိပတိကမ္မ

Wednesday 31 January 2024

 အရာရာ ကို

အကောင်းမြင် လို့ မရတဲ့

ဒေသ မှာ ရှင်သန်နေတယ်။


တန်ဖိုး မရှိတဲ့ အရာတွေ အတွက်

ဘဝ နဲ့ ရင်းပြီး ပေးဆပ်နေရတဲ့

ကျတ်တီးကုန်း မှာ နေတယ်။


ဟုတ်သည် မဟုတ်သည် မသိ

ခေါင်းညိတ်တတ်တဲ့ လူတွေကြား

မိုးခါးရေ မသောက်မိဖို့

အားတင်းရင်း 

အဓိပ္ပါယ်မဲ့ ရှင်သန်နေတယ်။


#kazaw

No comments:

Post a Comment