@အဓိပတိကမ္မ

Friday, 9 July 2021

 ဒလံ 🍁


ဒလံ တဲ့။ စာလုံးလေး နှစ်လုံးပါပဲ။ အဲဒီ စာလုံးနှစ်လုံးမှာ အသက်ပါ ပေးလိုက်ကြရတာကို ခင်ဗျားတို့ သိလား။ ကျွန်တော်လည်း ဒလံပါပဲ။ သူတို့ ကျွန်တော့်ကို ဒလံလို့ ပြောကြတယ်။ Non CDM မို့၊ တပ်မတော်ကို ထောက်ခံလို့... အကြောင်းပြချက်က ရိုးစင်းတယ်


အဲဒီ ဒလံတစ်ယောက်ရဲ့ ခံစားချက်ကို ခင်ဗျားတို့သိလား။ တပ်မတော်သားတွေ ထိခိုက်ရင် နာတယ်။ တပ်ချုပ်ကို စော်ကားရင် ဆတ်ဆတ်ခါတယ်။ ဟန်ဆောင်ပြီးတော့တောင် ဖုံးကွယ်မထားတာ ဒလံပဲ


ဆန္ဒပြပွဲတွေ အရှိန်ကောင်းနေတုန်းက ဆေးဝယ်ဖို့ မြို့ထဲကို ဆိုင်ကယ်နဲ့ ထွက်ခဲ့တယ်။ ဆန္ဒပြ လူအုပ်ကြီးနဲ့ တန်းတိုးတာပဲ။ ဟွန်းတွေ သံရှည်ဆွဲလို့။ လက်သုံးချောင်း သင်္ကေတတွေ ထောင်လို့။ ကျွန်တော် သူတို့နဲ့ ဆန့်ကျင်ဘက်လားရာကို ဆိုင်ကယ်တစ်စီးနဲ့ တက်ခဲ့တယ်။ ကျွန်တော် လက်သုံးချောင်းထောင်ပြမယ်ထင်လား။ လုံးဝပဲ။ အများနဲ့ တစ်ယောက်ဖြစ်ခဲ့လည်း ကျွန်တော် လက်သုံးချောင်းမထောင်ဘူး။ ဆိုင်ကယ်ချင်းပူးပြီး ပိတ်ကန်ရင် ခံရမယ်မှန်းသိလည်း ကျွန်တော် မလုပ်ခဲ့ဘူး


"မင်းက စစ်ကောင်စီ သက်ဆိုးရှည်ဖို့ အားကြိုးမာန်တက် ကြိုးစားနေတာပဲ" ဆိုတဲ့ စကားတွေအောက် ကျွန်တော့်ဆရာအရင်းခေါက်ခေါက်နဲ့ ကျွန်တော် သေခန်းပြတ်ခဲ့ကြဖူးတယ်။ မိတ်ဆွေဆိုသူတွေက ဆဲတယ်။ ရွဲ့တယ်။ ကျိန်ဆဲတယ်။ မိသားစုလိုက် အရှက်ခွဲတယ်


သိပ်ဉာဏ်ကောင်းနေလား။ ဦးနှောက်ကင်ဆာနဲ့ သေမယ့်ကောင်လေ - လို့ အစောင်းခံရဖူးတယ်


အိမ်ရှေ့ကနေ ဆိုင်ကယ်တွေအုပ်လိုက်ဖြတ်ရင်း တပ်ချုပ်ကို အော်ဟစ်ဆဲဆိုကြတဲ့အခါ ခြံထဲကို ဘယ်အချိန် မိုလိုတော့ဗ်ကျလာမလဲ လို့ ရင်တမမနဲ့ ကြည့်နေရတာ ကျွန်တော်တို့ဘဝပဲ။ သံပုံးမတီးလို့ သံပန်းတံခါးကြီးကို လာရိုက်ခံရလည်း သည်းခံရတာ ကျွန်တော်တို့ ဘဝ


ကျွန်တော့်အမေကလည်း အလားတူ စွပ်စွဲခံရမှုနဲ့ပဲ မျက်နှာတစ်ခြမ်း ဖူးယောင်ညိုမည်းပြီး အိမ်ပြန်ရောက်လာတယ်။ လုပ်တဲ့လူတွေက သီချင်းတောင် အော်ဆိုနေကြသေးရဲ့။ ကျွန်တော် မညာဘူး။ ကျွန်တော် ဘယ်လိုခံစားရမလဲ။ စိတ်ပူလွန်းလို့ ရင်နာလွန်းလို့ ရူးမတတ်ပဲ။ အဲဒီညနေက အမေ့ကို ဘယ်လိုချော့ရမှန်းမသိတဲ့ ကျွန်တော်က အမေ့ကို ဟင်းကောင်းကောင်း ချက်ကျွေးရုံပဲ တတ်နိုင်ခဲ့တယ်။ အသက်ထိ ရန်ရှာလာမှာစိုးလို့ ဘာမှ ဆက်မလုပ်ခဲ့ဘူး


