@အဓိပတိကမ္မ

Saturday, 13 February 2021

အတူတူပါပဲ

 ခုတော့ အစိုးရ နှစ်ရပ်လုံးပြုတ်ပြီဆိုတော့ ခုခေတ်စကား သောက်ဖောင်းထုလိုက်ပြီ။ 


တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်တွေဆိုတာ သိန်းပေါင်းသိန်းချီ ချမ်းသာတယ်။ ဝင်ငွေရပေါက်ရလမ်းတစ်ခုကို ဥပမာပြမယ်။ 


ဦးသိန်းစိန်ခေတ်က လက်ယက်တွင်းတွေဆီကနေ ရေနံစိမ်းတွေကို ရေနံချက်ဖိုတွေဆီ တင်ပို့တဲ့အခါ အစိုးရက ရေနံတစ်စည် (တစ်ပေပါ) ကို ၃၀၀ ကျပ်နှုန်း တရားဝင် တောင်းတယ်။ 


ဒါကို ဝန်ကြီးချုပ်က ၃၀၀၀ တောင်းတယ်။ 


ရေနံတင်ကား (ဘောင်ဆာ) တစ်စီးမှာ ၁၄၅ ပေပါမှသည် ၁၅၅ ကြား ပါလေ့ရှိတယ်။ ပျမ်းမျှ ၁၅၀ ဆိုပါတော့ ချက်ဖိုတွေဆီရောက်တဲ့ကားက မိုးတွင်း ရေနံထွက်နည်းတဲ့ရာသီတောင် တစ်လကို ကားအစင်း ၂၀၀ ကနေ ၃၀၀ ကြား ရှိတယ်။ ရေနံအထွက်များတဲ့လ၊ လျှံတွင်းတွေပေါက်ကြချိန်ဆို ကားအစင်း ၅၀၀ ကနေ ၇၀၀ ကြားရှိတယ်။ 


ကိုယ့်တိုင်းက ဖြတ်သွားတဲ့ကား ၁၀၀ ပဲ ထားဦး။ (၂၇၀၀ × ၁၅၀) × ၁၀၀ = ၄၀၅၀၀၀၀၀


ဦးသိန်းစိန်ခေတ် ဝန်ကြီးချုပ်တစ်ဦးက တစ်လကို သိန်း ၄၀၀ ဝင်ငွေ ရှိတယ်။ 


၂၀၀ က ဂိတ်တွေကို ပြန်ပေးရတယ် ထားဦး။ တစ်လ သိန်း ၂၀၀ ဝင်နေတာပဲ။ 


ဒါကို NLD ခေတ်ကျ ရေနံသမားတွေက လက်ထောက်ချတော့ အရင်ဝန်ကြီးချုပ်ကို တရားစွဲတယ်။ ဘယ်လိုပြီးတယ်တော့ မသိဘူး။ 


သေချာတာက တိုင်းဒေသကြီးရန်ပုံငွေဆိုပြီး အရင် တစ်ပေပါကို ၃၀၀ ပေးနေရာက ၃၀၀၀ လို့ တရားဝင်ဖြစ်သွားတယ်။ 


ဒါနဲ့ NLD ခေတ်မှာ ဆီဘောင်ဆာကားသမားတွေကို မေးကြည့်တယ်။ "မင်းတို့ ဒုန်းရင်း ဒုန်းရင်း ပေါ့။ အရင် ၃၀၀၀ အခု ၃၀၀၀ ?" 


ကားသမားတွေက ပြန်ဖြေတယ်။ "ရနေပါဦးမယ် ၃၀၀၀ ။ အခု စာရင်းပြက ၃၀၀၀ ။ ကောက်တော့ ၇၀၀၀" တဲ့။ 


နောက်ဘုန်းကြီးက နှစ်ချက်ခေါက် ဆိုတဲ့စကားသာ အမှတ်ရမိတော့တယ်။ 


ဒါတောင် ဝန်ကြီးချုပ်ခမျာ ဘာမှ မစုမိရှာဘူးတဲ့။ အိုင်ဖုန်းလေးတစ်ခုပဲ ချမ်းသာတယ် ဆိုလားပဲ။


SayarThant

No comments:

Post a Comment