@အဓိပတိကမ္မ

Tuesday, 9 February 2021

 ကိုယ်တွေက နိုင်ငံတကာသတင်းတွေနဲ့ ထိတွေ့လာတာ ၆ နှစ်/ ၇ နှစ် ရှိပြီ။ အဓိကရုဏ်းနှိမ်နင်းတာ ဘယ်လိုဆိုတာ တွေ့သိဖူးတာ များလှပြီ။


၈၈ တွေ ပြောပြီး လူတွေကို လမ်းပေါ်တင်တော့ စနစ်တကျ လေ့ကျင့်ထားတဲ့ အဓိကရုဏ်းရဲတွေနဲ့တွေ့ပြီး ရင်နာရတော့မှာပဲဆိုတာ သိခဲ့ပြီး စိတ်မကောင်းဘူး။ 


၈၈ မှာ စစ်တပ်က ပစ်တာ။ အခုကျ ရဲကပိတ်တားထားတာ။ ငါ့တို့ကို မပစ်ပါဘူးကွာ။ မပစ်ရက်/မပစ်ရဲပါဘူးကွာ။ ... ဆိုတဲ့ အတွေးတွေဝင်နေတာတွေ့ရတော့လဲ စိတ်ထဲမှာ ကြိုပြီးတော့ စိတ်မကောင်းဖြစ်မိတယ်။ 


ပြောသူတွေကြည့်လိုက်တော့ မလိမ်မိုး မလိမ်မာ အရွယ်လေးတွေ။ 


သေတတ်တယ် ဆိုတာကလွဲလို့ တခြားပြောစရာ စကားမရှိဘူး။ သူတို့ရဲ့ emotion ကို ပိတ်ပင်လို့ မရဘူးလို့ ခံယူထားသူတွေက များတယ်။ စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ ကြမ်းချင် ရမ်းချင်တယ် ပေါ့။ 


စာနာနားလည်ပေးပါတယ်။ ဒါပေမယ့် ဘာပြောပြော ခုလောက် ကြမ်းကြရမ်းကြပြီးရင် အသိဥာဏ်လဲ ဝင်ကြ။ 


ကိုယ်ဘယ်လောက် အမေစုကို ထောက်ခံမလဲ? သူ့လွှတ်တော်အမတ်တွေ လူယုံတွေကို မီမလား? ကိုယ်က မော်ကြည့်ရတဲ့ ဘဝ။ သူတို့ဆိုတာ အမေစုလာရင် ပြားပြားဝပ် ရှင်ဆိုရှင် သေဆိုသေပါမယ် ဆိုခဲ့သူတွေ။ 


ဒီလူတွေ ရှေ့ထွက်သလား? စဉ်းစားပါ။


SayarThant

No comments:

Post a Comment