လက်ရှိ အဖြစ်အပျက် ကတော့
မဟော်သဓါ သား တရား စီရင်ခန်း လို ဖြစ်နေတာပါ။
အဖြူဘောငုံ ဘီလူးမ က ပြည်သူ ကို စတေးပြီး အာဏာ ရရေး လုပ်နေတာ အထင်အရှားပါ။
တပ်မတော် အနေနဲ့က ရွေးကောက်ပွဲ မဲခိုးမှု မှာကထဲက မဲ စာရင်း ပြန်စစ်ပြီးမှ တရားဝင် အာဏာ ရရေး ဆက်လုပ်ဘို့ လမ်းဖွင့် ပေးခဲ့ပါတယ်။
ဒီလို လမ်းဖွင့်ထားတဲ့ အပေါ် ဆွေးနွေးတိုင်ပင် ညှိနှိုင်းမှု လုံးဝ မလုပ်ခဲ့လို့ ဒီ ဇာတ်လမ်း ဖြစ်ရတာ အထင်အရှားပါ။
အခုလည်း ၂နှစ်အတွင်း ရွေးကောက်ပွဲ လုပ်ပေးပြီး အနိုင်ရ ပါတီ ကို အာဏာ လွှဲပေးမယ် လို့ တပ်မတော်က တရားဝင် ပြောကြား လမ်း ဖွင့်ပြီးသားပါ။
ဒါကို ပြည်သူလူထု နဲ့ ဆယ်ကျော်သက်တွေကို Generation Zero လို့ မြောက်ပေးခါ အသေခံ ခိုင်းပြီး မိမိတို့ အာဏာရရေး ဆောင်ရွက်နေတဲ့ ရွံ့စရာ ကောင်းတဲ့ လုပ်ရပ်ပါ။
၂၀ရာစု တပ်မတော် အတွက် နံပါတ်တစ် ရန်သူက ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) ဖြစ်ခဲ့သလို၊
၂၁ ရာစုမှာတော့ ဗကပ ပြိုကွဲပြီးနောက် ဗကပ လိုလားသူ အများစု တွယ်ကပ်နေပြီး ဗကပ လမ်းစဥ် ဖြစ်တဲ့ တပ်မတော် ဖြိုခွဲရေး လမ်းစဥ် နဲ့အတူ အဖြူကောင်တွေ ရဲ့ သြဇာခံ အစိုးရ ဖြစ်စေရေးအတွက် ကြိုးစားနေတဲ့ အဖြူကောင် ဘောငုံမ ဦးစီးတဲ့ NLD သည် တပ်မတော် အတွက် နံပါတ်တစ် ရန်သူ အဖြစ် သတ်မှတ်ရမယ့် အခြေအနေသို့ ရောက်ရှိလာပြီ လို့ မြင်ပါတယ်။
NLD နဲ့ ရင်ကြားစေ့ရေး ဆိုတာ နောက်ကြော ဓါးနဲ့ ထိုးမယ့် သူ ကို ပွေ့ဖက်ဘို့ ကြိုးစားရသလို တကယ့် အန္တရာယ် ဆိုတာ ၅ နှစ်ကြာ သက်သေ ပြ လိုက်ပါပြီ။
#မိုးဟိန်းကျော်
၂၂-၂-၂၀၂၁
No comments:
Post a Comment