ကျွန်တော်တို့ ဘာတွေကြုံနေရတယ်ဆိုတာကို ထုတ်လည်း မပြောဖြစ်ပါဘူး။ ကျွန်တော်တို့ထက် ဆိုးရွားတဲ့ဘဝတွေကို တွေ့နေရမှတော့ ထူးပြီး နတ်သံနှောမနေချင်တာပါ


ဒါပေမဲ့ သူများမိသားစုကို ဒလံလို့စွပ်စွဲတဲ့မိန်းမက စစ်ဗိုလ်နဲ့ရပြီး အဲဒီ စစ်ဗိုလ်ကပါ သူ့မိန်းမကို ကာဗာပေးနေတာတွေ့ရတဲ့အခါ ကျွန်တော်တို့ဘဝကို ကျွန်တော်တို့ ရင်နာလာတာ အမှန်ပါ။ အဲဒီမိန်းမက နောင်တရပါပြီဆိုတာနဲ့ အရာအားလုံး ပြီးရောလား။ အကောင့်လေးဖျက်လိုက်ရုံနဲ့ ဒလံမိသားစုရဲ့ ဒဏ်ရာတွေနဲ့ ဒုက္ခတွေက ပြီးသွားရောလား။ ဗုံးနဲ့ထုခံရတယ်။ ပြေးနေရတယ်။ ကလေးက နားစည်ထိသွားတယ်။ ဒါက ခံဝန်တစ်ချက်နဲ့ ကျေအေးပေးရမယ့်အရာတွေလား။ နီတာက ပြဿနာမဟုတ်ဘူး။ မိန်းမရဲ့ စရိုက်က ပြဿနာဖြစ်နေတ


တပ်မတော်ကို ချစ်တဲ့စိတ်နဲ့ ကျွန်တော်တို့ စွန့်လွှတ်ခဲ့ရတာတွေ အများကြီးပါ။ ကျွန်တော်တို့ သည်းခံခဲ့ရတာတွေ အများကြီးပါ။ အရပ်ထဲက လူတစ်ဦးချင်းကို လိုက်မကာကွယ်ပေးနိုင်ရင်တောင် တပ်မတော်ကို အပြစ်တစ်ချက် မဆိုရက်ခဲ့တဲ့ ဒလံ ဆိုတဲ့လူတန်းစားအတွက် တရားမျှတမှုလေးတော့ ရှာပေးသင့်ပါတယ်။ ကျွန်တော်တို့ရဲ့ လေးစား အားကိုးမှုကိုယူမယ့် အင်စတီကျူးရှင်းထဲက ပုဂ္ဂိုလ်များအနေနဲ့လည်း 'အချစ်ကိုရှေ့တန်းတင်ပြီး ကလေးမဆန်ချင်စမ်းပါနဲ့'။ တာဝန်နဲ့ အမှန်တရားမှာ ခံစားမှုက အရေးမပါဘူး။ သိပ်စိတ်နုပြရင် သိပ် စိတ်နာခံရလိမ့်မယ်


နီပိန်းတွေကပဲ 'ဖရဲသီး' ဆိုပြီး သွေးခွဲရေး ကြိုးပမ်းနေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ကလည်း အဲဒီလို လူတွေကို စစ်တပ်နဲ့ မအပ်စပ်တဲ့လူတွေလို့ပဲ မြင်ပါတယ်


ကျွန်တော် တပ်မတော်ကို တကယ်ချစ်ပါတယ်။ ရှေ့မှာရော ကွယ်ရာမှာပါ ကျွန်တော် တစ်ခါမှ သစ္စာ မဖောက်ခဲ့ဖူးဘူး။ ကျွန်တော့် စာတွေကိုကြည့်ရင် ကျွန်တော် ဘယ်လိုလူစားလဲဆိုတာ မြင်သာပါတယ်

အဲဒီလိုလူ ကျွန်တော်လည်း ဒလံလို့ စွပ်စွဲခံရပြီး အသတ်ခံရနိုင်ပါတယ်။ အနီကြောင် ဗိုလ်ကတော်မ ကြောင့် ကျွန်တော် သေသွားပြီး သူ့ယောက်ျား စစ်ဗိုလ်က မိန်းမကိုကာဗာပေးနေတာများ ..

အကယ်၍ ... ဖြစ်ခဲ့ရင်...


ကျွန်တော် နောက်ဘဝ ဒီလိုနိုင်ငံမှာ လူလာမဖြစ်ဖို့ပဲ ဆုတောင်းပါတော့တယ်



*https://www.facebook.com/100028543822816/posts/621842905443831/**။ ...။ ။ ။ာ။။ ။ ပဲ။။ ။။ ။ ။ ပဲ ဆုတောင်းပါတော့တယ်။ 

*

*

*